၁။ တတ္ထ၊ ထိုကထာဝတ္ထုကျမ်း၌။
[ကျမ်း၏ အစ၌ တတ္ထ ဟူသမျှသည် နိဒါနကထာ၌ ပါခဲ့သော ကျမ်း၏အမည်ကို စွဲရရိုး ထုံးစံတည်း။ ထို့ကြောင့် ဤ၌ ကထာဝတ္ထု ပကရဏံကို ပြန်၍စွဲရသည်။ တတ္ထသည် အပေါင်း အာဓာရ,ပုဂ္ဂလော ဥပလဗ္ဘတိ စသည်ကား အစိတ် အာဓေယ်တည်း။] ပုဂ္ဂလော၊ ပေ၊ သစ္စိကဋ္ဌ ပရမတ္ထေနာတိ၊ ဟူသော။ အယံ၊ ဤဝါကျသည်။ ပုစ္ဆာ၊ ပုစ္ဆာတည်း။ ဝါ၊ မေးကြောင်းစကားရပ်တည်း။
အာမန္တာတိ၊ ဟူသော။ အယံ၊ ဤဝါကျသည်။ ပဋိဇာနနာ၊ ဝန်ခံခြင်းတည်း။ ဝါ၊ ဝန်ခံကြောင်း စကားရပ်တည်း။
[တပုဒ်တည်းပင် ဖြစ်သော်လည်း စကားတရပ်ဖြစ်၍ တဝါကျဟု သတ်မှတ်နိုင်သည်။]
သာ သနေ၊ ၌။ ဝဇ္ဇီပုတ္တကာ စေဝ၊ ဝဇ္ဇိပုတ္တက ဂိုဏ်းသားတို့၎င်း။ သမိတိယာ စ၊ သမိတိယ ဂိုဏ်းသားတို့၎င်း။ ဗဟိဒ္ဓါ၊ သာသနာတော်မှ အပ၌။ ဗဟူ၊ ကုန်သော။ အညတိတ္ထိယာ စ၊ အညတိတ္ထိယတို့၎င်းတည်း။
[ဝဇ္ဇီပုတ္တက ဂိုဏ်း, သမိတိယဂိုဏ်းတို့ကို နိဒါနကထာ၌ ပြခဲ့ပြီ။ ဗဟိဒ္ဓါ အညတိတ္တိယ ဟူသည် ဗြဟ္မဇာလသုတ်၌ ပြအပ်သော မိစ္ဆာအယူရှိသော တိတ္ထိတို့တည်း။]
ပရမတ္ထောတိ၊ ကား။
အနုဿဝါဒိဝသေန၊ တဆင့်စကားကြားရခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်။
၁။ ဥပလဗ္ဘတိ။ ။ဥပကို “ပညာယ ဥပဂန္တွာ”ဟုဖွင့်၏။ ပုဂ္ဂလဟူသော အရာ ဝတ္ထုကို ပညာဖြင့်ကပ်၍ ရှုမှတ်သောအခါ (အာရုံပြု၍ ကြည့်သောအခါ) ဉာဏ် ထည်း၌ ရအပ်ရနိုင်ပါသလောဟု-မေးသည်။ “ဉာဏ်ဖြင့်ကပ်၍ ရအပ်” ဟူသည် သိအပ် သိနိူင်ခြင်းပင်တည်း။ ထို့ကြောင့် "ပညာယ ဥပဂန္တွာ လဗ္ဘတိ” ကို “ဉာယတိ” ဟု အကျဉ်းချုပ် အဓိပ္ပါယ်ဖွင့်သည်။ [စိတ်၏သိပုံကို ပြရာ၌ “ဇာနနံ နာမ ဥပလဒ္ဓိ – အာရုံကို သိခြင်းမည်သည် အာရုံကို ရခြင်းပင်တည်း” ဟု ဖွင့်၏။ ထို့ကြောင့် ဤ၌လည်း ဥပလဗ္ဗတိကို ဉာယတိ ဟု ဖွင့်သည်။]
၂။ မာယာပရီစိ အာဒယောဝိယ။ ။သမ္ဗရ အသုရာ အစရှိသော ပုဂ္ဂိုလ် တို့သည် ကြံဆအပ်သော အတတ်တမျိုးကို၎င်း, ထိုအတတ်ဖြင့် စီရင်အပ်သော ဆေး တို့ကို၎င်း “မာယာ”ဟူ၍ ဆိုအပ်ကုန်၏။ မြန်မာတို့က “မျက်လှည့်အတတ်”ဟု ခေါ် ကြသည်။ ထိုအတတ်ဖြင့် လှည့်ပတ်အပ်သော ပတ္တမြားမဟုတ်ပဲလျက် ပတ္တမြားဟု လုပ်ပြအပ်သော အရာဝတ္ထုတို့ကို ဤနေရာ၌ မာယာဟုခေါ်ပါ။ ရေ၏ အရောင်ကို တံလျှပ်ဟု ခေါ်ရကြောင်းကို ရေးခဲ့ပြီ။
ထိုမာယာမရီစိ အစရှိသော အရာဝတ္ထုတို့ကို မဟုတ်မမှန်သည်၏ အဖြစ်ဖြင့် ယူအပ်ကုန်သကဲ့သို့ ထို့အတူ မဟုတ်မမှန်သည်၏ အဖြစ်ဖြင့် ယူအပ်သည် မဟုတ်သော ဟုတ်မှန်သော အနက်သဘောသည် “သစ္စိကဋ္ဌ” မည်၏။ မာယာမရီစိ အာဒယော ဝိယသည် ဝိသဒိသူပမာတည်း၊ အာဒိဖြင့် ထိုကဲ့သို့ သူတပါး အထင်မှားအောင်လှည့်ပတ်ထားအပ်သော အရာဝတ္ထုများကို ယူပါ။ ဥပမာ- ချိန်ခွင်အတုလုပ်၍ ထားခြင်း ချင့်တောင်း ချင့်ခွက် အတုလုပ်၍ထားခြင်း အစရှိသည်တို့ကဲ့သို့တည်း။
၃။ ပရမတ္ထာ။ ။တဆင့်စကား ကြားအပ်သော အကြောင်းအရာသည် မှန် သည်လည်းရှိ၏။ မမှန်သည်လည်းရှိ၏။ ဤသို့ မသေချာသော အနက်ကို “ပရမတ္ထ” ဟု မခေါ်ရ။ ရုပ်ဆိုလျှင် ဖောက်ပြန်သော သဘောရှိ၏။ ဝေဒနာဆိုလျှင် ခံစားခြင်း “သဘောရှိ၏။ ထိုကဲ့သို့ မဖောက်မပြန် မပြောင်းမလွဲနိူင်သော လက်တွေ့မျက်မြင် အနက်သဘောကိုသာ “ပရမတ္ထ”ဟု ခေါ်ရသည်။ အနူဿဝါဒိ၌´ အာဒိဖြင့် အာကာရ ပရိဝိတက္က (အခြင်းအရာကို ကြံဆခြင်း) ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ (စိတ်ကူးဉာဏ်ဖြင့် ကြံဆခြင်း) စသော အရာဝတ္ထုတို့ကို ယူပါ။
