တတ္ထ၊ ထိုအရိယပုဂ္ဂလသံသန္ဒန ကထာ၌။ ယသ္မာ၊ ကြောင့်။ ကေစိ၊ အချို့သော ပရဝါဒီတို့သည်။
[ရှေ့ပရိဟာနီ ကထာ၌ ပြအပ်ခဲ့သော သမိတိယ, ဝဇ္ဇိပုတ္တက သဗ္ဗတ္ထဝါဒီ, ဧကစ္စ မဟာသံဃိကတို့ကို "ကေစိ"ဟုဆိုသည်။] အရဟတောဝ၊ ရဟန္တာ၏သာ။ ပရိဟာနိံ၊ အရဟတ္ထဖိုလ်မှ ယုတ်လျော့ခြင်းကို။ ဣစ္ဆန္တိ၊ ကုန်၏။ ကေစိ၊ တို့သည်။ အနာဂါမိနောပိ၊ ၏လည်း။ (ပရိဟာနိံ ဣစ္ဆန္တိ)၊ ကေစိ၊ တို့သည်။ သကဒါဂါမိဿပိ၊ ၏လည်း။ (ပရိဟာနိံ ဣစ္ဆန္တိ)၊
**၁။ အရိယပုဂ္ဂ သံသန္ဒနာ**။ ။အရိယာပုဂ္ဂိုလ်ချင်း ရောနှော၍ မိမိဖိုလ်မှ ယုတ်လျော့ခြင်းရှိ- မရှိကို စိစစ်ရာအခဏ်းကို "အရိယပုဂ္ဂလသံသန္ဒနပရိဟာနိကထာ"ဟုခေါ်၏။ [အရိယပုဂ္ဂလာနံ-တို့၏။ ဝါ၊ တို့ကို။ သံသန္ဒနာ၊ ရောနှောခြင်း။ ဝါ၊ ရောနှောရာ ကထာ။ အရိယပုဂ္ဂလသံသန္ဒနာစ+သာ+ပရိဟာနိ-ဆုတ်ယုတ်ခြင်း မဆုတ်ယုတ်ခြင်းကို ဆိုရာ ကထာလည်း ဟုတ်၏။ ဣတိ အရိယပုဂ္ဂလသသန္ဒပရိဟာနိ။] ကထာကိုငဲ့၍ အဋ္ဌကထာ၌ "သသန္ဒနာ"ဟု ထားဟန်တူသည်။ယေ၊ အကြင် ပရဝါဒီတို့သည်။
ပကတိ အနာဂါမိနောဝါ၊ ပကတိ အနာဂါမ်၏ သော်၎င်း။
အရဟတ္တာ၊ မှ။
ပရိတ္တာယိတွာ၊ ၍။
ဌိတ အနာဂါမိနောဝါ၊ တည်သောအနာဂါမ်၏ သော်၎င်း။
ပရိဟာနိံ၊ ကို။
ဣစ္ဆန္တိ၊ ကုန်၏။
တေသံ၊ ထိုပရဝါဒီတို့၏။
ဝသေန၊ အလိုအားဖြင့်။
ပဋိညာ၊ သည်။
(ဟောတိ)၊
ဣတိဣဒံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤအရိယပုဂ္ဂလသံသန္ဒန ကထာ၌။
၁။ ယေ ဟိ အရဟတ္တာ။ ။စာအုပ်တို့၌ ဟိ- နိပါတ်မပါပဲ “ယေ အရတတ္တာ” ဟုသာရှိ၏။ ရှေးနိဿယ၌ “ယေ ဟိ”ဟု ပါဌ်ရှိစေလိုသည်။ ဘာ့ကြောင့်နည်း "ယေ အရဟတ္တာ"မှ စ၍ န ဣစ္ဆန္တိယေဝ တိုင်အောင် ရှေ့စကားနှင့် ထပ်တူ ကျနေ သောကြောင့်တည်း။ ထပ်တူကျလျှင် ဒဠီ, ဝိတ္ထာရ ,တပ္ပါကဋီကရဏ တမျိုးမျိုး ဖြစ်ရ သည်။ ဤ၌ ရှေးနိဿယဝယ် တပ္ပါကဋီကရဏ ဟု စွဲသော်လည်း ယခုခေတ်၌ ဒဠီသာစွဲကြသည်။ နောက်၌ တသ္မာ ရှိသောကြောင့် “ဟိ ယသ္မာ”ဟုလည်း စွဲနိုင်၏။
၂။ သဗ္ဗထာပိ။ ။ “အလုံးစုံသော အပြား”ဟူသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ် ၍ အနာဂါမ် သကဒါဂါမ် ဖြစ်ပြီးနောက် သောတာပန်အဖြစ်၌ တည်သော ပုဂ္ဂိုလ် ပင်ကိုယ်အားဖြင့် သောတာပန်သာ ဖြစ်သေးသော ပုဂ္ဂိုလ် ဤသို့သော အပြား တည်း။ သဗ္ဗဒါပိ မူကွဲကား ကာလကို မဆိုလိုသောကြောင့် သဗ္ဗထာပိ ပုဒ်လောက် အဓိပ္ပါယ် မကျယ်ဝန်းပါ။
နယမုခံ၊ နည်းအမြွက်တည်း။တံ သဗ္ဗံ၊ ထို အလုံးစုံသော သကဝါဒီ၏ စကားရပ်သည်။
ဥတ္တာနာဓိပ္ပါယမေဝ၊ ပေါ်လွင် ထင်ရှားသော အနက်အဓိပ္ပါယ်ရှိသည်သာ။
၁။ ။"သောတာပတ္တိဖလဿ အနန္တရာ အရဟတ္တံယေဝ သစ္ဆိကရောတိ မျက်မှောက်ပြုသလော” ဟူသောပြဿနာသည် ပါဠိတော် ၂၄၁-နံပါတ်၌ ပါ၏။ ထို စကားသည် “အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ခဲ့သော သောတာပန်၏ ထပ်မံအားထုတ် သောအခါ သောတာပတ္တိဖိုလ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်ကို ရနိုင်-မရနိုင်ကို မေးသော သဏဝါဒီ၏ စကားတည်း။ သောတပတ္တိဖိုလ်၏အခြားမဲ့၌ အရဟတ္တဖိုလ် မဖြစ် နိုင်သောကြောင့် ပရဝါဒီ ပယ်သည်။
၂။ ။ ကိလေသပ္ပဟာနဿ စသည်။"ကဿ ဗဟုတရာ ကိလေသာ ပဟီနာ”စသည်ကို ရည်ရွယ်၍"ကိလေသပ္ပဟာနဿ ဝါ”ဟု၎င်း ပါဠိတော် ၂၄၄- နံပါတ်၌"ကဿ အဓိမတ္တာ မဂ္ဂဘာဝနာ”စသည်ကို ရည်ရွယ်၍ ဓမ္မဘာဝနာဒီနံ ဝါ” ဟု၎င်း (၂၄၇) ၌ ဒုက္ခ ဒိဋ္ဌံ" စသည်ကို ရည်ရွယ်၍ “သစ္စာနံ အဒဿနေန ဝါ” ဟု၎င်း ဆိုသည်။
ပန၊ ဆက်။ သုတ္တာနံ၊ ပါဠိတော်သုတ်တို့၏။ အတ္ထော၊ ကို။ အာဂမဋ္ဌကထာသု၊ သုတ္တန်အဋ္ဌကထာတို့၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗော၊ ၏။