**၁။ သောဠသဟိ**။ မဂ်တပါးဖြင့် ဒုက္ခသစ္စာကို မြင်ခြင်း, သမုဒယ သစ္စာကို မြင်ခြင်း, နိရောဓသစ္စာကို မြင်ခြင်း, မဂ္ဂသစ္စာကို မြင်ခြင်းအားဖြင့် ကိလေသာတို့ကို လေးကြိမ် ပယ်ရသောကြောင့် မဂ် ၄-ပါးအတွက် "သောဠသဟိ ကောဋ္ဌာသေဟိ အနုပုဗ္ဗေန ကိလေသပ္ပဟာနံ ကတွာ”ဟု ဆိုသည်။ ထို့ကြောင့်ပင် “အနုပုဗ္ဗ- အစဉ် အတိုင်း အဘိသမယ- သစ္စာ ၄-ပါးကို ထိုးထွင်း၍ သိခြင်း” အယူဖြစ်သည်။
အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။
ကိလေသပ္ပဟာနံ၊ ကိလေသာတို့ကို ပယ်ခြင်းကို။
ကတွာ၊ ၍။
အရဟတ္တပဋိလာဘော၊ အရဟတ္တဖိုလ်ရခြင်းသည်။
ဟောတိ၊
ဣတိ ဧဝရူပါ၊ ဤသို့ သဘောရှိသော။
နာနာဘိသမယလဒ္ဓိ၊ အထူးထူးသော ထိုးထွင်း၍ သိ၏ဟု ပြောဆိုကြောင်း အယူသည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။ဝါ၊ တနည်း။ စတ္တာရိပိ၊ လေးပါးလည်းဖြစ်ကုန်သော။ တာနိ ဉာဏာနိ၊ ထိုဒုက္ခ ဒဿန အစရှိသော ဉာဏ်တို့သည်။ ဧကော၊ သော။ သောတာပတ္တိမဂ္ဂေါယေဝ၊ သောတာပတ္တိမဂ်ချည်းသာတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပဋိဇာနာတိ၊
[အကြိမ်များ သော်လည်းသောတာပတ္တိမဂ်တပါးပင် ဖြစ်သောကြောင့် ဝန်ခံသည်။] ပန၊ ကား။ ဖလံ၊ ဖိုလ်ကို။ ဧကမေဝ၊ တပါးတည်းကိုသာ။ ဣစ္ဆတိ၊ တသ္မာ၊ ကြောင့်။ ပဋိက္ခိပတိ၊
["အနုပုဗ္ဗေန သောတာပတ္တိဖလံ သစ္ဆိကရောတိ" ဟုမေးသော အခါ "နဟေဝံ ဝတ္တဗ္ဗေ"ဟုပယ်သည်။]
၃၄၄။ မဂ္ဂေ။ ပေ။ ဌိတောတိ ပဉှေ၊ အစရှိသော ပြဿာနာ၌။ ယသ္မာ၊ ကြောင့်။ ဒုက္ခဒဿနာဒီဟိ၊ ဒုက္ခ သစ္စာကို မြင်ခြင်း အစရှိသည် တို့ဖြင့်။ ဒဿနံ၊ မြင်ခြင်းကိစ္စသည်။ အပရိနိဋ္ဌိတံ၊ မပြီးဆုံးသေး။ မဂ္ဂဒဿနေန၊ မဂ်ကို မြင်ခြင်းအားဖြင့်။ ပရိနိဋ္ဌိတံနာမ၊ ပြီးဆုံးသည်မည်သည်။ ဟောတိ၊
[ဒုက္ခဒဿန သမုဒယဒဿန နိရောဓဒဿန တို့ပြီးမှ မဂ္ဂဒဿန ဖြစ်၏။ ထို့ကြောင့် "မဂ္ဂဒဿနေန ပရိနိဋ္ဌိတံနာမ"ဟုဆိုသည်။]
တဒါ၊ မြင်ခြင်း ကိစ္စပြီးစီးရာ ထိုအခါ၌။
သော၊ ထိုပုဂ္ဂိုလ်သည်။
ဖလေ၊ သောတာပတ္တိဖိုလ်၌။
ဌိတော၊ တည်ပြီ။
ဣတိ၊ သို့။
သင်္ခံ၊ ခေါ်ဝေါ် အပ်သည်၏ အဖြစ်ကြောင့်။
ဂစ္ဆာတိ၊ တသ္မာ ပဋိဇာနာတိ၊
