**ယထန္နော ပုရိသော ဟောတီ** တိ ဣဒံ၊ ယထန္နော ပုရိသော ဟောတိ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ သာဝတ္ထိယံ ဝိဟရန္တော၊ ဘုရားရှင်သည် သာဝတ္ထိမြို့၌ နေတော်မူစဉ်။
မဟာဒုဂ္ဂတံ အာရဗ္ဘ ကထေသိ၊ ဆင်းရဲသားကြီးကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သာဝတ္ထိယံ၊ ချဲ့ပြောရသော် သာဝတ္ထိမြို့၌။
ကဒါစိ ဧကမေဝ ကုလံ၊ တစ်ခါတစ်ရံ၌ ဆွေမျိုးတစ်စုသည်သာ။
ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ၊ ဘုရားအမှူးရှိသော ရဟန်းသံဃာအား။
ဒါနံ ဒေတိ၊ အလှူကို ပေးလှူ၏။
ကဒါစိ တီဏိ စတ္တာရိ၊ တစ်ရံတစ်ခါ၌ ဆွေမျိုးသုံး,လေးစုတို့သည်။
ဧကတော ဟုတွာ၊ တစ်ပေါင်းတည်း ဖြစ်ကြ၍လည်းကောင်း။
ကဒါစိ ဂဏဗန္ဓ နေန၊ တစ်ရံတစ်ခါ၌ အုပ်စုဖွဲ့သဖြင့်လည်းကောင်း။
ကဒါစိ ဝီထိသဘာဂေန၊ တစ်ရံ တစ်ခါ၌ လမ်းသဘာဂဖြစ်သောအားဖြင်လည်းကောင်း။
ကဒါစိ သကလနဂရံ၊ တစ်ရံတစ်ခါ၌ တစ်မြို့လုံးသည်။
ဆန္ဒကံ သံဟရိတွာ၊ ဆန္ဒတူရာကို ကောင်းစွာ ဆောင်ယူပေါင်းစု၍လည်းကောင်း။
(ဒါနံ ဒေတိ၊ အလှူကို ပေးလှူ၏)။
တဒါ ပန၊ ထိုအခါ၌ကား။
ဝီထိသတ္တံ နာမ အဟောသိ၊ လမ်းအလိုက်ဖွဲ့လှူသော ဆွမ်းမည် သည် ဖြစ်ပြီ။
အထ မနုဿာ၊ ထိုအခါ လူတို့သည်။
ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသင်္ယ ဿ၊ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား။
ယာဂုံ ဒတွာ၊ ယာဂုကို ကပ်လှူပြီး၍။
ခဇ္ဇကံ အာဟရထာတိ၊ ခဲဖွယ်ကို ဆောင်ယူခဲ့ကြဟု။
အာဟံသု၊ ပြောကုန်ပြီ။
တဒါ ပန တဿံ ဝီထိယံ ဝသမာနော၊ လမ်းအလိုက်ဖွဲ့ ဆွမ်းကျွေးကြရာ ထိုအခါ၌ကား ထိုလမ်း၌ နေသော။
ပရေသံ ဘတိကာရကော၊ သူတစ်ပါးတို့၏ အလုပ်ပြုလုပ်သော။
ဧကော ဒုဂ္ဂတမနုသော၊ တစ်ယောက်သော ဆင်းရဲသား လူသည်။
“အဟံ ယာဂုံ၊ ငါသည် ယာဂုကို။
ဒါတုံ န သက္ခိဿာမိ၊ ပေးလှူခြင်းငှာ မစွမ်းနိုင်လတံ့။
ခဇ္ဇကံ ပန ဒဿာမီတိ စိန္တေသိ၊ မုံ့ခဲဖွယ်ကိုကား လှူမည်'ဟု တွေးထားပြီ။
