**ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏန္တိ** ဣဒံ၊ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ပဏ္ဏိကံ ဥပါသကံ၊ တစ်ယောက်သော ဟင်းရွက်သည်ဖြစ်သော ဥပါသကာကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသီ၊ သာဝတ္ထိမြို့၌ နေသော။
သော ဥပါသကော၊ ထိုဥပါသကာသည်။
နာနာပွကာရာနိ မူလပဏ္ဏာဒီနိ စေဝ၊ အထူးထူး အပြားပြားကုန်သော အမြစ်အရွက်စသည်တို့ကိုလည်းကောင်း။
လာဗုမ္ဘဏ္ဍာဒီနိ ဝိတ္တိဏိတွာ၊ ဗူးဖရုံစသည်တို့ကိုလည်းကောင်း ရောင်းချ၍။
ဇီဝိကံ ကပ္ပတိ ကိရ၊ အသက်မွေးမှုကို ပြုသတဲ့။
တဿ ဧကာ ဓီတာ၊ ထိုဥပါသကာ၏ တစ်ယောက်သော သမီးသည်။
အဘိရူပါ ပါသာဒိကာ၊ အလွန်လှသော အဆင်း ရှိ၏ မြင်သူတို့စိတ်ကို ကြည်စေတတ်၏။
အာစာရသီလသမ္ပန္နာ၊ အကျင့်သီလနှင့် ပြည့်စုံ၏။
ဟိရောတ္တပ္ပသမန္နာဂတာ၊ အရှက်အကြောက်နှင့် ပြည့်စုံ၏။
ကေဝလံ နိစ္စပ္ပဟသိတမုခါ၊ အကျင့်စသည်နှင့် မရောမယှက်သက်သက် အမြဲပြုံးရွှင်သော မျက်နှာရှိ၏။
တဿာ သမာနကုလေသု၊ ထိုသမီးအတွက် တူသော မျိုးရိုးရှိသူ တို့သည်။
ဝါရေယျတ္ထာယ အာဂတေသု၊ တောင်းရမ်းထိမ်းမြားခြင်းငှါ လာကြ သော်။
သော၊ ထိုဥပါသကာသည်။
“ဣမိဿာ ဝါရေယျံ ဝတ္တတိ၊ ဤသမီးအား ထိမ်းမြားခြင်းသည် ဖြစ်သင့်၏။
အယဉ္စ နိစ္စပ္ပာသိတမုခါ၊ ဤသမီးသည်လည်း အမြဲပြုံးရွှင်သော မျက်နှာရှိ၏။
ကုမာရိကာဓမ္မေ အသတိ ပန၊ သူငယ်မတို့ ကိုယ်ကျင့်တရားသည် မရှိခဲ့သော်ကား။
ကုမာရိကာယ ပရကုလံ ဂတာယ၊ သတို့ သမီးသည် လင့်အိမ်သို့ လိုက်ပါသွားသော်။
မာတာပိတူနံ၊ မိဘတို့အား။
ဂရဟာ ဟောတိ၊ ကဲ့ရဲ့ဖွယ်သည် ဖြစ်တတ်၏။
ဣမိဿာ ကုမာရိကာဓမ္မော၊ ဤသမီး၌ သူငယ်မတို့ကိုယ်ကျင့်တရားသည်။
အတ္ထိ နုခေါ် နတ္ထီတိ၊ ရှိလေသလော မရှိလေ သလောဟု။
နံ ဝီမံသိဿာမိ ဣတိ၊ ထိုသမီးကို စုံစမ်းအံ့ဟု။
စိန္တေသိ၊ တွေးမိပြီ။
သော ဧကဒိဝသံ ဓီတရံ၊ ထိုဥပါသကာသည် တစ်နေ့၌ သမီးကို။
ပစ္ဆိ ဂါဟာပေ တွာ၊ တောင်းကို ယူစေ၍။
ပဏ္ဏတ္ထာယ အရည် ဂန္တွာ၊ ဟင်းရွက်ခူးခြင်းငှါ တောထဲ သို့ သွား၍။
ဝီမံသနဝသေန၊ စုံစမ်းသည့်အစွမ်းဖြင့်။
ကိလေသသန္နိဿိတော ဝိယ ဟုတွာ၊ ကိလေသာမှီသူသည်ကဲ့သို့ ဖြစ်၍။
ရဟဿကထံ ကထေတွာ၊ ကွယ်ရာပြောသင့်သည့်စကားကို ပြောကြား၍ ။