အဂ္ဂဟေတဗ္ဗော၊ သော။ ဥတ္တမတ္ထော၊ မြတ်သော အနက်သဘောတည်း။ဟိ၊ မှန်။ ပဋိဇာနနံ၊ ဝန်ခံခြင်းသည်။ ကတ္ထစိ၊ အချို့သောအရာ၌။ အာမ ဘန္တေတိ၊ ဟူ၍။ အာဂစ္ဆတိ၊ လာ၏။ ကတ္ထစိ၊ ၌။ အာမောတိ၊ ဟူ၍။ ပဋိဇာနနံ၊ သည်။ အာဂစ္ဆတိ၊ ၏။
[ပဋိဇာနနံ၏နောက်၌ အာဂစ္ဆတိဟုပါ၏။ ရွှေစကားနှင့်ထပ်သောကြောင့် မကောင်း။ သီဟိုဠ်မူအတိုင်း "ပဋိဇာနနန္တိ" ဟုရှိခြင်းကကောင်းသည်။]
အထ၊ ထိုသို့ ဝန်ခံရာအခါ၌။ အဿ၊ ထိုပရဝါဒီအား။
(အဒဒမာနော၊ ၌စပ်။ ဝါ၊ ၏။ ဩကာသံ၊ ၌စပ်။) တာဒိသဿ၊ ထိုကဲ့သို့ရှုအပ်သော။ လေသဝစနဿ၊ အမြွက်ထောင်သော စကားဖြစ်သော။ ဝါ၊ ကတ်သီးကတ်သပ်စကားဖြစ်သော။ ဆလဝါဒဿ၊ မူလအနက်ကို ဖုံးလွှမ်း၍ သဒ္ဒါကို ဖျက်ဆီးကြောင်းဝါဒ၏။ ဩကာသံ၊ ဝင်ခွင့်ကို။ အ ဒဒမာနော၊ မပေးလိုသည်၏ အဖြစ်ကြောင့်။ (အာဟ၊ ၌စပ်။) (တနည်း) အ ဒဒမာနော၊ မပေးလိုသော။ သကဝါဒီ၊ သည်။ ယော သစ္ဆိကဋ္ဌောတိ အာဒိ၊ ကို။ အာဟ၊ ပြီ။
သမ္မုတိသစ္စဝသေန၊ သမ္မုတိသစ္စာ၏အဖြစ်ဖြင့်။ န (ဂဟေတဗ္ဗော)၊ ယူထိုက်သည် မဟုတ်သော။
[သစ္စိကဋ္ဌကို ရည်ရွယ်သည်။] အနုဿဝါဒိဝသေနပိ၊ တဆင့်စကား ကြားရခြင်း အစရှိသည်တို့၏ အဖြစ်ဖြင့်လည်း။ န ဂဟေတဗ္ဗော၊ ယူထိုက်သည် မဟုတ်လော။
[ပရမတ္ထကို ရည်ရွယ်သည်။]
၁။ လေသ ဆလ။ ။ဤ ၂-ပုဒ်ကိုအဘိဓာန်(၁၁၀၈)ဂါထာ၌"လေသေ တု ခလိတေ ဆလံ”ဟု ပရိယာယ်အဖြစ်ဖြင့်ဆို၏။ ထို့ကြောင့် “လေသဝစနဿ ဆလဝါဒသာ”ဟု အရတူ ဆိုသည်။ ထိုတွင် "လေသ” ဟူသည် မူလ အနက်မှ အခြားအနက်သို့ ငြိကပ် တတ်သော သာမညစကားတည်း။ မှန်၏-ရုပ် ဝေဒနာ စသော ပရမတ္ထသည်သာ သစ္ဆိကဋ္ဌ ပရမတ္ထ၏ မူလအနက်တည်း။ သို့သော် သမ္မုတိသစ္စာဖြစ်သော ပုဂ္ဂလ အတ္တ သတ္တ ဇီဝ စသော အနက်များ၌လည်း ငြိကပ်တတ်သေး၏။
ဆက်ဦးအံ့၊– မူလအနက်ရင်းမှ အခြားအနက်ကိုယူ၍ ပြောသောအခါ “အမြွက် ထောင်သည် စကားကပ်သည် ကတ်သီး ကတ်သပ်ပြောသည်”ဟု ဆိုကြ၏။ထိုအဆိုသည် “လိဿတိ သိလိဿတိ၊ အခြားအနက်သို့ ငြိကပ်တတ်၏။ ဣတိ လေသော” ဟူသော ဝိဂ္ဂဟနှင့် လိုက်လျော၏။ [ဆလသဒ္ဒါ၏အနက်ကို ဋီကာနိဿယ ဂန္ထာရမ္ဘ အဖွင့်၌၎င်း ဤနေရာ၌၎င်း ကြည့်ပါ။]
ယော၊ သစ္စိကဋ္ဌော ပရမတ္ထော၊ ပေ၊ သစ္စိကဋ္ဌပရမတ္ထေနာတိ၊ ဟူ၍။ (ထေရော၊ သည်။) အာဟ၊ ပြီ။
(ဣတိအယံ၊ ကား။ အဓိပ္ပါယော၊ တည်း။)
ဒွိန္နမ္ပိ၊ နှစ်နည်းလုံးတို့၏လည်း။ ဧဝံ၊ သို့။ န ဝတ္တဗ္ဗော၊ မဆိုထိုက်။ ဣတိ၊ သို့။ အတ္ထော၊ ကို။ (ဒဋ္ဌဗ္ဗာ၊ ၏။)
[ဟိအနက်မရှိ။ တနည်း(ဟ)အနက်မရှိ။ ဝတ္တဗ္ဗေ၌လည်း "ပဌမာသိဝိဘတ်ကို ဧပြုသည်”ဟု ပြသည်။]
ယသ္မာ၊ ကြောင့်။ တေ၊ အသင် ပရဝါဒီ၏။ ပုရိမာယ၊ ရှေး၌ဖြစ်သော။ ဝတ္တဗ္ဗပဋိညာယ၊ ဆိုထိုက်သည်၏ အဖြစ်ကို ဝန်ခံ ကြောင်း စကားနှင့်။ (အာမန္တာဟူသော စကားနှင့်။) ပစ္ဆိမာ၊ နောက်၌ ဖြစ်သော။ နဝတ္တဗ္ဗပဋိညာ၊ မဆိုထိုက်ဟု ဝန်ခံကြောင်း စကားသည်၎င်း။ (န ဟေဝံ ဝတ္တဗ္ဗေ ဟူသော စကားသည်၎င်း။) ပစ္ဆိမာယ၊ သော။ (နဝတ္တဗ္ဗ ပဋိညာယ၊ နှင့်။) ပုရိမာ၊ သော။ (ဝတ္တဗ္ဗပဋိညာ)စ၊ သည်၎င်း။ န သန္ဓိယတိ၊ ရှေ့နောက်မဆက်စပ်။ တသ္မာပိ၊ ကြောင့်လည်း။
