၈၆၆။ ဣဒါနိ နိရယပါလကထာနာမ ဟောတိ၊
တတ္ထ၊ ထိုနိရယပါလ ကထာ၌။
နိရယေ၊ ငရဲ၌။
နေရယိကကမ္မာနေဝ၊ ငရဲသူ ငရဲသားတို့၏ အကုသိုလ်ကံတို့သည်သာ။
နိရယပါလရူပဝသေန၊ ငရဲထိန်းတို့၏အသွင်သဏ္ဌာန်၏ အစွမ်းဖြင့်။
ဝဓေန္တိ၊ ညှဉ်းဆဲကြကုန်၏။
နိရယပါလ နာမ၊ ငရဲကို စောင့်ရှောက်သောငရဲထိန်းတို့ မည်သော။
၁။ နိရယပါယာ။ ။နေရယိကေ နိရယေ ပါလေန္တိ၊တတော နိဂ္ဂန္ထုံ အပ္ပံ ဒါနဝသေန ရက္ခန္တီတိ နိရယပါလာ(ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ထိုငရဲမှ ထွက်သွားခွင့်ကို မပေးခြင်း၏ အစွမ်းဖြင့် စောင့်ရှောက်တတ်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။) နိရယပါလတာယ ဝါ နေရယိကာနံ နရကဒုက္ခေန ပရိယောနဒ္ဓါယ အလံ သမတ္ထာတိ နိရယပါလာ (တနည်း ငရဲ၌ စောင့်ရှောက်တတ် သည်၏ အဖြစ်ကြောင့် ငရဲသို့ ရောက်လာကုန်သော သတ္တဝါတို့အား ငရဲဒုက္ခဖြင့် ထက်ဝန်းကျင် မြှေးယှက်ခြင်းငှါ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။)
မေးဖွယ်။ ။ဤ နိရယပါလတို့ဟူသည် ငရဲသားတွေလော၊ သို့မဟုတ် ငရဲသား မဟုတ်ကြသလော၊ ဤသို့ မေးဖွယ် ရှိ၏။ အကယ်၍ ငရဲသားတွေ ဖြစ်အံ့။ ငရဲ၌ ဖြစ်စေနိုင်သော ကံကြောင့် ဖြစ်ကြရကား မိမိတို့ကိုယ်တိုင်လည်း ငရဲဒုက္ခကို ခံစား ကုန်ရာ၏။ ထိုသို့ ငရဲဒုက္ခကို ခံစားရသည်ရှိသော် အခြား ငရဲသားတို့ကို ညှဉ်းဆဲ နှိပ်စက်ခြင်းငှါ မစွမ်းနိုင်ကုန်ရာ။ “ဤသူတို့ကား ငရဲသားတို့တည်း။ ဤသူတို့ကား ငရဲထိန်းတို့တည်း”ဟု ခွဲခြားခြင်းလည်း မဖြစ်တော့ရာ။
သည်သာမကသေး၊အကြင် အကြင် သူတို့သည် ငရဲသားတို့ကို နှိပ်စက်ကြကုန်၏။ အနှိပ်စက်ခံရသူတို့နှင့် တူမျှသော ရုပ်အဆင်း အားခွန်ဗလ အရွယ်အရပ် ပမာဏရှိကြကုန်သော ထိုထို ငရဲထိန်းတို့မှ အခြားသော ငရဲသူ ငရဲသားတို့၏ ကြောက်ရွံ့
ထိတ်လန့်ခြင်းတို့လည်းမဖြစ်ကုန်တော့ရာ၊ သို့မဟုတ် ငရဲထိန်းတို့ဟူသည် ငရဲသားများ
မဟုတ်ကြလျှင် အဘယ်နည်းဖြင့် ထိုငရဲ၌ ဖြစ်သင့်ပါအံ့နည်း။ ဤသို့ မေးဖွယ်ရှိ၏။
အဖြေကား။ ။“ငရဲထိန်းတို့” ဟူသည် နိရယဂတိ၌ ဖြစ်စေတတ်သောကံကြောင့် ဖြစ်ရသူများ မဟုတ်ကြသောကြောင့် ငရဲသူ ငရဲသားတွင် မပါဝင်ကြ။
မှန်၏-နိရယဂဘိ၌ ဖြစ်စေတတ်သော ကံမှ အခြားသော ကံကြောင့်သာ ထိုငရဲထိန်း တို့သည် ရက္ခိုသ်အမျိုးအနွယ်များ ဖြစ်သောကြောင့် ငရဲ၌ ငရဲထိန်းဖြစ်၍ နေကြ ရသည်။ ထို့ ကြောင့်ပင် ရှေးဆရာတို့ ဆိုကြသည်ကား-
