**သုခံ ဝတ မံ ဇီဝန္တန္တိ** ဣဒံ၊ သုခံ ဝတ မံ ဇီဝန္တံ အစရှိသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ထုလ္လကုမာရိကာပလောဘနံ အာရဗ္ဘ ကထေသိ၊ အပျိုကြီး ဖျားယောင်းခြင်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဝတ္ထု တေရသကနိပါတေ၊ ဝတ္ထုကြောင်းသည် တေရသကနိပါတ်၌။
**စူဠနာရဒကဿပဇာတကေ**၊ စူဠ နာရဒကဿပဇာတ်၌။
အာဝိ ဘဝိဿတိ၊ ထင်ရှားသည် ဖြစ်လတံ့။
ပန တံ ဘိက္ခုံ သတ္ထာ၊ အထူးကား ထိုအပျိုကြီးဖျားယောင်းသော ရဟန်းကို ဘုရားရှင် သည်။
“ဘိက္ခု တွံ၊ အို. ရဟန်း သင်သည်။
ဥက္ကဏ္ဌိတော အသိ ကိရ၊ သာသနာ တော်၌ ငြီးငွေ့သည် ဖြစ်သတဲ့ဟုကြားရသည်ကား။
သစ္စံ ဣတိ ပုစ္ဆိတွာ၊ မှန်သလော "ဟု မေးတော်မူ၍။
သစ္စံ ဘဂဝါတိ ဝုတ္တေ၊ မှန်ပါသည် ရှင်တော်ဘုရားဟု လျှောက်ထားအပ်သော်။
ကတ္ထ တေ စိတ္တံ၊ အဘယ်၌ သင်၏ စိတ်သည်။
ပဋိဗန္တိ ပုစ္ဆိ၊ တပ်မက်သနည်းဟု မေးတော်မူပြီ။
“ဧကိဿာ ထုလ္လကုမာရိကာယာတိ၊ အပျိုကြီး၌ပါ”ဟု။
သော အာဟ၊ ထိုရဟန်းက လျှောက်ထား တစ်ယောက်သော ပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုရဟန်းကို ရှင်တော်ဘုရားသည်။
“ဘိက္ခု အယံ၊ အို ရဟန်း ဤအပျိုကြီးသည်။
တေ အနတ္ထကာရိကာ၊ သင်၏ အကျိုးမဲ့ပြုတတ်၏။
ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်သည်။
ဧတံ နိဿာယ၊ ဤအပျိုကြီးကို မှီ၍။
သီလဗျသနံ ပတွာ၊ သီလပျက်စီးခြင်းသို့ ရောက်၍။
ကမ္မန္တော ဝိစရမာနော၊ တုန်တုန်လှုပ်လှုပ် လှည့်လည်လျှက်။
ပဏ္ဍိတေ နိဿာယ၊ ပညာရှိတို့ကို မှီ၍။
သုခံ လဘီတိ ဝတွာ၊ ချမ်းသာကို ရဖူးပြီ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေတိ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဣတိ အတီတဝတ္ထု၊ စသော အတိတ်ဝတ္ထုကြောင်းသည်လည်း။
စူဠနာရဒကဿပဇာတကေယေဝ၊ စူဠနာရဒကဿပဇာတ်၌ပင်လျှင်။
အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတ္တံ့။
တဒါ ပန ဗောဓိသတ္တော၊ ထိုအခါ၌ကား ဘုရားလောင်းသည်။
သာယံ ဖလာဖလေ၊ ညနေချမ်း၌ သစ်သီးငယ်သစ်သီးကြီးတို့ကို။
အာဒါယ ဂန္တွာ၊ ယူ၍ လာ၍။
ပဏ္ဏသာလဒွါရံ၊ သစ်ရွက်မိုးကျောင်းတံခါးကို။
ဝိဝရိတွာ ပဝိသိတွာ၊ ဖွင့်၍ ဝင်၍။
ပုတ္တံ စူဠတာပသံ၊ သားဖြစ်သော ရသေ့ငယ်ကို။
“တာတ တွံ၊ အို. ချစ်သား သင်သည်။
အညေသု ဒိဝသေသု၊ အခြားကုန်သော နေ့တို့၌။
ဒါရူနိ အာဟရသိ၊ ထင်းတို့ကို ဆောင်ယူထား ခွေထား၏။
ပါနီယံ ပရိဘောဇနီယံ၊ သောက်ရေကို သုံးရေကို။
