၈ဝ၀-၈၀၁၊
ဣဒါနိ ဒက္ခိဏာဝိသုဒ္ဓိကထာ နာမ ဟောတိ၊
တတ္ထ၊ ထို ဒက္ခိဏာ ဝိသုဒ္ဓိကထာ၌။
ပဋိဂ္ဂါဟကတော၊ အလှူခံပုဂ္ဂိုလ်ကြောင့်။
ဒက္ခိဏာ၊ အလှူသည်။
ယဒိ ဝိသုဇ္ဈေယျ၊ အကယ်၍စင်ကြယ်အံ့။
မဟပ္ဖလာ၊ များသော အကျိုးရှိသည်။
(ယဒိ) ဘဝေယျ၊ အကယ်၍ဖြစ်အံ့။
(ဧဝံ သတိ၊ )
ဒါယကေန၊ အလှူရှင်သည်။
ဒါနံ၊ အလှူကို။
ဒိန္နံ၊ ပေးလှူအပ်ပြီ။
ပဋိဂ္ဂါဟကေန၊ အလှူခံပုဂ္ဂိုလ်သည်။
ဝိပါကော၊ အကျိုးကို။
နိဗ္ဗတ္တိတော၊ ဖြစ်စေအပ်ပြီ။
ဣတိ၊ ကြောင့်။
အညော၊ အလှူရှင်မှတပါးသော အလှူခံ ပုဂ္ဂိုလ်သည်။
အညဿ၊ အလှူခံပုဂ္ဂိုလ်မှ တပါးသော အလှူ ရှင်သို့။
ကာရကော၊ ပြုတတ်သည်။
**၁။ မဟပ္ဖလာ ဘဝေယျ**။ ။ဝိသုဇ္ဈေယျ၌“ဒက္ခိဏာသည် လောကီစည်းစိမ်ကို တောင့်တမှုစသော အညစ်အကြေးမှ စင်ကြယ်၏”ဟု အဓိပ္ပါယ်ယူမည်စိုးသောကြောင့် ဝိသုဇ္ဈေယျကိုပင် “မဟပ္ဖလာ ဘဝေယျ”ဟု အနက်ဖွင့်သည်။ အကျိုးများသည်ကိုပင် ”ဝိသုဇ္ဈေယျ”ဟု ဆိုသည်-ဟူလို။ နောက်၌လည်း “မဟာဝိပါကက္ကေန ဝိသုဇ္ဈတိ”ဟု ဝိသုဇ္ဈတိအတွက် မဟာဝိပါကတ္တေန”ဟု သရူပက္ခာဝိသေသနဖြင့် ဆိုသည်။
ကော၊ ပြုတတ်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ပရံကတံ၊ ခံစားတတ်သော ပုဂ္ဂိုလ်မှတပါးသော ပုဂ္ဂိုလ်သည် ပြုအပ်သော။
သုခဒုက္ခံ၊ သုခဒုက္ခသည်။
အာပဇ္ဇယျေ၊ ဖြစ်ရာ၏။
အညော၊ ခံစားတတ်သော ပုဂ္ဂိုလ်မှ အခြားပုဂ္ဂိုလ် သည်။
ကရေယျ၊ ရာ၏။
အညော၊ ပြုတက်သောပုဂ္ဂိုလ်မှ အခြားပုဂ္ဂိုလ် သည်။
ပဋိသံဝေဒေယျ၊ ခံစားရာ၏။တသ္မာ၊
ဒါယကတောဝ၊ အလှူ့ ရှင်ကြောင့်သာ။
ဒါနံ၊ သည်။
ဝိသုဇ္ဈတိ၊ စင်ကြယ်၏။
ပဋိဂ္ဂါဟကတော၊ အလှူခံကြောင့်။
(ဒါနံ၊ သည်။)
နော (ဝိသုဇ္ဈတိ)၊ စင်ကြယ်သည် မဟုတ်။
ဒါယဿေ၀၊ ၏သာ။
စိတ္တဝိသုဒ္ဓိ၊ စိတ်၏ စင်ကြယ်ခြင်းသည်။
ဝိပါ ကဒါယိကာ၊ အကျိုးကို ပေးတတ်သည်။
ဟောတိ၊ ၏။
ဣတိ ယေသံ၊
ပေ၊
ဣတရဿ၊
အာဟုနေယျောတိ အာဒိ၊ အစရှိသော စကားကို။
(ဝုတ္ထံ၊ ၌စပ်။)
ပဋိ ဂွါဟကတော၊ ကြောင့်။
ဒါနံ၊ သည်။
ယဒိ န ဝိသုဇ္ဈေယျ၊ အံ့။
(ဧဝံ သတိ၊ )
အဿ၊ ထိုအလှူခံပုဂ္ဂိုလ်၏။
အာဟုနေယျာဒိဘာဝေါ၊ အာဟုနေ ယျ အစရှိသည်၏ အဖြစ်သည်။
