Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

1. Nasuttāharaṇakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၂၇၉။ ဣဒါနိ၊ ဩဓိသော ကထာကို ဟောတော်မူပြီးရာ ယခုအခါ၌။ ဇဟတိကထာနာမ၊ ဇဟတိကထာမည်သည်။ ဟောတိ၊ ၏။ ဝါ၊ လတ္တံ့။

တတ္ထ၊ ထို ဇဟတိကထာ၌။ ယေသံ၊ အကြင် ပရဝါဒီတို့၏။ (လဒ္ဓိ ဟောတိ၊ ၌စပ်။) ဈာနလာဘီ၊ ဈာန်ကို ရခြင်းရှိသော။ ပုထုဇ္ဇနော၊ သည်။ သစ္စာဘိသမယာ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိရာကာလနှင့်။ သဟ၊ တကွ။ အနာဂါမီနာမ၊ အနာဂါမ်မည်သည်။ ဟောတိ၊ ဖြစ်တော့၏။ တဿ၊ ထို ဈာနလာဘီီအနာဂါမ်၏။ ဝါ၊ သည်။ ပုထုဇ္ဇနကာလေယေဝ၊ ပုထုဇဉ်ဖြစ်ရာ အခါ၌ပင်။ (ပုထုဇဉ်ဖြစ်တုန်းကပင်။) ကာမရာဂ ဗျာပါဒါ၊ ကာမရာဂ ဗျာပါဒတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်ပြီ။

[ကာမရာဂ ဗျာပါဒတို့ကို ပယ်ပြီး ဖြစ်သောကြောင့် သစ္စာ ၄-ပါးကို သိသည်နှင့် တပြိုင်နက် အနာဂါမ် အဖြစ်သို့ ရောက်သည်ဟူလို။] ဣတိ၊ သို့။ ဧတရဟိ၊ ၌။ သမ္မိတိယာနံ၊ သမ္မိတိယ ဂိုဏ်းသားတို့၏။ လဒ္ဓိသေယျထာပိ၊ ကဲ့သို့။ (ကထာ၊ တူ။) လဒ္ဓိ၊ သည်။ (ဟောတိ)၊ တေသံ၊ ထိုပရဝါဒီတို့၏။ တံ လဒ္ဓိံ၊ ကို။ ဘိန္ဒိတုံ၊ ငှာ။ ဇဟတိ ပုထုဇ္ဇနောတိ၊ အစရှိသော။ ပုစ္ဆာ သကဝါဒိဿ၊ ပန၊ ကား။ ဈာနဝိက္ခမ္ဘိတာနံ၊ ဈာန်ဖြင့်ခွာအပ်ပြီးကုန်သော။ တေသံ၊ ထိုကာမရာဂ, ဗျာပါဒတို့၏။ ပရိယုဋ္ဌာနံ၊ ထက်ဝန်းကျင် ထကြွခြင်းကို။ အပဿန္တဿ၊ မမြင်သည်ဖြစ်၍။ ပဋိညာပရဝါဒိဿ၊

ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ ဈာနဝိက္ခမ္ဘိတာနမ္ပိ၊ ဈာန်ဖြင့်ခွာအပ်ပြီးလည်း ဖြစ်ကုန်သော။ တေသံ၊ ထို ကာမရာဂ, ဗျာပါဒတို့ကို။ အနာဂါမိမဂ္ဂေနေဝ၊ အနာဂါမိ မဂ်ဖြင့်သာ။ အစ္စန္တံ၊ စင်စစ်။ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ တသ္မာ၊ ကြောင့်။ ပုန၊ အစ္စန္တန္တိအာဒိအနုယောဂေါ၊ အစရှိသော မေးစိစစ်ခြင်းသည်။ သကဝါဒိဿ၊ တထာရူပဿ၊ သော။ ပဟာနဿ၊ ပယ်ခြင်း၏။ အဘာဝတော၊ ကြောင့်။ ပဋိက္ခေပေါ၊ သည်။ ဣတရဿ၊ သကဝါဒီမှ တပါးသော ပရဝါဒီ၏ ပယ်ခြင်းတည်း။ **၁။ ဇဟတိကထာ**။ ။ဤဇဟတိကထာ၌ ပါဠိတော်သုတ်ပုဒ်ကို ဆောင်ပြခြင်း မရှိရာ ဖြစ်သော နသုတ္တာရဏကထာ, ပါဠိတော်သုတ်ပုဒ်ကို ဆောင်ပြရာ ဖြစ်သော သုတ္တာဟရဏကထာဟု ၂မျိုးရှိ၏။ သုတ္တာဟရဏကထာအတွက် အထူးမဖွင့်တော့ပဲ နသုတ္တာဟရဏကထာကိုသာ ဖွင့်ပြသည်။
ဝိက္ခမ္ဘေတီတိ၊ ဟူ၍။ အစ္စန္တဝိက္ခမ္ဘနမေဝ၊ စင်စစ်ပယ်ခွာခြင်းကိုသာ။ (အပြီးအပြတ်ခွါခြင်းကိုသာ။) သန္ဓာယ၊ ပုစ္ဆာသကဝါဒိဿ၊
တတော၊ ထိုသို့‌မေးရာအခါမှ။ ပရံ၊ ၌။ အနာဂါမိမဂ္ဂဋ္ဌေန၊ အနာဂါမိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်နှင့်။ သဒ္ဓိံ၊ ကွ။ ပုထုဇ္ဇနသံသန္ဒနံ၊ ပုထုဇဉ်ကို နှီးနှောခြင်းသည်။ ဟောတိ၊
တံ၊ ထိုပုထုဇ္ဇန သံသန္ဒနသည်။ ဥတ္တာနတ္ထမေဝ၊ သည်သာ။
၂၈၀။ တတော၊ ထိုပုထုဇ္ဇန သံသန္ဒန ပြဿနာမှ။ ပရံ၊ ၌။ အနာဂါမိဖလေ သဏ္ဌာတီတိ၊ ဟူ၍။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ ဈာနာနာဂါမိတံ၊ ဈာန်အားဖြင့် အနာဂါမ်၏အဖြစ်ကို။ သန္ဓာယ၊ (ပရဝါဒီ)၊ ပဋိဇာနာတိ၊
အရဟတ္တေ သဏ္ဌာတီတိ၊ ဟူ၍။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ ဒဿနမဂ္ဂေန၊ သစ္စာ ၄ပါးကို ရှေးဦးစွာ သိမြင်တတ်သော သောတာပတ္တိမဂ်သည်။ ဥဒ္ဓမ္ဘာဂိယာနံ၊ အထက်ဗြဟ္မာဘုံ၌ ကပ်ရောက်ခြင်း အစရှိသောသံယောဇဉ် တို့ကို။ ပဟာနာဘာဝတော၊ ပယ်ခြင်း၏ မရှိခြင်းကြောင့်။ (ပရဝါဒီ)၊ ပဋိက္ခိပတိ၊
အပုဗ္ဗံ အစရိမံ တယော မဂ္ဂေ ဘာဝေတီတိ၊ ဟူ၍။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ တထာရူပါယ၊ သော။ (ထိုသို့မဂ် ၃-ပါးကို ဖြစ်စေနိုင်ခြင်း သဘောရှိသော။) ဘာဝနာယ၊ ဝိပဿနာ ဘာဝနာ၏။ အဘာဝါ၊ ကြောင့်။ (ပရဝါဒီ)၊ ပဋိက္ခိပတိ၊

ပုန၊ တဖန်။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ တိဏ္ဏံ၊ ကုန်သော။ မဂ္ဂါနံ၊ အောက်မဂ်တို့၏။ ကိစ္စသဗ္ဘာဝံ၊ ကိလေသာတို့ကို ပယ်ခြင်းကိစ္စ၏ ထင်ရှားရှိသည်၏အဖြစ်ကို။