(ရှေ့စကား၏ နောက် စကားနှင့် မဆက်စပ်ခြင်း, နောက်စကား၏လည်း ရှေ့စကားနှင့် မဆက် စပ်ခြင်း ကြောင့်လည်း။ ပိဖြင့် ပုဂ္ဂိုလ်ရှိ၏ ဟူသော မူလ အယူဝါဒကို ပေါင်းပါ။)
**၁။ နိဂ္ဂဟံ**။ ။နိဂ္ဂဏှာတိ ဧတေနာတိ နိဂ္ဂဟော-နှိပ်ကြောင်း ဖြစ်သော အပြစ်၊ အပြစ်ရှိသည့်အတွက် နှိပ်နိုင်သောကြောင့် အပြစ်ကို နှိပ်ကြောင်းဟုဆိုသည်။(တနည်း) နိဂ္ဂယှတိ ဧတေနာတိ နိဂ္ဂဟော-နှိပ်အပ်ကြောင်းအပြစ်၊ အပြစ်ရှိသည့်အတွက်အနှိပ်ခံရ သောကြောင့် အပြစ်ကို နှိပ်အပ်ကြောင်းဟု ဆိုသည်။ထို့ကြောင့် နိဂ္ဂဟံကို “ဒေါသံ” ဟု ဖွင့်သည်။ ဒေါသအရ ဒေါသစေတသိက်ကို ယူမည်စိုး၍ “အပရာဓံ"ဟု ထပ်၍ ဖွင့်သည်။ "အာဇာနာဟိ နိဂ္ဂဟံ - နှိပ်ကြောင်းအပြစ်ကို သိပါလော"ဟူရာ၌ အပြစ်ကို လက်ခံပါလောဟု ဆိုလိုသောကြောင့် ” သမ္ပဋိစ္ဆာတိ အတ္ထော”ဟု အဓိပါယတ္ထ ဖွင့်သည်။
ပါပနာ ရောပနာနဉ္စ၊ ပါပနာ, ရောပနာတို့၏၎င်း။
ဝါ၊ အဖြစ်သို့ရောက်စေကြောင်းစကား, အပြစ်ကို တင်ကြောင်းစကားတို့၏၎င်း။
ဝသေန၊ အပြားအားဖြင့်။
ပါကဋံ၊ ထင်ရှားသည်ကို။
ကရောန္တော၊ ပြုလိုသည်၏အဖြစ်ကြောင့်။
ဟဉ္စိ ပုဂ္ဂလောတိအာဒိံ၊ ကို။
အာဟ၊ သကဝါဒီဆိုပြီ။တတ္ထ၊ ထိုဟဉ္စိ ပုဂ္ဂလော အစရှိသော စကားရပ်၌။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတီတိ၊ ကား။ ပုဂ္ဂလော၊ ကို။ ယဒိ ဥပလဗ္ဘတိ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော် အကယ်၍ ရအပ် ရနိုင်သည်ဖြစ်အံ့။ ပုဂ္ဂလာ၊ ကို။ သစ္စိကဋ္ဌပရမတ္ထေန၊ ဖြင့်။ သစေ ဥပလဗ္ဘတိ၊ အံ့။ ဣတိ အတ္ထော၊ ကို။ (ဒဋ္ဌဗ္ဗော၊ ၏။)
[ဟစ္စိကို ယဒိဟု ဖွင့်၍ ယဒိကို သစေဟု ထပ်ဖွင့်သည်။ "သစေ” စသော ဝါကျသည် ရှေ့ဝါကျ၏အဖြောင့်အနက်ကို ပြသော ဝါကျတည်း။]
အနုလောမဌပနာ နာမ၊ အနုလောမဌပနာမည်၏။
တေန ဝတ ရေတိအာဒိ၊ အစရှိသောစကားသည်။
အနုလောမပက္ခေ၊ အနုလောမအဖို့၌။
နိဂ္ဂဟဿ၊ ၏။
ဝါ၊ သို့။
ပါပိတတ္တာ၊ ရောက်စေအပ်သည်၏အဖြစ်ကြောင့်။
အနုလောမပါပနာ နာမ၊ မည်၏။
၁။ လက္ခဏဘူတာ။ ။ သူတပါးကို အပြစ်တင်လို နှိပ်လိုသောအခါ ရှေးဦးစွာ ဌပနာစကားကို ဆိုရ၏။ ဌပနာစကားကိုဆိုလျှင် “အပြစ်တင်တော့မည် နှိပ်တော့မည် ၏"ဟု သိရ၏။ ထို့ကြောင့် ဌပနာသည် နိ, ပါပနာ, ရောပနာတို့၏ အမှတ် လက္ခဏာ ဖြစ်သည်။
၂။ အနုလောမပဌပနာ။ ။စောဒက စသော တဖတ် ပုဂ္ဂို လ် တို့၏ စကားကို အပြစ်တင်သောအခါ၌"မိမိစကားမဟုတ်”ဟု၎င်း၊ “ဒီလိုမဆိုရပါ”ဟု၎င်း ပြောင်းလွဲ ၍ မဆိုနိုင်အောင် သူ၏ စကားကို အတည် ထားကြောင်းစကားကို ဌပနာဟု ခေါ်၏။ ထိုသို့ ဌပနာ မထားလျှင် နောက်၌ အပြစ်တင်သောအခါ "ဒီလိုမဆိုပါဘူး”ဟု စကားကို တမျိုးပြောင်းလွှဲတတ်၏။ ထို့ကြောင့် နှိပ်လိုလျှင် ဌပနာ ထားရသည်။ [လဒ္ဓိံ ဟိ အပ္ပတိဋ္ဌာပေတွာ နိဂ္ဂယှမာနာ လဒ္ဓိတော လဒ္ဓိံ သင်္ကမန္တိ ။ပေ။ လဒ္ဓိယာ ပန ပတိဋ္ဌာပိတာယ သင်္ကမိတုံ့ အလဘန္တာ သုနိဂ္ဂဟီတာ ဟောတိ၊ -ဒုတိယပဏ်,မဟာဝဂ္ဂ ၁-သုတ်၊ အင်္ဂုတ္တရဋ္ဌကထာ။ ] အနုလောမပက္ခ၏ ဌပနာ ဖြစ်သောကြောင့် “အနူလောမဌပနာ”ဟု ခေါ်သည်။
၃။ ပါပနာ ရောပနာ။ ။ပါပီလတီ ဧတာယာတိ ပါပနာ-အပြစ်သို့ ရောက်စေ ကြောင်း (အပြစ်ပြကြောင်း) စကားကို "ပါပနာ” ဟု၎င်း၊ ရောပီယဘိ ဟောယာတီရောပန-ထိုအပြစ်ကို တင်ကြောင်း စကားကို "ရောပနာ"ဟု၎င်း ခေါ်၏။ အနုလောမပက္ခဖြစ်၍ "အနုလောမပါပနာ, အနုလောမရောပနာ" ဟုခေါ်သည်။