ဣတိ၊ ဤသို့ တွေးပြီး၍။
သဏှသထုံ၊ နူးညံ့သည်တက်နူညံ့စွာ။
ကုဏ္ဍကံ ဝနာပေတွာ၊ ဆန်ကျိုးဆန်ကွဲကို တိုးပွါးစေ၍။
ဥဒကေန တေမေတ္တာ၊ ရေဖြင့် ဆွတ်၍။
အက္ကပဏ္ဏေန ဝေရွှေတွာ၊ မရိုးရွက်ဖြင့် ရစ်ပတ်၍ ထုတ်၍။
ကုက္ကုဠေ ပစိတ္တာ၊ ပြာပူ၌ အုံး၍ (ဖုတ်၍)။
“ဣဒံ ဗုဒ္ဓဿ ဒဿာမီတိ၊ ဤခဲ့ဖွယ်ကို ဘုရားရှင်အား လှူအံ့”ဟုတွေး၍။
တံ အာဒါယ ဂန္တွာ၊ ထိုမုံ့မဲဖွယ်ကို ယူ၍ သွား၍။
သတ္ထု သန္တိကေ ဌိတော၊ ဘုရားရှင်၏ အနီး၌ တည်နေလျက်။
“ခဇ္ဇကံ အာဟရ လာတိ၊ မုံ့ခဲဖွယ်ကို ဆောင်ယူခဲ့ကြ”ဟု။
ဧကသ္မိံ ဝစနေ ဝုတ္တမတွေ၊ တစ်ခွန်းသော စကားကို ဆိုအပ်ခါမျှဖြစ်သော်။
သဗ္ဗပဌမံ ဂန္တွာ၊ အားလုံးတို့ထက် ရှေးဦးစွာ သွား ၍။
တံ ပူဝံ သတ္ထု၊ ထိုမုံ့ခဲဖွယ်ကို ဘုရားရှင်၏။
ပတ္တေ ပတိဋ္ဌာပေသိ၊ သပိတ်၌ တည်စေပြီ (လောင်းထည့်ပြီ)။
သတ္ထာ အဝညဟိ ဒီယာနံ၊ ဘုရားရှင်သည် အခြား လူတို့က ပေးလှူအပ်သော်။
ခဇ္ဇကံ အဂ္ဂဟေတွာ၊ မုံ့ခဲဖွယ်ကို အလှူမခံမူ၍။
တမေဝ ပူဝခဇ္ဇကံ ပရိဘုဉ္ဇိ၊ ဆင်းရဲသားကြီးပေးလှူအပ်သည့် ထိုမုံ့ခဲဖွယ်ကိုသာ ဘုန်းပေးတော်မူပြီ။
ပန တသ္မိံယေဝ ခဏေ၊ ထူးခြားသည်ကား ထိုခဏ၌ပင်။
“သမ္မာသမ္ဗုဒ္ဓေန မဟာဒုဂ္ဂတဿ၊ ဘုရားရှင်သည် ဆင်းရဲသားကြီး၏။
ကုဏ္ဍကခဇ္ဇကံ အဇိဂုစ္ဆေတွာ၊ ဆန်ကွဲဖြင့် ပြုလုပ်အပ်သော ခဲဖွယ်ကို မရွံမရှာ။
အမတံ ၀ိယ ပရိဘုတ္တံ ကိရဣတိ၊ အမြိုက်သုဓာကဲ့သို့ ဘုန်းပေးအပ်ပြီတဲ့”ဟု။
သကလနဂရံ ဧကကောလာဟလ အဟောသိ၊ သာဝတ္ထိတစ်မြို့လုံးသည် တစ်ခါတည်းအုတ်အုတ်ကျက်ကျက်သည် ဖြစ်သွားပြီ။
ရာဇရာဇမဟာမတ္တာဒယော၊ မင်း, မင်းအမတ်ကြီးအစရှိကုန်သော။
အန္တမသော ဒေါဝါရိက၊ အောက်ထစ်ဆုံးအားဖြင့် တံခါးမှူးတို့ကို။
ဥပါဒါယ သဗ္ဗေဝ၊ အစပြု၍ လူအားလုံးတို့သည်ပင်။
သန္နိပတိတွာ သတ္ထာရံ ဝန္ဒိတွာ၊ ကောင်းစွာကျရောက်စုဝေးကြ၍ ဘုရားရှင်ကို ရှိခိုး၍။
မဟာဒုဂ္ဂတံ ဥပသင်္ကမိတွာ၊ ဆင်းရဲသားကြီးသို့ ချဉ်းကပ်၍။
