ဣတရော၊ သည်။
နိယတမိစ္ဆာဒိဋ္ဌိကော၊ နိယတမိစ္ဆာ အယူရှိသူသည်။
သံသာရခါဏုကော၊ သံသရာ၏ သစ်ငုတ်သဖွယ်ဖြစ်၍ ဖြစ်သည်။
(ဟုတွာ၊ ၍။
ဝါ၊ ကြောင့်။)
ဘဝန္တရေပိ၊ နောက်နောက် ဘဝတပါး၌လည်း။
နိယ တောဝ၊ (ငရဲ၌ အကျိုးပေးသောအားဖြင့်) မြဲသည်သာ။
ဣမေ ပန၊ ဤ မာတုဃာတက အစရှိသောပုဂ္ဂိုလ်တို့သည်ကား။
ဧကသ္မိံ ယေ၀ အတ္တဘာဝေ၊ တခုသော အတ္တဘော၌သာ။
၁။ အစ္စန္တနိယာမ။ ။သံဃဘေဒကကံကြောင့် အဝီစိကျရသော အရှင် ဒေဝဒတ်သည် ထိုအဝီစိမှ လွတ်သောအခါ ပါရမီကို ထပ်၍ဖြည့်ပြီးလျှင် ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဘုရားရှင် မိန့်တော်မူ၏။ အဇာတသတ်မဟာရာဇာလည်း နည်းတူ။ ထိုကဲ့သို့ လွတ်ခွင့်ရှိသူများကို အစ္စန္တနိယာမပုဂ္ဂိုလ်ဟု မဆိုလို။ နိယတမိစ္ဆာဒိဋ္ဌိ ကံကြောင့် အဝီစိရောက်ပြီးနောက် ပြန်၍ မလွတ်နိုင်သူကို “အစ္စန္တနိယာမပုဂ္ဂိုလ်”ဟု ပရဝါဒီက ဆိုလို၏။ ထို ပုဂ္ဂိုလ်တို့၏ ကံကိုလည်း "အစ္စန္တနိယာမ၊ စင်စစ် မြဲသော ကံ"ဟု ခေါ်ရသည်။
၂။ အစ္စနိယတေဟိ။ ။နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူနှင့် မာတုဃာတက အစရှိသူတို့၏ ကံသည် မိစ္ဆတ္တနိယတဓမ္မချင်း တူကြ၏။ (မိစ္ဆတ္တနိယတတိက်ကို ကြည့်ပါ။) ထိုသို့ တူသောကြောင့် မတုဃာတက အစရှိသော ပုဂ္ဂိုလ်တို့သည် အသင် ပရဝါဒီ၏ အလိုအားဖြင့် မိစ္ဆတ္တနိယတပုဂ္ဂိုလ်များ ဖြစ်ကြသလော-ဟု စောဒနာလိုသောကြောင့် ပါဠိတော်၌ "မာတုဃာတကော အစ္စန္တရိယတော၊ ပေ။ သံဃဘေဒကော အစ္စန္တနိယတော"ဟု စောဒနာသည်။
(တဘဝ၌သာ။) (နိယတာ၊ ကုန်၏။) ဣတိ လဒ္ဒိယာ၊ ဖြင့်။ **န ဟေဝန္တိ** ပဋိက္ခိပတိ၊တတော၊ ထိုမှနောက်၌။ ပဟီနာတိ၊ ပဟီနာ ဟူ၍။ (ဝိစိကိစ္ဆာကို ပယ်အပ်ပြီလောဟူ၍။) ပုဋ္ဌော (သမာနော၊ ) မဂ္ဂေန၊ ဖြင့်။ အပ္ပဟီနတ္တာ၊ မပယ်အပ်သည်၏ အဖြစ်ကြောင့်။ ပဋိက္ခိပတိ၊ တံ ဒိဋ္ဌိံ၊ ကို။ အာရဗ္ဘ၊ ၍။ အသမုဒါစာရတော၊ အထက်ထက် ဖြစ်သော နောက်ကာလ၌ ဝိစိကိစ္ဆာ၏ မဖြစ်ခြင်းကြောင့်။ ပဋိဇာနာတိ၊
