**၁။ သစ္စာဥာဏ်**။ ။“တဏှာကြဉ်အပ်သော တေဘူမက (စိတ် စေတသိက် ရှပ်)တရားသည် ဒုက္ခသစ္စာတည်း”ဟု ဒုက္ခသစ္စာကို(အခြားသစ္စာတို့နှင့် မရောအောင် ပိုင်းခြား၍)သိတတ်သော ဉာဏ်သည် သစ္စဉာဏ် မည်၏။ ဤ သစ္စဉာဏ်သည် လောကီ အခိုက်၌လည်း ဖြစ်နိုင်၏။ မဂ်ခဏ၌လည်း (မဂ်ကိစ္စ ၄-ချက်တွင် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းဟူသော) ပရိဇာနနကိစ္စအားဖြင့်လည်း သိနိုင်သည်။
သန္ဓာယ၊ ရည်ရွယ်၍။
ဒွါဒသဝတ္ထုကံ၊ တဆယ့်နှစ်ပါးသော တည်ရာဝတ္ထုရှိသော။
ဉာဏံ၊ သည်။
လောကုတ္တရံ၊ လောကုတ္တရာဉာဏ်တည်း။
ဣတိ ယေသံ လဒ္ဓိ၊
ပေ၊
ဣတရာ၊ ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီ သည်။ မ
မဂ္ဂဿ၊ မဂ်၏။
ဧကတ္တံ၊ တပါးတည်း၏ အဖြစ်ကို။
သန္ဓာယ ပဋိက္ခိပတိ၊
ဧကေကသ္မိံ၊ တပါးတပါးသော။
သစ္စေ၊ သစ္စာ၌။
[ဒုက္ခ စသော သစ္စာ၄-ပါးကိုဆိုသည်။]
ဤနည်းအတိုင်း “တဏှာလောဘသည် ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ တည်း”ဟု၎င်း, “နိဗ္ဗာန်သည် နိရောဓသစ္စာတည်း”ဟု၎င်း, “မဂ်စိတ်၌ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာတည်း”ဟု၎င်း သိစေသော ဉာဏ်သည် သစ္စဉာဏ်တည်း။ ဤဉာဏ်တို့၏ လောကီစိတ်၌လည်း ဖြစ်နိုင်ပုံ, မင်္ဂခဏ၌လည်း သမုဒယသစ္စာကို ပဟာနကိစ္စအားဖြင့်, နိရောဓသစ္စာကို သစ္ဆိကရဏကိစ္စအားဖြင့်, မဂ္ဂသစ္စာကို ဘာဝနာကိစ္စအးဖြင့် သိနိုင်ပုံကို၎င်း သိပါ။
ကိစ္စဉာဏ်။ ။ဒုက္ခသစ္စာသည် ပိုင်းခြား၍ သိထိုက်သော ပရိညေယျကိစ္စ ရှိ၏။ [ပရိ-ပိုင်းခြား၍+ဉေယျ-သိထိုက်သောကိစ္စ။] သမုဒယသစ္စာသည် ပယ်ထိုက်သော ပဟာတဗ္ဗကိစ္စရှိ၏။ နိရောဓသစ္စာသည် မျက်မှောက်ပြုထိုက် (မျက်စိအောက်၌ရောက်စနသကဲ့သို့ မြင်လာအောင် အာရုံပြုထိုက်)သော သစ္ဆိကာတဗ္ဗကိစ္စ ရှိ၏။[သစ္ဆိ- မျက်မှောက်+ကာတဗ္ဗ-ပြုထိုက်သော ကိစ္စ။] မဂ္ဂသစ္စာသည် မိမိစိတ်အစဉ်၌ဖြစ်စေထိုက် [ဖြစ်အောင်ပြုထိုက်]သော ဘာဝေတဗ္ဗကိစ္စရှိ၏။ [ဘာဝေတဗ္ဗ၊ ဖြစ်စေ ထိုက်သော ကိစ္စ။] ဤသို့ သိသောဉာဏ်သည် ကိစ္စဉာဏ်တည်။
ကတဉာဏ်။ ။သဒ္ဒါထုံးစံအားဖြင့် ကတ၌ တ-ပစ္စည်းသည် "ပြုအပ်ပြီ"-ပြု၍ ပြီးပြီ”ဟူသော ပြီးစီးခြင်း အတိတ်အနက်ကို ဟော၏။ ထို့ကြောင့် မဂ်ဖိုလ်ရပြီးသော အခါ “ငါသည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအပ်ပြီဟု၎င်း, သမုဒယသစ္စာတဏှာ လောတကို ပယ်အပ်ပြီ(ပယ်၍ပြီးပြီ)ဟု၎င်း, နိရောဓသစ္စာကို မျက်မှောက်ပြုအပ်ပြီ (မျက်မှောက်ပြုပြီးပြီ)ဟု၎င်း, မဂ္ဂသစ္စာကို မိမိစိတ်၌ ဖြစ်စေအပ်ပြီ(ဖြစ်စေပြီးပြီ)ဟု ၎င်း"သိသော ဉာဏ်ကို ကတဉာဏ်ဟု ခေါ်သည်။ [ဤဉာဏ် ၃-ပါးကို ဓမ္မစက္ကပဝတ္ထုပဝတ္တနသုတ် ပါဠိတော်နှင့်တွဲ၍ သိပါ။]
ဒွါဒသဝတ္ထုက။ ။သစ္စာ ၄-ပါးတွင် တပါးတပါး၌ ဤသို့ သစ္စဉာဏ်,ကိစ္စဉာဏ်, ကတဉာဏ် ဟု ဉာဏ် ၃-ပါးစီ ရှိသောကြောင့် “ဒွါဒသဝတ္ထုကံ ဉာဏံ”ဟု ဆိုသည်။ ဤဉာဏ်တို့၏ ရှေ့နောက်ဖြစ်ပုံမဂ်ခဏ၌ ဖြစ်နိုင်ပုံကို ဋီကာ၌ ပြထားသည်။
သစ္စညာဏကိစ္စညာဏကတညာဏာနံ၊ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်တို့၏။ ဝသေန၊ အပြားအားဖြင့်။ ဉာဏနာနတ္တံ၊ ဉာဏ်တို့၏ ထူးကုန်သည်၏ အဖြစ်ကို။ သန္ဓာယ(ပရဝါဒီ)၊ ပဋိဇာနာတိ၊