၁။ ဈာနာနာဂါမိတံ။ ။ဈာန်ရသော ပုဂ္ဂိုလ်သည် ကာမရာဂဗျာပါဒဟူသော နီဝရဏတို့ကို ပယ်ပြီးဖြစ်၏။ ထို့ကြောင့် “ပုထုဇ္ဇနော ကာမေသု ဝီတရာဂေါ”ဟု ပါဠိတော်၌ ဟောတော်မူသည်။ ထို ပုထုဇဉ်သည် တရားထူးရသောအခါ သောတာ ပန် သကဒါဂါမ် ဖြစ်နေဘွယ်မလို။ အနာဂါမိဖိုလ်၌ တခါတည်း တည်တော့၏-ဟု ဆိုသည်။ ထို့ကြောင့် "အနာဂါမိဖလေ သဏ္ဌာတိ"ဟု မေးသောအခါ "အာမန္တာ"ဟု ဝန်ခံသည်။

၂။ တိဏ္ဏံ ။ ပေ ။ သဗ္ဘာဝံ။ ။ အပုဗ္ဗံ အစရိမံ (တပြိုင်နက်) တယော မဂ္ဂေ တာဝေတိ-ဖြစ်စေနိုင်သလော”ဟု ပဌမ မေးတုန်းက ထိုသို့ ဖြစ်စေနိုင်သော ဘာဝနာမရှိသောကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်၏။ ဒုတိယထပ်၍ မေးသော အခါ အနာဂါမိမဂ် တပါးတည်း ဖြစ်သော်လည်း သောတာပတ္တိမဂ် သကဒါဂါမိမဂ် နှင့် မိမိပြုထိုက်သော ကိလေသာပယ်ခြင်း ကိစ္စကို အနာဂါမိမဂ်က ပြီးစေခြင်း၏ ထင်ရှားရှိသောကြောင့် “အာမန္တာ”ဟု ဝန်ခံသည်။

၃။ ကိစ္စသဗ္ဘာဝံ။ ။ကိစ္စဿ-ကိလေသာကို ပယ်ခြင်းကိစ္စ၏+သ‌ဗ္ဘာဝေါ-ထင် ရှား ရှိသည်၏ အဖြစ်။ သက္ကာယ ဒိဋ္ဌိစသော ၃-ပါးကို ပယ်ခြင်းသည် သောတာပတ္တိ မဂ်၏ ကိစ္စတည်း။ ထို ကိစ္စကိုလည်း အနာဂါမိမဂ်က ပြီးစေနိုင်၏။ ကာမရာဂ,ဗျာပါဒ တို့ကို နည်းပါးအောင် ပြုခြင်းသည် သကဒါမိမဂ်၏ ကိစ္စတည်း။ထို ကိစ္စကိုလည်းအနာဂါမိမဂ်က ပြီးစေနိုင်၏။ မိမိပြုရမည့် ကာမရာဂ ဗျာပါဒတို့ကို အကြွင်း မရှိ အောင် ပယ်ခြင်းကိုလည်း ပြီးစေနိုင်၏။ ထို့ကြောင့် "တိဏ္ဏံ မဂ္ဂါနံ ကိစ္စသဗ္ဘာဝံ"ဟု ဆိုသည်။

