တတော၊ ထိုမှနောက်၌။
၁။ အဋ္ဌမကဿ။ ။(၁)အရဟတ္တဖလဋ္ဌ (၂)အရဟတ္တမဂ္ဂဋ္ဌ (၃)အနာဂါမိ ဖလဋ္ဌ၊ ဤသို့ အဆုံးမှ ပြန်၍ ရေတွက်သောအခါ သောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်သည် ရှစ်ပါးမြောက် ပုဂ္ဂိုလ်ဖြစ်၏။ ထို့ကြောင့် အဋ္ဌမကဿကို "သောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂလဿ”ဟု သရုပ်ဖော်သည်။
၂။ ဒွေ ပရိယုဋ္ဌာနာ။ ။ဒိဋ္ဌိပရိယုဋ္ဌာန,ဝိစိကိစ္ဆာပရိယုဋ္ဌာနကို "ဒွေ ပရိယုဋ္ဌာနာ”ဟု ဆိုသည်။ အနုလုံစိတ် ဂေါတြဘူစိတ်ဖြစ်ရာ ခဏ၌.ထို ကိလေသာတို့ ဖြစ်ပါ် ဥပါဒ်သောအားဖြင့် ထကြွခြင်း မရှိရကား ထိုခဏ၌ ပယ်ဆဲဖြစ်၏။သောတာ ပတ္တိမဂ်ခဏသို့ ရောက်သောအခါ ပယ်အပ်ပြီးဖြစ်၏။ ထို့ကြောင့် “သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂလဿ ဒွေ ပရိယုဋ္ဌာနာ ပဟီနာ”ဟု ဆိုသည်။ [ပဟီန၌ ပပုဗ္ဗ-ဟာဓာတ် တ-ပစ္စည်း အတိတ်ဟောတည်း။အတိတ်ဟော ဟ ပစ္စည်းကိုဤ န-ပြုထားသည်။]
ယသ္မာ၊ ကြောင့်။ ဧသာ ဒိဋ္ဌိနာမ၊ ဤဒိဋ္ဌိမည်သည်ကို။ သောတာပန္နဿေဝ၊ သောတာပတ္တိဖလဋ္ဌ ပုဂ္ဂိုလ်သည်သာ။ ပဟီနာ၊ ပယ်အပ်ပြီ။ မဂ္ဂဋ္ဌဿ၊ သောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်သည်။ န (ပဟီနာ)၊ ပယ်အပ်ပြီး မဟုတ်သေး။ (ပယ်ဆဲသာ၊ ဟူလို။) တသ္မာ၊ ကြောင့်။ **အဋ္ဌမကော။ပေ။ သောတာပန္နော**တိ၊ အစရှိသော။ အနုယောဂေါ၊ သည်။ သကဝါဒိဿ၊ ၏ တည်း။အမဂ္ဂေနာတိအာဒိအနုယောဂေ၊ အမဂ္ဂေန အစရှိသည်ဖြင့် မေးစိစစ်ခြင်း၌။
၁။ ပရိယုဋ္ဌာနတော။ပေ။အနုသယော။ ။အနုသယကိလေသာနှင့်, ပရိယု ဋ္ဌာန ကိလေသာတွင် သတ္တဝါတို့၏ သန္တာန်၌ ဥပါဒ်ခြင်းမရှိသေးပဲ ကိန်းဝပ်နေရာ အခိုက်အတန့်ကို “အနုသယ”ဟု ခေါ်၍ ဖြစ်ပေါ် ဥပါဒ်လာသောအခါ ပရိယုဋ္ဌာန ဟု ခေါ်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာကို ပြရာ၌ကား ပရိယုဋ္ဌာန,အနုသယ ဟု မခွဲပဲ ဒိဋ္ဌိ-ဝိစိကိစ္ဆာ ကိလေသာဟုသာ ခေါ်ရ၏။ ထို့ကြောင့် ပရိယုဋ္ဌာန ကိလေ သာမှ တပါးသော ကိလေသာကို အနုသယဟု ယူဆသော ပရဝါဒီ၏ အယူကို "တေသံ လဒ္ဓိ-ထို ပရဝါဒီတို့၏ အယူမှား”ဟု သုံးစွဲထားသည်။
၂။ ပရိယုဋ္ဌာနမေဝဿ။မဂ်က ကိလေသာကို ပယ်ရာ၌ ထကြွ ဖြစ်ပေါ် သော ပရိယုဋ္ဌာနကိလေသာကိုသာ ပယ်၏”ဟု အယူရှိသည်။ သီလဗ္ဗတပရာမာသကို ပရိယုဋ္ဌာန သုံးစွဲရိုးမရှိ။ ထို့ကြောင့် “အနုသယကို ပယ်သလော”ဟု မေးရာ၌၎င်း “သီလဗ္ဗတပရာမာသကို (အနုသယ ဟု မသုံးနှုန်းပဲ)"ပယ်သလော”ဟု မေးရာ၌၎င်း "န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သည်။
၃။ အ မဂ္ဂေနာတိ ။ ပေ။ ပဋိက္ခိပတိ။ ။"အမဂ္ဂေန ပဟီနံ လောကိယေန သာသဝေန” စသည်ဖြင့် ပါဠိတော်၌ မေးစိစစ်ပုံလာ၏။ ထိုသို့ မေးစိစစ်ရာဝယ် ပဟီနံ-ပယ်အပ်ပြီးလော၊ ဟု မေးသောကြောင့် ပရဝါဒီက သောတာပတ္တိမဂ်ရောက်မှ ပယ်အပ်ပြီး ဖြစ်သောကြောင့် အနုလုံ ဂေါတြဘူ စသော လောကီ ကုသိုလ် အခိုက်၌ ပယ်အပ်ပြီး မဟုတ်ရကား"နဟေဝံ ဝတ္တဗ္ဗေ" ပယ်သည်။
ပဌမမဂ္ဂေနေဝ၊ ပဌမဖြစ်သော သောတာပတ္တိမဂ်သည်သာ။ ပဟီန ဘာဝံ၊ ပယ်အပ်ပြီး၏အဖြစ်ကို။ သန္ဓာယ ပဋိက္ခိပတိ၊ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ အမဂ္ဂေန၊ မဂ်မဟုတ်သော သာသဝ လောကိယ စသော တရားသည်။ ယဒိ ပဟီယေထ၊ အကယ်၍ ပယ်အပ်ငြားအံ့။ (ဧဝံသတိ)၊ ဂေါတြဘုပုဂ္ဂလာဒီနမ္ပိ၊ ဂေါတြဘူ၌တည်သော ပုဂ္ဂိုလ်အစရှိသည်တို့သည်လည်း။ ပဟီယေထ၊ ပယ်အပ်ရာ၏။ ဣတိ၊ ဤသို့သောအပြစ်၏။ အာပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်။ (ပဋိက္ခိပတိ)၊
[ရှေးနိဿယ၌ အာပဇ္ဇတောနှင့် ဥပ္ပဇ္ဇိဿတိ ကို မခြားပဲ စပ်ထားသည်။]