Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

8. Patirūpakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၉၁၅-၉၁၆၊
ဣဒါနိ ရာဂဟိရူပကထာနာမ ဟောတိ၊

တတ္ထ၊ ၌။ မေတ္တာကရုဏာမုဒိတာယော၊ မေတ္တာ, ကရုဏာ,မုဒိတာတို့ကို။ သန္ဓာယ၊ နရာဂေါ၊ ရာဂမဟုတ်‌လော။ ရာဂပတိရူပကော၊ ရာဂ၏ တူသော သဘောရှိသော တရားသည်။ (ရာဂ၏ အတုဖြစ်သော တရားသည်။ အတ္ထိ၊ ရှိသေး၏။) ဣတိစ၊ ဤသို့၎င်း။ (လဒ္ဓိ၊ ၌စပ်။) ဣဿာမစ္ဆရိယကုက္ကုစ္စာနိ၊ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့ကို။ သန္ဓာယ၊ နဒေါသော၊ ဒေါသမဟုတ်သော။ ဒေါသပတိရူပကော၊ ဒေါသ၏ တူသော သဘောရှိသော တရားသည်။ (ဒေါသ၏ အတုဖြစ်သော တရားသည်။ အတ္ထိ၊ ) ဣတိစ၊ ၎င်း။ ဟသိတုပ္ပါဒံ၊ ဟသိတုပ္ပါဒ်ကို။ သန္ဓာယ၊ နမောဟော၊ မောဟ မဟုတ်သော။ မောဟပတိရူပကော၊ မောဟ၏ တူသော သဘောရှိသော တရားသည်။ (မောဟ၏ အတုဖြစ်သော တရားသည်။ အတ္ထိ၊ ) ဣတိစ၊ ၎င်း။ ဒုမ္မင်္ကူနံ၊ ခဲယဉ်းသဖြင့်အရှိန်အစော်မဲ့သူတို့၏ အဖြစ်သို့ ရောက်အပ်ကုန်သော။ ပုဂ္ဂလာနံ၊ တို့ကို။ နိဂ္ဂဟံ၊ နှိပ်ခြင်းကို၎င်း။ ပေသလာနံ၊ သီလကို ချစ်မြတ်နိုးကုန်သော။ ဘိက္ခူနံ၊ တို့ကို။ အနုဂ္ဂဟံ၊ ချီးမြှောက်ခြင်းကို၎င်း။ ပါပဂရဟိတံ၊ မကောင်းမှုကို ကဲ့ရဲ့ခြင်း ရှိသူ၏အဖြစ်ကို၎င်း။ ကလျာဏပသံသံ၊ ကောင်းမှုကို ချီးမွမ်းခြင်းကို၎င်း။ အာယသ္မတော ပိလိန္ဒဝစ္ဆဿ၊ အရှင်ပိလိန္ဒဝစ္ဆ၏။ ဝသလဝါဒံ၊ ညံ့သော အကောင်ဟု ပြောဆိုကြောင်းစကားကို၎င်း။

၁။ မေတ္တာ ။ပေ။ သန္ဓာယ။ ။"မေတ္တာကရုဏာမုဒိတာတို့ကို ရည်ရွယ်၍ ဟူရာဝယ် “မေတ္တာ ကရုဏာ, မုဒိတာတို့ကဲ့သို့”ဟု အဓိပ္ပါယ်မှတ်ပါ။ ထို့ကြောင့် ဋီကာ၌ “မေတ္တာဒယော သန္တာယ မေတ္တာဒယော ဝိယ”ဟု ဖွင့်သည်။

ဆိုလိုရင်းကား-မေတ္တာ ကရုဏာ, မုဒိတာသည် သတ္တဝါတို့အပေါ်၌ စေးကပ် ခြင်း သဘောရှိကြသော်လည်း ရာဂကဲ့သို့ တပ်မက်ခြင်း-ညစ်ညမ်းခြင်း သဘော မရှိရ ကား ရာဂ မဟုတ်ကြသကဲ့သို့ ထို့အတူ ရာဂ မဟုတ်သော ရာဂအတုတရား တမျိုး ရှိသေး၏-ဟု ပရဝါဒီတို့က ယူဆကြ၏။ ထို ရာဂအတု ဟူသည် မေတ္တာ, ကရုဏာ, မုဒိတာ မဟုတ်သေး။ ရာဂ တမျိုးပင်တည်း။ ထို့ကြောင့် "အတ္ထိ န ရာဂေါ ရာဂပတိ ရူပကော”ဟု သကဝါဒီ မေးသည်။

ဘဂဝတာ၊ ၏။ ခေဠာသကဝါဒံ၊ အရှင်ဒေဝဒတ်ကို တံတွေးစားဟု ပြောဆိုကြောင်း စကားတော်ကို၎င်း။ မောဃပုရိသဝါဒဉ္စ၊ အလကား ယောကျ်ားဟု‌ ပြောဆိုကြောင်းစကားတော်ကို၎င်း။ သန္ဓာယ၊ န ကိလေသော၊ ကိလေသာ မဟုတ်သော။ ကိလေသပတိရူပကော၊ ကိလေသာ၏ တူသော သဘောရှိသော တရားသည်။ (ကိလေသာ၏ အတုဖြစ်သော တရားသည်။ အတ္ထိ၊ ) ဣတိစ၊ ၎င်း။ ယေသံ လဒ္ဓိ၊
ပေ၊ ဣတရဿ၊
အထနံ၊ ယသ္မာ၊ ဖဿာဒိပတိရူပကာ၊ ဖဿအစရှိသော တရားတို့၏ အတုဖြစ်ကုန်သော။ န ဖဿာဒယောနာမ၊ ဖဿ အစရှိသည် မဟုတ်သောတရားတို့မည်သည်။ နတ္ထိ၊ ကုန်။ တသ္မာ၊ ရာဂါဒိပတိရူပကာ၊ ကုန်သော။ န ရာဂါဒယောပိ၊ ရာဂ အစရှိသည် မဟုတ်သော တရားတို့မည်သည်လည်း။ နတ္ထိ၊ ကုန်။ ဣတိ စောဒေတုံ၊ အတ္ထိ န ဖဿောတိအာဒိံ အာဟ၊
ဣ‌တရော၊ သည်။ တေသံ၊ ထိုဖဿ အစရှိသည်တို့၏ အတုဖြစ်သော တရားတို့၏။ အဘာဝါ ပဋိက္ခိပတိ၊
သဗ္ဗတ္ထ၊ အလုံးစုံသော ပြဿနာတို့၌။ သေသံ ဥတ္တာနတ္ထမေဝ၊ ဣတိ၊ အပြီးတည်း။
ပတိရူပကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )