**၁။ မိစ္ဆတ္တ သမ္မတ္တနိယတာ**။ ။ ခန္ဓာ ၅-ပါးတို့၏ ရုပ္ပန စသော သဘောအားဖြင့် မြဲကြသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော် "နိယတ"ဟုဘုရားဟောတော်မမူ။ နိယတဖြစလျှင်လည်း မိစ္ဆတ္တ, သမ္မတ္တ တမျိုးမျိုးတွင်ပါဝင်ရ၏။ "သဗ္ဗေ ဓမ္မာနိယတာ"ဟူသော အယူသည် မမှန်သောကြောင့် သကဝါဒီက စစ်ဆေးရသည်။
နတ္ထိ၊
ဣတိ စောဒေတုံ မိစ္ဆတ္တနိယတာတိာအာဒိံ အာဟ၊ ကသ္မာ၊ ကြောင့်။
(ဣတိ အဓိပ္ပါယေန ဝတ္တဗ္ဗံ၊ နည်း။ ဣတော အညထာန ဝတ္တဗ္ဗံ၊ နည်း။)
ရူပဋ္ဌတော၊ ရုပ်၏အနက်ဖြစ်သော ဖောက်ပြန်ခြင်းသဘောမှ။
အညဿ၊ အခြားသော။
ရူပဿ၊ ရုပ်၏။
အဘာဝါ၊ မရှိခြင်းကြောင့်။
(ဣတိအဓိပ္ပါယေန ဝတ္တဗ္ဗံ, ဣတော အညထာ နဝတ္တဗ္ဗံ- မဆိုထိုက်။)
၁။ ယေနတ္ထေန နိယတာတိ။ ။ရုပ္ပနအနက် အနူဘဝန အနက်စသော ခန္ဓာ ၅-ပါး၏ အနက်သဘောကို "ယေနတ္ထေန"ဟု ဆိုသည်။ နိယတာတိကား "သဗ္ဗေ ဓမ္မာ နိယတာ"မှ နိယတာတည်း။ ထို့ကြောင့် ဗဟုဝုစ် ရှိရသည်။
၂။ ဣတိ အဓိပ္ပါယေန ဝတ္တဗ္ဗံ။ ။ "ရူပံ ရူပဋ္ဌေန"ဟု ဝိဘတ်မတူပဲ ပါဠိတော်၌ ဆိုထားသော်လည်း "ရူပဋ္ဌေန"ကို နိယတံ၌ အဘိန္နဝိ သသနစပ်ရမည်ဖြစ်သောကြောင့် ရူပံအရနှင့် ရူပဋ္ဌ အရသည် ရုပ်တရားချည်း ရ၏။ ထို့ကြောင့် "ရူပံ ရူပဋ္ဌေန နိယတံ"ဟူသော စကားသည် "ရူပံ ရူပမေဝ၊ ရုပ်သည် ဖောက်ပြန်ခြင်း သဘောရှိသည်သာ"ဟု ဆိုအပ်သော စကားနှင့် အဓိပ္ပါယ်တူပင် ဖြစ်၏။ [ရူပမေဝ-၌ ဧဝ-ဖြင့် "န ဝေဒနာဒိသဘာဝံ"ဟုကန့်သည်။ နဝေဒနာဒိသဘာဝံသည် ရူပံနှင့် အရတူ ဗဟုဗ္ဗီတိသမာသ် ဖြစ်သကဲ့သို့ (တနည်း-ဆဋ္ဌီတပ္ပုရိသ် ရှေ့ရှိသော အဿတ္ထိ ဖြစ်သကဲ့သို့) ရူပမေဝ-၌လည်း အဿတ္ထိတဒ္ဓိတ်ဟုမှတ်ပါ။]
၃။ ဣတော အညထာ နဝတ္တဗ္ဗံ။ ။ရူပနှင့် ရူပဋ္ဌတို့၏ အရတူသော အခြင်းအရာကို "ဣတော"ဟုဆို၍ အရမတူသော အခြင်းအရာကို "အညထာ"ဟုဆိုသည်။ ကသ္မာ-ဖြင့် "ဣတိ အဓိပ္ပါယေန ဝတ္တဗ္ဗံ၊ ဣတော အညထာန ဝတ္တဗ္ဗံ"ဟူသောအနွယ ဗျတိရေကဝါကျကို ဟူ၍ ပုစ္ဆာထုတ်သည်။"ရူပဋ္ဌတော အညဿရူပဿ အဘာဝါ၊ ရူပသဘာဝေါဟိ"စသည်တိုကား ရူပနှင့် ရူပဋ္ဌတို့ အရတူပုံကို ပြသော အဖြေစကားတို့တည်း။
ပန၊ ထိုသို့ရုပ်မှတပါး အခြားသော ရူပဋ္ဌ မရှိပါသော်လည်း။
အဿ၊ ထိုရုပ်၏။