“ဘော ဟန္န၊ အို. . အချင်း ယခု။
သတံ ဂဟေတွာ၊ တစ်ရာကို ယူ၍။
ဒွေသတာနိ ဂဟေတွာ၊ နှစ်ရာတို့ကို ယူ၍။
ပဉ္စသတာနိ ဂဟေတွာ၊ ငါးရာတို့ကို ယူ၍။
အမှာကံ ပတ္တံ၊ ငါတို့အား ကုသိုလ်အဖို့ကို။
ဒေဟီတိ ဝဒိံသု၊ ဝေမျှပေးပါ”ဟု ပြောကြပြီ။
သော၊ ထိုဆင်ရဲသားကြီးသည်။
“သတ္ထာရံ ပဋိပုစ္ဆိတွာ၊ ဘုရားရှင်ကို မေးမြန်းလျှောက်ထား၍။
ဇာနိဿာမီတိ၊ သိရပါလိမ့် မည်”ဟုပြော၍။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍။
တမတ္တံ အာရောစေသိ၊ ထိုအကြောင်းကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင် သည်။
“ဓနံ ဂဟေတွာ ဝါ၊ ပေးသော ပစ္စည်းကို ယူ၍သော်လည်းကောင်း။
အဂ္ဂဟေတွာ ဝါ၊ မယူမူ၍သော်လည်းကောင်း။
သဗ္ဗသတ္တာနံ ပတ္တိ၊ သတ္တဝါအားလုံးတို့အား ကုသိုလ်အဖို့ကို။
ဒေဟီတိ အာဟ၊ မျှဝေပေးလော့”ဟု မိန့်တော်မူပြီ။
သော ဓနံ ဂဟေတုံ၊ ထိုဆင်းရဲသားကြီးသည် ပစ္စည်းကို ယူခြင်းငှာ။
အာရဘိ၊ အားထုတ်ပြီ။
မနုဿာ၊ လူတို့သည်။
ဒိဂုဏစတုဂ္ဂဏအဋ္ဌဂုဏာဒိဝသေန၊ နှစ်ဆ လေးဆ ရှစ်ဆ စသည်တို့အစွမ်းဖြင့်။
ဒဒန္တာ၊ ပေးကြကုန်လျက်။
နဝ ဟိရညကောဋိယော အဒံသု၊ ငွေကိုးကုဋေတို့ကို ပေးကြပြီ။
သတ္ထာ အနုမောဒနံ ကတွာ၊ ဘုရားရှင်သည် အနု မောဒနာတရားဟောခြင်းကို ပြုတော်မူ၍။
ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ ကြွ တော်မူ၍။
ဘိက္ခုဟိ ဝတ္တေ ဒဿိတေ၊ ရဟန်းတို့သည် ပြုနေကြဝတ္တရားကို ပြအပ် ပြီးသော်။
သုဂတောဝဒံ ဒတွာ၊ ဘုရားရှင်တို့ဩဝါဒကို ပေးတော်မူပြီး၍။
ဂန္ဓကုံ ပါဝိသိ၊ ဂန္ဓကုဋီသို့ ဝင်တော်မူပြီ။
ရာဇာ သာယနှသမယေ၊ ပသေနဒီကောသလ မင်းသည် ညနေချမ်းအခါ၌။
မဟာဒုဂ္ဂတံ ပက္ကောသာပေတွာ၊ ဆင်းရဲသားကြီးကို ခေါ်စေ၍။
သေဋ္ဌိဋ္ဌာနေန ပူဇေသိသူဌေးရာထူးဖြင့် ပူဇော်ပြီ။
ဘိက္ခု ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော သတ္ထာ၊ အို. . ငါ့ရှင်တို့ ဘုရားရှင်သည်။