ဣဒံ၊ သည်။ ဝါ၊ ကို။ ဝုတ္ထံ၊ အပ်သည်။ ဝါ၊ သည်။ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ၊ နည်း။) ရေ၊ အို ပရဝါဒီ။ တေန၊ ထို့ကြောင့်။
(ထိုသို့ ပုဂ္ဂိုလ်ကို သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ရအပ်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့်။) ဝတ္ထဗ္ဗေဝတ၊ ဆိုထိုက် သည်သာတည်း။ ရေ အမ္ဘော ဘဒြမုခ၊ အိုကောင်းသော မျက်နှာရှိသော ဝါဒီ။ တေန ကာရဏေန၊ ထို အကြောင်းကြောင့်။ ဝတ္ထဗ္ဗောယေဝ၊ ဆိုထိုက်သည်သာတည်း။ ဣတိ၊ (ဣဒံ၊ သည်။ ဝါ၊ ကို။ ဝုတ္တံ ဟောတိ၊ ) [ဝတကို ဧရဟု ဖွင့်၍ ရေကို“အမ္ဘော- ဘဒြမုခ”ဟု ဖွင့်သည်။]
ပရတော စ၊ နောက်၌လည်း။
(နိဂ္ဂဟစတုတ္ထဥပနယနစတုက္က တို့၌လည်း။) ပါဠိယံ၊ ပါဠိတော်၌။ ဧတံ၊ ဤဣဒံ တေ မိစ္ဆာဟူသောပါဌ်သည်။ အာဂတမေဝ၊ တိုက်ရိုက် လာသည်သာ။ [တိုက်ရိုက်လာသောကြောင့် အာဂတမေဝဟု သန္နိဋ္ဌာနာဝဓာရဏဧဝဖြင့် ဆိုသည်။]
ပုန၊ တဖန်။
[ရှေ့၌ "ယံ တတ္ထ ဝဒေသိ”ဟု ပါပြီး ဖြစ်သောကြောင့် "ပုန"ဟု ဆိုသည်။] ယံ ဝဒေသီတိအာဒိ၊ သည်။ ပဋိလောမပက္ခ၊ ၌။ နိဂ္ဂဟဿ၊ ၏။ ဝါ၊ သို့။ အာရောပိတတ္တာ၊ တက်ရောက်စေ အပ်သည်၏အဖြစ်ကြောင့်။ ဝါ၊ တင်အပ်သည်၏အဖြစ်ကြောင့်။ ပဋိလောမ ရောပနာ နာမ၊ မည်၏။ ဝါ၊ ပဋိလုံအားဖြင့် အပြစ်ကို တင်ကြောင်း စကားမည်၏။
ပန၊ ဆက်။ ဧတ္ထ၊ ဤပြဿနာ ၂ရပ်၌။ ပုရိမပဉှေ၊ ၌။ သစ္စိကဋ္ဌပရမတ္ထေန ဥပလဗ္ဘတီတိ၊ ဟူ၍။ ဝတ္တဗ္ဗောခေါ၊ သည်သာ။ စ၊ ဗျတိရိက်ကား။ ဒုတိယပဉှေ၊ ၌။ တတော သောပုဂ္ဂလော ဥပလဗ္ဘတီတိ၊ ဟူ၍။ နောဝတ္တဗ္ဗော၊ မဆိုထိုက်။ ဣတိ၊ သို့။ ယံ၊ အကြင်စကားကို။ ဝဒေသိ၊ အသင် ပရဝါဒီဆို၏။ တေ၊ ၏။ ဣဒံ၊ ဤရှေ့နောက်၂-ရပ်မဆက်စပ်သောစကားသည်။ မိစ္ဆာ၊ ၏။ ဣတိ ဧဝံ၊ သို့။ ပဋိလောမတော၊ အားဖြင့်။ ဌပနာပါပနာရောပနာ၊ တို့သည်။ ဟောန္တိ၊ ကုန်၏။
(ဣတိအယံ၊ ကား။ အာဒိတော၊ မှ။ ပဋ္ဌာယ၊ ၍။ သင်္ခေပတ္ထော၊ တည်း။) [ဟောန္တီတိဟု ဣတိပါလျှင်ကောင်း၏၊မပါလျှင် ထည့်ပေးပါ။] [နိဂုံးကိုပြလို၍ ဧဝမေတံ စသည်မိန့်။]
**၁။ အခုလောမပဉ္စက**။ ။နိဂ္ဂဟနှစ်ပါးရှိသော်လည်းနောက်လာမည့်အကြောင်း ပြအတိုင်း တပါးတည်းသာယူ၍ ၁-နိဂ္ဂဟ စကား ၂-အနုလောမ ပါပနာ, ၃-အနုလောမရောပနာ, ၄-ပဋိလောမ ပါပနာ, ၅-ပဋိလောမ ရောပနာအားဖြင့် အနုလောမအတွက် စကားအစိတ် ငါးမျိုးကိုသိပါ။ နောက် ပဋိလောမ ပဉ္စက၌လည်း နည်းတူ။
ဧကောဝ၊ တပါးသာလျှင်ဖြစ်သော။
အယံနိဂ္ဂဟော၊ ဤနှိပ်ကြောင်းအပြစ်သည်။
(ဟောတိ)၊
[အနုလောမ, ပဋိလောမ ၂-မျိုးဖြင့် နိဂ္ဂဟ ပြုပါသော်လည်း အပြစ်မှာ ရှေ့နောက်မစပ်သော အပြစ် တမျိုးသာတည်း။ ထို့ကြောင့် နိဂ္ဂဟအတွက် ၁-ပါးသာ ဖြစ်သည်။ ဟူလို။]
ဣတိ (အယံ)၊ ကား။
ပဌမော၊ သော။
နိဂ္ဂဟော၊ တည်း။
[ရှေးနိOယ၌ ဣတိ-မပါ။]ဟိ၊ မှန်။ သော၊ ထို ပရဝါဒီသည်။ အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နောတိ၊ ဟူသော ပါဠိတော်၏။ ဝါ၊ ကို။ ဂဟိတတ္တာ၊ ယူအပ်ပြီးသည်၏အဖြစ်ကြောင့်။
(ထိုပါဠိတော်က အတ္ထိ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ရှိ၏ ဟုဟောတော်မူသည့်အတွက် ပုဂ္ဂိုလ်ရှိ၏ဟု ယူအပ်ပြီး၏ အဖြစ််ကြောင့်။) နူပလဗ္ဘတီတိ၊ နုပလဗ္ဘတိဟူသော အယူကို။ အသမ္ပဋိစ္ဆန္တော၊ လက်မခံလိုသည်၏ အဖြစ်ကြောင့်။ ဧဝံ၊ သို့။
