ဟိ၊ ချဲ့။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ (အဿ၊ ထိုပရဝါဒီ၏။) အဓိပ္ပါယော၊ အလိုတည်း။
[ရှေးစာအုပ်တို့၌"အယဉှိဿ"ဟုရှိ၏။ရှေးနိဿယ၌လည်း ထိုအတိုင်း အနက်ပေးထားသည်။] အဝိပက္က ဝိပါကံ၊ မရင့်ကျက်သေးသော အကျိုးရှိသော ကံသည်။ အတ္ထိ၊ ရှိ၏။ ဝိပက္ကဝိပါကံ၊ ရင့်ကျက်ပြီးသော အကျိုးရှိသော ကံသည်။ နတ္ထိ၊ မရှိ။ ဣတိ (အဿ အဓိပ္ပါယော)၊
**၁။ ဗဟုဝဏ္ဏိနော**။ ။ "ပဝတ္တိ(ဖြစ်ခြင်း)”ဟူသည် အိပ်ပျော်နေတုန်းအခါ၌ ဥပါဒ်, ဌီ ဘင် အားဖြင့် ဖြစ်ခြင်း မဟုတ်။ သူ၏နှုတ်၌ (တနည်း) သူ၏ စိတ်နှလုံး၌ များစွာဖြစ်ခြင်းတည်း။ ထိုသို့ များစွာဖြစ်ခြင်းရှိသော (နှုတ်တက်ရနေသော) တရား တို့ကို “ဗဟုပဝတ္တိ”ဟု ဆိုသည်။ [“ဒွါသီတိ ဗုဒ္ဓတော ဂဏှိံ ။ပေ။ ယေ မေ ဓမ္မာ ပဝတ္ထိနော”၌ ပါသော ပတ္တိမျိုးတည်း။] ထို့ကြောင့် “ဓမ္မခရ”အရ အရှင်အာနန္ဒာကဲ့သို့ တရားတို့ကို နှုတ်တက်ဆောင်ထားသော ပုဂ္ဂိုလ်ကို ယူပါ။ "လောက ဝေါဟာရ ဝသေန၌ လောကဝေါဟာရ အရ “ထို ပုဂ္ဂိုလ်၌ တရားတွေ အများကြီး ရှိ၏”ဟု ပြောလေ့ရှိသော အတ္ထိကို "လောကဝေါဟာရဝသေန အတ္ထိတံ”ဟု ဆိုသည်။
ဓမ္မာ၊ တို့သည်။
အတ္ထိ၊ ရှိကုန်၏။
ဣတိ၊ သို့။
ဝုစ္စန္တိယထာ၊ ကဲ့သို့။
ဧဝံ၊ တူ။
လောကဝေါဟာရဝသေန၊ လောကပြောရိုးနှင့်စပ်သဖြင့်။
အတ္ထိတံသန္ဓာယ ပဋိညာ ပရဝါဒိဿ၊ ဝိပစ္စိဿန္တီတိ ကတွာ ပစ္စုပ္ပန္နာတိ၊ ဟူသော။
ဒုတိယပဉှေ၊ ၌။
ကမ္မာနံ၊ ကံတို့၏။
အဝိနာသသင်္ခါတော၊ မပျက်စီးခြင်းဟု ဆိုအပ်သော။
ကမ္မူပစယော နာမ၊ ကံကိုဆည်းပူးထားခြင်းမည်သော။
ဝါ၊ ဆည်းပူးအပ်သော ကံမည်သော။
ဧကော၊ တမျိုးသောသင်္ခါရသည်။
အတ္ထိ၊ ၏။
ဣတိ လဒ္ဓိယံ၊ ဤသို့သော အယူ၌။
ဌတွာ၊ တည်၍။
ပဋိညာ ပရဝါဒိဿ၊
၁။ ဝိပစ္စိဿန္တီတိ ။ပေ။ ဒုတိယပဉှေ။ ။"ဝိပစ္စိဿန္တီတိ ကတွာ ပစ္စုပ္ပန္နာဟူသော ပြဿနာသည် ပါဠိတော်၌ ၂-ကြိမ် ပါ၏။ ထိုတွင် ပဌမအကြိမ်၌ ပစ္စု ပ္ပန် စစ်စစ် မဖြစ်နိုင်သောကြောင့် “နဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ပြီးလျှင် ဒုတိယအကြိမ်၌ “အာမန္တာ”ဟု ဝန်ခံ၏။ ထိုသို့ ဝန်ခံခြင်း၏ အကြောင်းကို ပြလို၍ "ကမ္မာနံ ။ ပေ ။ အတ္တီတိ လဒ္ဓိယံ ဌတွာ”ဟုမိန့်သည်။
၂။ အဝိနာသ ။ပေ။ ကမ္မူပစယော။ ။"ကတတ္တာ ဥပစိတတ္တာ”၌ တကြိမ်တခါ ပြုရုံမျှမက,အကြိမ်ကြိမ် အထပ်ထပ် ပြုအပ်သည်ကို “ဥပစိတ”ဟု ခေါ်ရသကဲ့သို့။ ထို့အတူ ကံကို များစွာပြုထားခြင်းကို “ကမ္မူပစယ-ကမ္မ+ဥပစယ”ဟုခေါ်ရသည်။ ထိုသို့ ကံကို ဆည်းပူးထားခြင်းသည် ခန္ဓာအစဉ်ဝယ် ပျောက်ကွယ်၍ မသွားပဲ သတ္တိ တမျိုးအားဖြင့် တည်ရှိနေသောကြောင့် "အဝိနာသ သင်္ခါတောဧကော”ဟု ဆိုသည်။ ဧကောကို အနုဋီကာ၌ “ဧကော သင်္ခါရ ဓမ္မော-သင်္ခါရ တရားတမျိုး”ဟု ဖွင့်သည်။
ဆိုလိုရင်းမှာ- ကံကို ဆည်းပူးထားခြင်းသည် ပျောက်ကွယ်မသွားပဲ ကမ္မသတ္တိ ဟူသော သင်္ခါရတမျိုးအဖြစ်ဖြင့် ခန္ဓာအစဉ်၌ ရှိနေသောကြောင့် ပစ္စုပ္ပန်ဟုပင် ဆိုထိုက်ရကား။ “အာမန္တာ”ဟု ပရပါဒီက ဝန်ခံသည် ဟူလို။ [သင်္ခါရတရားတမျိုး ဟူသော အယူသည် မှားယွင်းသော ပရဝါရီ၏ အယူတည်း။ ကမ္မူပစယ-ဟူသော ကမ္မသတ္တိသည် သင်္ခါရက္ခန္ဓာ ၅၀-တွင် ပါဝင်သော သင်္ခါရတရားတမျိုး မဟုတ်ပါ။]
၃။ လဒ္ဓိယံ ဌတွာ။ ။ပရဝါဒီ၏ "ကမ္မူပစ္စယ ရှိ၏”ဟူသော အယူသည် မှန်သော အယူပင်တည်း။ သို့သော် “ဧကောဓမ္မော-သင်္ခါရတရားတမျိုးကား မဟုတ်”။ ထိုသို့ သင်္ခါရတရားတမျိုး မဟုတ်သော "သတ္တိမျှသာ ဖြစ်သောကြောင့်” ပစ္စုပ္ပန်လည်း မဟုတ်။ ထို့ကြောင့် ပရဝါဒီ၏ အယူသည် မိစ္ဆာဖြစ်ရကား။ ဟဉ္စိစသည်ဖြင့် ထပနာထား၍ အပြစ်တင်ထိုက်သော အယူသာ ဖြစ်သည်။
သတိယောဝ၊ တို့သည်ပင်။ ပဋ္ဌာနာ၊ အာရုံတို့၌ တည်တတ်သော တရားတို့တည်း။ သတိပဋ္ဌာနာ၊ သတိတို့သည်ပင် အာရုံတို့၌ တည်တတ်သော တရားတို့။ ဣတိဣမိနာအတ္ထေန၊ အားဖြင့်။ သတိယောစ၊ သတိတို့သည်လည်း။
[စာအုပ်တို့၌ "သတိယောဝ"ဟုတွေ့ရ၏။ ရှေ့အနက်ကို ဆည်းသောကြောင့် "သတိယောစ"ဟုသာ ရှိသင့်၏။] သတိပဋ္ဌာနာ၊ သတိပဋ္ဌာန တို့မည်၏။
တသ္မာ၊ ကြောင့်။ ဒွေပိ၊ နှစ်ပါးလည်း ဖြစ်ကုန်သော။ ဝါဒါ၊ ဝါဒတို့သည်။
(သဗ္ဗေဓမ္မာ သတိပဋ္ဌာနာ ဟူသော ဝါဒ, သတိ သတိပဋ္ဌာနာဟူသော ဝါဒတို့သည်။) ပရိယာယေန၊ ပရိယာယ်အားဖြင့်။ ယုဇ္ဇန္တိ၊ သင့်ကုန်၏။
ဗုဒ္ဓါနုဿတီတိအာဒီနိ၊ အစရှိသောပုဒ်တို့ကို။ ပဘေဒ ပုစ္ဆာ ဝသေန၊ လောကီ, လောကုတ္တရာသတိပဋ္ဌာန် အထူးအပြားကို မေးခြင်း၏ အစွမ်းဖြင့်။ ဝုတ္တာနိ၊
[ဗုဒ္ဓါနုဿတိ စသည်၌ ပါသော သတိ လောကီ သတိ သာတည်း။]