Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

1. Anulomapaccanīkavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၃။ တတိယနယေ၊ တတိယ ဖြစ်သော အဝယဝသစ္စိကဋ္ဌ နည်း၌။ သဗ္ဗေသူတိ၊ သဗ္ဗေသုဟူသောပါဌ်ဖြင့်။ ခန္ဓာယတနာဒီနိ၊ ခန္ဓာ, အာယတနအစရှိသည်တို့ကို။ သန္ဓာယ၊ ၍။ အနုယောဂေါ၊ သည်။ သကဝါဒိဿ၊ ၏ မေးစိစစ်ခြင်းတည်း။ ရူပသ္မိံ၊ ရူပက္ခန္ဓာ၌။ အတ္တာ၊ အတ္တသည်။ ဝါ၊ အတ္တဟူသော အသက်ကောင်သည်။ (အတ္ထိ)၊ စက္ခုသ္မိံ၊ စက္ခု၌။ အတ္တာ၊ သည်။ ဝါ၊ သည်။ (အတ္ထိ)၊ ဣတိ အာဒိဒေါသဘယေန၊ ဤသို့ အစရှိသောအပြစ်မှ ကြောက်ခြင်းကြောင့်။ ပဋိက္ခေပေါ၊ သည်။ ပရဝါဒိဿ၊ ၏ ပယ်ခြင်းတည်း။

သေသံ၊ ကြွင်းသော အစီအရင်ကို။ တာဒိသမေဝ၊ ထိုပဌမဩကာသ သစ္စိကဋ္ဌ၌ ဆိုအပ်ပြီးသော နည်းကဲ့သို့ ရှုအပ်သည်သာ။ ဝါ၊ ထိုပဌမဩကာသသစ္စိကဋ္ဌ၌ ဆိုအပ်ပြီးဖြစ်သော နည်းနှင့်တူသည်သာ။ ဣတိ၊ အဝယဝသစ္စိကဋ္ဌ အဖွင့်အပြီးတည်း။

၁။ ပဋိက္ခေပေါ။ ။"သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ၊ အခါခပ်သိမ်း ပုဂ္ဂိုလ်ကို ရအပ်ပါသလောဟု” မေးရာဝယ် မပယ်ပဲ “အာမန္တာ”ဟု ဝန်ခံလိုက်လျှင် ပုဂ္ဂိုလ် ဟူသော အရာဝတ္ထုက အခါခပ်သိမ်းရှိနေသောကြောင့် ထို ပုဂ္ဂိုလ်တယောက်ထည်း သည်ပင် ခတ္တိယဖြစ်လိုက်, ဗြာဟ္မဏဖြစ်လိုက်, ဝေဿဖြစ်လိုက်, သုဒ္ဒဖြစ်လိုက် ဤသို့ အမျိုးမျိုးဖြစ်ခြင်းဟူသော အပြစ်ရောက်ရာသည်ကို၎င်း, ထင်ရှားရှိသော ပုဂ္ဂိုလ်နှင့် ပရိနိဗ္ဗာန် စံပြီး ပုဂ္ဂိုလ်တို့ တဦးတည်းဖြစ်နေ၍ အထူးမရှိခြင်း ဟူသော အပြစ်သို့ ရောက်နေပုံကို၎င်း ဉာဏ်ဖြင့် မြှော်မြင်မိ၍ "န ဟေဝံ ဝတ္တ‌ဗ္ဗေဟု ပရဝါဒီက ဝယ်လေသည်။

၂။ တာဒိသမေဝ။ ။"သဗ္ဗေသု နူပလဗ္ဘတိ-လော”ဟု ပရဝါဒီက မေးရာ၌ ဝန်ခံလျှင် "အလုံးစုံတို့၌ ပုဂ္ဂလကို မရအပ်, တခုသောခန္ဓာ, သို့မဟုတ် တခုသော အာယတန စသည်၌ ရအပ်၏" ဟု အဓိပ္ပါယ် ရောက်နေသောကြောင့်" န ဟေဝံ ဝတ္တဗ္ဗေ" ဟု သကဝါဒီက ပယ်ခြင်း၏ ဩကာသသစ္ဆိကဋ္ဌတုန်းက ` ပယ်ခြင်းနှင့် တူသည်ကို “တာဒိသမေ၀”ဟု ဆိုသည်။ ဋီကာ၌ ကြည့်ပါ။ ဩကာသသစ္စိကဋ္ဌတုန်းတ ပယ်ပုံနှင့်တူသော ယောဇနာနည်းကို ပြထားသည်။