**၁။ အယုတ္တဝါဒီဘာဝဒီပနတ္ထံ**။ ။ပါဋ္ဌိတော်၌ “လောကုတ္တရေ သောတေ ပဋိဟညတိ၊ လောကုတ္တရာ သောတပသာဒ၌ ထိခိုက်သလော ။ ပေ။ သာဝကာ ပဋိဝိဇာနန္တိ၊ အရိယာသာဝကတို့သာ သိနိုင်ကြသလော"ဟု ဆက်ကာ ဆက်ကာမေး၏။ ထို အမေးစကားတို့ကို (“ဗုဒ္ဓ၏ ဝေါဟာရစကား သဒ္ဒရုပ် အသံတော်သည် လောကုတ္တရာ ဖြစ်၏”ဟူသော ပရဝါဒီ၏အယူကို) မသင့်ဟု ပြခြင်းငှါ သကဝါဒီ ဆိုအပ်ကုန်ပြီ။
(အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန)၊
ဝုတ္တာနိ၊ ဣတရထာ၊ ဤလောကိယေနေဝ ဟူသောအဝဓာရဏအနက်မှ တပါး အဝဓာရဏ-မပါသော အခြင်းအရာအားဖြင့်။
၁။ ဟဉ္စိ ။ ပေ ။ ပဋိဟညတိ။ ။ဤပါဠိတော် အနက်ကို ပြောင်းပြန် ပြန် လိုက်လျှင် “ဗုဒ္ဓ၏ အခေါ်အဝေါ် ဖြစ်သော ဝေါဟာရသဒ္ဓသည် လောကုတ္တရာ သောတ၌ အကယ်၍ ထိခိုက်လျှင် ထို ဝေါဟာရ သဒ္ဒလည်း လောကုတ္တရာ ဖြစ်စရာ ရှိ၏”ဟု အဓိပ္ပါယ်ထွက်နေ၏။ ထို့ကြောင့် ထို အဓိပ္ပါယ် အနက်ကို မယူရ-ဟု တား မြစ်သည်။ ထိုသို့ အဓိပ္ပါယ်မယူရလျှင် အဘယ်သို့ ယူရမည်နည်းဟု မေးဘွယ်ရှိသော ကြောင့် "လောကိယေ ။ ပေ ။ အယမေတ္တာဓိပ္ပါယော"ဟု မိန့်သည်။ "လောကီ သောတ၌ ထိခိုက်သော ဝေါဟာရသဒ္ဒသည် လောကုတ္တရာ မဖြစ်နိူင်”ဟု အဓိပ္ပါယ် ယူပါ-ဟူလို။
၂။ လောကိယေ နေဝါတိ အတ္ထော။ ။ပါဠိတော်ဝယ်"နနုဗုဒ္ဓဿ ဘဂဝ တော ဝေါဟာရံ (ခေါ်ဝေါ်ပြောဟောကြောင်း အသံတော်ကို။) လောကိယေန ဝိညာဏေန ပဋိဇာနန္တိ (သိကြသည်မဟုတ်လော)”ဟု မေးရာ၌ "လောကိယေန” ဝယ် "သဗ္ဗံပဒံသာဝသာဓာရဏံ”နှင့်အညီ ဧဝ သဒ္ဒါထည့်၍ အဓိပ္ပါယ် မှတ်ပါ။ဘာ ကြောင့်နည်း။ဧဝ မပါလျှင်ဗုဒ္ဓ၏ဝေါဟာရ တရားသံကို လောကီဖြစ်သော သောတဝိညာဉ်ဖြင့် သိခြင်း၏ ဧကန်မဟုတ်ရာ ရောက်၍ လောကုတ္တရာဖြင့် သိခြင်း ကိုလည်း ခွင့်ပြုရာ ရောက်သောကြောင့်တည်း။“တရားသံ သဒ္ဒ ကို လောကီဖြစ်သော သောတ ဝိညာဉ်ဖြင့် သိခြင်းမှာ ဧကန်ဖြစ်သည်-ဟူလို။
(အတ္ထေ၊ ကို။ ဂယုမာနေ၊ ယူအပ်သော်။) အနေကန္တတာ၊ ဧကန်မဟုတ်သည်၏ အဖြစ်သည်။ သိယာ၊ဝေါဟာရကထာဝဏ္ဏနာ၊ သည်။
(နိဋ္ဌိတာ)၊
၁။ လောကုတ္တရံ ဟိ ။ ပေ။ ဉာယတိ။ ။လောကုတ္တရာ ဖြစ်သော မဂ် ဖိုလ်,နိဗ္ဗာန်ကို လောကိယေနာပိ ဉာဏေန ဉာယတိ-လောကီပစ္စဝေက္ခဏာဉာဏ်ဖြင့် လည်း သိအပ်၏။လောကိယေနာပိ ၌ အပိ-ဖြင့် "နိဗ္ဗာန် ဟူသော လောကုတ္တရာကို မဂ်, ဖိုလ် လောကုတ္တရာဉာဏ်ဖြင့်လည်း သိအပ်၏”ဟု ဆည်းသည်။ဤသို့ ထိုက်သည့် အားလျော်စွာ သိထိုက်သည်။
၂။ အယမ္ပိ ဧကာ လဒ္ဓိ။ ။ပါဠိတော်ဝယ် "လဗ္ဘာ ဧဠဏ္ဍိယာယ လဋ္ဌိယာ ဓညပုဉ္စောပိ သုဝဏ္ဏပုဉ္စောပိ အာစိက္ခိတုန္တိ အာမန္တာ၊ ကြက်ဆူရိုးဖြင့် လုပ်အပ်သောဒုတ်ဖြင့် စပါးပုံကိုလည်း ညွှန်ပြနိူင်, ရွှေပုံကိုလည်း ညွှန်ပြနိုင်သည် မဟုတ်လော” ဟူသော အယူသည် ရှေ့၌ ပြအပ်သော အယူမှ တပါးသော ပရဝါဒီ၏ အယူတည်း။ ထို့ကြောင့် "အယမ္ပိ ဧကာ လဒ္ဓိ”ဟု ဆိုသည်။ [ကြက်ဆူရိုးသည် လောကီ သဒ္ဒနှင့်တူသည်။ စပါးပုံသည် ထို သဒ္ဒဖြင့် ဟောကြား ညွှန်ပြအပ်သော လောကီတရားနှင့် တူ၏။ ရွှေပုံသည် ထို လောကီ သဒ္ဒ ဖြင့် ညွှန်ပြအပ်သော လောတုတ္တရာ တရားနှင့်တူ၏။ ပရဝါဒီ၏ ရွှေဒုတ်သည် လောကုတ္တရာ သဒ္ဒ နှင့်တူ၏"ဟု မှတ်ပါ။ စပါးပုံနှင့် ရွှေပုံ ကားရှေ့အတိုင်းပင်။]