ယာ ပဌမဿာတိအာဒိ၊ ကို။ (ဝုတ္တံ၊ ၌ စပ်။) ပဌမတော၊ ပဌမဈာန်မှ။ အနန္တရံ၊ အခြားမဲ့၌။ ဒုတိယံ၊ ဒုတိယဈာန်သို့။ ယဒိ သမာပဇ္ဇတိ၊ အကယ်၍ကောင်းစွာ ရောက်အံ့။
၁။ ပဋိပါဋိဒေသနံ။ ပေ။ လဒ္ဓိ။ ။များစွာသော ပါဠိတော်၌ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ”ဟု ဟောတော်မူပြီးနောက် ဝိတက္က ဝိစာရာနံ ဝူပသမာ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိတရတိ”ဟု ဟောတော်မူ၏။ ထိုသို့ ဟောတော်မူရာ၌ ဝိတက် ဝိစာရ စသည်ကို စက်ဆုပ်သော ဥပစာရဘာဝနာကို မြှုပ်၍ဟောတော်မူခြင်း ဖြစ်၏။ ပရဝါဒီကား“ထိုသို့ မြှုပ်ထားသည်”ဟု မယူဆပဲ ပဌမဈာန်၏ အခြားမဲ့၌ ဒုတိယဈာန် တဆက်တည်း ဖြစ်၏”ဟု ယူထားသည်။ [ဤ၌ ပဌမဈာန်၏ အခြားမဲ့၌ ဒုတိယဈာန်ကို ဟောတော်မူခြင်းကို၎င်း။ ဒုတိယဈာန် စသည်၏ အခြားမဲ့၌ တတိယ ဈာန် စသည်ကို ဟောတော်မူခြင်းကို၎င်း "ပဋိပါဋိဒေသနာ"ခေါ်သည်ဟု မှတ်ပါ။] ၂။ ဒုတိယဇ္ဈာနူပစာရံ။ပေ။ ဥပ္ပဋိပါဋိယာ။ ။ပဌမဈာန်၏ အခြားမဲ့၌ ဒုတိယဈာန်ကို ဝင်စားခြင်းသည် အစဉ်အတိုင်း (ပဋိပါဋိ) မဟုတ်ပါလော။ အဘယ့် ကြောင့် အစဉ်မဟုတ်သော ဥပ္ပဋိပါဋိဖြစ်ရသနည်း-ဟု မေးဖွယ်ရှိသောကြောင့် ဒုတိယဇ္ဈာနုပစာရံ အပ္ပတွာ”ဟု မိန့်သည်။ ပဌမဈာန်ကို ဝင်စားပြီးနောက် ဒုတိယ ဈာန် မဝင်စားမီ ဝိတက် ဝိစာရကို စက်ဆုပ်သော ဥပစာရဘာဝနာဖြစ်ရသေး၏။ထိုသို့ ဥပစာရဘာဝနာဖြစ်ပြီးမှ ဒုတိယဈာန်ကို ဝင်စားခြင်းသာ အစဉ်ကျ၏။ ဤ၌ ဥပစာရဘာဝနာကို မပြသောကြောင့် ဥပ္ပဋိပါဋိဟု ဆိုသည်။ (အကယ်၍ ဝင်စားအံ့။) ဝါ၊ တနည်း။ ဒုတိယာဒီဟိ၊ ဒုတိယဈာန် အစရှိသည်တို့မှ။ (အနန္တရံ၊ ၌။) တတိယာဒီနိ၊ တတိယဈာန် အစရှိသည်တို့သို့။ (ယဒိ သမာပဇ္ဇတိ၊ အံ့။ ဧဝံ့သတိ၊ ) ဧကာဝဇ္ဇနေန၊ တခုသော အာဝဇ္ဇန်းဖြင့်။ သမာပဇ္ဇေယျ၊ ကောင်းစွာရောက်ရာသလော (ဝင်စားရာသလော)။ ဣတိ စောဒနတ္ထံ၊ ငှါ။ ဝုတ္တံ၊
**၁။ တညေဝတံ ဘဝေယျ**။ ။"ပဋ္ဌမဈာန်၏ အခြားမဲ့၌ ဒုတိယဈာန်သို့ ပြောင်းရွှေ့ နိုင်သလော”ဟု မေးရာ၌ ပရဝါဒီသည် “အာမန္တာ”ဟု ဝန်ခံ၏။ထိုအခါ (ပဌမဇော၏ အခြားမဲ့၌ ဒုတိယဇော ဖြစ်ရာဝယ် သဘောလက္ခဏာအားဖြင့် တူသကဲ့သို့) ပဌမဈာန်၏ အခြားမဲ့၌ ဒုတိယဈာန်သို့ ပြောင်းနိုင်လျှင် သဘော လက္ခဏာခြင်း တူစရာရှိသောကြောင့် “တညေဝ ပဌမံ ဈာနံ တံ ဒုတိယံ ဈာနံ ထို ပဌမဈာန်သည်ပင် ထို ဒုတိယဈာန်လော”ဟု မေးသည်။