တံ ဟတ္ထ ဂဏှိ၊ ကို ထိုသမီးကို လက်၌ ကိုင်ပြီ။
သာ ဂဟိတမတ္တာဝ၊ ထိုသမီးသည် ကိုင်အပ်ကာမျှ ဖြစ်သော်သာ။
ရောဒန္တီ ကန္တီ၊ ငိုကြွေးလျက် မြည်တမ်းလျက်။
“တာတ ဧတံ အယုတ္တံ၊ အို. . ဖခင် ဤအမှ သည် မလျော်ပါ။
ဥဒကတော အဂ္ဂိပါတုဘာဝသဒိသံ၊ ရေထဲမှ မီးထင်ရှား ဖြစ်ပေါ် လာခြင်းနှင့် တူပါ၏။
ဧဝရူပံ မာ ကရောထာတိ အာဟ၊ ဤသို့သဘောရှိသော အမှုကို မပြုပါကုန်လင့်”ဟု ပြောပြီ။
အမ္မ မယာ၊ အို. . ချစ်သမီး ငါဖခင်သည်။
ဝီမံသနတ္ထာယ တွံ၊ စုံစမ်းခြင်းအကျိုးငှါ သင်ချစ်သမီးကို။
ဟတ္ထ ဂဟိတာ၊ လက်၌ ကိုင်အပ်ပြီ။
ကိလေသဝသေန စ န၊ ကိလေသာ၏ အစွမ်းအားဖြင့်ကား မဟုတ်ပါ။
ဝဒေဟိ၊ ပြောစမ်းလော့။
ဒါနိ တေ၊ ယခုအခါ သင့်အား။
ကုမာရိကာဓမ္မော၊ သူငယ်မ တို့သဘောသည်။
အတ္ထိ ဣတိ၊ ရှိပါ၏လောဟုမေးပြီ။
အာမတာတ အတ္ထိ၊ မှန်ပါ၏ ဖခင် ရှိပါ၏။
ဟိ မယာ၊ မှန်၏ ကျွန်မသည်။
လောဘဝသေန၊ လိုချင်လောဘ၏ အစွမ်းဖြင့်။
ကောစိ ပုရိသော၊ တစုံတစ်ယောက်သော ယောက်ျားကိုမျှ။
န ဩလောကိတပုဗ္ဗောတိ၊ မကြည့်ဘူးပါဟု ပြောပြီ။
သော ဂီတရံ အဿာသေတွာ၊ ထိုဟင်းရွက်သည်သည် သမီးကို သက်သာရာရစေ၍။
ဃရံ နေတွာ၊ အိမ်သို့ ဆောင်ယူ၍။
မင်္ဂလံ ကတွာ၊ မင်္ဂလာဆောင်မှုကို ပြု၍။
ပရကုလံ ပေသေတွာ၊ လင်သားအိမ်သို့ ပို့လွှတ်လိုက်၍။
သတ္ထာရံ ဝန္ဒိဿာမီတိ၊ ဘုရားရှင်ကို ရှိခိုးအံ့ဟု။
ဂန္ဓမာလာဒိဟတ္ထာ၊ နံ့သာပန်းစသည်တို့လက်၌ရှိလျက်။
ဇေတဝနံ ဂန္တွာ၊ ဇေတဝန် ကျောင်းတော်သို့ သွား၍။
သတ္တာရံ တွာ ပူဇေတွာ၊ ဘုရားရှင်ကို ရှိခိုး၍ ပူဇော်၍။
ဧကမန္တံ နိသီဒိ၊ သင့်လျော်ရာ၌ ထိုင်နေပြီ။
စိရဿံ အာဂတော၊ ကြာမြင့်သော အခါမှ လာသည်။
အသီတိ စ ဝုတ္တေ၊ ဖြစ်၏ဟုလည်း မိန့်တော်မူအပ်သော်။
တမရွေ ဘဂဝတော အာရောစေသိ၊ သမီးနှင့်စပ်သည့် ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဥပါသက ကုမာရိကာ၊ အို . ဥပါသကာ သင့်သမီးသူငယ်မသည်။
စိရံ ပဋ္ဌာယ၊ ရှည်မြင့်စွာသော ကာလမှ စ၍။
အာစာရ သီလသမ္ဗန္နာဝ၊ အကျင့်သီလပြည့်စုံသည်သာတည်း။
ပန တွံ၊ သို့သော်လည်း သင်ဥပါသကာသည်။
ဣဒါနေဝ ဧဝံ န ဝီမံသသိ၊ ယခုအခါ၌သာ ဤကဲ့သို့ စူးစမ်း သည် မဟုတ်သေး။