အာဟရသိ၊ ဆောင်ယူထား၏ ခပ်ထား၏။
အဂ္ဂိံ ကရောသိ၊ မီးကို ပြုထား၏ မွှေးထား၏။
အဇ္ဇ ပန ဧကမ္ပိ အကတွာ၊ ယနေ့၌ကား တစ်ခုကိုမျှလည်း မပြုမူ၍။
ကသ္မာ ဒုမ္ဗုခေါ ပဇ္ဈာယန္တော၊ အဘယ့်ကြောင့် မျက်နှာမလှဘဲ ကြံမှိုင် လျက်။
နိပန္နော အသီတိ၊ အိပ်နေသည် ဖြစ်သနည်း”ဟု။
ဧတံ အဝေါစ၊ ဤစကားကို ပြောပြီ။
တာတ တုမှေသု၊ အို. ဖခင် သင်ဖခင်တို့သည်။
ဖလာ ဖလတ္ထာယ ဂတေသု၊ သစ်သီးငယ်,သစ်သီးကြီးအကျိုးငှါ သွားကြသော်။
ဧကာ ဣတ္ထီ အာဂန္တွာ၊ တစ်ယောက်သော အမျိုးသမီးသည် လာ၍။
မံ ပလောဘေတွာ၊ အကျွန်ုပ်ကို ဖြားယောင်း၍။
အာဒါယ ဂန္တုံ အာရဘိ၊ ခေါ်ယူ၍ သွားခြင်းငှါ အားထုတ်ပြီ။
အဟံ ပန၊ အကျွန်ုပ်သည်ကား။
“တုမှေဟိ ဝိဿဇ္ဇတော၊ သင်ဖခင် တို့သည် လွှတ်အပ်သော်။
ဂမိဿာမီတိ န ဂစ္ဆိံ၊ သွားမည်”ဟုတွေး၍ လိုက်မသွား ပြီ။
အသုကဋ္ဌာနေ ပန၊ ထိုမည်သော ဌာန၌ကား။
နံ နိသီဒါပေတွာ၊ ထိုအမျိုးသမီး ကို နေစေ၍။
အာဂတော အမှိ၊ လာသည် ဖြစ်၏။
တာတ အဟံ၊ အို. ဖခင် အကျွန်ုပ်သည်။
ဣဒါနိ ဂစ္ဆာမိ ဣတိ၊ ယခု သွားတော့မည် ဤသို့ ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဧတံ နိဝတ္တေတုံ၊ ဤသားရသေ့ငယ်ကိုနစ်စေခြင်းငှါ။
န သက္ကာတိ ဉတွာ၊ မတတ်ကောင်းဟု သိ၍။
“ ဟိ ဂစ္ဆ၊ အို. ချစ်သား ထိုသို့ဖြစ်လျှင် သွားလော့။
ဧသာ ပန တာတ တေန တံ နေတွာ၊ ဤအမျိုး သမီးသည်ကား သင်ချစ်သားကို ခေါ်ယူ၍။
မစ္ဆမံသာဒီနိ ဝါ ယဒါ၊ ငါး အမဲစသည် တို့ကိုမူလည်း အကြင်အခါ၌။
ခါဒိတုကာမာ ဘဝိဿတိ၊ စားလိုသည် ဖြစ်အံ့။
သပ္ပိလောဏတဏ္ဍုလာဒီဟိ ဝါ ပန၊ ထောပတ်,ဆား,ဆန်တို့ဖြင့်သေ လည်း။
အဿာ အတ္ထော ဘဝိဿတိ၊ ထိုအမျိုးသမီးအား အလိုရှိသည် ဖြစ်အံ့။
တဒါ၊ အလိုရှိရာ ထိုအခါ၌။
ဣဒဉ္စ ဣဒဉ္စအာဟရာတိ၊ ဤပစ္စည်းကိုလည်း ကောင်း ဤပစ္စည်းကိုလည်းကောင်း ဆောင်ယူချေလော့ဟုပြော၍။
“ ကိလမေဿတိ၊ သင်ချစ်သားကို ပင်ပန်းစေလတံ့။
တဒါ မယှံ ဂုဏံ၊ ထိုအခါ ငါ၏ ဂုဏ်ကျေးဇူးကို။
သရိတွာ ပလာယိတွာ၊ အမှတ်ရ၍ ထွက်ပြေးလာ၍။
ဣမေဝ အာဂစ္ဆေယျာသီတိ၊ ဤကျောင်းသို့သာ လာခဲ့လော့”ဟုမှာ၍။
ဝိဿ ဇ္ဇေသိ၊ လွှတ်လိုက်ပြီ။
သော တာယ သဒ္ဓိံ၊ ထိုသားရသေ့ငယ်သည် ထိုအမျိုးသမီး နှင့် အတူ။
မနုဿပထံ အဂမာသိ၊ လူတို့လမ်းကြောင်းသို့ လိုက်သွားပြီ။
အထ သာ၊ ထိုအခါ ထိုသားရသေ့ငယ်ကို ထိုအမျိုးသမီးသည်။
အတ္တနော ဝသံ ဂမေတွာ၊ မိမိ၏ အလိုဆန္ဒသို့ လိုက်စေ၍။
“မံသံ အာဟရ၊ အသားကို ဆောင်ယူ ခဲ့လော့။