သန္ဓာယ၊ (ပရဝါဒီ)၊ ပဋိဇာနာတိ၊
သာမညဖလပုစ္ဆာသုပိ၊ သမဏ၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်၏ အကျိုးဖိုလ်ကို မေးကြောင်း ပုစ္ဆာတို့ ၌လည်း။ ဧသေဝ နယော၊ ပင်တည်း။
ကတမေန မဂ္ဂေနာတိ၊ ဟူ၍။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ အနာဂါမိမဂ္ဂေနာတိ၊ ဟူ၍။ ဈာနာနာဂါမိတံ၊ အဖြစ်ကို။ သန္ဓာယ၊ (ပရဝါဒီ)၊ ဝဒတိ၊ ဖြေဆို၏။
ပုန၊ တဖန်။ သံယောဇနပ္ပဟာနံ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာသီလဗ္ဗတပရာမာသဟူသော သံယောဇဉ်တို့ကို ပယ်ခြင်းကို။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ အနာဂါမိမဂ္ဂေန၊ သည်။ တိဏ္ဏံ၊ ကုန်သော။ တေသံကိလေသာနံ၊ ထိုကိလေသာတို့၏။ ဝါ၊ တို့ကို။ အပ္ပဟေယျတ္တာ၊ မပယ်ထိုက်ကုန်သည်၏ အဖြစ်ကြောင့်။ (ပရဝါဒီ)၊ ပဋိက္ခိပတိ၊

ဒုတိယံ၊ ၂-ကြိမ်မြောက်။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ ပဌမမဂ္ဂဿေဝ၊ သောတာပတ္တိမဂ်၏ပင်။ ဈာနာနာဂါမိမဂ္ဂဘာဝံ၊ အဖြစ်ကို။ သန္ဓာယ၊ (ပရဝါဒီ)၊ ပဋိဇာနာတိ၊

[ဤ၌ "ဒုတိယံ ပုဋ္ဌော" အရ ပြဿနာသည် ပါဠိတော်၌ သုတ္တာဟရဏကထာဝယ် ပါဝင်သော ဒုတိယ ပြဿနာတည်း။]

ဧတ္ထ၊ ဤဇဟတိကထာ၌။ သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ ဥတ္တာနတ္ထမေဝ၊ သည်သာ။ ဣတိ၊ အပြီးတည်း။

ဟေတိ ကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။

၁။ ကတမေန ပဇ္ဇေန။ “ပုထုဇ္ဇနော ကာမေသု ဝီတရာဂေါ(ဈာန်ရပုထုဇဉ် သည်)သဟဓမ္မာဘိလမယာ (သစ္စာလေးပါးကို သိသည်နှင့်တပြိုင်နက်)အနာဂါမိ ဖလေ သဏ္ဌာတိ-လော”ဟု မေးသောအခါ “အာမန္တာ”ဟု ပရဝါဒီဝန်ခံ၏။ ထို့ နောက်"အဘယ် မဂ်ကြောင့် တည်သနည်း”ဟု မေးသောအခါ“ အနာဂါမိ မဂ် ကြောင့်”ဟု ဖြေသည်။

၂။ ပုန သံယောဇနပ္ပဟာနံ။ ။“အနာဂါမိမဂ်က သက္ကာယဒိဋ္ဌိ စသော သံယောဇဉ်သုံးပါးကို ပယ်သလော”ဟု မေးသောအခါ ထို သုံးပါးသည် အနာဂါမိ မဂ် ပယ်ထိုက်သော သံယောဇဉ်များ မဟုတ်။ ထို့ကြောင့် "န ဟေဝံ ဝတ္တဗ္ဗေ”ဟု ဖြေသည်။

၃။ ဒုတိယံ ပုဠော ။ ပေ ။ ပဋိဇာနာတိ။ ။သုတ္တာဟရဏ ကထာ အတွင်းရောက်မှ “အနာဂါမိမဂ္ဂေန သက္ကာယဒိဋ္ဌိ ။ ပေ ။ ပဇဟတိ"ဟု မေးအပ်သည် ကို “ဒုတိယံ ပုဋ္ဌော”ဟု ဆိုသည်။ ထိုသို့ မေးရာ၌ကား ဈာန်ရ အနာဂါမ် ဖြစ်၍ သက္ကာယဒိဋ္ဌိ စသည်တို့ကိုလည်း ပယ်နိုင်၏- ဟု ယူဆသောကြောင့် “အာမန္တာ”ဟု ဝန်ခံသည်။