ဝေဒနာဒီဟိ၊ ဝေဒနာ အစရှိသည်တို့မှ။
နာနတ္တသညာပနတ္ထံ၊ မတူထူးခြားကွဲပြားသည်၏အဖြစ်ကို သိစေခြင်းအကျိုးငှာ။
ဧသဝေါဟာရော၊ ဤရူပသဘာဝ ရူပဋ္ဌဟူသော အခေါ်အဝေါ်သည်။
၁။ ရူပသဘာဝေါတိ။ ။[ရှေ့စကားကို တိုက်ရိုက် အကျယ်မချဲ့ သောကြောင့် အဠှီကရဏကြံလိုက်ပါသည်။]ရှေ့စကားကို ခိုင်မြဲအောင် ပြရာ၌ "ရူပသဘာဝေါရူပဋ္ဌော။ပေ။ နရူပတော အညော"ဟုရုပ်မှ တပါးသော ရူပဋ္ဌ၏ မရှိခြင်းကိုသာ ပြ၍ မူလ အဖြေဖြစ်သော ရူပဋ္ဌမှ တပါးသော ရုပ်၏ မရှိခြင်းကို အဘယ်ကြောင့် မပြပါသနည်း-ဟု မေးဖွယ်ရှိ၏။ အဖြေကား ရုပ်မှ တပါးသော ရူပဋ္ဌ၏ မရှိခြင်းကို ပြလိုက်လျှင် ရူပဋ္ဌမှ တပါးသော ရုပ်၏ မရှိခြင်းကိုလည်း အတ္ထာပန္နနည်းအားဖြင့် ပြပြီးဖြစ်သောကြောင့် ရူပဋ္ဌမှ တပါးသော ရုပ်၏ မရှိခြင်းကို သီးခြား မပြတော့။
ဋီကာ။ တတ္ထ ရူပတော အညဿ ရူပဋ္ဌဿ အဘာဝေ ဒဿိတေ ရူပဋ္ဌတော အညဿ ရူပဿ အဘာဝေါ ဒဿိတော ယေဝ နာမ ဟောတီတိ တမေဝ ရူပတောအညဿရူပဋ္ဌဿ အဘာဝံ ဒဿေန္တော ရူပသဘာဝေါ ဟီတိအာဒိ မာဟ။ [ဒဿိတော ယေဝ ဟောတိ, အတ္တတော အာပန္နတ္တာ။-အနူ။ အနက်အဓိပ္ပါယ်ကျရောက်သည်ကို အတ္ထာပန္နနည်းဟု ခေါ်သည်။]
ဝေဒနာဒီဟိ ပနဿ။ ပေ။ ဟောတီတိ။ ။ရုပ်တရားနှင့် ရုပ်၏ ဖောက်ပြန်ခြင်း သဘောသည် အရတူပါလျက် အဘယ်ကြောင့် "ရူပသဘာဝရုပ်၏+သဘော" "ရူပဠ-ရုပ်၏+ အနက်သဘော"ဟု ရုပ်နှင့် သဘောတို့ ကွဲပြားသကဲ့သို့ အခေါ်အဝေါ်ဖြစ်ရသနည်း။ ဤသို့ မေးဖွယ်ရှိသောကြောင့် "ဝေဒနာဒီဟိ ပနဿ"စသည်ကို မိန့်။ ရုပ်၏ ဝေဒနာ အစရှိသည်တို့မှ မတူ ထူးခြားပုံကိုသိစေခြင်း အကျိုးငှာ"ရုပ်၏+သဘော၊ ရုပ်၏+အနက်"ဟု ရူပနှင့် သဘာဝကို ကွဲပြားသကဲ့သို့ အခေါ်အဝေါ်ဖြစ်သည်။ [ဝေါဟာရော ဟောတီတိ ကျမှ ဣတိဖြင့် တတြာယံ အဓိပ္ပါယောကို ပြန်၍ အုပ်ပါ။]
၃။ နာနတ္တသညာပနတ္ထံ။ ။အဋ္ဌကထာစာအုပ်တို့၌ "နာနတ္တပညာပနတ္ထံ"ဟု တွေ့ရ၏။ ဋီကာစာအုပ်၌ "နာနာတ္တသညာပနတ္ထံ"ဟု တွေ့ရ၏။ အခေါ်အဝေါ်နာမည်သညာကို သိစေခြင်း ဖြစ်သောကြောင့် "သညာပန" ဟု ရှိသော ပါဌ်သာ အမှန်တည်း။