**၁။ တာနိဝါ။ ပေ။ မဂ္ဂေါ ယေဝါတိ**။ ။ဒုက္ခ သစ္စာကို သိမြင်တတ်သောဉာဏ်, သမုဒယသစ္စာကို, နိရောဓသစ္စာကို, မဂ္ဂသစ္စာကို သိမြင်တတ်သော ဉာဏ် အားဖြင့် ဉာဏ်လေးပါးပြားသော်လည်း မဂ်ကား သောတာပတ္တိမဂ် တပါးသာ ဖြစ် သောကြောင့် “အနုပုဗ္ဗေန သောတာပတ္တိမဂ္ဂံ ဘာဝေတိ-လော”ဟု ဒုတိယမေးသော အခါ “အာမန္တာ”ဟု ဝန်ခံသည်။ ဆိုလိုရင်းကား-သစ္စာ ၄-ပါးကို ၄-ကြိမ် သိရ သော်လည်း မဂ်မများတော့။ သောတာပတ္တိမဂ်တပါးသာ ဖြစ်သည် ဟူလို။
ဒွါဒသဟိ ဉာဏေဟီတိ၊ ကား။
၁။ ဧကာဘိသမယဝသေန။ ။ သစ္စာ ၄-ပါးကို အဘယ်နည်းဖြင့် တကြိမ် တည်း ထိုးထွင်း၍ သိသနည်းဟု မေးဘွယ်ရှိ၏။ မဂ်ခဏ၌ နိရောဓ သစ္စာကို အာရုံပြု သောအားဖြင့် ထိုးထွင်း၍သိ၏။ ကြွင်းသစ္စာ ၃-ပါးကို “အသမ္မောဟ ပဋိဝေဓ (တွေ ဝေခြင်းမရှိပဲ နားလည်ပြီး ဖြစ်သောအားဖြင့်)” ထိုးထွင်း၍ သိ၏။ ဤသို့ အားဖြင့် သစ္စာ ၄-ပါးကို တကြိမ်တည်းဖြင့် သိနိုင်ပါသည်။ "အသမ္မောဟ ပဋိဝေဓ” ဟူသည် ရုပ်နာမ် ခန္ဓာကို ဒုက္ခဟု နားလည်ခြင်း ဇာတိ စသည်ကို ဒုက္ခဟု နားလည်ခြင်းသည် မတွေမဝေ သိခြင်း ဟူသော “အသမ္မောဟ ပဋိဝေဓ"တည်း။ သမုဒယသစ္စာ စသည် ကိုလည်း ဤ နည်းအတိုင်း မှတ်ပါ။
၂။ ပဋိသမ္ဘိဒါဥာဏေဟိ စ။ ။"အဋ္ဌ ဥာဏေဟိ သောတာပတ္တိဖလံ သစ္ဆိကရောတိ-လော” ဟူသော ပြဿနာကို “အာမန္တာ''ဟု ပရဝါဒီဝန်ခံ၏။ ထို အဋ္ဌဟိ ဉာဏေဟိ အရဝယ် သစ္စာ ၄-ပါးကို သိသော ဥာဏ် ၄-ပါး ပဋိသမ္ဘိဒါ ဉာဏ် ၄-ပါးကို အဋ္ဌကထာဆရာ သရုပ်ဖော်ရာ၌ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်သည် သဒ္ဒါကို အာရုံပြု၏။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လည်း အတ္ထ, ဓမ္မ နိရုတ္တိတို့ကို အာရုံပြု၏။ ထို့ကြောင့် ထို ဉာဏ်တို့ဖြင့် သောတာပတ္တိဖိုလ်ကို အဘယ်မှာ မျက်မှောက်ပြုနိုင် အံ့နည်း”ဟု ဆိုသည်။ ထို့ကြောင့် "ထို စကားကို စိစစ်ထိုက်သည်”ဟု ဋီကာဆိုသည်။ [အနုဋီကာအဆိုကို ဋီကာအဓိပ္ပါယ်၌ ပြထား၏။]
ဒွါဒသင်္ဂပဋိစ္စသမုပ္ပါဒဉာဏေဟိ၊ တဆယ့်နှစ်ပါးသောအင်္ဂါရှိသော ပဋိစ္စသမုပ္ပါဒဉာဏ်တို့ဖြင့်။ (သောတာပတ္တိဖလံ သစ္ဆိကရောတိ)၊