Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

3. Odhisokathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၂၇၄။ ဣဒါနိ၊ ဗြဟ္မစရိယကထာကို ပြတော်မူပြီးရာ ယခုအခါ၌။ ဩဓိသော ကထာနာမ၊ ဩဓိသော ကထာမည်သည်။ ဟောတိ၊ ၏။ ဝါ၊ လတ္တံ့။
တတ္ထ၊ ထို ဩဓိသောကထာ၌။ ယေ၊ အကြင် ပရဝါဒီတို့သည်။ သောတာပန္နာဒီနံ၊ သောတာပန် အစရှိသော ပုဂ္ဂိုလ်တို့၏။ နာနာဘိသမယဝ‌သေန၊ အမျိုးမျိုးသော သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိခြင်း၏အစွမ်းဖြင့်။ ဒုက္ခဒဿနာဒီဟိ၊ ဒုက္ခသစ္စာကို သိမြင်ခြင်း အစရှိသည်တို့ဖြင့်။ ဩဓိသော ဩဓိသော၊ တဘို့စီအားဖြင့်။ ကိလေသပ္ပဟာနံ၊ ကိလေသာတို့ကို ပယ်ခြင်းကို။ ဣစ္ဆန္တိ၊ ကုန်၏။ (ကေ ဝိယ၊ အဘယ် ပုဂ္ဂိုလ်တို့ ကဲ့သို့ နည်း။) ဧတရဟိ၊ ၌။ သမ္မိတိယာဒယော သေယျထာပိ၊ သမ္မိတိယဂိုဏ်းသား အစရှိသည်တို့ကဲ့သို့တည်း။ **၁။ ဩဓိသော**။ ။အဝ+ဓာဓာတ် ဣ ပစ္စည်းဖြင့် ပြီးသော သြဓိသဒ္ဓါတည် အဖို့ အစု အပိုင်းအခြားအနက်ကို ဟော၏။ သော-ကား နာဝိဘတ်၏ ကာရိယတည်း။ သို့မဟုတ် သော-ပစ္စည်းတည်း။ ထို အဖို့ အစု ဟူသည်လည်း အလုံးစုံ အကုန် မဟုတ်ပဲ တစိတ် တဒေသတည်း။ ထို့ကြောင့် ဩမိသောကို “ဧကဒေသေန” ဟု ဖွင့်သည်။ ဆိုလိုရင်းကား ပရဝါဒီသည် သောတာပတ္တိမဂ်က ကိလေသာကို ပယ် ရာ၌ သစ္စာ ၄-ပါးကို လေးကြိမ်တိုင်တိုင်မြင်ရသည်ဟု အယူရှိသောကြောင့် သောတာ ပတ္တိမဂ်ပယ်ထိုက်သော ကိလေသာတို့တွင် ဒုက္ခ သစ္စာကို မြင်ခြင်းအားဖြင့် တချို့ကိုသာ ပယ်၏။ သမုဒယသစ္စာကို မြင်ခြင်းအားဖြင့် တချို့ကိုပယ်၏။ ဤသို့လျှင် နိရောဓ သစ္စာကို မြင်ခြင်းအားဖြင့်၎င်း, မဂ္ဂသစ္စာကို မြင်ခြင်းအားဖြင့်၎င်း တချို့တချို့ ကိုသာ ပယ်၏ဟု အယူရှိလေသည်။ တေသံ၊ ထိုပရဝါဒီတို့၏။ တံ လဒ္ဓိံ၊ ကို။ ဘိန္ဒိတုံ၊ ဖျက်ဆီးခြင်းငှာ။ ဩဓိသောတိ၊ အစရှိသော။ ပုစ္ဆာသကဝါဒိဿ ပဋိညာပရဝါဒိဿ၊
ပုန၊ တဖန်။ အနု‌ယောဂေါသကဝါဒိဿ၊ ဧကဒေသေန၊ တစိတ်အားဖြင့်။ သောတာပန္နာဒိဘာဝဿ၊ သောတာပန် အစရှိသည်တို့၏အဖြစ်၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ ပဋိက္ခေပေါ၊ ပရဝါဒိဿ၊
ဣမိနာ၊ ဥပါယေန၊ ဤ ကပ်၍ သိကြောင်း ဖြစ်သော နည်းဖြင့်။ သဗ္ဗဝါရေသု၊ တို့၌။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ဣတိ၊ အပြီးတည်း။
ဩဓိသောကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။