(ဤသို့ "ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌ ပရမတ္ထေန"ဟူ၍။) ပုစ္ဆတိ၊ မေး၏။
**၁။ နိဂ္ဂဟကမ္မဿ ပဋိကမ္မံ**။ထောမနိဓိ၌"ပဋိကာရ”ပုဒ်၏ အနက်ကို ပြရာဝယ် “ကြိတဿ အပကာရဿ (သူပြုအပ်သော ကျေးဇူးမဲ့ကို) တုလျရူပ အပကာရကရဏေန (အလားတူ ကျေးဇူးမဲ့ကို ပြုခြင်းအားဖြင့်) သောဓနေ-သုတ်သင်ခြင်း၌"ဟု ပြ၏။ ဤအနက်သည် “ဘဏ္ဍနဿ ပဋိဘဏ္ဍနံ ဝိယ အတ္တနော ကတဿ နိဂ္ဂဟ ကမ္မဿ ပဋိကမ္မံ ကရောန္တော” ဟူသော အဋ္ဌကထာ စကားနှင့် သဘောတူ၏။ ထို့ကြောင့် သူ၏ နှိပ်မှုကို အတုန့်ပြန်၍ ပြုသောအားဖြင့် သုတ်သင်ရှင်းလင်းမှုကို “ပဋိကမ္မ” ခေါ်သည်ဟု မှတ်ပါ။ နောက်၌ "နိဂ္ဂဟ စတုတ္ထ” ဟု သီးခြားလာဦးမည် ဖြစ်သောကြောင့် ပြန်၍နှိပ်ခြင်းကို “ပဋိကမ္မ” ဟု မဆိုသင့်။
ပါကဋော၊ ကို။
ကတောယထာ၊ ပြုအပ်သကဲ့သို့။
ဧဝံ၊ တူ။
ပဋိကမ္မံ၊ တဖန်ပြန်၍ သုတ်သင်ရှင်းလင်းမှုကို။
ပါကဋံ၊ ထင်ရှားသည်ကို။
ကရောန္တော၊ ပြုလိုသည်၏ အဖြစ်ကြောင့်။
ဟဉ္စိ ပုဂ္ဂလောတိအာဒိံ၊ အစရှိသော စကားကို။
အာဟ၊ ပရဝါဒီဆိုပြီ။**၁။ ပရပက္ခဿ ဌပနတော**။ ။စာအုပ်တို့၌"ပရဝါဒီပက္ခဿ ဌပနတော”ဟု တွေ့ရသော်လည်း သကဝါဒီဘက်က ဌပနာပြုသောအခါ ပရဝါဒီ ဟူသော အခြား တဖက်၏ အဖို့ကို ဌပနာပြုရ၏။ ပရဝါဒီက ပဋိကမ္မပြုဖို့ ဌပနာထားသောအခါ သကဝါဒီဟူသော အခြားတဖက်၏ အဖို့ကို ဌပနာပြုရ၏။ "ပရပက္ခဿ”ဟုဆိုလျှင် ပရဝါဒီပက္ခလည်း ပါဝင်, သကဝါဒီပက္ခလည်း ပါဝင်ပြီး ဖြစ်သောကြောင့် "ပရပက္ခဿ” ဟု ပါဌ်မှန်ရှိပါစေ။ ဋီကာ နောက်နား၌လည်း "ပက္ခဌပနေန" ဟု ဤထက်ကျဉ်းသော စကားကို .. သုံးစွဲထားလိမ့်မည်။ ဤသို့ရှိမှ နောက်၌လာသော "နိဂ္ဂဟဿ ဝါ ပဋိကမ္မဿဝါ"ဟု ၂-ထပ်ပြ စကားနှင့် လျော်ပါသည်။ ပဌမနှိပ်ရာ၌" နိဂ္ဂဟ” ဟု သုံးစွဲ၏။ ပြန်၍ကုစားသောအားဖြင့် ရှင်းလင်းရာ၌ "ပဋိကမ္မ”ဟု သုံးစွဲသည်။ဟေဝံ ပဋိဇာနန္တန္တိ၊ ကား။ [ဤသို့ သံဝဏ္ဏေတဗ္ဗအဖြစ်ဖြင့် ရှိပါစေ။] အာမန္တာတိ၊ ဟူ၍။ ဧဝံ၊ သို့။ ပဋိဇာနန္တော၊ ဝန်ခံသော။ (တဝ၌စပ်။)
[တဝဟူသောဆဋ္ဌီယန္တကို တွံ ဟု ပဌမန္တဖြင့် ဖွင့်ခြင်းကို၎င်း, ပဋိဇာနန္တံ ဟူသော ဒုတိယန္တကို ပဋိဇာနန္တောဟု ပဌမဖြင့် ဖွင့်ခြင်းကို၎င်း သတိပြုခဲ့ပါ၊ ဋီကာ၌ဖွင့်လိမ့်မည်။ ထို ၂-ပုဒ် အရတူဖြစ်သောကြောင့် "ပဋိဇာနန္တော တွံ ယေဝ"ဟု ပြန်၍ လှည့်ရသည်။]
၄။ ဧဝံ၊ သို့။
(ဤသို့ နိဂ္ဂဟစတုက္က၌ ဆိုအပ်ပြီးသောနည်းဖြင့်။)
နိဂ္ဂဟံ၊ နှိပ်ခြင်းကို။
ကတွာပိ၊ ပြုပြီး၍လည်း။
ဣဒါနိ၊ ၌။
(ဒဿေန္တော အာဟ ၌စပ်။)
မယာ၊ အကျွန်ုပ်သည်။
တဝ၊ အသင်သကဝါဒီ၏။
မတေန၊ အလိုဖြင့်။
(ဒုန္နိဂ္ဂဟော၌စပ်။)
ကတော၊ ပြုအပ်သော။
အယံနိဂ္ဂဟော၊ ဤနှိပ်ခြင်းသည်။
ဒုန္နိဂ္ဂဟော၊ မှားယွင်းသောနှိပ်ခြင်းသည်။
ယဒိ (ဟောတိ)၊ အကယ်၍ ဖြစ်အံ့။
(ဧဝံသတိ၊ သော်။)
မမ၊ အကျွန်ုပ်၏အပေါ်၌။
တယာ၊ အသင်သကဝါဒီသည်။
ဟေဋ္ဌာ၊ အောက်ဖြစ်သော။
အနုလောမပဉ္စကေ၊ ၌။
(အနုလောမပဉ္စကတုန်းက။)
ကတော၊ အပ်သော။
ယော နိဂ္ဂဟော၊ အကြင်နှိပ်ခြင်းသည်။
(အတ္ထိ)၊
သောပိ၊ ထိုနှိပ်ခြင်းသည်လည်း။
ဒုန္နိဂ္ဂဟော၊ မှားယွင်းသော နှိပ်ခြင်းသည်။
(ဟောတိ)၊
ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။
ဒဿေန္တော၊ ပြလိုသည်၏အဖြစ်ကြောင့်။
ဧသေ စေဒုန္နိဂ္ဂဟိတေတိအာဒိံ၊ ကို။
အာဟ၊ ပရဝါဒီဆိုပြီ။
၁။ တဝ မတေန ကတော။ ။ဤစာရှိအတိုင်းဆိုလျှင် "ပြအပ်ခဲ့သော နိဂ္ဂဟကို သထဝါဒီ၏ အလိုအားဖြင့် ပြုအပ်” ဟု အဓိပ္ပါယ်ရ၏။ အမှန်မှာ တဝ မတေန ကို ဒုန္နဂ္ဂဟော၌ စပ်၍ “အကျွန်ုပ်၏ နှိပ်ခြင်းသည် အသင်သကဝါဒီ၏ အလိုအားဖြင့် ဒုန္နိဂ္ဂဟဖြစ်အံ့” ဟု ဆိုလိုရင်းဖြစ်သည်။ ထို့ကြောင့် “မယာ ကတော နိဂ္ဂဟော တဝ မတေန ဒုန္နိဂ္ဂဟော” ဟု ရှိလျှင် အဓိပ္ပါယ်ရှိသည်။
တနည်း။ ။တဝ မဟေနကို ကတော၌စပ်၍ အကျွန်ုပ်ပြုအပ်သော နှိပ်ခြင်းသည် အနုလောမ ပဉ္စကတုန်းက အသင်နှိပ်သလို ပြုအပ်သောကြောင့် "တဝ မတေနကတော"ဟု ဆိုသည်။ဤသို့သော်လည်း ကြံပါ။ ဆက်ဦးအံ့။ ဣဒါနိ-စသော အနူ သန္ဓေတက်၌ "ဧသ စေ ဒုန္နိဂ္ဂဟိတေ” ကို ရည်ရွယ်၍ "ယဒိ အယံ မယာ ။ဝေ။ ဒုန္နိဂ္ဂဟော” ဟု ဆိုသည်။ “ဟေဝမေဝံ တတ္ထ ဒက္ခ” ကို ရည်ရွယ်၍ "ယော မေ။ ပေ။ သောပိ ဒုန္နိဂ္ဂဟော” ဟု ဆိုသည်။
တတ္ထ၊ ထိုနော စမယံ တယာအစရှိသော စကားရပ်၌။
၁။ ဧသေ စေ ဒုန္နိဂ္ဂဟိတေ။ ။ဧသေကို "ဧသော တဝ ဝါဒေါ”ဟု ၎င်း ဒုန္နိဂ္ဂဟိတကို “ဒုန္နိဂ္ဂဟိတော” ဟု၎င်း ပဌမဖွင့်၏။ ဆိုလိုရင်းကား-ပြအပ်ခဲ့သော " နိဂ္ဂဟစတုတ္ထသည် ပရဝါဒီက သကဝါဒီ၏ ဝါဒကို နှိပ်ပုံကို ပြသော စတုတ္ထတည်း။ ထိုပြအပ်သည့်အတိုင်း "အသင်သကဝါဒီ၏ ထိုဝါဒကို အကျွန်ုပ် ပရဝါဒီက အကယ်၍မှားယွင်းစွာ နှိပ်သည်ဖြစ်အံ့၊"ဟုဆိုလိုသည်။
၂။ အထဝါ။ ။ ဤနည်း၌ကား “ဧသော ဝါဒေါ” ဟု ဝါဒကို မစွဲပဲ "ဧသော နိဂ္ဂဟော” ဟု နှိပ်ခြင်းကြိယာကို စွဲခြင်းသာထူး၏။ ဤသို့ ၂- နည်း ဖွင့်ရခြင်းမှာလည်း “ဒုန္နိဂ္ဂဟိတ” အရ ကံဟော တ-ပစ္စည်းအတွက် ဝါဒကို အရကောက်သင့်သော ကြောင့် ပဌမနည်းကို၎င်း, နိဂ္ဂဟစတုက္ကနှင့် စကားဆက်သွယ်နေရကား နှိပ်ခြင်းကို ညွှန်းသင့်သောကြောင့် ဒုတိယနည်းကို၎င်း ဖွင့်ရခြင်းဖြစ်သည်။ ဤဒုတိယနည်းအလို “ဒုန္နိဂ္ဂဟိတေ” ၌ တ-ပစ္စည်းကို ဘော-အနက်ဟောကြံပါ။
၃။ ဣဒါနိ။ပေ။ တယာတိ အာဒိမာဟ။ ။ဤစကားသည် “နော စ မယံ” စသော ပါဠိတော်၏ အနုသန္ဓေ ကျမ်းတက်စကားတည်း။ ပါဠိတော်၌ “ဝတ္တဗ္ဗေ ခေါ ။ပေ။သစ္စိကဋ္ဌပရမတ္ထေနာတိ” ဟူသော စကား ၂-ရပ်သည် အနုလောမပဉ္စကတုန်း က သကဝါဒီက ပရဝါဒီ၏ အပေါ်၌ နှိပ်ပုံကိုပြသော စကားတည်း။ ထို့နောက်"နော စ မယံပေ။ ဒုက္ခိဂ္ဂဟိကာ စ ဟောမ” ဟူသော စကားသည် အနုလောမပဉ္စက တုန်းက မိမိ (ပရဝါဒီ) ကို နှိပ်အပ်သော်လည်း နှိပ်အပ်ရာ မရောက်ပါ” ဟု ရှေ့က နှိပ်ခြင်းကို ပယ်သောစကားတည်း။
**နောစ**၊ **ပေ**၊ **ပဋိညာယာ**တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ အယံ၊ ကား။ အတ္ထော၊ တည််း။ ယသ္မာ၊ ကြောင့်။ တယာ၊ အသင်သကဝါဒီသည်။ မမ၊ ၌။ ကတော၊ အပ်သော။ သောနိဂ္ဂဟော၊ သည်။ ဒုန္နိဂ္ဂဟော၊ မှားယွင်းစွာနှိပ်ခြင်းသည်။ (ဟောတိ)၊ တသ္မာ၊ ကြောင့်။ တယာ၊ အသင်သကဝါဒီသည်။ တတ္ထ အနုလောမပဉ္စကေ၊ ၌။ အာမန္တာတိ၊ ဟူ၍။ ဧတာယ ပဋိညာယ၊ ဤ ဝန်ခံခြင်းဖြင့်။ ဧဝံ၊ သို့။ ပဋိဇာနန္တာ၊ ဝန်ခံကုန်သော။ မယံ၊ အကျွန်ုပ်တို့ကို။ (န နိဂ္ဂဟေတဗ္ဗာယေဝ၌စပ်။) ပုန၊ တဖန်။ န ဟေဝါတိ၊ န ဟေဝံဟူ၍။ (နဟေဝံ ဝတ္တဗ္ဗေ ဟူ၍။) ပဋိက္ခေပေ၊ ပယ်ခြင်းကို။ ကတေပိ၊ ပြုအပ်သော်လည်း။ အာနာဇာဟိ နိဂ္ဂဟန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ န နိဂ္ဂဟေတဗ္ဗာယေဝ၊ မနှိပ်ထိုက်ကုန်သည်သာ။ [ယခုစာအုပ်၌ န နိဂ္ဂဟေတဗ္ဗောယေဝဟုရှိသည်။ မယံနှင့် ဝုစ် မလျော်ပေ။]ဧဝံ၊ သို့။ အနိဂ္ဂဟေတဗ္ဗမ္ပိ၊ မနှိပ်ထိုက်သည်လည်းဖြစ်သော။ မံ၊ အကျွန်ုပ်ကို။ (တွံ၊ အသင်သကဝါဒီသည်။) နိဂ္ဂဏှာသိ၊ နှိပ်၏။ ပန၊ ထိုသို့ပင် နှိပ်ပါသော်လည်း။ ဤဒိသေန၊ ဤကဲ့သို့ ရှုအပ်သော. နိဂ္ဂဟေန၊ နှိပ်ခြင်းဖြင့်။ မယံ၊ တို့သည်။ ဝါ၊ ကို။ ဒုန္နိဂ္ဂဟိတာ၊ မှားယွင်းသဖြင့် နှိပ်အပ်ကုန််သည်။ ဟောမ၊ ကုန်၏။
(ဣတိအယံ၊ ကား။ အတ္ထော၊ တည်း။ ဤသို့ရှေ့ပြန်အုပ်ပါ။)
ဣဒါနိ၊ ၌။ ယံနိဂ္ဂဟံ၊ ကို။ သန္ဓာယ၊ ၍။ ဒုန္နိဂ္ဂဟိတာစ ဟောမာတိ၊ ဟူ၍။ အဝေါစ၊ ပရဝါဒီဆိုပြီ။ တံ၊ ထိုနှိပ်ခြင်းကို။ ဒဿေတုံ၊ ငှာ။ ဟဉ္စိပုဂ္ဂလော၊ ပေ၊ မိစ္ဆာတိ၊ ဟူ၍။ အာဟ၊ ပရဝါဒီဆိုပြီ။
[စာအုပ်တို့၌ "ဣဒံ တေ မိစ္ဆာတိ" ဟုရှိ၏။ သို့သော် အနုလောမပဉ္စကတုန်းက နှိပ်ပုံကိုပြုန်၍ညွှန်ပြသော စကားဖြစ်သောကြောင့် ထိုနိဂ္ဂဟ၌ "ဣဒံတေ"ဟု မရှိရကား ဤ၌လည်း "ဣဒံ တေ"ဟုမပါသင့်။]
**၁။နိဂ္ဂဟဿ ဥပနီတတ္တာ**။ ။"နိဂ္ဂဟဿ" အရ နိဂ္ဂဟဟူသည် အနုလောမ ပဉ္စကတုန်းက သကဝါဒီသည် ပြုအပ်သော နိဂ္ဂဟတည်း။ ထိုသကဝါဒီ နိဂ္ဂဟ၏ ဒုန္နိဂ္ဂဟဖြစ်ပုံကို မိမိ ယခုပြုအပ်ခဲ့သော နိဂ္ဂဟနှင့်အတူ (မိမိနိဂ္ဂဟကို ဥပမာပြု၍) ကပ်ဆောင်အပ်သည်ကို "ဥပနီတ" ဆိုသည်။ [ကတဿ နိဂ္ဂဟ တေန နိယာမေန ဒုက္ကဋဘာဝဿ အတ္တနာ ကတနိဂ္ဂဟေန သဟ ဥပနီတတ္တာ။ ဋီကာ။]တေနဟီတိ၊ ကား။
တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။
[ယသ္မာ တသ္မာဖြင့် တေန ကာရဏေ၏အနက်ကိုထပ်ဖွင့်လိမ့်မည်။]
ယသ္မာ၊ ကြောင့်။
ဧသ-နိဂ္ဂဟော၊ ဤနှိပ်ခြင်းသည်။
ဒုန္နိဂ္ဂဟေ၊ သည်။
(ဟောတိ)၊
တသ္မာ၊ ကြောင့်။
(ထို့သို့ မှားယွင်းသော နှိပ်ခြင်း၏ အဖြစ်ကြောင့်။)
မှတ်ချက်။ ။ရှေ့၌ အနုဋီကာဝယ် "ပဋိညာဝယဝ, ဟေတာဝယဝ, ဒိဋ္ဌာန္တာဝယဝ, ဥပနယ နိဂ္ဂမနဟု စကားအစိတ် ၅-မျိုးကို ပြခဲ့၏။ ထို့တွင် ဥပနယကို ပြရာ၌ "ယထာ ရူပါဒိ ဥပလဗ္ဘတိ၊ တထာ ပုဂ္ဂလော၊ ယထာ စ သသဝိသာနံ န ဥပလဗ္ဘတိ၊ န တထာ ပုဂ္ဂလောတိ ဥပနယော"ဟု ဥပမာစကားရပ်ဖြင့် ဆောင်ပြခြင်းကို “ဥပနယ” ဟုဆိုထား၏။ ထို့အတူ ဤ၌လည်း "သကဝါဒီ၏ အလိုအားဖြင့် မိမိ၏ နှိပ်ခြင်းသည် ဒုန္နိဂ္ဂဟဖြစ်သကဲ့သို့ သကဝါဒီ၏ နှိပ်ခြင်းသည်လည်း ဒုန္နိဂ္ဂဟ ဖြစ်၏” ဟု ဆိုရာရောက်သောကြောင့် သကဝါဒီ၏ နှိပ်ခြင်းကို မိမိ၏ နှိပ်ခြင်းနှင့်အတူ ပြု၍ ကပ်ဆောင်ခြင်းကို “ဥပနယ” ဟု ခေါ်သည်
၁။ ဥပနယနစတုက္က။ ။ဤအဖွင့်အရ "ဥပနီယတေ၊သကဝါဒီ၏ နှိပ်ခြင်းကို မိမိနှိပ်ခြင်းနှင့်အတူ ကပ်ဆောင်ခြင်း။ ဥပနယနံ၊ခြင်း” ဟု အနက်မှတ်ပါ။(တနည်း) ဥပနီယတေ၊ မိမိအပေါ်၌ မနှိပ်အပ်သည်၏ အဖြစ်ကို (မိမိ၏ နှိပ်ခြင်းနှင့်အတူ) ကပ်ဆောင်ခြင်း။ဥပနယနံ၊ ခြင်း။ ဥပနယနေန၊ ဥပနယနဖြင့်။ လက္ခိတံ စတုက္ကံ ဥပနယနစတုက္ကံ။
မှတ်ချက်။ “ဥပနယနစတုက္က” ဟူရာ၌ ဥပနယပြုပုံ ၄-မျိုး ရှိသည်ဟု မမှတ်ရ။ အနုလောမပဉ္စကတုန်းက သကဝါဒီသည် ပါပနာ ရောပနာ ၄- မျိုးတို့ဖြင့် ပြုအပ် သော နိဂ္ဂဟကို မိမိပြုအပ်သော နိဂ္ဂဟနှင့်အတူ ကပ်ဆောင်သောကြောင့် ထိုနိဂ္ဂဟ တုန်းက ပါပနာ ရောပနာ ၄-မျိုးကို တင်စား၍ ဥပနယနစတုက္က (ဥပနယနဖြင့် မှတ်အပ်သော ၄-မျိုးအပေါင်း) ဟု ဆိုထားသည်ဟု မှတ်ပါ။ ထိုကြောင့် ဋီကာ၌ "အနုလောမပဉ္စကေ စတူဟိ ပါပနာရောပနာဟိ ကတဿ နိဂ္ဂဟဿ” ဟု ကတဿပုဒ်ကို ထည့်၍ဖွင့်သည်။
ဟဉ္စိ ပုဂ္ဂလော၊ ပေ၊ မိစ္ဆာတိ၊ ဟူ၍။ မံ၊ အကျွန်ုပ်ကို။ ယံ နိဂ္ဂဏှာသိ၊ အကြင်နှိပ်၏။ (အနုလောမ ပဉ္စကတုန်းက နှိပ်သည်ကို ဆိုသည်။) ဣဒံ တေ မိစ္ဆာတိ၊ ဣဒံတေ မိစ္ဆာဟူသော ပါဌ်၏။ (အတ္ထော၊ ၌စပ်)။ တဝ၊ အသင်သကဝါဒီ၏။ ဣဒံ နိဂ္ဂဏှာနံ၊ ဤနှိပ်ခြင်းသည်။ မိစ္ဆာ၊ သည်။ (ဟောတိ)၊ ဣတိ အတ္ထော၊ နက်။စ၊ သည်သာမကသေး။
ပဋိကမ္မစတုက္ကာ ဒိဝသေန၊ ပဋိကမ္မစတုက္က အစရှိသည်တို့၏ အစွမ်းဖြင့်။
ယာပိ ဧသာ ကထာ မဂ္ဂ သမ္ပဋိပါဒနာ၊ အကြင် စကားအစဉ်ကို ကောင်းစွာဖြစ်စေခြင်းကိုလည်း။
ကတာ၊ အပ်ပြီ။
သာပိ (ကထာမဂ္ဂမ္ပဋိပါဒနာ)၊ ကိုလည်း။
သုကတာ၊ အပ်ပြီ။
["သုကတာ ပဋိပါဒနာ"၏ အဖွင့်။]
၁။ ။မိစ္ဆာတိ။ ။ "ယံ နိဂ္ဂဏှာသိ ဟဉ္စိ ပုဂ္ဂလော။ ပေ။ မိစ္ဆာတိ"ဟု ရှိသင့်ပါလျက် ပါဠိတော် အဋ္ဌကထာစာအုပ်တို့၌ “မိစ္ဆာတိ" ဟူသော ပါဠိမပါ။ ဤစကားသည် အနုလောမပဉ္စက တုန်းက ဌပနာ အနုလောမ ပဋိလောမ ပါပနာ ရောပနာတို့ကို ယူ၍ ထပ်မံပြအပ်သော စကားဖြစ်သောကြောင့် ထို အတိုင်းရှိမှ ကောင်းသည်။ ပါဠိတော် ရှေးနိဿယ၌ ထို"မိစ္ဆာတိ" ဟူသော ပါဠိ၏ နိဿယကို တွေ့ရပါသည်။
၂။ ။ ဣဒံ တေ မိစ္ဆာ။ ။မိစ္ဆာတိဟု ရှိပြီးနောက်မှ ပါဠိတော်၌ " ဣဒံ တေ မိစ္ဆာ"ဟု နိဂုံးဝါကျ သီးခြားရှိရပါသည်။ အဋ္ဌကထာ၌ "ဣဒံ တေ မိစ္ဆာတိ" သည် ထိုပါဠိတော် နိဂုံးဝယ်ရှိသော သံဝဏ္ဏေတဗ္ဗတည်း။ ထို့ကြောင့် ထို သံဝဏ္ဏေ တဗ္ဗ၏ သံဝဏ္ဏနာ၌ "ဣတိ အတ္ထော”ဟု အတ္ထောသဒ္ဒါ ပါရပါသည်။ [ဣဒံ တေ မိစ္ဆာ" ဝါကျကို နိဂ္ဂဟစတုက္က ဥပနယန စတုက္ကတို့၌လည်း ပါဠိတော် စာအုပ်ဝယ် တွေ့ရ၏။ ထိုတွင် နိဂ္ဂစတုက္က၌ တွေ့ရသောပါဌ်သည် ပါဌ်မှန်တည်း။ ဥပနယန စတုက္က၌ကား ဣဒံ တေ မလို။ "မိစ္ဆာ" ဟု သာ ရှိရမည်။ ၃။ ။ယေန ကာရဏေန။ ပေ။ သူကတာ။ ။"တေန ဟိ ယေ တတေ နိဂ္ဂဟေတိ"ဟု သံဝဏ္ဏေတဗ္ဗကို ဤမျှသာ တည်ထားသော်လည်း ဖွင့်သောအခါ “သေ နိဂ္ဂဟေ ဒုက္ကဋေ၊ သုကတေ ပဋိကမ္မေ၊ သုကထာ ပဋိပါဒနာ” တိုင်အောင် ဖွင့်သောကြောင့် “နိဂ္ဂဟေတိ” ၌ အာဒိအနက်ဟော ဣတိသဒ္ဒါနှင့် ပဒတ္ထဝိပလ္လာသ ဇောတက ဣတိသဒ္ဒါ ဟု ဣတိ ၂-လုံး ရှိသင့်သော်လည်း။ တစ်လုံးကို ချေးထားသည် ဟု ကြံပါ။
**၁။ အနုလောမပစ္စနိကပဉ္စက**။ ။"ဇယော ဟောတိ”ဟု ဆုံးသောအခါ အောက်၌ "အနုလောမပစ္စနီကဝဏ္ဏနာ နိဋ္ဌိတာ"ဟု နိဂုံးရှိလျှင် ကောင်း၏။ မရှိ သောကြောင့် ထည့်ရသည်။ “အနုလောမပစ္စနီက” ဟု အမည်ပြုရာ၌ ပါဠိတော်ကို ကြည့်ပါ။ အနုလောမပဉ္စက,ပဉ္စကမ္မစတုက္က, နိဂ္ဂဟစတုက္က, ဥပနယနစတုက္က, နိဂ္ဂမန စတုက္ကဟု ၅-ပိုင်းရှိရာဝယ် အနုလောမပဉ္စက တပိုင်းသာ အနက်အဓိပ္ပါယ်မှန်သော သကဝါဒ၏ စကားဖြစ်၍ အနုလောမ အမည်ရ၏။ နောက်လေးပိုင်းမှာ ပရဝါဒီ၏ ပစ္စနီက ဆန့်ကျင်ဘက် စကားချည်းသာတည်း။ ဤသို့ အနုလောမ ရှေ့သွားရှိ၍ ပစ္စနီက နောက်လိုက်ရှိသောကြောင့် ဤ အပိုင်း ၅-ရပ်ကို "အနုလောမ ပစ္စနီက ပဉ္စက”ဟု ခေါ်ရသည်။