မဟာဒုဂ္ဂတေန ဒိန္နံ၊ ဆင်းရဲသားကြီးသည် ပေးလှူ အပ်သော။
ကုဏ္ဍကပူဝံ အဇိဂုစ္ဆန္တော၊ ဆန်ကွဲ မုံ့ခဲဖွယ်ကို မရွံမရှာ။
အမတံ ဝိယ ပရိဘုဉ္ဇိ၊ အမြိုက်သုဓာကဲ့သို့ ဘုဉ်းပေးပြီ။
မဟာဒုဂ္ဂတောပိ ဗဟုဓနဉ္စ၊ ဆင်းရဲသား ကြီးသည်လည်း များစွာသော ဥစ္စာကိုလည်းကောင်း။
သေဋ္ဌိဋ္ဌာနဉ္စ လဘိတွာ၊ သူဌေးရာထူးကိုလည်းကောင်း ရပြီး၍။
မဟာသမ္ပတ္ံ ပတ္တောတိ၊ ကြီးစွာသော စည်းစိမ်ကို ရရှိပြီ”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကြပြီ။
သတ္ထာ အာဂန္တွာ၊ ရှင်တော်ဘုရားသည် ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ အို . ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင် နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော် မူ၍။
“ဣမာယ နာမာတိ ဝုတ္တေ၊ ဤ မည်သော စကားဖြင့်ပါ”ဟု လျှောက်ထား အပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခုအခါ၌သာ။
မယာ န္တေန၊ ငါဘုရားသည် မရွံမရှာ။
တဿ ကုဏ္ဍကပူဝေါ၊ ထိုဆင်းရဲသားကြီး၏ ဆန်ကွဲ မုံ့ခဲဖွယ်ကို။
န ပရိဘုတ္တော၊ သုံးဆောင်တော်မူအပ်သည် မဟုတ်သေး။
ပုဗ္ဗေ ရုက္ခဒေဝတာယ၊ ရှေးကလည်း ရုက္ခစိုးနတ်အဖြစ်ဖြင့်။
ဟုတွာ ပရိဘုတ္တောယေဝ၊ ဖြစ်ပြီး၍ သုံးဆောင်အပ်ဖူးသည်သာ။
တဒါပိ စ ဧသော၊ ထိုအခါကလည်း ဤဆင်း ရဲသားကြီးသည်။
မံ နိဿာယ သေဋ္ဌိဋ္ဌာနံ၊ ငါဘုရားကို အမှီပြု၍ သူဌေးရာထူး ကို။
အလတ္ထဝါတိ ဝတွာ၊ ရဖူးသည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဧကသ္မိံ ဌာနေ ဧရဏ္ဍရုက္ခေ၊ တစ်ခုသော ဌာန၌ ကြက်ဆူ ပင်၌။
ရုက္ခဒေဝတာ ဟုတွာ နိဗ္ဗတ္တိ၊ ရုက္ခစိုးနတ်၏အဖြစ်ဖြင့် ဖြစ်ပြီ။
တဒါ တသ္မိံ ဂါမကေ မနုဿာ၊ ထိုအခါက ထိုရွာငယ်၌ လူတို့သည်။
ဒေဝတာမင်္ဂလိကာ ဟောန္တိ၊ နတ်ကိုးကွယ်လျှင် မင်္ဂလာရှိ၏ဟုအယူရှိကုန်သည် ဖြစ်ကုန်၏။
အထ ဧကသ္မိံ ဆဏေ သမ္ပတ္တေ၊ ထိုအခါ တစ်ခုသော ပွဲသဘင်သည် ရောက်လတ်သေ် ။