၁။ ဣမေ ပန။ပေ။ပဋိက္ခိပတိ။ ။ပါဠိတော်၌“မာတုဃာတကော အစုန္တ နိယတော”စသည်ဖြင့် အာနန္တရိယကံထိုက်သူ ၅-ယောက်ကို “အစ္စန္တနိယာပုဂ္ဂိုလ် လော”ဟု မေးရာ၌ ထိုပုဂ္ဂိုလ်တို့က တဘဝသာ အဝီစိ၌ မြဲသောကြောင့် (နောက်နောက်ဘဝတို့၌ နိယတ မဟုတ်ကြသောကြောင့်) “န ဟေဝံ”ဟု ပယ်သည်။
၂။ ပိစိကိစ္ဆာ ဥပ္ပဇ္ဇေယျ။ ။အစ္စန္တနိယတပုဂ္ဂိုလ်မှာ"ငါသည် နိယတ လေလော, အနိယတလေလော"ဟု ဝိစိကိစ္ဆာ ဖြစ်စရာရှိသလော ဟု မေးသောအခါ ဝိစိကိစ္ဆာ မဖြစ်ဖို့ရန် အကြောင်းကို မမြင်သောကြောင့် “အာမန္တာ”ဟု ဝန်ခံသည်။ [စာအုပ်တို့၌ “အယံ နိယတော ဝါ”ဟု တွေ့ရ၏။ မိမိဘာသာ ကြံစည်သော စကား ဖြစ်သောကြောင့် “အဟံ နိယတော ဝါ”စသည်ဖြင့် ပါဌ်မှန် ရှိပါစေ။ရှေးနိဿယ၌ လည်း “အဟံ”ဟုပင် ရှိသည်။]
၃။ နုပ္ပဇ္ဇေယျ ။ ပေ။ ပဋိဇာနာတိ။ ။"ဝိစိကိစ္ဆာ မဖြစ်ရာသလော"ဟု မေးသောအခါ မိမိကိုယ်တိုင် အဖန်ဖန် မှီဝဲအပ်ပြီးသော မိစ္ဆာအယူဖြစ်သောကြောင့် နိယာမသို့ သက်ရောက်ရကား ထိုမိစ္ဆာအယူ၌ ဝိစိကိစ္ဆာမဖြစ်နိုင်သောကြောင့် “အာမန္တာ-ဝိစိကိစ္ဆာ ဖြစ်စရာ မရှိ”ဟု ဝန်ခံသည်။
၄။ ပဟီနာတိ ပုဋ္ဌော။ ။"မိစ္ဆတ္တနိယတပုဂ္ဂိုလ်သည် ဝိစိကိစ္ဆာကို ပယ်အပ်ပြီးလော"ဟု ပဌမမေးရာ၌ မဂ်ဖြင့် မပယ်အပ်သေးသောကြောင့် "န ဟေဝံ"ဟု ပဌမပယ်၏။ ထပ်၍ မေးသောအခါ အသမုဒါစာရ နောက်နောက်ကာလ၌ ဝိစိကိစ္ဆာမဖြစ်တော့ခြင်းကြောင့် "အာမန္တာ"ဟုဝန်ခံသည်။[သံ-ကောင်းစွာ+ဥ-အထက် ဖြစ်သော နောက်၌+အ+စာရ- မဖြစ်တော့ခြင်း။]
နုပ္ပဇ္ဇေယျာတိ ပဉှေ၊ ဟူသောပြဿနာ၌။
၁။ ဒုတိယ နိယာမုပ္ပတ္တိံ။ ။ သတဒိဋ္ဌိယာ နိယတဿ ပုဂ္ဂလဿ ပဌမ သဿတဒိဋ္ဌိဖြစ်ပြီးပုဂ္ဂိုလ်မှာ “ဥစ္ဆေဒဒိဋ္ဌိ ဥပ္ပဇ္ဇေယျ”၌ ဒုဘိယ ဥစ္ဆေဒဒိဋ္ဌိနိယာမ ဖြစ်သခလောဟု မေးသည်။
