**စတုဗ္ဘိ အဋ္ဌ'ဇ္ဈဂမာ** တိ ဣဒံ၊ စတုဗ္ဘိ အဋ္ဌ ဇ္ဈဂမာအစရှိသော ဤတရားဒေသနာ တော်ကို ။
သတ္တာ ဇေတ၀နေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ဒုဗ္ဗစဘိက္ခုံ၊ တစ်ပါးသော အပြောရခက်သော ရဟန်းကို။
အာရတ္တ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဝတ္ထု ဟေဌာ၊ ဝတ္ထုကြောင်းကို အောက်ခေါ် ရှေးက။
မိတ္တဝိန္ဒကဇာတကေ ဂုတ္တနယေန ဝိတ္ထာရေတဗ္ဗံ၊ မိတ္တပိန္ဒကဇာတ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အကျယ်ချဲ့ရမည်။
ပန ဣဒံ ဇာတကံ၊ ထူးခြား သည်ကား ဤမိတ္တဝိန္ဒကဇာတ်သည်။
ကဿပဗုဒ္ဓကာလိကံ၊ ကဿပဘုရား လက်ထက်တော်၌ ဖြစ်၏။
ဟိ တသ္မိံ ကာလေ၊ အနည်းငယ်ချဲ့ပြောရသော်ထိုအခါက။
ဥရစက္ကံ ဥက္ခိပိတွာ၊ သင်ဓုန်းသွားစက်ကို ခေါင်းရွက်၍။
နိရ ပစ္စမာနော၊ ငရဲ၌ ကျက်နေခံစားနေရသော။
ဧကောနေရ ယိကသတ္ထော၊ တစ်ယောက်သော ငရဲသားသတ္တဝါသည်။
“ဘန္တေ ကိ ပါပကမ္မံ၊ အို. . အရှင် နတ်သား အဘယ်မကောင်းမှုကို။
အကာသိ နုခေါတိ၊ ကျွန်တော်မျိုး ပြုမိခဲ့ပါ သနည်း”ဟု။
ဗောဓိသတ္တံ ပုစ္ဆိ၊ ဘုရားလောင်းနတ်သားကို မေးပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း နတ်သားသည်။
တယာ ဣဒဉ္စ ဣဒဉ္ဇသင်ငရဲသားသည် ဤမည် သည်လည်းဖြစ်သော ဤမည်သည်လည်းဖြစ်သော။
ပါပကမ္မံ ကတံ၊ မကောင်းမှ ကို ပြုအပ်ပြီ”။
ဣတိ ဝတွာ၊ ဤသို့ ပြောပြီး၍။
စတုဗ္ဘိ၊ ဝေမာနိကပြိတ္တာမ လေးယောက်တို့ဖြင့်။
(အသန္တုဋ္ဌော၊ မရောင့်ရဲ ရကား)။
အဋ္ဌ အဇ္ဈဂမာ၊ ရှစ်ယောက်တို့ကို ရရှိပြီ။
အဋ္ဌာဟိပိ စ၊ ရှစ်ယောက် တို့ဖြင့်လည်း။
(အသန္တုဋ္ဌော၊ မတင်းတိမ်ရကား)။
သောဠသ၊ တစ်ဆယ့် ခြောက်ယောက်တို့ကို။
အဇ္ဈဂမာ၊ ရပြန်ပြီ။
သောဠသာဟိ စ၊ တစ်ဆယ့် ခြောက်ယောက်တို့ဖြင့်လည်း။
(အသန္တုဋ္ဌော၊ မတင်းတိမ်ရကား)။
ဗာတ္တိံသ၊ သုံးဆယ်နှစ်ယောက်ကို။
အဇ္ဈဂမာ၊ ရပြန်ပြီ။
အတြိစ္ဆံ အတြိစ္ဆန္တော၊ ထိုအာရုံ ထိုအာရုံကို လိုလားရကား။
စက္ကမာသဒေါ၊ သင်တုန်းဓားစက်ကို သင်ဆိုက် ရောက်ရရှိပြီ။
ဣစ္ဆာဟတဿ ပေါသဿ၊ တဏှာလောဘ နှိပ်စက်ခံရသော သင်ယောက်ျား၏။
မတ္ထကေ စတ္တံ ဘမတိ၊ ဦးထိပ်၌ သံသင်တုန်းသွားစက် သည် ချာချာလည်၏။
တတ္ထ၊ ထိုဂါထာ၌။
**စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ** တိ၊ စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ ဟူသည်ကား။
သမုဒ္ဒန္တရေ၊ သမုဒ္ဒရာအလယ်၌။
စတာ ဝိမာနဝေတိယော၊ လေးယောက် ကုန်သော ဗိမာန်ရှိသည့်ပြိတ္တာမတို့ကို။
လဘိတွာ၊ ရပြီး၍။