မနုဿာ အတ္တနော အတ္တနော၊ လူတို့သည် မိမိ၏ မိမိ၏။
ရုက္ခဒေဝတာနံ ဗလိကမ္မံ အကံသု၊ ကိုးကွယ်ရာရုက္ခစိုးနတ်တို့အား ပူဇော်မှုကို ပြုကြပြီ။
အထ ဧကော ဒုဂ္ဂတမနုဿာ၊ ထိုအခါ တစ်ယောက်သော လူဆင်းရဲသည်။
တေ မနုဿ ရုက္ခဒေဝတာ၊ ထိုလူတို့ကို ရုက္ခစိုးနတ်တို့ကို။
ပဋိဇဂ္ဂန္တေ ဒိသွာ၊ လုပ်ကျွေး ပူဇော်နေသည်တို့ကို တွေ့ရ၍။
ဧကံ ဧရဏ္ဍရုက္ခံ ပဋိဇဂ္ဂိ၊ တစ်ခုသော ကြက်ဆူပင် ကို လုပ်ကျွေးပူဇော်ပြီ။
တေ မနုဿာ အတ္တနော အတ္တနော၊ ထိုလူတို့သည် မိမိ၏ မိမိ၏။
ဒေဝတာနံ နာနပ္ပကာရာနိ၊ ပူဇော်ရာနတ်တို့အတွက် အထူးထူး အပြားပြား ကုန်သော။
မာလာဂန္ဓဝိလေပနာနိစေ၀၊ ပန်းနံ့သာ နံ့သာပြောင်းစသည်တို့ကို လည်းကောင်း။
ခဇ္ဇဘောဇ္ဇာနိ စ၊ ခဲဖွယ် စားဖွယ်တို့ကိုလည်းကောင်း။
အာဒါယ ဂစ္ဆိံသု၊ ယူ၍ သွားကုန်ပြီ။
သော ပန ကုဏ္ဍကပူဝဉ္ဇဝ၊ ထိုလူဆင်းရဲသည်ကား ဆန်ကွဲမုံ့ကိုလည်းကောင်း။
ဥဠုင်္ကေန ဥဒကံ စ၊ ရေမှုတ်ဖြင့် ရေကိုလည်းကောင်း။
အာဒါယ ဂန္တွာ၊ ယူ၍ သွား၍။
ဧရဏ္ဍရုက္ခဿ အဝိဒူရေ ဌတွာ၊ ကြက်ဆူပင်၏ ဒီပတာ နာမနတ်တို့မည်သည်။
ဒိဗ္ဗခဇ္ဇကာနိ ခါဒန္တိ၊ နတ်ခဲဖွယ်တို့ကို စားကြကုန်၏။
မယုံ ဒေဝတာ၊ ငါ၏ ကိုးကွယ်ရာနတ်သည်။
မယုံ ဣမံ ကုဏ္ဍကပူဝံ၊ ငါ၏ ဤဆန်ကွဲမုံ့ကို။
န ခါဒိဿတိ၊ စားလိမ့်မည်မဟုတ်။
ဣမံ အကာရဏေန၊ ဤဆန်ကွဲမုံ့ကို အကြောင်းမဲ့ဖြင့်။
ကိံ နာသေမိ၊ အဘယ်ကြောင့် ပျက်စီးစေရအံ့နည်း။
အဟမေဝ နံ၊ ငါသည်ပင် ထိုဆန်ကွဲမုံ့ကို။
ခါဒိဿာမီတိ၊ စားမည်”ဟုတွေး၍။
တတောဝ နိဝတ္တိ၊ ထိုနေရာမှပင် ဆုတ်နစ်ပြီ။
ဗောဓိသတ္တော ခန္ဓပိဋပေ ဌတွာ၊ ဘုရားလောင်းရုက္ခစိုးသည် ကြက်ဆူပင်ခွကြား၌ ရပ်၍။
“ဘော ပုရိသ တွံ၊ အို. . ယောက်ျား သင်သည်။
ဣဿရော သစေ ဘဝေယျာသိ၊ အစိုးရ သူသည် အကယ်၍ ဖြစ်အံ့။
မယှံ မဓုရခဇ္ဇကံ၊ ငါ့အား ချိုမြိန်သော အရသာရှိသော ခဲဖွယ်ကို။
ဒဒေယျာသိ၊ ပေးရာပူဇော်ရာ၏။
တွံ ပန ဒုဂ္ဂတော၊ သင်သည်ကား ဆင်းရဲ၏။
