အထ၊ ဝန်ခံရာ ထိုအခါ၌။
နံ၊ ထိုပရဝါဒီကို။
ဒေယျဓမ္မဝသေန၊ ပေးလှူထိုက်သော သဘောရှိသော ပစ္စည်း၏အဖြစ်ဖြင့်။
စောဒေတုံ၊ ငှာ။
လဗ္ဘာတိ၊ လဗ္ဘာ အစရှိသော။
ပုစ္ဆာ သကဝါဒိဿ။ အန္နာဒီနိ ဝိယ၊ စားဖွယ် အစရှိသော လှူဖွယ်ဝတ္ထုတို့ကဲ့သို့။
**၁။ ဒေယျဓမ္မ။ ပေ။ စောဒေတုံ**။ ။ "ဒါနဟူသည် စေတသိက်သာတည်း"ဟု ပရဝါဒီ အယူရှိ၏။ ထိုစေတသိကဒါနကို သူတပါးအား ဒေယျဓမ္မ(အလှူပစ္စည်း) အဖြစ်ဖြင့် လှူခြင်းငှာ ရကောင်းပါသလား"ဟု စောဒနာခြင်းငှာ" လဗ္ဘာ စေတသိကော ဓမ္မော ပရေသံ ဒါတုံ"ဟူသော ဒုတိယပြဿနာကို သကဝါဒီ ဆိုသည်။
သော၊ ထို စေတသိက်သည်။ ဒါတုံ၊ ငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ကြောင့်။ ပဋိက္ခေပေါ ဣတရဿ၊
ဟိ၊ မှန်။
တနည်း၊
(ကသ္မာ အနိဋ္ဌဖလန္တိအာဒိ အစေတသိကဿဓမ္မဿ ဒါနဘာဝ ဒီပနတ္ထံ န ဝုတ္တံ၊ နည်း။)
ဟိ(ယသ္မာ)၊ ကြောင့်။
အစေတသိကော၊ စေတသိက မဟုတ်သော။
အန္နာဒိဓမ္မော၊ အန္နအစရှိသောဒေယျဓမ္မသည်။
အာယတိံ၊ နောင်အခါ၌။
ဝိပါကံ၊ အကျိုးကို။
နဒေတိ၊ မပေး။
၁။ အနိဋ္ဌဖလန္တိ အာဒိ။ ။ပါဠိတော်၌ “ဒါနံ အနိဋ္ဌဖလံ ။ပေ။ ဒုက္ခဝိပါကန္တိ”ဟူသော ပရဝါဒီ၏ ဒုတိယပြဿနာကို “အနိဋ္ဌဖလန္တိအာဒိ” ဟု ဆိုသည်။ ထို အာဒိဖြင့် ဒုက္ခဝိပါကံတိုင်အောင် ယူပါ။ ထို စကားရပ်သည် စေတသိက် မဟုတ်သော အန္နာဒိဓမ္မကို ရည်ရွယ်၍ ဆိုအပ်သော စကားရပ်တည်း။ မှန်၏-အန္နစသော လှူဖွယ်ဝတ္ထုသည် တရံတခါ လူမမာအား ဆေးခါးကြီးကို ပေးရသကဲ့သို့ အနိဋ္ဌဖြစ်သော ဒါနဝတ္ထုလည်း ရှိ၏။ ထို အနိဋ္ဌ ဖြစ်သော ဒါနဝတ္ထုသည် အနိဋ္ဌဖြစ်သော အကျိုးကို ပေးသလော ဟူသော ပြဿနာကို ပရဝါဒီက ဆိုသကဲ့သို့ အရှင်မောဂ္ဂလိပုတ္တတိဿထေရ် မိန့်တော်မူသည်။
၂။ ဒါနဘာဝဒီပနတ္ထံ ။ပေ။ န ဝုတ္တံ။ ။စာအုပ်တို့၌ နသဒ္ဒါမပါသော်လည်း ဋီကာ၌ “န ဝုတ္တံ'ဟု န သဒ္ဒါပါ၏။ ရှေး အဋ္ဌကထာနိဿယ၌လည်း “န ဝုတ္တံ”ဟု န သဒ္ဒါ ပါသည်။ ဤသို့ န သဒ္ဒါ ပါမှလည်း ဗျတိရေကဝါကျဖြစ်၍ “ဣဋ္ဌဖလဘာဝနိယမနတ္တံ ပနေတံ ဝုတ္တ”ဟူသော အနွယဝါကျနှင့် အမြီးအမောက် တည့်သည်။ ဒါနဘာဝဒီပနတ္ထံကို ဋီကာ၌ “ဖလဒါနဘာဝဒီပနတ္ထံ”ဟု၎င်း, အနူဋီကာ၌ “ဖလဒါနသဗ္ဘာဝဒီပနတ္ထံ”ဟု၎င်း ဖွင့်၏၊ ထို အဖွင့်အတိုင်း နိဿယ၌ အနက်ပေးရသည်။ ဆိုလိုရင်းကား-အနိဋ္ဌဖလံ စသော စကားကို စေတသိက် မဟုတ်သော အန္နာဒိဓမ္မ၏ ဖလဒါနသဘောရှိသည်၏ အဖြစ်ကို ပြခြင်းငှါ ဆိုအပ်သည်မဟုတ်ပါဟူလို။ မည်သည့်အကျိုးငှါ ဆိုအပ်ကြောင်းကို အနွယဝါကျဖြင့် ပြလိမ့်မည်။
၃။ န ဟိ ။ပေ။ ဝိပါကံ ဒေတိ။ ။ဤဝါကျသည် ရှေးဝါကျ၏ ဒဠှီကရဏ ဝါကျတည်း။ တနည်း-ရှေး ဝါကျ၏ ဟေတု ဝါကျတည်း၊ စေတသိက် မဟုတ်သောအန္နာဒိဓမ္မသည် နောင်အခါ၌ အကျိုးကို တိုက်ရိုက်မပေးနိုင်။ ထိုကြောင့် အနိဋ္ဌဖလံစသောစကားကို အစေတသိကအန္နာဒိဓမ္မ၏ ဖလဒါနသဘောရှိသည်၏အဖြစ်ကို ပြခြင်းငှာဆိုအပ်သည် မဟုတ်ပါ-ဟူလို။
(တသ္မာ အနိဋ္ဌဖလန္တိအာဒိ ။ ပေ ။ န ဝုတ္တံ။) ပန၊ အဟုတ်ကား။ ဣဋ္ဌဖလဘာဝနိယမနတ္ထံ၊ ဣဋ္ဌ အကျိုးရှိသည်၏ အဖြစ်ကိုအမြဲသတ်မှတ်ခြင်းအကျိုးငှါ။ ဧတံ၊ ဤ အနိဋ္ဌဖလံအစရှိသော စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊**၁။ ဣဋ္ဌဖလ။ ပေ။ ဝုတ္တံ**။ ။ဤ ဝါကျကား "န ဝုတ္တံ" ဟူသောရှေ့ဗျတိရေက ဝါကျ၏ အနွယ ဝါကျတည်း။ အနိဋ္ဌဖလံ အစရှိသော စကားကို ဖလဒါန သဗ္ဘာဝဒီပန အကျိုးငှါ ဆိုအပ်သည် မဟုတ်လျှင် အဘယ်အကျိုးငှါ ဆိုအပ်ပါ သနည်းဟု မေးဖွယ်ရှိသောကြောင့် “ဣဋ္ဌဖလံ ။ပေ။ ဝုတ္တံ”ဟု မိန့်သည်။ ဆိုလိုရင်း ကား-အနိဋ္ဌဖလံ အစရှိသော စကားကို စေတသိက် မဟုတ်သော အန္နာဒိဓမ္မသည် ဆေးခါးကြီး စသည်ကဲ့သို့ အနိဋ္ဌဝတ္ထု ဖြစ်ပါသော်လည်း “အကျိုးပေးသောအခါ၌ကား ဣဋ္ဌဖြစ်သော အကျိုးကိုသာ အမြဲပေးရသည်”ဟု သတ်မှတ်၍ ပြခြင်းအကျိုးငှါ ဆိုအပ်သည်- ဟူလို။ ဤ အဓိပ္ပါယ်ကို "ယသ္မာ ပနေတ္ထ။ ပေ ။ ဣဋ္ဌဖလမေဝ ဟောတီတိ”ဟု ပြလိမ့်မည်။
သကဝါဒီ၊ သည်။
ဣတရေန၊ ဆိုအပ်ပြီးသော အကြောင်းမှတပါးသော။
ပရိယာယေန၊ အကြောင်းဖြင့် (“ဒီယျတီတိ ဒါနံ” ဟူသော ကမ္မသာဓန အကြောင်းအားဖြင့်။)
ဒေယျဓမ္မဿ၊ ပေးလှူထိုက်သော သဘောရှိသော ပစ္စည်း၏။
ဒါနဘာဝံ၊ ဒါန၏အဖြစ်ကို။
သာဓေတုံ၊ ငှါ။
ဒါနံ ။ပေ။ ဘဂဝတာတိအာဒိံ၊ အစရှိသောစကားကို။
အာဟ၊ ပြီ။