တတ္ထ၊ ထို ပုဂ္ဂလော နုပလဗ္ဘတိ အစရှိသော စကားရပ်၌။
အနုလောမ ပဉ္စကဿ၊ ၏။
(ပစ္စနီကာ နုလောမဝယ်နိဂ္ဂဟ ပဉ္စက ကိုဆိုသည်။)
၁။ ဧဝ မေတာနိ တီတိ။ ။ဝါဒမုခါနိကို ငဲ့၍ "တီဏိ” ဟု နပုံးလိင်ထား သည်။ ထို ၃-ပါးဟူသည် ဩကာသ, ကာလ, အဝယဝတည်း။ ထိုပုဒ်တို့ကို "ဘာဇေ တွာ ဘာဇေတုံ့တို့၌ စပ်။ ထိုသုံးပါးတို့ကို ဝေဖန်ရာဝယ် အနူလောမပစ္စနီကပဉ္စက၌ အနုလောမပဉ္စကမျှကိုသာ ပြ၏။ ဧဝဖြင့် ပစ္စနီကဆိုင်ရာ ပဋိကမ္မစတုက္က, နိဂ္ဂဟစတုက္က, ဥပနယနစတုက္က, နိဂ္ဂမန စတုက္ကတို့ကို မဝေဖန်တော့ ဟု ကန့်ပါ။ (ပေယျာလမြှုပ် သည်ဟု ဆိုလိုသည်။)ပစ္စနီကာနုလောမပဉ္စက၌လည်း ပဂ္ဂနီကပဉ္စကမျှကိုသာ ဝေဖန်၏။ ပဋိကမ္မစတုက္က စသည်တို့ကို မဝေဖန်တော့ဟု ကန့်သည်။
၂။ ဧဝမေတာနိ။ ပေ ။ဘာဇေတုံ။ဤစကားသည် ဩကာသာဒိ သစ္စိကဋ္ဌ ပစ္စနီကာနူလာမအတွက် အနုသန္ဓေဖြစ်သော်လည်း “အနုလောမပစ္စနီက ပဉ္စကေ အနုလောမမတ္တဝသေနေဝ။ ပေ။ ဘာဇေတွာ” အရ ဝေဖန်ပုံကို၎င်း, “ပုန ပစ္စနီကာ နုလောမပဉ္စကေ ပစ္စနီက မတ္တာသေနေဝ ဘာဇေတုံ” အရ ဝေဖန်ပုံကို၎င်း သိထိုက် ၏။ ထို့ကြာင့် ပါဠိတော်ကို ကြည့်ပါ။
၃။ အနုလောမ ပဉ္စကဿ၊။ဤပုဒ်ကို “သဗ္ဗတ္ထ ပုဂ္ဂလော နုပလဗ္ဘတီတိ အာဒိကဿ”ဟု ဋီကာ၌ သရုပ်ဖော်သည်။ ဩကာသ သစ္ဆိကဋ္ဌ-ပစ္စနီကနုလောမ၌ ပါသော ပါဠိပင်တည်း။ ထိုပါဠိ၏အနက်ကို "သဗ္ဗတ္ထ ပုဂ္ဂလော နူပလဗ္ဘတိ" ဟု ချုံးအပ်သော ပါဠိတွင် ပါဝင်သော ပစ္စနိက (ပဋိကမ္မ)၌ ဆိုအပ်ပြီးသော နည်းအတိုင်းသိပါ။ [ထိုဆိုအပ်ပြီးသော နည်းဟူသည် “ယသ္မာ သရီရံ သန္ဓာယ သဗ္ဗတ္ထ န ဥပလဗ္ဘတီတိ ဝုတ္တေ” စသည်ဖြင့် ရှေ့ဩကာသ သစ္ဆိကဋ္ဌ-အနုလောမ ပစ္စနီက " အဖွင့်ဝယ် ဆိုအပ်ခဲ့သော နည်းတည်း။]
