တတ္ထ၊ ထိုဧကဒေသံအစရှိသော ပြဿနာ၌။
ဧကဒေသန္တိ၊ ဧကဒေသံ ဟူသော သဒ္ဒါသည်။
ဘာဝနပုံသကံ၊ ကြိယာ၌ စပ်ထိုက်သော နပုံးလိင်ရှိသော သဒ္ဒါတည်း။
["အားဖြင့်"ဟုလည်းပေးနိုင်၏။ "တစိတ်တဖို့ ,တချို့တဝက်"ဟုလည်းပေးနိုင်၏။ ထို့ကြောင့် နောက်၌ "ဧကဒေသေန" ဟု သုံးစွဲလိမ့်မည်။]
၁။ဧဝံ ရာဝဿ ။ ပေ ။ ပဋိက္ခိပတိ။ ။"သဖဿံ စိတ္တံ ဝိမုစ္စတိ ။ ပေ ။ ဥဘော ဝိမုစ္စတီတိ”ဟု မေးရာ၌ ဖဿနှင့် စိတ် ၂-ပါးစုံသည်ပင် ရာဂမှ လွတ်သော ကြောင့် “အာမန္တာ”ဟု ဝန်ခံ၏။ “သရာဂံ ။ ပေ ၊ ရာဂေါ စိတ္တဉ္စ ဥဘော ဝိမုစ္ဆန္တိ ဟု မေးရာ၌ကား စိတ်သည် ရာဂမှ လွတ်သော်လည်း ရာဂ၏ ရာဂမှ လွတ်ခြင်းကို မမြင်သောကြောင့် “န ဟေဝံ ဝတ္ထဗ္ဗေ"ဟု ပယ်သည်။
၂။ ဝိမုစ္စမာနကထာ။ ။"ဝိမုတ္တ"ဟု ဆိုရာ၌ အတိတ်ဟော (တ) ပစ္စည်း ကြောင့် "လွတ်ပြီး”ဟု အနက်မှတ်ရ၏။” "ဝိမုစ္စမာန”ဟု ဆိုရာ၌ကား “မာနပစ္စည်း က ပစ္စုပ္ပန်ဟောဖြစ်သောကြောင့် “လွတ်ဘဲ (လွတ်ခိုက်)”ဟု အနက် မှတ်ရသည်။ ထို ဝိမုစ္စမာနကို မေးဖြေရာ ကထာကို "ပိမုဉ္စမာနကထာ”ဟု ခေါ်သည်။
ဝိမုတ္တံ၊ ကိလေသာတို့မှ လွတ်ပြီးသောစိတ်သည်။ ဧကဒေသေန၊ တစိတ်တဖို့အားဖြင့်။ ဝါ၊ တနည်း။ ဧကဒေသေ၊ တစိတ်တဖို့တချို့၌။ အဝိမုတ္တံ၊ ကိလေသာမှ မလွတ်သေးသည်။ ဟောတိ ယထာ၊ သို့။
[ဧကဒေသေန ဝါ ဟုစာအုပ်တို့၌ ရှိသော်လည်း ဋီကာ၌ ဝါ သဒ္ဒါမရှိ။] ဧဝံ၊ တူ။ ဧကဒေသံ၊ တစိတ်တဖို့ တချို့သောစိတ်သည်။ ဝိမုတ္တံ ကိံ၊ လော။ ဧကဒေသံ၊ သည်။ အဝိမုတ္တံ (ကိံ)၊ လော။ ဣတိ ပုစ္ဆာတိ၊
ဝိမုတ္တံ၊ ကိလေသာတို့မှ လွတ်ပြီးသော စိတ်သည်။ ဝိမုစ္စမာနံ၊ ကိလေသာတို့မှ လွတ်ဆဲသည်။ (ဟောတိ)၊ ဣတိ၊ သို့။ ဝိပ္ပကတဘာဝေန၊ မပြီးသေးသည်၏ အဖြစ်ဖြင့်။
[အပြားအားဖြင့် ပြုအပ်ပြီး မဟုတ်သည်၏ အဖြစ်ဖြင့် ဟု သဒ္ဒတ္ထပေ။] ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏အဖြစ်ကြောင့်။ (ပုစ္ဆာတိ၊ ဣတိ၊ ဤကားအဖြေတည်း။ဟု ပြန်လှည့်စပ်။)
**၁။ ဝိပ္ပကဘာဝေန ဝုတ္တတ္တာ**။ "ပကတ-အပြား အားဖြင့် ပြုအပ်ပြီး၊ ဝိ-မဟုတ်၊” အပြားအားဖြင့် ပြုအပ်ပြီး မဟုတ် (ပြု၍မပြီးသေး)ဟု အဓိပ္ပါယ်ရ၏။ “ဝိမုစ္ဆမာနံ-လွတ်တုန်း, လွတ်ဆဲ”ဟူသော စကားလည်းလွတ်၍ မပြီးသေးဟုအဓိပ္ပါယ် ရ၏။ ဤသို့ ဝိမုစ္စမာနံ”ကို ရည်ရွယ်၍ "ဝိပ္ပကတဘာဝေန ဝုတ္တတ္တာ”ဟု ဆိုသည်။
(ဟောတိ)၊
ဣတိ၊ သို့။
အဿ၊ ထိုပရဝါဒီ၏။
လဒ္ဓိ (ဟောတိ)၊ ပရဝါဒိနာပိ၊ သည်လည်း။ တထာရူပံ၊ သော။ စိတ္တံ၊ ကို။ အပဿန္တေန၊ မမြင်သည်။ (ဟုတွာ)၊ သဗ္ဗံ၊ အလုံးစုံကို။ ပဋိက္ခိတ္တံ၊ အပ်ပြီ။
[အတ္ထိ စိတ္တံ ရဇ္ဇမာနံ, ဒုဿမာနံ ဒုယှမာနံ, ကိလိဿမာနံဟုမေးသောအခါ န ဟေဝံ ဝတ္တဗ္ဗေဟု ပယ်အပ်ပြီ။]