၅၁၇-၅၁၈၊
အရူပဓာတုကထာယပိ၊ အရူပဓာတုကထာ၌လည်း။
ဣမိ နာဝ ဥပါယေန၊ ဖြင့်ပင်။
အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊
ပန၊ ဆက်။
အရူပဓမ္မေသု၊ နာမ်တရားတို့တွင်။
ဝေဒနာက္ခန္ဓမေဝ၊ ဝေဒနာက္ခန္ဓာကိုသာ။
ဂဟေတွာ၊ ၍။
ဝေဒနာ ဘဝေါတိအာဒိနာ၊ ဝေဒနာ ဘဝေါ အစရှိသော။
နယေန၊ နည်းဖြင့်။
ဧတ္ထ၊ ဤ အရူပဓာတုကထာ၌။
ဒေသနာ၊ ဒေသနာကို။
ကတာ၊ ပြုတော်မူအပ်ပြီ။
တတ္ထ၊ ထိုဝေဒနာ ဘဝေါ အစရှိသော ဒေသနာ တော်၌။
တေ၊ သင်၏အလိုအားဖြင့်။
အရူပိနော ဓမ္မာတိ၊ ဟူ၍။
သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့။
ဂတာ၊ ရောက်သော။
ဝေဒနာ၊ ဝေဒနာသည်။
ဘဝါဒီသု၊ ဘဝ အစရှိသည်တို့တွင်။
အညတရာ၊ တပါးအပါ အဝင်သည်။
ဟောတိ၊ ဖြစ်သလော။
ဣတိ ဧဝံ၊ ဤသို့။
အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊
သေသံ၊ ကြွင်းသောစကားရပ်ကို။
ဟေဋ္ဌာ၊ အောက်ဖြစ်သော ရူပဓာတုကထာ ၌။
ဝုတ္ထနယေနေဝ၊ ပင်။
ဝေဒိတဗ္ဗံ၊
ဣတိ၊ အပြီးတည်း။
အရူပဓာတုကထာဝဏ္ဏနာ၊ သည်။
(နိဋ္ဌိတာ၊ )
**၁။ ဝေဒနာ ဘဝါဒီသု** ။ပရဝါဒီပုဂ္ဂိုလ်သည် “အရူပိနောဓမ္မာ အရူပဓာတု နာမ်တရား ဟူသမျှသည် အရူပဓတ်တည်း”ဟု အယူရှိ၏။ အရူပဓာတ် ဟူသည်လည်း “ရူပဓာတုနာမ ရူပဘဝေါ”ကဲ့သို့ အရူပဘဝပင်တည်း။ထို့ကြောင့် “ဝေဒနာ ဘဝေါ” စသည်ဖြင့် သကဝါဒီက စောဒနာသည်။ ဤစောဒနာကို ဖွင့်သောအရာဖြစ်၍ သင်္ခံ” ဂတာ၏နောက်၌ ဂတာအရ ဝေဒနာကိုယူပြီးလျှင် ထိုဝေဒနာသည် ဘဝ,ဂတိ သတ္တာ ဝါသ စသည်တို့တွင် တမျိုးအပါအဝင်ဖြစ်သလောဟု စောဒနာသောကြောင့် “သင်္ခံ ဂတာ ဝေဒနာ”၏ နောက်၌ “ဘဝါဒီသု”ဟု ရှေးနိဿယ ရှိ၏။ ထို ရှေးနိဿယ အတိုင်းသာ ပါဠိမှန်ဟူ၍ သိပါ။