၄။ ဧသ ဝေါဟာရော။ ။ရူပဿ+သဘာဝေါ ရူပသဘာဝေါ၊ ရူပဿ+အဋ္ဌော ရူပဋ္ဌောတိ ဧဝံ အညတ္တံ ဂဟေတွာ ဝိယပဝတ္တော ရူပသဘာဝဝေါဟာရော, ရူပဋ္ဌဝေါဟာရော ဝါ။ ဋီကာ။[ဤ၌ ရူပဿနှင့် သဘာဝသည် အရ မကွဲပါပဲအဘေဒဘေဒူပစာရအားဖြင့် အရ ကွဲသကဲ့သို့ သမ္ဗန်-သမ္ဗန္ဓီခွဲ၍ ဆိုခြင်းကို "အညတ္တံဂဟေတွာ ဝိယ"ဟုဆိုသည်။ "ရူပဿ+အဋ္ဌော ရူပဋ္ဌော"၌လည်း နည်းတူ။] ဤ၌ "ရူပဿ+အဋ္ဌော ရူပဋ္ဌော" ဟုဆဋ္ဌီတပ္ပုရိသ်ဖွင့်ပုံကို ကြည့်၍ "ရူပဋ္ဌ-ရုပ်၏ အနက်ဖြစ်သော ဖောက်ပြန်ခြင်းသဘော"ဟုပေးရသည်။
ဟောတိ၊ ဣတိ (အယံ အဓိပ္ပါယော၊ )တသ္မာ၊ ထိုသို့ ရုပ်၏ ရူပဋ္ဌမှ တမျိုးတခြား မဟုတ်သည်၏အဖြစ်ကြောင့်။
[တသ္မာတိ ရူပဿ ရူပဋ္ဌေန အနညတ္တာ။-ဋိ ။ ရှေ့၌ ဆိုအပ်ပြီး စကားကို ချုံး၍ စွဲသည်။] ရူပံ ရူပဋ္ဌေန နိယတန္တိ၊ ဟူ၍။ ဝဒန္တေန၊ ဆိုသောပရဝါဒီသည်။ ရူပံ၊ ရုပ်သည်။ နိယတံ၊ မြဲ၏။ ဣတိ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊
နိယတဉ္စနာမ၊ နိယတမည်သည်လည်း။ မိစ္ဆတ္တနိယတံဝါ၊ မိစ္ဆတ္တနိယတသည်သော်လည်း။ သိယာ၊ ရာ၏။ ဣတော၊ ဤမိစ္ဆတ္တနိယတ သမ္မတ္တနိယတမှ။ အညော၊ အခြားသော။ နိယာမော နာမ၊ မြဲသော တရားမည်သည်။ နတ္ထိ၊ မရှိ။
[စာအုပ်တို့၌ "နတ္ထီတိ"ဟုရှိ၏။ ဣတိ ပိုဟန်တူသည်။ ရှေးနိဿယ၌ကား "ဣတိ (အယံ)၊ကား။ အဓိပ္ပါယော၊ တည်း"ဟုထည့်ပေးသည်။]
တသ္မာ၊
ပဋိဇာနာတိ၊ ၏။
၁။ ကသ္မာ ပဋိဇာနာတိ။ ။မိစ္ဆတ္တနိယတ, သမ္မတ္တနိယတမှတပါး အခြားသော နိယာမတရား မရှိလျှင် "ရူပံ ရူပဋ္ဌေန နိယကံ-လော"ဟုမေးရာ၌ အဘယ့်ကြောင့် "အာမန္တာ"ဟုဝန်ခံရသနည်း။ ရူပ၏ နိယတအဖြစ်သည် မိစ္ဆတ္တနိယတလည်း မဟုတ်, သမ္မတ္တနိယတလည်း မဟုတ်ပါတကား-ဟူလို။
၂။ အတ္ထန္တရဝသေန။ ။ "အန္တရ-မိစ္ဆတ္တနိယတ အနက်, သမ္မတ္တနိယတအနက်မှ တပါးသော+အတ္တ-ရုပ်သည် ဖောက်ပြန်ခြင်းသဘောရှိသည်သာ"ဟူသောအနက်။ ထိုအနက်နှင့် "အာမန္တာ"ဟုဝန်ခံရသည်။ [ရူပံ ရူပဋ္ဌေန နိယတန္တိဧတ္ထ တိ" စသည်ကား အတ္ထန္တရဝသေန၏ ဒဠီဝါကျတည်း။]
ပန၊ ဆက်။ ဣတော၊ ဤ ရူပံ ရူပမေဝ ဟူသော အနက်မှ။ အညထာ၊ တပါးသော အပြားအားဖြင့်။ အဿ၊ ထိုရုပ်၏။ နိယတတ္ထံ၊ မြဲသည်၏ အဖြစ်သည်။ နတ္ထိ၊ ဣတိ၊ ကြောင့်။ ပုန၊ တဖန်။ ဝါ၊ ထပ်၍။ တေနေဝ နယေနေဝ၊ ထိုနည်းဖြင့်ပင်။
["နိယတဉ္စ နာမ မိစ္ဆတ္ထနိယတံဝါသိယာ။ပေ။အညောနိယာမော နာမ နတ္ထိ" ဟူသော နည်းဖြင့်ပင်။] စောဒေတုံ၊ ငှာ။ မိစ္ဆတ္တနိယတန္တိအာဒိံ အာဟ၊