Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[105] 5. Dubbalakaṭṭhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဗဟုမွေတံ ပမန ကဋ္ဌန္တိ ** ဣဒံ၊ ဗဟုမ္မေတံ ဝနေ ကဋ္ဌံ စသော ဤတရား ဒေသနာကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်း တော်၌ နေတော်မူစဉ်။ ဧကံ ဥတ္တသိတဘိက္ခုံ၊ တစ်ပါးသော ထိတ်လန့်လွန်း တတ်သော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသီ ဧကော သော ကုလပုတ္တော၊ သာဝတ္ထိမြို့၌နေသော တစ်ယောက် သော ထိုအမျိုးသားသည်။ သတ္ထု ဓမ္မဒေသနံ၊ ဘုရားရှင်၏ တရားဒေသနာကို။ သုတွာ ပဗ္ဗဇိတွာ၊ နာကြားရ၍ ရဟန်းပြု၍။ မရဏဘီရုကော အဟောသိ ကိရ၊ သေမည်ကို ကြောက်လေ့ရှိသည် ဖြစ်ပြီတဲ့။ ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ ညသန့်ရာ နေ့သန့်ရာဌာနတို့၌။ ဝီဇန္တဿ ဝါတဿ ဝါ၊ ခပ်ပြင်းပြင်းတိုက်သော လေ၏သော် လည်းကောင်း။ ဝီဇန္တဿ သုက္ခဒဏ္ဍကဿ ဝါ၊ ကျိုးကျသော ကိုင်းခြောက်၏ သော်လည်းကောင်း။ ပက္ခိစတုပ္ပဒါနံ ဝါ၊ ငှက်ဆိုး, ခြေ လေးချောင်းသားကောင် တို့၏သော်လည်းကောင်း။ သဒ္ဒံ သုတွာ၊ အသံကို ကြားရ၍။ မရဏဘယ တဇ္ဇိတော၊ သေဘေးခြိမ်းခြောက်ခံရ၍။ မဟာရဝံ ရဝန္တော ပလာယတိ၊ ကျယ်စွာ သော အသံကိုအော်လျက် ထွက်ပြေး၏။
ဟိ တဿ၊ ချဲ့ပြောရသော် ထိုရဟန်းမှာ။ မယာ မရိတဗ္ဗန္တိ၊ ငါသည် သေရမည်ဟု။ သတိမတ္တမ္ပိ နတ္ထိ၊ သတိထားမှုမျှသည် လည်း မရှိ။
ဟိ၊ မှန်၏။ အဟံ မရိဿာမီတိ၊ ငါသည် သေရလိမ့်မည်ဟု။ သော သစေ ဇာနေယျ၊ ထိုရဟန်းသည် အကယ်၍ သိအံ့။ မရဏံ န ဘာယေယျ၊ သေခြင်းကို မကြောက်ရာ။
ပန၊ အဟုတ်သော်ကား။ မရဏဿတိကမ္မဋ္ဌာနဿ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ တဿ အဘာဝိတတ္တာဝ၊ ထိုရဟန်းသည် မပွားများ အပ်သည်၏အဖြစ်ကြောင့်သာ။ ဘာယတိ၊ ကြောက်၏။
တဿ သော မရဏ ဘီရုကဘာဝေါ၊ ထိုရဟန်း၏ ထိုသေမှုကြောက်ကြောင်းသည်။ ဘိက္ခုသင်္ဃေ ပါကဋာ ဇာတော၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တနေ့၌။ ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ အို. ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။ မရဏဘီရူကော၊ သေခြင်းကြောက်လေ့ရှိ၏။ မရဏံ ဘာယတိ၊ သေခြင်းကို ကြောက်တတ်လှ၏။ ဘိက္ခုနာ နာမ၊ ရဟန်းမည်သည်။ အဝဿံ မယာ မရိတဗ္ဗန္တိ၊ မချွတ် ငါသည် သေရလိမ့်မည်ဟု။ မရဏဿတိကမ္မဋ္ဌာနံ၊ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို။ ဘာဝေတုံ ဝဋ္ဋတီတိ၊ ဖြစ်စေ ပွားစေခြင်းငှါ အပ်၏ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်တို့ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေ ကြသည်။ အတ္ထ နုတိ ပုစ္ဆေတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။ တံ ဘိက္ခုံ ပက္ကောသာပေတွာ၊ ထိုကြောက်တတ်လွန်းသော ရဟန်းကို ခေါ် စေတော် မူ၍။ တွံ မရဏဘီရုကော ကိရ၊ သင်သည် သေခြင်းကို ကြောက်လေ့ရှိသတဲ့ဟု တဆင့်ကြားရသည်ကား။ သစ္စန္တိ ပုစ္ဆိတွာ၊ မှန်သလောဟု မေးတော်မူ၍။ သစ္စံ ဘန္တေတိ ဝုတ္တေ၊ မှန်ပါသည် မြတ်စွာဘုရားဟု ဖြေကြားအပ်သော်။ “ဘိက္ခဝေ ဧတဿ ဘိက္ခုနော၊ အို. ရဟန်းတို့ ဤရဟန်းအား။ အနတ္တမနာ မာ ဟောထ၊ မနှစ်သက်သော စိတ်ရှိကုန်သည် မဖြစ်ကြလင့်။ အယံ ဣဒါနေဝ၊ ဤရဟန်းသည် ယခုအခါသာ။ န မရဏဘီရုကော၊ သေခြင်းကို ကြောက်လေ့ရှိသည် မဟုတ် သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ မရဏဘီရုကောယေဝါတိ ဝတွာ၊ သေခြင်းကို ကြောက်လေ့ရှိသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဟိမဝန္တေ ရုက္ခဒေဝတာ၊ ဟိမဝန္တာ၌ ရုက္ခစိုးနတ်သည်။ ဟုတွာ နိဗ္ဗတ္တိ၊ ဖြစ်၍ဖြစ်ပြီ။
တသ္မိံ ကာလေ ဗာရာဏသိရာဇာ၊ ထိုအခါ ဗာရာဏသီမင်းသည်။ အတ္တနော မင်္ဂလဟတ္ထိ၊ မိမိ၏ မင်္ဂလာဆင်တော်ကို ။ အာနေဉ္စကာရဏံ သိက္ခာပေတုံ၊ မတုန်လှုပ်ခြင်း၏ အကြောင်းကို သင်ယူစေ ခြင်းငှါ။ ဟတ္ထာစရိယာနံ အဒါသိ၊ ဆင်ဆရာတို့အား ပေးလိုက်ပြီ။
တံ အာဠာနေ ချည်ပြီး၍၊ ထိုမင်္ဂလာဆင်တော်ကို ချည်တိုင်၌။ နိစ္စလံ ဗဇ္ဓိတွာ၊ မလှုပ်နိုင်အောင် ။ တောမရဟတ္ထာ မနုဿာ၊ မှိန်းလက်၌ရှိကုန်သော လူတို့သည်။ ပရိဝါရေတွာ၊ ဝိုင်းရံ၍။ အာနေဉ္စကာရဏံ ကာရေန္တိ၊ မတုံလှုပ်ခြင်း၏ အကြောင်းကို ပြုစေ ကုန်၏။
သော တံ ကာရဏံ၊ ထိုမင်္ဂလာဆင်တော်သည် ထိုမတုန်လှုပ်ကြောင်းကို။ ကာရိယမာနော၊ ပြုစေအပ်သော်။ ဝေဒနံ အဓိဝါသေတုံ အသက္ကောန္တော၊ ဆင်းရဲ ဝေဒနာကို အောင့်အည်းသီးခံခြင်းငှါ မစွမ်းနိုင်ရကား။ အာဠာနံ ဘိန္ဒိတွာ၊ ချည်တိုင် ကို ဖျက်ဆီး၍။ မနုဿ ပလာပေတွာ၊ လူတို့ကို ထွက်ပြေးစေ၍။ ဟိမဝန္တ ပါဝိသိ၊ ဟိမဝန္တာသို့ ဝင်ပြီ။
မနုဿာ တံ ဂဟေတုံ၊ လူတို့သည် ထိုမင်္ဂလာဆင်တော်ကို ဖမ်းယူခြင်းငှါ။ အသက္ကောန္တာ နိဝတ္တိံသု၊ မစွမ်းနိုင်ကြရကား ဆုတ်နစ်ကြကုန်ပြီ။
သော တတ္ထ၊ ထိုမင်္ဂလာဆင်တော်သည် ထိုဟိမဝန္တာ၌။ မရဏဘီရုကော အဟောသိ၊ သေခြင်းကို ကြောက်လေ့ရှိသည် ဖြစ်ပြီ။ ဝါတသဒ္ဒါနိ သုတွာ ကမ္မမာနော၊ လေတိုက်သော အသံတို့ကို ကြားရ၍ တုန်လှုပ်လျက်။ မရဏဘယ တဇ္ဇီတော၊ သေဘေးခြိမ်းခြောက်ခံရ၍။ သောဏံ ဝိဓုနိတွာ၊ နှာမောင်းကို ခါ၍။ ဝေဂေန ပလာယတိ၊ အရှိန်အဟုန်ဖြင့် ထွက်ပြေး၏။ အာဠာနေ ဗဇ္ဓိတွာ၊ ချည်တိုင် ၌ ချည်၍။ အာနေဉ္ဇကာရဏံ ကရဏကာလော ဝိယ၊ မတုန်လှုပ်ခြင်း၏ အကြောင်းကို ပြုရာအခါကဲ့သို့။ အဿ ဟောတိ၊ ထိုမင်္ဂလာဆင်တော်အား ဖြစ်၏။ ကာယဿာဒံ ဝါ စိတ္တဿာဒံ ဝါ၊ ကိုယ်၏ သက်သာမှုကိုလည်းကောင်း စိတ်၏ သက်သာမှုကိုလည်းကောင်း။ အလဘန္တော၊ မရရှာဘဲ။ ကမ္မမာနော ဝိစရတိ၊ တုန်တုန်လှုပ်လှုပ် လှည့်လည်နေရရှာ၏။