တာဟိ အသန္တုဋ္ဌော၊ ထိုပြိတ္တာမတို့ဖြင့် မရောင့်ရဲရကား။
အတြိစ္ဆတာယ၊ ဟိုဟာ ဟိုဟာလိုလားမှုရှိသူ၏ အဖြစ်ကြောင့်။
ပရတော ဂန္တွာ၊ အခြားတစ်ပါးသို့ ထွက်သွား၍။
အပရာ အဋ္ဌ၊ အခြားကုန်သော ဝေမာနိကပြိတ္တာမရှစ်ယောက်တို့ကို။
အဓိကတော အသိ၊ ရပြန်သည် ဖြစ်၏တည်း။
ဣတိ အတ္ထော၊ ဤကား ပဌမပါဒအနက်တည်း။
သေသပဒဒွယေပိ၊ ကျန်ဒုတိယပါဒ တတိယပါဒ နှစ်ပါးအပေါင်း၌လည်း။
ဧသော ဣဝ နယော၊ ဤကဲ့သို့ သော နည်းတည်း။
တနည်း၊ ဧသော ဧ၀ နယော= ဤနည်းပင် တည်း။
**အတြိစ္ဆံ စက္ကမာသဒေါ** တိ၊ အတြိစ္ဆံ စက္ကမာသဒေါဟူသည်ကား။
ဧဝံ သကလာဘေန အသန္တုဋ္ဌော၊ ဤသို့ မိမိရထားသည်ဖြင့် မတင်းတိမ်၍။
အတြ အတြ ဣစ္ဆန္တော၊ ဟိုဟာ ဟိုဟာလိုလားရကား။
ပရတော ပရတော လာဘံ ပတ္တေန္တော၊ အခြားတစ်ပါး မှ အခြားတစ်ပါးမှ လာဘ်ကို တောင့်တရကား။
ဣဒါနိ စက္ကံ အာသဒေါ၊ ယခုအခါ သံသင်တုန်းဓားသွားစက်ကို သင်ဆိုက်ရောက်ရရှိပြီ။
ဣဒံ ဥရစက္ကံ ပတ္တော အသိ၊ ဤသံသင်တုံးဓားစက်ကို ရရောက်ပြီးသည် ဖြစ်၏။
ဧဝံ **ဣစ္ဆာဟတဿ**၊ ဤကဲ့သို့ တဏှာလောဘ နှိပ်စက်ခံရသော။
တဿ တေ **ပေါသဿ**၊ ထိုသင်ယောက်ျား၏။
တဏှာယ ဟတဿ၊ တဏှာ၏ နှိပ်စက်ခံရသော။
ဥပဟတဿ တဝ၊ ကပ်၍ အနှိပ်စက်ခံရသော သင်၏။
**မတ္ထကေ စက္ကံ ဘမတိ**၊ ဦးခေါင်းထက်၌ သံသင်တုန်းသွားစက်သည် ချာချာလည်၏။
ပါသာဏစက္ကံ အယစက္ကန္တိ၊ ကျောက်သားစက်လည်းကောင်း သံဖြင့်ပြီးသော စက်လည်းကောင်းဟု။
ဣမေသု ဒွီသု၊ ဤစက်နှစ်မျိုးတို့တွင်။
ခုရဓာရံ ဘယစက္ကံ၊ သင်တုန်းဓားသွားရှိသော သံဖြင့်ပြီးသော စက်ကို။
တဿ မတ္ထကေ၊ ထိုမိတ္တဝိန္ဒက၏ ထိပ်ထက်၌။
ပုနပ္ပုနံ ပတနဝသေန၊ အဖန်ဖန် ကျရောက်သည့်အစွမ်းဖြင့်။
ဘမန္တံ ဒိသွာ၊ ချာချာလည် နေသည်ကို တွေ့ရ၍။
ဧဝံ အာဟ၊ ဤသို့‘စက္ကံ ဘမတိ မတ္ထကေ'ဟု ရွတ်ဆိုပြီ။
စ ပန ဝတွာ၊ ဆက်၍အထူးပြောရသော် ဤသို့ပြောပြီး၍။
အတ္တနော ဒေဝလောက မေဝ ဂတော၊ မိမိ၏ နေရာနတ်ပြည်သို့သာ သွားပြီ။
သောပိ နေရယိကသတ္တော၊ ထိုငရဲသား သတ္တဝါသည်လည်း။
အတ္တနော ပါပေ ခီဏေ၊ မိမိ၏ မကောင်းမှုသည် ကုန်သော်။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မိတ္တဝိန္ဒကော၊ ထိုကဿပဘုရားလက်ထက်တော်က မိတ္တဝိန္ဒကသည်။
ဒုဗ္ဗစဘိက္ခု အဟောသိ၊ ဆုံးမရခက်သော ရဟန်းသည် ဖြစ်လာ ပြီ။
ဒေဝပုတ္တော ပန၊ နတ်သားသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မိတ္တဝိန္ဒကဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သောမိတ္တဝိန္ဒကဇာတ်အဖွင့်တည်း။