ကိံ ကရေယျ၊ အဘယ်ကို ပြုနိုင်ရာသနည်း။
ဣတိ (ဣမဿ အတ္ထဿ)၊ ကို။
ဒဿနတ္ထံ၊ ငှါ။
(သကဝါဒိနာ၊ )
ဝုတ္တံ၊
အညော အညဿ ကာရကောတိ၊ ဟူသောစကားသည်။
ဒါယကဿ၊ ၏။
ဒါနစေတနာ နာမ၊ ဒါနစေတနာမည်သည်။
[ ဋီကာ၌ ဒါနစေတနာ နာမ၊ ဟုရှိသည်။]
ပဋိဂ္ဂါဟကေန၊ သည်။
ကတာ၊ ပြုအပ်သည်။
ယဒိ ဘဝေယျ၊ အကယ်၍ ဖြစ်အံ့။
(ဧဝံ သတိ၊ )
ယုတ္တရူပံ၊ သင့်လျော်သည်၏ အဖြစ်ဟူသော သဘောရှိသည်။
သိယာ၊ ဖြစ်ရာ၏။
ပန၊ ထိုသို့ဖြစ်ပါသော် လည်း။
တဿ၊ ထိုအလှူရှင်၏။
ဒါနစေတနာ၊ သည်။
ပဋိသုဒ္ဓါ၊ ထက်ဝန်း ကြင် စင်ကြယ်သည်။
(သမာနာ၊ သော်။)
ပဋိဂ္ဂါဟကသင်္ခါတံ၊ အလှူခံ ပုဂ္ဂိုလ်ဟုဆိုအပ်သော။
ဝတ္ထုံ၊ ဝတ္ထုကို။
ပဋိစ္စ၊ စွဲ၍။
မဟာဝိပါကတ္တေန၊ များ သောအကျိုးရှိသည်၏ အဖြစ်ဖြင့်။
ဝိသုဇ္ဈတိ၊ ၏။
တသ္မာ၊ ကြောင့်။
ပဋိဂ္ဂါ ဟကတော၊ ကြောင့်။
ဒါနံ၊ သည်။
ဝိသုဇ္ဈတိ၊ စင်ကြယ်သလော။
ဣတိ၊ ဤသို့သော။
**၁။ တသ္မာ ဒါယကတောဝ**။ ။တသ္မာ၌ တ-သဒ္ဓါဖြင့် “အညဿ ကာရကော ။ပေ။ အညော ပဋိသံဝေဒေယျံဟူသော ရှေ့စကား ၃-ရပ်ကို ပြန်၍ ညွှန်းသည်။ ထို အအညောအညဿ စသော စကား ၃-ရပ်သည် မိမိရှေ့က ဣတိ-သဒ္ဒါ ဖြင့် ညွှန်ပြအပ်သော စကားရပ်ကို ထောက်လျှင် ဖလဝါကျ ဣတိ ရှေ့က ဝါကျစု သည် ကာရဏဝါကျ၊ ဤတသ္မာဝါကျကား ပရဝါဒီ၏အလိုအားဖြင့် လဒ္ဓဂုဏ် ဝါကျ၊ဤသို့ ခွဲပါ။
ဧသာ၊ ဤစေစေဒနာခြင်းသည်။
အစောဒနာ၊ စောဒနာမမည်။
ဝါ၊ စေဒနာ မမြောက်။
[စောဒနာ မမြောက်ခြင်း၏ အကြောင်းကို ဋီကာ၌ ပြထားသည်။]
ဣတိ၊ အပြီးတည်း။ဒက္ခိဏာဝိသုဒ္ဓိကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ ) သတ္တရသမော၊ သော။ ဝဂ္ဂေါ၊ သည်။ (နိဋ္ဌိတော၊ )
သတ္တရသမဝဂ် ပြီးပြီ။
**၁။ တသ္မာ အစောဒနာ**။ ။ ပါဠိတော်၌ ပရဝါဒီက “ပဋိဂ္ဂါဟကတော ဒါနံ ဝိသုဇ္ဈတိ(အလှူခံပုဂ္ဂိုလ်ကြောင့် ဒါနသည် အကျိုးများဖွယ် စင်ကြယ်သလော)" ဟု မေး၏။” “ထို အမေးကို မမေးထိုက်"ဟု ဆိုသည်။ ဘာကြောင့်နည်း။ အလှူ့ ရှင်၏ ဒါနစေတနာ စင်ကြယ်မှုသည် အလှူခံပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဖြစ်သောကြောင့် တည်း။