**ယတ္ထ ဝေရီ နိဝိသတီ** တိ ဣဒံ၊ ယတ္ထ ဝေရီ နိဝိသတိအစရှိသော ဤတရား ဒေသနာတော်ကို။
သတ္ထာ ဇေတ၀နေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။
အနာထပိဏ္ဍိကံ အာရဗ္ဘ ကထေသိ၊ အနာပိဏ် သူဌေးကို အကြောင်းပြု၍ ဟောတော်မူပြီ။
အနာထပိဏ္ဍိကော ဘောဂဂါမံ၊ အနာထပိဏ်သူဌေးသည် အပိုင်စားရာရွာသို့။
ဂန္တွာ အာဂစ္ဆန္တော၊ သွားပြီး၍ ပြန်လာသော်။
အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့ရ၍။
“အန္တရာမဂ္ဂေ ဝသိတုံ န ယုတ္တံ၊ လမ်းခရီး အကြား၌ နေခြင်းငှာ မသင့်။
သာဝတ္ထိမေဝ ဂမိဿာမီတိ၊ သာဝတ္ထိမြို့သို့သာ အရောက်သွားအံ့”ဟုတွေး၍။
ဝေဂေန ဂေါဏေ ပါဇေတွာ၊ အဟုန်ဖြင့် နွားတို့ကို မောင်းနှင်၍။
သာဝတ္ထိမေဝ အာဂန္တွာ၊ သာဝတ္ထိသို့သာ ပြန်လာပြီး၍။
ပုန ဒိဝသေ ဝိဟာရံ ဂတော၊ နောက်နေ့၌ ကျောင်းတော်သို့ ရောက်သွားသော်။
သတ္ထု ဧတမတ္ထံ အာရောစေသိ၊ ဘုရားရှင် အား ဤအကြောင်းအရာကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဂဟပတိ ပုဗ္ဗေ ပဏ္ဍိတာပိ၊ အို. . သူကြွယ် ရှေးက ပညာရှိတို့သည်လည်း။
အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့မြင်၍။
အန္တရာ အဝိလမွ မာနာ၊ လမ်းခရီးအကြားကို အချိန်မဆွဲငန့်ကြပဲ။
အတ္တနော ဝသနဌာနမေဝ၊ မိမိ၏ နေရာဌာနသို့သာ။
ဂမိသူတိ ဝတွာ၊ သွားကြဖူးပြီ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒ ရဇ္ဇ့ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရား လောင်းသည်။
မဟာဝိဘဝေါ သေဋ္ဌိ ဟုတွာ၊ များစွာသော ပစ္စည်းရှိသော သူဌေး သည် ဖြစ်၍။
ဧကံ ဂါမကံ နိမန္တနံ၊ တစ်ခုသော ရွာငယ်သို့ ဖိတ်ထားအပ်သည်ကို။
ဘုနတ္ထာယ ဂန္တွာ ပစ္စာဂစ္ဆန္တော၊ စားခြင်းအကျိုးငှာ သွားပြီး၍ ပြန်လာသော်။
အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့မြင်ရ၍။
အန္တရာမဂ္ဂ အဝသိတွာဝ၊ လမ်းခရီးအကြား၌ မနေမူ၍သာ။
ဝေဂေန ဂေါဏေ ပါဇေန္တော၊ အရှိန်အဟုန်ဖြင့် နွားတို့ကို မောင်းနှင်လျက်။
အတ္တနော ဂေဟမေဝ အာဂန္တွာ၊ မိမိ၏ အိမ်သို့သာ ပြန်လာ၍။
နာနဂ္ဂရသေဟိ ဘုဉ္ဇိတွာ၊ အမျိုးမျိုးမြတ် သော အရသာတို့ဖြင့် ထမင်းစားပြီး၍။
မဟာသယနေ နိသိန္နော၊ မြင့်မြတ်သော အိပ်ရာထက်၌ ထိုင်နေလျက်။
“စောရာနံ ဟတ္ထတော မုစ္စိတွာ၊ ခိုးသားတို့၏ လက်မှ လွတ်မြောက်၍။
နိဗ္ဘယဋ္ဌာနံ၊ ဘေးမရှိရာဖြစ်သော။
