Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

5. Pañcaviññāṇā sābhogātikathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၅၈၄-၅၈၆၊
ဣဒါနိ ပဉ္စဝိညာဏာ သာဘောဂါတိကထာ နာမ ဟောတိ၊

တတ္ထ၊ ထိုပဉ္စဝိညာဏာ သာဘောတိကထာ၌။ အာဘောဂါနာမ၊ အာဘောဂမည်သည်။ ကုသလာကုသလဝသေန၊ ကုသိုလ် အကုသိုလ်တို့၏ အဖြစ်ဖြင့်။ [ဋီကာ၌ ကုသလာကုသလဘာဝေနဟု ဖွင့်သည်။] နမီ၊ အာရုံ၌ ညွတ်ခြင်းရှိသော သဘောတည်း။ သတ္ထာရာ စ၊ မြတ်စွာဘုရားသည်လည်း။ စက္ခုနာ၊ ပေ၊ နနိမိတ္တဂ္ဂါဟီ ဟောတီတိ အာဒိ၊ အစရှိသော စကားကို။

၁။ အာဘောဂေါ “သုခပီတိ စေတသော အာဘောဂေါ-သုခဟူ၍(ကောင်းသော အာရုံဟူ၍) စိတ်နှလုံးသွင်းခြင်း” ဟူရာ၌ ဇောစိတ်ဖြင့် နှလုံးသွင်းမှုအာဘောဂ ဟု ခေါ်သကဲ့သို့ ထို့အတူ အာရုံ၏ ဣဋ္ဌ အနိဋ္ဌအခြင်းအရာကို အာရုံပြုခြင်း နှလုံး သွင်းခြင်းကို “အာဘောဂ”ဟု ခေါ်၏။ထိုနှလုံးသွင်းမှုသည် စက္ခုဝိညာဉ်စသော ပဉ္စဝိညာဉ်အခိုက်၌ မဖြစ်သေး။ ဇောအခိုက်ကျမှ ဖြစ်နိုင်၏။ထို့ကြောင့် - "အာဘောဂေါ နာပ ကုသလာကုသလ ဝသေန"ဟု ဆိုသည်။

၂။ ဟောတိ-နမီ။ ။ကုသလာကုသလဝသေန၏ နောက်၌ အဋ္ဌကထာ စာအုပ် ဝယ် “ဟောတိ”ဟုရှိ၍ ဋီကာသံဝဏ္ဏေ တဗ္ဗ၌ “နမဣီ”ဟုရှိ၏။ ဋီကာ၌ “နမိတွာ ပဝတ္တီတိ ဝုတ္တံ ဟောတိ”ဟု အဓိပ္ပါယ်ဖွင့်၏။ ထို နမိတွာ ပဝတ္တိကိုလည်း “သာ ပန အာရမ္မဏပ္ပကာရ ဂဟဏံ-အာရုံ၏ အမျိုးအစား အပြားကိုယူခြင်း”ဟု သရုပ်ဖော်၏။ ထို့ကြောင့်"ဟောတီဘိ"သည် ပါဌ်ပျက်။ “နမီသာ ပါဌ်မှန်တည်း။ ["နမနံ နမော၊ နမော ယဿ အတ္ထီတိ နမီ-အာရုံ၏ အပြား၌ ညွတ်ခြင်းရှိသော အာဘောဂ"ဟုသဒ္ဒတ္ထ၊ “နမိတွာ ပဝတ္တိ ညွှတ်၍ဖြစ်ခြင်း”ဟု အဓိပ္ပါယတ္ထ မှတ်ပါ။]

ဝုတ္တံ၊ ပြီ။ တံ၊ ထိုစကားတော်ကို။ အယောနိသော၊ သင့်သော အကြောင်း မဟုတ်သောအားဖြင့်။ ဂဟေတွာ၊ ယူ၍။ ပဉ္စဝိညာဏာ သာဘောဂါတိ၊ ဟူ၍။ မဟာသံဃိကာနံ၊ တို့၏။ လဒ္ဓိ၊ (ဟောတိ၊ ) သေယျထာပိ(ဧဝံ၊ ) ယေသံ၊ အကြင်ပရဝါဒီတို့၏။ (လဒ္ဓိဟောတိ၊ ) တေ သန္တာယ ပုစ္ဆာ သကဝါဒိဿ၊ ပဋိညာဣတရဿ၊
ဧတ္ထ၊ ဤ ပဉ္စဝိညာဏာ သဘောဂါတိ ကထာ၌။ သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ ပုရိမကထာသဒိသမဝ၊ ရှေ့ဖြစ်သော ပဉ္စဝိညာဏာ ကုသလာပီတိကထာနှင့် တူသည်သာ။ ဣတိ၊ အပြီးတည်း။
ပဉ္စဝိညာဏာသာဘောဂါတိကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )