လောကနာထေန၊ သတ္တလောက၏ ကိုးကွယ်ရာဖြစ်တော်မူသော။
ယေန မဟေသိနာ၊ မြင့်မြတ်သည်ကိုသာ ရှာမှီးတော်မူသည့် အကြင် မြတ်စွာဘုရားသည်။
(ကတံ၊ ပြုတော်မူအပ်ပြီ၌ စပ်ပါ)။
လောကဿ၊ သတ္တလောက၏။
ပမာဏရဟိတံ ဟိတံ၊ ပမာဏကင်း လွန်မင်းစွာ ကြီးမားသည့် ကောင်းကျိုးစီးပွားကို။
ဇာတိကောဋိသဟဿေဟိ၊ ဘဝကုဋေထောင်ပေါင်းများစွာတို့ဖြင့်။
ကတံ၊ ရထိုက်သူများ ရရှိသွားအောင် ကြိုးစားပြုတော်မူအပ်ပြီ။
တဿ၊ ရထိုက်သူများ ရရှိသွားအောင် ကြိုးစားပြုတော်မူသော ထိုမြတ်စွာဘုရား၏။
ပါဒေ၊ ကြက်သရေမွှမ်းထုံ ခြေတော်အစုံတို့ကို။
နမဿိတွာ၊ ရိုသေမြတ်နိုး ရှိခိုးပြီး၍လည်းကောင်း။
တဿ၊ ထိုမြတ်စွာဘုရား၏။
ဓမ္မဿ၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်အားဖြင့် ဆယ်တန်သော တရားတော်မြတ်အား။
အဥ္ဇလိံ၊ လက်အုပ်ချီမှုကို။
ကတွာ စ၊ ပြုပြီး၍လည်းကောင်း။
တဿ၊ ထိုမြတ်စွာဘုရား၏။
သဗ္ဗသမ္မာနဘာဇနံ၊ မြတ်နိုးမှုအားလုံး စုရုံးတည်နေရာဖြစ်သော။
သံဃံ၊ သီလဝန္တ ပုထုဇဉ်ပုဂ္ဂိုလ်အပေါင်းနှင့် တကွဖြစ်သော အရိယာရှစ်ဖော် သံဃာတော်ကို။
ပတိမာနေတွာ စ၊ စိတ်တွင်ရိုကျိုး မြတ်နိုးပြီး၍ လည်းကောင်း။
ရတနတ္တယေ၊ ရတနာသုံးပါးလုံး၌။
ပဝတ္တဿ၊ ဖြစ်ခဲ့သော။
နမဿနာဒိနော၊ ရှိခိုးခြင်း, လက်အုပ်ချီခြင်း, မြတ်နိုးခြင်းဟူသော။
အဿ ပုညဿ၊ ထိုကောင်းမှု၏။
အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ဖြင့်။
သဗ္ဗေ ဥပဒ္ဒေဝေ၊ အလုံးစုံကုန်သော ဘေးဥပဒ်တို့ကို။
ဆေတွာ၊ ပယ်ဖြတ်ပြီး၍။
(ဘာသိဿံ၊ ဆိုပေအံ့၌ စပ်ပါ)။
ဇုတီမတာ၊ နေ့ည ထွန်းပြောင် အရောင်အလင်းရှိတော်မူသော။
မဟေသိနာ၊ ကြီးမြတ်သည်ကိုသာ ရှာမှီးတော်မူသည့် မြတ်စွာဘုရားသည်။
(ဒေသိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ၌ စပ်ပါ)။
တံ တံ ကာရဏံ၊ ထိုထိုအကြောင်းကို။
အာဂမ္မ၊ စွဲ၍။
အပဏ္ဏကာဒီနိ၊ အပဏ္ဏက အစရှိကုန်သော။
ယာနိ ပုရာ ဇာတကာနိ၊ ရှေးကဖြစ်ဟောင်း အကြင်ဇာတ်ကြောင်းတို့ကို။
ဒေသိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ။
ယေသု၊ အကြင်ဇာတ်တော်တို့၌။
လောကနိတ္ထရဏတ္ထိကော၊ လောကမှ ထွက်မြောက်တော်မူလိုသော။
နာယကော၊ ခေါင်းဆောင်ဖြစ်တော်မူသော။
သတ္ထာ၊ မြတ်စွာဘုရားသည်။
အနန္တေ၊ အဆုံးအပိုင်းအခြား မရှိကုန်သော။
ဗောဓိသမ္ဘာရေ၊ ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး စရိယသုံးပါး သဗ္ဗညုတဉာဏ်ရကြောင်း တရားတို့ကို။
စိရံ ပရိပါစေသိ၊ ကြာမြင့်စွာ ဖြည့်ကျင့်၍ ရင့်ကျက်စေတော်မူပြီ။
တာနိ သဗ္ဗာနိ၊ ထိုဇာတ်တော် အားလုံးတို့ကို။
ဧကဇ္စျံ၊ တစ်ပေါင်းတည်း။
သင်္ဂဟံ အာရောပေန္တေဟိ၊ သင်္ဂါယနာ တင်တော်မူကြကုန်သော။
ဓမ္မသင်္ဂါဟကေဟိ၊ ဓမ္မသင်္ဂါဟကမထေရ်တို့သည်။
ယံ ဇာတကံ နာမ၊ အကြင်ဇာတ်မည်သည်ကို။
သင်္ဂီတံ၊ ပေါင်းစုရွတ်ကာ သင်္ဂါယနာတင်အပ်ပြီ။
ဗုဒ္ဓဝံသဿ၊ ဘုရားရှင်တို့၏ ဖြစ်တော်စဉ်ကို ပြဆိုရာဖြစ်သော။
ဧတဿ ဇာတကဿ၊ ဤဇာတ်၏။
စိရဋ္ဌိတိံ၊ ကြာမြင့်စွာ တည်ရှိမှုကို။
ဣစ္ဆန္တေန၊ အလိုရှိသော။
အသံသဋ္ဌဝိဟာရေန၊ ရောယှက်ခြင်းကင်း နေထိုင်ခြင်း ရှိတော်မူသော။
သဒါ သုဒ္ဓဝိဟာရိနာ၊ အခါခပ်သိမ်း စင်ကြယ်စွာ နေလေ့ရှိတော်မူသော။
(သော-သုံးခုကို ထေရေန အတ္ထဒဿိနာ၊ အတ္ထဒဿီဘွဲ့တော်ချီသည့် မထေရ်သည်၌စပ်ပါ)။
ထေရေန အတ္ထဒဿနာ၊ အတ္ထဒဿီ ဘွဲ့တော်ချီသည့် မထေရ်သည်။
အဘိဂန္တာန၊ ချဉ်းကပ်၍။
ယာစိတော၊ တောင်းပန်အပ်သည်ဖြစ်၍ လည်းကောင်း။
သန္တစိတ္တေန၊ ငြိမ်သက်အေးချမ်းသော စိတ်နှလုံးရှိတော်မူသော။
ဝိညုနာ၊ သိ,ကြားလိမ္မာတော်မူသော။
မဟိံသာသကဝံသမှိ၊ မဟိံသာသကမျိုးနွယ်၌။
သမ္ဘူတေန၊ ကောင်းစွာဖြစ်သော။
နယညုနာ၊ နည်းကိုသိသော။
ဗုဒ္ဓမိတ္တေန၊ ဗုဒ္ဓမိတ္တမထေရ်သည်။
တထေဝ၊ ထို့အတူသာ ချဉ်းကပ်တောင်းပန်အပ်သည်ဖြစ်၍ လည်းကောင်း။
သုဒ္ဓဗုဒ္ဓိနာ၊ သံသယကင်း သန့်ရှင်းစင်ကြယ်သော အသိဉာဏ်ရှိတော်မူသော။
ဗုဒ္ဓဒေဝေန စ ဘိက္ခုနာ၊ ဗုဒ္ဓဒေဝ ရဟန်းတော်သည်လည်း။
တထာ၊ ထို့အတူ ချဉ်းကပ်တောင်းပန်အပ်သည်ဖြစ်၍ လည်းကောင်း။
('တောင်းပန်အပ်သည်ဖြစ်၍လည်းကောင်း။' သုံးခုကို 'ဘာသိဿံ၊ ဆိုပေအံ့'၌ စပ်ပါ)။
မဟာပုရိသစရိယာနံ၊ ဘုရားလောင်း အကျင့်တို့၏။
အစိန္တိယံ၊ မကြံစည်ထိုက် မကြံစည်နိုင်သော။
အာနုဘာဝံ၊ တန်ခိုးအာနုဘော်ကို။
ဝိဇ္ဇောတယန္တဿ၊ ထွန်းပထင်ရှားအောင် အထူးဖော်ပြသော။
တဿ ဇာတကဿ၊ ထိုဇာတ်၏။
('အတ္ထဝဏ္ဏနံ၊ အနက်ကို ဖွင့်ဆိုရာ အဋ္ဌကထာကို'၌ စပ်ပါ)။
မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရကျောင်းတိုက်ကြီးနေ ထေရ်အရှင်တို့၏။
ဝါစနာမဂ္ဂနိဿိတံ၊ ပို့ချသော အစဉ်အလာကို မှီသော။
အတ္ထဝဏ္ဏနံ၊ အနက်ကို ဖွင့်ဆိုရာ အဋ္ဌကထာကို။
အဟံ၊ ငါသည်။
ဘာသိဿံ၊ ဆိုပေအံ့။
ဘာသတော၊ ဆိုသော။
မေ၊ ငါ၏။
တံ၊ အနက်ကို ဖွင့်ဆိုရာ ထိုအဋ္ဌကထာကို။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
သာဓု၊ သူတော်ကောင်းပီသစွာ။
ဂဏှန္တု၊ သင်ယူမှတ်သား ဆောင်ထားကြပါကုန်, သင်ယူမှတ်သား ဆောင်ထားနိုင်ကြပါစေကုန်သတည်း။
ဣတိ၊ ဤကား ဇာတ်အဋ္ဌကထာဆရာ၏ ပဏာမစသည်ကို ဆိုရာစကားရပ် အပြီးသတ်တည်း။ ။