အဟံ ပူဝံ၊ ငါရုက္ခစိုးသည် သင်ဆင်းရဲသား၏ မုံ့ကို။
န ခါဒိတွာ အညံ၊ မစားသော် အခြားသော။
ကိံ ခါဒိဿာမိ၊ ဘာကို စားရအံ့နည်း။
မေ ကောဋ္ဌာသံ၊ ငါ၏ ဝေစုကို။
မာ နာသေဝတွာ၊ မဖျက်ဆီးပါလင့်”ဟု ပြော၍။
ပုရိသော၊ ကိုးကွယ်သည့် ယောက်ျားသည်။
ယထန္နော ဟောတိ၊ အကြင် သို့သော အစာရှိသည် ဖြစ်၏။
တဿ ဒေဝတာ၊ ထိုယောက်ျား၏ ကိုးကွယ် ရာနတ်သည်လည်း။
တထန္နာ၊ ထိုယောက်ျားနှင့်တူသော အစာရှိသည်သာ။
(ဟောတိ၊ ဖြစ်၏)။
ဧတံ ကုဏ္ဍပူဝံ အာဟရ၊ ဆန်ကွဲဖြင့် ပြုလုပ်အပ်သည့် ထိုမုံ့ကို ဆောင်ယူခဲ့ပါလော့။
မေ ဘာဂံ၊ ငါ၏ ဝေစုကို။
မာ ဝိနာသယ၊ မဖျက်ဆီးပါလင့်။
တတ္ထ၊ ထိုဂါထာ၌။
**ယထန္နော** တိ၊ ယထန္ဒောဟူသည်ကား။
ယထာရူပ ဘောဇနော ဟောတိ၊ အကြင်သို့ သဘောရှိသော အစာရှိသည် ဖြစ်၏တည်း။
**တထန္ဒာ** တိ၊ တထန္နာဟူသည်ကား။
တဿ ပုရိသဿ ဒေဝတာပိ၊ ထိုကိုးကွယ် သော ယောက်ျား၏ ကိုးကွယ်ခံနတ်သည်လည်း။
တထာရူပဘောဇနောဝ ဟောတိ၊ ထိုယောက်ျားအစာသဘောရှိသော အစာရှိသည်သာ ဖြစ်၏။
**အာဟရေတံ ကုဏ္ဍပူဝန္တိ**၊ အာဟရေ'တံ ကုဏ္ဍပူဝံဟူသည်ကား။
ကုဏ္ဍကေန၊ ဆန်ကွဲဖြင့်။
ဧတံ ပက္ကပူဝံ၊ ဖုတ်အပ်သည့် ထိုမုံ့ကို။
အာနေဟိ၊ ဆောင်ယူခဲ့ပါလော့။
မယှံ ဘာဂ၊ ငါ၏ ဝေစုကို။
မာ ဝိနာသေဟိ၊ မဖျက်ဆီးပါလင့်တည်း။
ဣတိ၊ ဤကား ဂါထာဖွင့်တည်း။
သော နိဝတ္တိတွာ၊ ထိုလူဆင်းရဲသည် ပြန်နစ်၍။
ဗောဓိသတ္တံ ဩလောကေတွာ၊ ဘုရားလောင်းကို ကြည့်၍။
ဗလိကမ္မံ အကာသိ၊ ပူဇော်ပသမှုကို ပြုပြီ။
ဗောဓိ သတ္တော တတော၊ ဘုရားလောင်းသည် ထိုတင်သော မုံ့မှ။
ဩဇံ ပရိဘုဉ္ဇိတွာ၊ အဆီအနှစ်ကို စားသုံးပြီး၍။
“ပုရိသ တွံ ကိမတ္ထံ၊ အို. . ယောက်ျား သင်သည် အဘယ်အကျိုးငှာ။
မံ ပဋိဇဂ္ဂသီတိ အာဟ၊ ငါ့ကို ပြုစုကိုးကွယ်သနည်း”ဟု မေးပြီ။
သာမိ ဒုဂ္ဂတော အမှိ၊ အို. . အရှင်နတ်မင်း ဆင်းရဲသည် ဖြစ်၏။
တံ နိဿာယ၊ အရှင်နတ်မင်းကို အမှီပြု၍။
ဒုဂ္ဂတဘာဝတော၊ ဆင်းရဲသားအဖြစ်မှ။
မုစ္စိတု ကာမတာယ၊ လွတ်လိုသည့်အဖြစ်ကြောင့်။