ပုဗ္ဗေပိ ဝီမံသိယေဝါတိ ပတွာ၊ ရှေးကလည်း စူးစမ်းဖူးသည် သာ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုဥပါသကာသည် တောင်းပန်အပ် ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရား လောင်းသည်။
အရညေ ရုက္ခဒေဝတာ၊ တောထဲ၌ ရုက္ခစိုးနတ်သည်။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
အထ ဧကော၊ ထိုအခါ တစ်ယောက်သော။
ဗာရာဏသိယံ ပဏ္ဏိကဥပါသကော၊ ဗာရာဏသီမြို့က ဟင်းရွက်ရောင်းသည့် ဥပါသကာသည်။
ဣတိ အတီတဝတ္ထု၊ ဤသို့စသော အတိတ်ဝတ္ထုကြောင်းသည်။
ပစ္စုပ္ပန္နသဒိသ မေဝ၊ ယခုပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့် တူသည်သာတည်း။
ပန တေန သာ၊ ထူးခြားသည်ကား ထိုဖခင်သည် ထိုသမီးကို။
ဝါ၊ ထိုသမီးသည်။
ဝီမံသနတ္ထာယ၊ စူးစမ်းခြင်းအကျိုးငှာ။
ဟတ္ထ ဂဟိတမတ္တာ၊ လက်၌ ကိုင်အပ်ခါမျှဖြစ်သော်။
ပရိဒေဝမာနာ၊ ငိုကြွေးမြည်တမ်းလိုရကား။
ယော ဒုက္ခဖုဋ္ဌာယ၊ အကြင်ဖခင်သည် ဒုက္ခတွေ့သော ငါ့အတွက်။
တာဏံ ဘဝေယျ၊ အားကိုးရာသည် ဖြစ်သင့်၏။
မေ သော ပိတာ၊ ငါ၏ ထိုဖခင်သည်။
ဝနေ ဒုဗ္ဘိ ကရောတိ၊ တောထဲ၌ ပြစ်မှားမှုကို ပြုမည်ထင်၏။
သာ၊ ထိုငါသည်။
ဝနဿ မဇ္ဈေ၊ တောအုပ်၏ အလယ်၌။
ကဿ ကန္ဒာမိ၊ ဘယ်သူအား (အားကိုး၍) ငိုရပါအံ့နည်း။
ယော တာယိတာ၊ အကြင်ဖခင် သည် စောင့်ရှောက်သင့်၏။
သော သဟသံ ကရောတိ၊ ထိုဖခင်သည်ပင် အနိုင်ကျင့်မှုကို ပြုမည်ထင်၏။
တတ္ထ၊ ထိုဂါထာ၌။
**ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏန္တိ**၊ ယော ဒုက္ခ ဖုဋ္ဌာယ ဘဝေယျ တာဏံ ဟူသည်ကား။
ကာယိကစေတသိကေဟိ ဒုက္ခေဟိ၊ ကိုယ်စိတ်၌ဖြစ်ကုန်သော ဒုက္ခတို့ဖြင့်။
ဖုဋ္ဌာယ၊ တွေ့ထိသော ငါ့အတွက်။
တာယိတာ ပရိတာယိတာ၊ စောင့်ရှောက်တတ်သူသည် ထက်ဝန်းကျင်စောင့်ရှောက်တတ်သူသည်။
ပတိဋ္ဌာ ဘဝေယျ၊ တည်ရာသည် ဖြစ်သင့်၏။
**မေ ပိတာ ဒုဗ္ဘိ ၀နေ ကရောတီ** တိ၊ သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ ဟူသည်ကား။
မယှံ ဒုက္ခပရိတာယကော၊ ငါ၏ ဒုက္ခကာကွယ်စောင့် ရှောက်တတ် သော။
သော ပိတာဝ ဣမသ္မိံ ဝနေ၊ ထိုဖခင်သည်ပင် ဤတောထဲ၌။
ဧဝရု မိတ္တဒုဗ္ဘိကမ္မံ ကရောတိ၊ ဤသို့သဘောရှိသော မိတ်ဆွေပြစ်မှားမှုကို ပြုမည်ထင်၏။
အတ္တနော ဇာတာယ ဓိတရိ၊ မိမိမှ မွေးဖွားသော သမီး၌။
ဝီတိက္ကမံ ကာတုံ မညတိ၊ လွန်ကျူးမှုကို ပြုခြင်းငှာ အလိုရှိသည်ထင်၏။