ရုက္ခဒေဝတာ၊ ရုက္ခစိုးနတ်မင်း သည်။ တံ ဒိသွာ၊ ထိုမင်္ဂလာဆင်တော်ကို တွေ့ရ၍။ ခန္ဓဝိဋပေ ဌတွာ၊ သစ်ပင် ခွကြား၌ တည်၍။
ဝါတော ဝနေ၊ လေသည် တောထဲက။ ဒုဗ္ဗလံ (ယံ) ကဋ္ဌံ ဘဉ္ဇတိ၊ အားနည်းသော အကြင်သစ်ကိုင်းကို ချိုးချ၏။ ဧတံ ဗဟုပိ၊ တောထဲ လေချိုးချသော ထိုသစ်ကိုင်းသည် များလှစွာ၏။
နာဂ၊ အို. . ဆင်မင်း။ တဿ၊ ထိုကိုင်းကို။ စေ ဘာယတိ၊ အကယ်၍ ကြောက်နေအံ့။ ကိသော၊ သွေးသားခေါင်းပါးကြုံလှီသွားသည်။ နူန ဘဝိဿသိ၊ စင်စစ်ဖြစ်လိမ့် မည်တည်း။
တတ္ထ အယံ ပိဏ္ဍ တ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့ကား အပေါင်းအနက် အဓိပ္ပါယ်တည်း။ (ကော၊ အပေါင်းအနက်အဓိပ္ပါယ်ဟူသည် အဘယ်နည်း)။ ဒုဗ္ဗလံ ယံ ဧတံ ကဋ္ဌံ၊ အားနည်းသော မခိုင်သော အကြင်သစ်ကိုင်းကို။ ပုရတ္ထိမာဒိဘေဒေါ ဝါတော၊ အရှေ့လေစသည်အပြားရှိသော လေသည်။ ဘဉ္ဇတိ၊ ချိုးချ၏။ တံ ဣမသ္မိံ ဝနေ၊ လေချိုးချသည့် ထိုသစ်ကိုင်းသည် ဤတောထဲ၌။ ဗဟုံ သုလဘံ၊ များလှ၏ ရလွယ် တွေ့လွယ်၏။ တတ္ထ တတ္ထ သံဝိဇ္ဇတိ၊ ထိုထိုနေရာ၌ပင် ရှိနေ၏။
တွံ တဿ၊ သင်ဆင်မင်းသည် ထိုသစ်ကိုင်းကျိုးကို။ သစေ ဘာယသိ၊ အကယ်၍ ကြောက်နေအံ့။ ဧဝံသန္တေ၊ ဤသို့ဖြစ်သော်။ နိစ္စံ ဘီတော၊ အမြဲ ကြောက်နေ၍။ မံသလောဟိတက္ခယံ ပတွာ၊ အသားအသွေးကုန်ခမ်းခြင်းသို့ ရောက်၍။ ကိသော နူန ဘဝိဿသိ၊ ကြုံလှီသွားသည် စင်စစ် ဖြစ်လိမ့်မည်။ ပန ဣမသ္မိံ ဝနေ၊ စင်စစ် သော်ကား ဤတောထဲ၌။ တဝ ဘယံ နာမ နတ္ထိ၊ သင်ဆင်မင်းအား ကြောက်ဖွယ် မည်သည် မရှိ။ တသ္မာ ဣတော ပဋ္ဌာယ မာဘာယိ၊ ထို့ကြောင့် ဤနေ့မှ စ၍ မကြောက်လင့်။ ဣတိ၊ ဤသည်ပင်တည်း။
ဧဝံ ဒေဝတာ၊ ဤကဲ့သို့ ရုက္ခစိုးနတ်မင်းသည်။ တဿ ဩဝါဒံ အဒါသိ၊ ထိုမင်္ဂ လာဆင်တော်အား ဩဝါဒကို ပေးပြီ။ သောပိ တတော ပဋ္ဌာယ၊ ထိုမင်္ဂလာဆင် တော်သည်လည်း ဩဝါဒပေးပြီးရာ ထိုနေ့မှစ၍။ နိဗ္ဗယော အဟောသိ၊ အကြောက်အလန့်မရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူပြီး၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ ဘိက္ခု၊ သစ္စာလေးပါးပြပြီးအဆုံး၌ ထိုရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌ ဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ နာဂေါ၊ ထိုလွန်လေပြီးသော အခါက မင်္ဂလာ ဆင်တော်သည်။ အယံ ဘိက္ခု အဟောသိ၊ ဤကြောက်တတ်လှသော ရဟန်း သည် ဖြစ်လာပြီ။ ရုက္ခဒေဝတာ ပန၊ ရုက္ခစိုးနတ်မင်းသည်ကား။ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤကား ဇာတ်ပေါင်း အပြီး တည်း။
ဒုဗ္ဗလကဋ္ဌဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သောဒုဗ္ဗလကဋ္ဌဇာတ်အဖွင့်တည်း။