မစ္ဆံ အာဟရာတိ၊ ငါးကို ဆောင်ယူခဲ့လော့”ဟု။
ယေန ယေန၊ အကြင် အကြင်ပစ္စည်းဖြင့်။
အတ္ထိကာ ဟောတိ၊ အလိုရှိသည် ဖြစ်၏။
တံ တံ အာဟရာ ပေတိ၊ ထိုထိုအလိုရှိသော ပစ္စည်းကို ဆောင်ယူခိုင်း၏။
တဒါ သော၊ ခိုင်းရာ ထိုအခါ၌ ထိုသားရသေ့ငယ်သည်။
“အယံ မံ၊ ဤအမျိုးသမီးသည် ငါ့ကို။
အတ္တနော ဒါသံ ဝိယ၊ မိမိ၏ ကျွန်ကိုကဲ့သို့လည်းကောင်း။
ကမ္မကာရံ ဝိယ စ ကတွာ၊ အမှုလုပ်ကိုကဲ့သို့လည်းကောင်း ပြု၍။
ပီဠေတီတိ ပလာယိတွာ၊ နှိပ်စက် ၏”ဟုတွေး၍ ထွက်ပြေး၍။
ပိတုသန္တိကံ အာဂန္တွာ၊ ဖခင်ဘုရားလောင်း၏ထံသို့ လာ၍။
ပိတရံ ဝန္ဒိတွာ ဌိတကောပ၊ အဖကို ရှိခိုး၍ ရပ်လျက်ပင်။
ဝတ သုခံ၊ စင်စစ် ချမ်းသာစွာ။
ဇီဝန္တ မံ၊ အသက်မွေးနေသော အကျွန်ုပ် ကို။
ဥဒဉ္စနီ၊ ရေခပ်အိုးငယ်နှင့်တူသော မိန်းမသည်။
ပစမာနာ၊ ပူပန်စေလျက် နှိပ်စက်လျက်။
ဝါ၊ စားလိုရာရာကို ချက်စားလျက်။
စောရီ ဇာယပ္ပဝါဒေန၊ သူခိုးမတစ်ယောက်သည် မယားဟူသော နာမည်ဖြင့်။
တေလံ လောဏဉ္စ၊ ဆီကိုလည်းကောင်း ဆားကိုလည်းကောင်း။
ယာစတိ၊ တောင်း၏။
တတ္ထ၊ ထိုဂါထာ၌။
**သုခံ ဝတ မံ ဇီဝန္တန္တိ**၊ သုခံ ဝတ မံ ဇီဝန္တဟူသည်ကား။
တာက တုမှာကံ သန္တိကေ၊ အို. ဖခင် သင်တို့၏ အထံ၌။
မံ သုခံ ဇီဝန္တံ၊ အကျွန်ုပ်ကို ချမ်းသာစွာ အသက်မွေးနေသည်ကိုတည်း။
**ပစမာနာ**တိ၊ ပစမာနာဟူသည်ကား။
တာပယမာနာ ပီဠယမာနာ၊ ပူပန်စေလျက် နှိပ်စက်လျက်တည်း။
(ဝါ၊ တစ်နည်း ကား)။
ယံ ယံ၊ အကြင်အကြင်ကို။
ခါဒိတုကာမာ ဟောတိ၊ စားလိုသည် ဖြစ်၏။
တံ တံ ပစမာနာ၊ ထိုထိုစားလိုရာရာကို ချက်စားလျက်တည်း။
ဧတာယ၊ ဤရေပုံး, အိုးငယ်ဖြင့်။
ဥဒကံ၊ ရေကို။
အဉ္စန္တိ၊ ဆွဲငင်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
**ဥဒဉ္စနီ**၊ ဥဒနီမည်၏။
ဧတံ၊ ဤဥဒဥနီဟူသော နာမည်သည်။
စာဋိတော ဝါ၊ အိုးတုတ်ကြီး မှလည်းကောင်း။
ကူပတော ဝါ၊ ရေတွင်းမှလည်းကောင်း။
ဥဒကဥဿိဉ္စန ဃဋိကာယ၊ ရေခတ်ယူသော ပုံး,အိုးငယ်၏။
နာမံ၊ အမည်တည်း။
သာ ပန၊ ထိုအမျိုးသမီးသည်ကား။
ဥဒဉ္စနီ ဝိယ၊ ရေခပ်ကြောင်းပုံး,အိုးငယ်နှင့် တူ၏။
ဃဋိကာ၊ ရေငင်ပုံး,အိုးငယ်သည်။
ဥဒကံ၊ ရေကို။
(အာကဍ္ဎတိ) ဝိယ၊ ငင်ယူဘိ သကဲ့သို့။
(ဧဝံ၊ ဤအတူ)။
ယေန ယေန၊ အကြင်အကြင်ပစ္စည်းဖြင့်။
အတ္ထိကာ ဟောတိ၊ အလိုရှိသည် ဖြစ်၏။
တံ တံ၊ ထိုထိုအလိုရှိရာရာကို။
အာကဍ္ဎတိယေဝ၊ ဆွဲငင်ယူသည်သာတည်း။
ဣတိ အတ္ထော၊ ဤကား ဥဒဉ္စနီ၏ အဓိပ္ပါယ်နက် တည်း။
**စောရီ ဇာယပ္ပဝါဒေနာ** တိ၊ စောရီဇာယပ္ပဝါဒေနဟူသည်ကား။
ဘရိယာ တိ နာမေန၊ မယားဟူသော နာ့မည်ဖြင့်။