ဣတိ အတ္တော၊ ဤကား ကရောတိ၏ အနက်တည်း။
**သာ ကဿ ကန္ဒာမီ** တိ၊ သာ ကဿ ကန္ဒာမိဟူသော ပါဌ်ဖြင့်။
ကဿ ရောဒါမိ၊ ဘယ်သူအား (အားကိုး၍) ငိုရပါအံ့နည်း။
ကော မေ၊ ဘယ်သူသည် ငါ၏။
ပတိဋ္ဌာ ဘဝိဿတိ၊ တည်ရာအားကိုးရာသည် ဖြစ်တော့ အံ့နည်း။
ဣတိ ဒီပေတိ၊ ဤအဓိပ္ပါယ်ကို ပြ၏။
**ယော တာယိတာ သော သဟသံ ကရောတီ** တိ၊ ယော တာယိတာ သော သဟသံ ကရောတိဟူသည်ကား။
ယော မယှံ၊ အကြင်ဖခင်သည် ငါ၏။
တာယိတာ ရက္ခိတာ၊ ကာကွယ်တတ်သူသည် စောင့်ရှောက်တတ်သူသည်။
အဝဿယော၊ မှီခိုရာသည်။
ဘဝိတုံ အရဟတိ၊ ဖြစ်ခြင်းငှာ ထိုက်၏။
သော ပိတာယေဝ၊ ထိုဖခင်သည်ပင်။
သာဟသိကက ကရောတိ၊ အနိုင်ကျင့်မှုကို ပြုမည်ထင်၏တည်း။
ဣတိ အတ္ထော၊ ဤကား စတုတ္ထပါဒအနက်တည်း။
အထ နံ၊ ထိုအခါ ထိုသမီးကို။
ပိတာ အဿာသေတွာ၊ ဖခင်သည် နှစ်သိမ့်၍ ။
“အမ္မ ရက္ခိတတ္တာ၊ အို. . ချစ်သမီး မိမိကိုယ်ကို စောင့်ရှောက်မှုရှိသည်။
အသီတိ ပုစ္ဆိ၊ ဖြစ်ပါ၏လော”ဟု မေးပြီ။
အာမ တာတ၊ မှန်ပါတယ် အို, အဖေ။
မေ အတ္တာ၊ ကျွန်မသည် ကိုယ့်ကိုယ်ကို။
ရက္ခိတော၊ စောင့်ရှောက်အပ်ပါ၏ဟု ဖြေပြီ။
သော တံ ဃရံ နေတွာ၊ ထိုဖခင်သည် ထိုသမီးကို အိမ်သို့ ဆောင်ယူ၍။
မာတ္ထာ မင်္ဂလံ ကတွာ၊ တန်ဆာဆင်၍ မင်္ဂလာဆောင်မှုကို ပြု၍။
ပရကုလံပေသေတိ၊ လင့်အိမ်သို့ ပို့လိုက်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေတွာ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီး၍။
ဇာတကံ သာဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သစ္စပရိယောသာနေ ဥပါသကော၊ သစ္စာလေးပါးပြပြီးအဆုံး၌ ဥပါသကာသည်။
သောတာပတ္တိဖလေပတဋ္ဌ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ ပိတာ၊ ထိုရှေးအခါက ဖခင်သည်။
ဧတရဟိ ပိတာဝ၊ ယခုဘဝ၌ ဖခင်ပင်တည်း။
မီတာ စ၊ ထိုရှေးအခါကသမီးသည် လည်း။
ဧတရဟိ ဓီတာဝ၊ ယခုဘဝ သမီးပင်တည်း။
တံ ကာရဏံ ပစ္စက္ခတော၊ ထိုအကြောင်းအရာကို မျက်မြင်အားဖြင့်။
ဒိဋ္ဌရုက္ခဒေဝတာ ပန၊ တွေ့မြင်အပ်သော ရုက္ခစိုးနတ်သည်ကား။
အဟမေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။
ဣတိ၊ ဤကား ဇာတ်ပေါင်းခန်းအပြီးတည်း။
ပဏ္ဏိကဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သောပဏ္ဏိကဇာတ်အဖွင့်တည်း။