ပဋိဇဂ္ဂါမီတိ၊ လုပ်ကျွေးကိုးကွယ်ပါ ၏ဟုဖြေပြီ။
“ဘော ပုရိသ မာ စိန္တယိ၊ အို. . ယောက်ျား မပူလင့်။
တယာ ကတညုဿ၊ သင်ယောက်ျားသည် ကျေးဇူးသိတတ်သူအား။
ကတဝေဒိနော၊ ကျေးဇူးကို ဆပ်တတ်သူအား။
ပူဇာ ကတာ၊ ပူဇော်မှုကို ပြုအပ်ပြီ။
ဣမံ ဧရဏ္ဍံ ပရိက္ခိပိတွာ၊ ဤကြက်ဆူပင်ကို ဝိုင်းရံ၍။
နိမိကုမ္ဘိယော၊ ဥစ္စာအိုးတို့သည်။
ဂီဝါယ အာဟစ္စ၊ လည်ပင်းဖြင့် လည်ပင်းကို ထိခိုက်၍။
ဌိတာ၊ တည်ရှိကုန်၏။
တွံ ရညော အာစိက္ခိတွာ၊ သင်သည် ရှင်ဘုရင်အား လျှောက်ထား၍။
သကဋေဟိ ဓနံ အာဟရာပေတွာ၊ လှည်းတို့ဖြင့် ပစ္စည်းကို ဆောင်ယူစေ၍။
ရာဇဏေ၊ မင်းရင်ပြင်၌။
ရာသီ ကာရေဟိ၊ အစုအပုံကို ပြုစေလော့။
ရာဇာ တေ တုဿိတွာ၊ မင်းသည် သင့်အား နှစ်သက်၍။
သေဋ္ဌိဋ္ဌာနံ၊ သူဌေးရာထူးကို။
ဒဿတီတိ ဝတ္ထာ၊ ပေးလတံ့”ဟု ပြော၍။
ဗောဓိသတ္တော အန္တရဓာယိ၊ ဘုရားလောင်းသည် ကွယ်ပျောက်ပြီ။
သော တထာ အကာသိ၊ ထိုဆင်းရဲသားသည် ထိုဘုရားလောင်း ပြောသည့်အတိုင်း ပြုပြီ။
ရာဇာပိ တဿ၊ ဗြဟ္မဒတ်မင်းသည်လည်း ထိုဆင်းရဲသားအား။
သေဋ္ဌိဋ္ဌာနံ အဒါသိ၊ သူဌေးရာထူးကို ပေးပြီ။
ဣတိ သော၊ ဤသို့လျှင် ထိုဆင်းရဲသားသည်။
ဗောဓိသတ္တ နိဿာယ၊ ဘုရားလောင်းကို အမှီပြု၍။
မဟာသမ္ပတ္တံ ပတွာ၊ များစွာသော စည်းစိမ် ကို ရရှိ၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာဣမံ အာဟရတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော ဆောင်တော်မူ၍။
“တဒါ ဒုဂ္ဂတော၊ ထိုရှေးအခါက ဆင်းရဲသားသည်။
ဧတရဟိ ဒုဂ္ဂတောဝ၊ ဤငါဘုရားလက်ထက်အခါ ဆင်းရဲသားပင်တည်း။
ဧရဏ္ဍရုက္ခ ဒေဝတာ ပန၊ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်သည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု”။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော် မူပြီ။
ကုဏ္ဍကပူဝဇာတကဝဏ္ဏနာ နဝမာ၊ ကိုးခုမြောက်ဖြစ်သောကုဏ္ဍကပူဝဇာတ်အဖွင့်တည်း။