Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[101] 1. Parosatajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

သမာဂတာနံ၊ စုဝေးရောက်လာသူတို့တွင်။ အပညာ၊ ပညာမရှိကုန်သော။ တေ ပရောသတမ္ပိ၊ ထိုတစ်ရာကျော်သော သူတို့သည်လည်း။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ စေ ဈာယေယျုံ၊ အကယ်၍ ကြည့်ရှုစုံစမ်းကြစေကာ မူ။ (န ပဿန္တိ၊ ကြောင်းကျိုးမှန်ကို မသိမြင်နိုင်ကုန်)။ ယော ဘာသိတဿ၊ အကြင်သူသည် ငါပြောစကား၏။ အတ္ထံ ဝိဇာနာတိ၊ အနက်အဓိပ္ပါယ်ကို ထူးခြားစွာသိ၏။ ဧကော သပ္ပညော၊ တစ်ယောက်ထည်းသော ပညာရှိသော (သော) ။ ပုရိသောဝ သေယျော၊ ထိုယောက်ျားသည်သာ အထူးချီးမွမ်း အပ်မြတ်၏။
ဣဒံ ဇာတကံ၊ ပရောသတဉ္စေပီ ။ပ။ အတ္ထ ဟူသော ဤဇာတ်သည်။ ဝတ္ထု တော စ ဝေယျာကရဏတော စ၊ ဝတ္ထုကြောင်းအားဖြင့်လည်းကောင်း ကိဉ္စိဟူသော သဒ္ဒါအားဖြင့်လည်းကောင်း။ သမောဓာနတော စ၊ ဇာတ်ပေါင်း ခန်းအားဖြင့်လည်းကောင်း။ ပရောသဟဿဇာတကသဒိသမေဝ၊ ပရော သဟဿဇာတ်နှင့် တူသည်သာတည်း။
ဟိ ကေဝလံ ဧတ္ထ၊ မှန်၏ ကျန်ပုဒ်များနှင့် မရောမယှက်သက်သက် ဤပရောသတဇာတ်၌။ ဈာယေယျုန္တိ ပဒမတ္တမော ဝိသေသော၊ ဈာယေယံဟူသော ပုဒ်မျှသည်သာ ထူးခြား၏။
တဿ အတ္ထော၊ ထိုဂါထာပုဒ်၏ အနက်ကား။ ဝဿသတမ္ပိ အပညာ၊ အနှစ် တစ်ရာပတ်လုံးလည်း ပညာမရှိသူတို့သည်။ ဈာယေယျုံ ဩလောကေယျံ၊ ရှေးရ ကြည့်ကြစေကာမူ။ ဥပဓာရေယျံ၊ စူးစမ်းကြစေကာမူ။ ဧဝံ ပန ဩလောကေန္တာပိ၊ ဤသို့ ကြည့်ရှုစူးစမ်းကြကုန်သော်လည်း။ အတ္ထံ ဝါ၊ အနက်မှန်အကျိုးမှန် လည်းကောင်း။ ကာရဏံ ဝါ န ပဿန္တိ၊ အကြောင်းမှန်ကိုလည်းကောင်း မသိမြင် နိုင်ကုန်။ တသ္မာ ယော ဘာသိတဿ၊ ထို့ကြောင့် အကြင်သူသည် ငါပြောစကား ၏။ အတ္ထံ ဇာနာတိ၊ အနက်အဓိပ္ပါယ်ကို သိ၏။ သပ္ပညော သော ဧကောဝ၊ ပညာရှိသော ထိုသူတစ်ယောက်သည်သာ။ သေယျော ဣတိ၊ အထူးချီးမွမ်း အပ်မြတ်၏ ဤသည်ပင်တည်း။
ပရောသတဇာတကဝဏ္ဏနာ၊ ရှေးဦးစွာသော ပရောသကဇာတ်အဖွင့်တည်း။