ဧကာ စောရီ၊ တစ်ယောက်သော သူခိုးမသည်။
မံ မဓုရ၀စနေန၊ အကျွန်ုပ်ကို ချိုသာသော စကားဖြင့်။
ဥပလာ ပေတွာ၊ ဖြားယောင်း၍။
တတ္ထ နေတွာ၊ ထိုလူတို့နေရာသို့ ဆောင်ယူ၍။
**တေလံ လောဏဉ္စ**၊ ဆီကိုလည်းကောင်း ဆားကိုလည်းကောင်း။
အညံ ယံ ဣစ္ဆတိ၊ ဆီ ဆားမှတစ်ပါးသော အကြင်ပစ္စည်းကို အလိုရှိ၏။
တံ သဗ္ဗံ စ **ယာစတိ**၊ ထိုလိုချင်သည့် အလုံးစုံကိုလည်း တောင်း၏။
ဒါသံ ပိယ၊ ကျွန်ကိုကဲ့သို့လည်း ကောင်း။
ကမ္မကာရံ ဝိယ စ၊ အလုပ်သမားကိုကဲ့သို့လည်းကောင်း။
ကတွာအာဟရာပေတီတိ၊ ပြုလုပ်၍ ဆောင်ယူခိုင်း၏ဟု။
တဿာ အဂုဏံ ကထေသိ၊ ထိုအမျိုးသမီး၏ အပြစ်ကို ပြောပြပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုရသေ့ငယ်ကို ဘုရားလောင်းသည်။
အဿာသေတွာ၊ သက်သာရာရစေ၍။
“တာတ ဟောတု၊ အို. ချစ်သား ဖြစ်ပါစေ ရှိပါစေ။
တွံ ဧဟိ၊ သင်ချစ်သားသည် လာလော့။
မေတ္တံ ဘာဝေဟိ၊ မေတ္တာကို ဖြစ်စေပွားစေလော့။
ကရုဏံ ဘာဝေဟီတိ၊ ကရုဏာကို ဖြစ်စေပွားစေလော့” ဟု။
စတ္တာရော၊ လေးပါးကုန်သော။
ဗြဟ္မဝိဟာရေ အာစိက္ခိ၊ ဗြဟ္မဝိဟာရတရား တို့ကို ပြောကြားပြီ။
အာစိက္ခိတွာ၊ ပြောကြားပြီး၍။
ကသိဏပရိကမ္မံ အာစိက္ခိ၊ ကပရိကမ်ကို ပြောကြားပြီ။
သော န စိရဿဝ၊ ထိုသားရသေ့ငယ်သည် မကြာမီပင်။
အဘိညာ စ သမာပတ္တိယော စ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာပတ်တို့ကိုလည်းကောင်း။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍။
ပိတရာ သဒ္ဓိံ၊ အဖနှင့် အတူ။
ဗြဟ္မလောကေ နိဗ္ဗတ္တိ၊ ဗြဟ္မာ့ပြည်၌ ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူ၍။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာလေးပါးပြပြီးအဆုံး၌ ထိုရဟန်းသည်။
သောတာပတ္တိဖလေ ပတိဋ္ဌ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ ထုလ္လကုမာရိကာဝ၊ ထိုရှေးကအပျိုကြီး သည်ပင်။
ဧတရဟိ ထုလ္လကုမာရိကာ၊ ယခုဘုရားလက်ထက်တော်၌ အပျိုကြီး တည်း။
စူဠတာပသော၊ သားရသေ့ငယ်သည်။
ဥက္ကဏ္ဌိတဘိက္ခု အဟောသိ၊ သာသနာတော်ငြီးငွေ့သော ရဟန်းသည် ဖြစ်လာပြီ။
ပိတာ ပန၊ အဖရသေ့သည် ကား။
အဟမေဝ အဟောသီ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။
ဣတိ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူပြီ။
ဥဒဉ္စနီဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်သော ဥဒဉ္စနီဇာတ်အဖွင့်တည်း။