အတ္တနော ဂေဟံ၊ မိမိ၏ အိမ်သို။
အာဂတော အမှီတိ၊ ရောက်လာပြီးသည် ဖြစ်၏”ဟု။
ဥဒါနဝသေန၊ ဥဒါန်းကျူးသည့်အစွမ်းဖြင့်။
ယတ္ထ ဝေရီ နိဝိသတိ၊ အကြင်ဌာန၌ ရန်သူသည် တည်ရှိ၏။
တပို့ ပဏ္ဍိတော န ဝသေ၊ ရန်သူရှိရာ ထိုဌာန၌ ပညာရှိသည် (နဲနဲမျှ) မနေရာ။
ဧကရတ္တံ ဝိရတ္တံ ဝါ၊ တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း နှစ်ညဉ့်ပတ်လုံး သော်လည်းကောင်း။
ဝေရီသု၊ ရန်သူတို့၌။ (ရန်သူရှိရာတို့၌)။
(ဝသန္တော၊ နေထိုင်ရသူသည်)။
ဒုက္ခ ဝသတိ၊ ဆင်းရဲစွာသာ နေရ၏။
တတ္ထ၊ ထိုဂါထာ၌။
**ဝေရီ** တိ၊ ဝေရီဟူသည်ကား။
ဝေရစေတနာ့သမင်္ဂိပုဂ္ဂလော၊ ရန်သူ့စေတနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တည်း။
**နိဝိသတီ** တိ ပတိဌာတိ၊ နိဝိသတိ ဟူသည်ကား တည်ရှိ၏တည်း။
**န ပသေ တတ္ထ ပဏ္ဍိတော** တိ၊ န ဝသေ တဖွဲ ပဏ္ဍိတာဟူသည်ကား။
သော ဝေရီပုဂ္ဂလော၊ ထိုရန်သူပုဂ္ဂိုလ်သည်။
ယသ္မိံ ဌာနေ ပတိဋ္ဌိတော၊ အကြင်ဌာန၌ တည်ရှိသည်။
ဟုတွာ ဝသတိ၊ ဖြစ်၍ နေ၏။
တတ္ထ ပဏ္ဍိတော၊ ရန်သူရှိရာ ထိုဌာန၌ ပညာရှိသည်။
ပဏ္ဍိစ္စေန သမန္နာဂတော၊ ပညာ ရှိကြောင်းဉာဏ်နှင့် ပြည့်စုံသူသည်။
န ဝသေယျ၊ မနေရာ။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
**ဝေရီသု**၊ ရန်သူရှိရာဌာနတို့၌။
**ဧကရတ္တံ ဒိရတ္တံ ဝါ**၊ တစ်ညလုံး သော်လည်းကောင်း နှစ်ညလုံးသော်လည်းကောင်း။
၀သန္တော၊ နေသူသည်။
ဒုက္ခ ဝသတိ၊ ဆင်းရဲ စွာသာ နေရ၏။
ဣတိ၊ ထို့ကြောင့်တည်း။
ဟိ ဝေရီနံ အန္တရေ၊ အကြင့်ကြောင့် ရန်သူတို့၏ အကြား၌။
ဝသန္တော၊ နေသူသည်။
ဧကာဟမ္ပိ ဒွိဟမ္ပိ၊ တစ်ရက်ပတ်လုံးသော်လည်းကောင်း နှစ်ရက်ပတ်လုံးသော်လည်းကောင်း။
ဒုက္ခ မေဝ ဝသတိ၊ ဆင်းရဲစွာသာ နေရ၏။
(ဣတိ၊ ထို့ကြောင့်တည်း)။
ဣတိ အတ္ထော၊ ဤကား စတုတ္ထပါဒအနက်တည်း။
ဧဝံ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။
ဥဒါနံ ဥဒါနေတွာ၊ ဥဒါန်းကို ကျူးရင့်၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ အဟမေဝ၊ ထိုအခါက ငါဘုရားသည်ပင်။
ဗာရာဏသိ သေဋ္ဌိ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည် ဖြစ်ခဲ့ပြီ”ဟု။
ဇာတကံ သမောဓာ နေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝေရိဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သောဝေရိဇာတ်အဖွင့်တည်း။