ဆဒ္ဒန္တဇာတကာဒီနိ၊ ဆဒ္ဒန္တဇာတ် အစရှိသည်တို့ကို။
သန္ဓာယ၊ ၍။
ဗောဓိသတ္တော၊ သည်။
ဣဿရိယကာမကာရိတာဟေတု၊ စိတ်ကို အစိုးရသူ၏အဖြစ်ကြောင့် အလိုရှိတိုင်းပြုလေ့ရှိသည်၏ အဖြစ်ကြောင့်။
၁။ ဣဿရိယ ။ပေ။ ဟေတု။ ။ ဣဿရဿ+ဘာဝေါ ဣဿရိယံ-အစိုးရ သူ၏ အဖြစ်"ဟူသည် မိမိစိတ်ကို မိမိအလိုရှိတိုင်း ထားနိုင်ခြင်း ဟူသော စိတ္တိဿရိယ တည်း။ [ဣဿရိယေနာတိ စိတ္တိဿရိယေန၊ "စိတ္တိဿရိယ”ဟု ဆိုသော်လည်း အဏိမာ-သလိမာ စသည်၌လာသော ဝသီဘော်မြောက်သော တန်ခိုးမဟုတ်။ ဆဒ္ဒန် ဆင်မင်းဘဝ၌ မိမိစိတ်ဆန္ဒအတိုင်း အစွယ်ကိုဖြတ်၍ ပေးနိုင်ခြင်းမျိုးတည်း။ ဤသို့ အလိုအတိုင်း ပြုနိုင်ခြင်းကိုပင် “ကာမကာရိတာ”ဟု ဆိုသည်။
မူကွဲ။ ။ “ကာမကာရိကာ”ဟု စာအုပ်တို့၌ ရှိသော်လည်း “ယထာဓိပွေတဿ ကရဏံ" ဋီကာ၌ တာ-ပစ္စည်း၏ ဘာဝ အနက်ကိုပင် “ကရဏံ”ဟု ဘာဝပစ္စည်းဖြင့် ဖွင့်သောကြောင့်၎င်း, အနုဋီကာ၌ "ဣဿရိယကာမကာရိဘာဝနိမိတ္တံ”ဟု တာ ပစ္စည်းအနက်ကို "ဘာဝ”ဟု ဖွင့်သောကြောင့်၎င်း, "ဣဿရိယကာမကရိတာ- ဟေတု"ပါဌ်မှန် ရှိပါစေ။ [ဣဿရိယေန-စိတ်ကို အစိုးရသည်၏ အဖြစ်ကြောင့် (စိတ်ကို အစိုးရသူ၏ ဖြစ်ကြောင်း ဖြစ်ရာ အစိုးရခြင်း ကြိယာအတွက်)+ကာမဿ-မိမိ အလိုရှိအပ်သော အမှုကို(အစွယ်ကို ဖြတ်ခြင်း စသော အမှုကို+ကာရိတာ-ပြုနိုင်သူ၏ အဖြစ်(ပြုနိုင်ခြင်း)ဟူသော+ဟေတု-အကြောင်း။]
ဝိနိပါတံ၊ ဖောက်ဖောက်ပြန်ပြန် ကျရောက်ရာဖြစ်သော တိရစ္ဆာန်ဘဝသို့။ ဂစ္ဆတိ၊ ရောက်ရ၏။ ဂဗ္ဘသေယျံ၊ ကိုယ်ဝန်သူငယ်၏ ကိန်းရာ အမိဝမ်းသို့။ ဩက္ကမတိ၊ သက်ရောက်ရ၏။ ဒုက္ကရကာရိကံ၊ ခဲယဉ်းသဖြင့် ပြုကျင့်အပ်သော အကျင့်ကို ပြုကျင့်မှုကို။ အကာသိ၊ ပြုရပြီ။ အမရန္တပံ၊ မသေကြောင်းဖြစ်သောအကျင့်ကို။ အကာသိ၊ ပြီ။ [အမရန္တပ၏ အဓိပ္ပါယ်ကိုပြခဲ့ပြီ။] အညံ၊ အခြားပုဂ္ဂိုလ်ကို။ သတ္ထာရံ၊ ဆရာဟူ၍။ ဥဒ္ဒိသိ၊ ညွန်ပြပြီ။ ဣတိ ယေသံ၊ ပေ၊ ဣတရဿ၊စ၊ ဆက်။
သော၊ ထိုဘုရားအလောင်းသည်။
၁။ ပဌမကထာယံ စသည်။ ။ “ဝိနိပါတံ ဂစ္ဆတိနှင့်စပ်သော ကထာကို ပဌမကထာဟု၎င်း, "ဂဗ္ဘသေယျံ ဂစ္ဆတိ”နှင့်စပ်သော ကထာကို "ဒုတိယကထာ”ဟု ၎င်း, ဒုက္ကရကာရိကံ အကာသိ"နှင့်စပ်သော ကထာကို "တတိယကထာ”ဟု၎င်း “အမရန္တပံ အကာသိ, အညံ သတ္ထာရံ ဥဒ္ဒိသိ"နှင့်စပ်သော ကထာကို “စတုတ္ထ ကထာ"ဟု၎င်း ဆိုသည်။
၂။ ပဌမပဉှေ။ ပေ။ ပဋိဇာနာတိ။ ။" ဂဗ္ဘသေယျသို့ သက်ရာဝယ် တန်ခိုးဖြင့် သွားသလော”ဟု ပဌမမေးရာ၌ ဘာဝနာကြောင့် ဖြစ်သော အဘိညာဉ် တန်ခိုး မဟုတ်နိူင်သောကြောင့် ပဌမပယ်၍, ဒုတိယပေးရာ၌ ကောင်းမှုတန်ခိုးကို ရည်ရွယ်၍ “အာမန္တာ”ဟု ဝန်ခံသည်။
၃။ တတိယကထာယံ။ ဤ ကထာ၌ "ဣဿရိယကာမကာရိတာဟေတု နာမ”ဟု နာမသဒ္ဒါကို ရှေ့ပုဒ်နှင့် တွဲထားသော်လည်း “ဒုက္ကရကာရိကာ နာမ”ဟု နောက်ပုဒ်နှင့်တွဲ၍ အနက်ပေးဖို့ရန် ဋီကာဖွင့်၏။ "ဒုက္ကရကာရိကာ နာမ၊ ဒုက္ကရ အကျင့်ကို ပြုကျင့်ခြင်း မည်သည်ကို။ ဣဿရိယကာမကာရိတာဟေတု၊ ကြောင့်။ ကရိယမာနာ၊ ပြုကျင့်အပ်သော် (ပြုကျင့်လို့ရှိလျှင်။) မိစ္ဆာဒိဋ္ဌိယာ၊ မှားသော အယူကြောင့်။ ကရိယတိ၊ ပြုကျင့်အပ်၏။”ဟု အဋ္ဌကထာ၌ အနက်ပေးပါ။
တံ၊ ထိုဒုက္ကရကာရိကာကို။ (မိစ္ဆာဒိဋ္ဌိယာ၊ ကြောင့်။) ယဒိ ကရေယျံ၊ ကို။ (ဧဝံသတိ၊ ) သဿတာဒီနိပိ၊ သဿတ အစရှိသောအယူတို့ကိုလည်း။ ဂဏှေယျ၊ ယူရာသလော။ ဣတိ စောဒနတ္ထံ **သဿတောလောကော**တိအာဒိ၊ အစရှိသော စကားကို။ (သကဝါဒိနာ၊ ) ဝုတ္တံ၊