၂။ အထ နံ။ပေ။ ဟဉ္စီတိ အာဒိမာဟ။ ။"အထ နံ”၏ ရှေ့၌(၈၅၀)ဟု နံပါတ် တွေ့ရ၏။ "ဥစ္ဆေဒဒိဋ္ဌိဥပ္ပဇ္ဇေယျ ဖြစ်ရာသလော”ဟူသော အမေးကို “အာ မန္တာ”ဟု ဝန်ခံပြီးနောက် ဆက်၍ “ဟဉ္စိ။ပေ။ဥပ္ပဇ္ဇေယျ-နော စ ဝတ ရေ”စသည်ဖြင့် ရှေ့စကားကို ပယ်သောကြောင့် (၈၄၉)နံပါတ်ထည်းက စကားအဆက် ဟု မှတ်ပါ။ ထို့ပြင် "န စ နာမ"ဟု စာအုပ်တို့၌ တွေ့ရ၏။ ထိုပါဌ်ကို ရှေးနိဿယ၌ မတွေ့ရ။ ထို့ကြောင့် စာပျက်နေဟန်ရှိသော်လည်း ပါဌ်ရှိအတိုင်း ဖြစ်သင့်သလို အနက်ပေးလိုက် ပါသည်။
ယံ၊ အကြင်ခန္ဓာ ၅-ပါးကို။ သဿတဒိဋ္ဌိယာ၊ သဿတဒိဋ္ဌိဖြင့်။ သဿတန္တိ၊ ဟူ၍။ ဂဟိတံ၊ ယူအပ်ပြီ။ တဒေဝ၊ ထို ခန္ဓာ ၅-ပါးသည်ပင်။ ဥစ္စဇ္ဇိဿတိ၊ ပြတ်လတ္တံ့။ ဣတိ၊ သို့သော အနက်အဓိပ္ပါယ်ကို။ ဂဟေတွာ၊ အနုပ္ပတ္တိံ၊ ဥစ္ဆေဒဒိဋ္ဌိ၏ မဖြစ် ခြင်းကို။ သန္ဓာယ ပဋိဇာနာတိ၊ [နုပ္ပဇ္ဇေယျ မဖြစ်ရာသလောဟု မေးသော အခါ အာမန္တာဟု ဝန်ခံသည်။]၈၅၂။ သဗ္ဗကာလံ ဥမ္မုဇ္ဇိတွာ နိမုဇ္ဇတီတိ အာဒိ၊ ကို။
ဝစနမတ္တေ၊ ဥမ္မုဇ္ဇိတွာနိမုဇ္ဇတိ ဟူသော စကားတော်မျ၌။
အဘိနိဝေသံ၊ မှားမှားယွင်းယွင်းနှလုံးသွင်းခြင်းကို။
၁။ ဝုတ္တနယေန ။ပေ။ ပဋိဇာနာတိ။ ။"ဂဟေထွာ အနုပ္ပတ္တိံ သန္ဓာယ" ကို "ဝုတ္တနယေန"ဟု ဆိုသည်။ ဤ“ဝုတ္တနယေန အနုပ္ပဇ္ဇနတော ပဋိဇာနာတိ” ဟူသော ပြဿနာအဖြေရောက်မှ (၈၄၉)နံပါတ် နယ်ဆုံး၏။ "သဿတဒိဋ္ဌိ ဥပ္ပဇ္ဇေယျ"ကား (၈၅ဝ)နံပါတ်၏ အစတည်း။
၂။၈၅၁-န ဝဗ္ဘန္တိ ။ပေ။ အသာဝကမေတံ**။ ။ဤ“အသာဝကမေတံ”ရောက်မှ (၈၅၁)နံပါတ်၏ နယ်ကုန်သည်။ “သဗ္ဗကာလံ ဥမ္မုဇ္ဇိတွာ နိမုဇ္ဇတီတိအာဒိ"ကား (၈၅၂)နံပါတ်အတွင်းက စကားတည်း။ ထို့ကြောင့် "၈၅၂-သဗ္ဗကာလံ”ဟုနံပါတ် ရွှေ့ပါ။
အကတွာ၊ မပြုမူ၍။ အတ္ထော၊ အနက်ကို။ ပရိယေသိ တဗ္ဗော၊ ရှာမှီးထိုက်၏။ ဣတိ (ဣမဿ အတ္ထဿ)၊ ဤ အနက်အဓိပ္ပါယ် ကို။ ဒဿနတ္ထံ ဝုတ္တံ၊ ဣတိ၊ အပြီးတည်း။