ပါဠိံ၊ ပါဠိတော်ကို။ သံခိပိတွာ၊ ချုံး၍။ အာဂတေ၊ လာသော။ ပစ္စနီကေ၊ ၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်၎င်း။ (အတ္ထော ဝေဒိတဗ္ဗော၊ ၌စပ်။) ပစ္စနီကဿစ၊ ပစ္စနီက၏လည်း။ (ပဋိကမ္မစတုက္ကကို ဆိုသည််။ အတ္ထော၌စပ်။) ပါဠိံ၊ ပါဠိတော်ကို။ သံခိပိတွာ၊ ၍။ အာဂတော၊ သော။ အနုလောမေ၊ အနုလောမ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်၎င်း။ အတ္ထော၊ အနက်ကို။ ဝေဒိတဗ္ဗော၊ ၏။ယာ၊ ယင်း အဋ္ဌမုခဝါဒယုတ္တိကို။
ဧကေကသ္မိံ၊ တပါးတပါးသော။
မုခေ၊ ဝါဒတို့၏ ဖြစ်ကြောင်းလျှင်။
ဝါ၊ ဝါဒတို့၏ အဦးအစအဝင်ဝ၌။
ဧကေကဿ၊ တပါးတပါးသော။
နိဂ္ဂဟဿ၊ နှိပ်ခြင်း၏။
ဝသေန၊ အပြားအားဖြင့်။
အဋ္ဌကနိဂ္ဂဟောတိ၊ အဋ္ဌကနိဂ္ဂဟ ဟူ၍။
(ရှစ်ပါးတို့၏ အပေါင်းဖြစ်သော နိဂ္ဂဟ ဟူ၍။)
ပါဠိယံ၊ ပါဠိစာအုပ်၌။
လိခိယတိ၊ ရေးအပ်၏။
၁။ ပစ္စနီကဿ စ။ ။ ဋီကာ၌ “သဗ္ဗတ္ထ ပုဂ္ဂလော ဥပလဗ္ဘတီတိ အာဒိကဿ ပဋိကမ္မ ကရဏဝသေန ဝုတ္တဿ” ဟု ပစ္စနီကဿကို သရုပ်ဖော်သည်။ ထိုပစ္စနီက၏ အနက်ကို ပါဠိတော်ကို ချုံး၍လာသော "ပုဂ္ဂလော ဥပလဗ္ဘတိ” အစရှိသော အမှုလောမ၌ ဆိုအပ်ပြီးသော နည်းဖြင့်သိပါ။ ["ထို ဆိုအပ်ပြီးသောနည်း” ဟူသည် “သဗ္ဗတ္ထာတိ သရီရံ သန္ဓာယ အနုယောဂေါ သကဝါဒိဿ" စသည်ဖြင့် ရှေ့၌ဆိုအပ် ခဲ့သော နည်းတည်း။]
၂။ ပါဠိ သံခိပိတွာ။ ။ စာအုပ်တို့၌ "ပါဠိယံ သံခိပိတွာ” ဟု ရှိသော်လည်း "သဗ္ဗတ္ထ ပုဂ္ဂလော နုပလဗ္ဘတီတိ အာဒိပါဠိံ သံခိပိတွာ” စသည်ဖြင့် ဋီကာ၌ရှိသော ကြောင့် သံခိပိတွာ၏ ကံအဖြစ်ဖြင့် "ပါဠိ" ဟု ရှိသော ပါဌ်သာ ပါဌ်မှန်.ဟု မှတ်ပါ။ [ရှေးနိဿယ၌လည်း “ပါဠိ” ဟုပင် ရှိသည်။]
အဋ္ဌမုခါနာမ၊ အဋ္ဌမုခါမည်သော။ ဧသော ဝါဒယုတ္တိ၊ ဤဝါဒဖြစ်ခြင်း၏ အကြောင်းကို။ (ဘဂဝတာ)၊ ပကာသိတာ၊ ထင်ရှားပြတော်မူအပ်ပြီ။
[အဋ္ဌမုခဝါဒယုတ္တိသည် အကျဉ်းအားဖြင့် ဘုရားဟောတော်မူစဉ်က ပါခဲ့၏။]