ကောဓနာ ကုရူရူကမ္မန္တာ၊ ပါပါဘိရုစိနော တထာ။
ဒုက္ခိတေသု စ နန္ဒန္တိ၊ ဇာယန္တိ ယမရက္ခသာ။
ဤသို့ ဆိုကြသည်။
[ဒေါသလည်း အလွန်ကြီးကုန်သော ကြမ်းသော အလုပ်ရှိကြကုန်သော မကောင်း မှုကို အလွန်နှစ်သက်ကြကုန်သော ဒုက္ခရောက်သူတို့အပေါ်၌ နှစ်သက်ကြကုန်သော ယမမင်း၏ ရက္ခိုသ်တို့သည် ငရဲ၌ ဖြစ်လာကြကုန်၏။] ဤသို့ စသည်ဖြင့် အနူဋီကာ၌ ငရဲသား မဟုတ်သော ငရဲထိန်းများ၏ အကြောင်းကို များစွာ ဖွင့်ထားလေသည်။
သတ္တာ၊
တို့သည်။
နတ္ထိ၊
မရှိကုန်။
ဣတိ ယေသံ၊
ပေ၊
ဣတရဿ၊
အထ၊ ၌။
နံ၊ ကို။
တတ္ထ၊ ထိုငရဲ၌။
နိရယပါလာ၊ တို့သည်။
ယဒိ န သိယုံ၊ အကယ်၍ မရှိကုန်အံ့။
(ဧဝံ သတိ၊ )
ကမ္မကာရဏာပိ၊ ညှဉ်းဆဲနှိပ်စက်မှုတို့သည်လည်း။
န ဘဝေယျုံ၊ မရှိကုန်ရာ။
ဟိ၊ မှန်။
ကာရဏိကေသု၊ ညှဉ်းဆဲနှိပ်စက်မှုကို ပြုတတ်သော ငရဲထိန်းတို့သည်။
သတိ၊ ရှိကုန်လသော်။
၀ါ၊ ရှိမှ။
ကာရဏာ၊ ညှဉ်းဆဲနှိပ်စက်ခြင်း သည်။
(ဟောတိ၊ )
ဣတိ စောဒေတုံ နတ္ထိ နိရယေသူတိ အာဒိံ အာဟ၊
[ကာရော၊ နှောင်အိမ် စသည်ဖြင့် သွာဒိကရဓာတ်သည် ညှဉ်းပန်းနှိပ်စက်ခြင်း အနက်ကို ဟော၏။]
၈၆၇-၈၆၈၊
အတ္ထိ မနုသောသူတိ၊ ဟူသောစကားကို။
ပစ္စက္ခေန၊ မျက် မှောက်အားဖြင့်။
(လက်တွေ့ မျက်မြင်အားဖြင့်။)
ဉာပနတ္ထံ၊ ညှဉ်းဆဲပုံကို သိစေခြင်းအကျိုးငှါ။
(သကဝါဒိနာ၊) ဝုတ္တံ၊
ဟိ၊ ချဲ့။
မနုဿေသု၊ လူတို့၌။
ကာရဏိကေသု၊ ညှဉ်းဆဲမှုကို ပြုတတ်သော သူတို့သည်။
သတိ၊ ရှိကုန်လသော်။
ဝါ၊ ရှိမှ။
ကာရဏာ၊ ညှဉ်းဆဲခြင်းသည်။
(ဟောတိ) ယထာ၊ သို့။
ဧဝံ၊ တူ။
ထတ္ထာပိ၊ ထိုငရဲ၌လည်း။
(ကာရဏိကေသု သတိ ကာရုဏာ ဟောတိ၊ )
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤ အတ္ထိ မနုဿေသု အစရှိသော စကားရပ်၌။
အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။
အတ္ထိ နိရယေသူတိ၊ အစရှိသော။
ပုစ္ဆာ ပရဝါဒိဿ၊
ပဋိညာ ဣတရဿ၊
န ဝေဿ ဘူနောပိ စ ပေတ္တိရာဇာတိ၊ အစရှိသော သုတ်ကို။
ပရဝါဒိနာ၊ သည်။
သကသမယတော၊ မိမိတို့၏အယူမှ။
အာဘတံ၊ ဆောင်ယူအပ်သော။
သုတ္တံ၊ သုတ်တည်း။
ပန၊ ထိုသို့ပရဝါဒီ၏ အယူမှ ဆောင်ယူအပ်သောသုတ်ဖြစ်ပါသော်လည်။
တံ၊ ထို န ဝေဿဘူ အစရှိသော သုတ်သည်။
သာသနာ ဝစရိကံ၊ သာသနာတော်၌သက်ဝင်၏။
ဣတိ၊ ထို့ကြောင့်။
သကဝါဒိနာ၊ သည်။
အနုညာတံ၊ ခွင့်ပြုအပ်ပြီ။
တတ္ထ၊ ထို န ဝေဿဘူ အစရှိသော ဂါထာ၌။
ဝေဿဘူတိ၊ ဝေဿဘူဟူသည်ကား။
ဧကော၊ တယောက်သော။
ဒေဝေါ၊ နတ်တည်း။
ပေတ္တိရာဇာတိ၊ ကား။
ပေတ္တိဝိသယေ၊ ပြိတ္တာတို့၏ နယ်မြေ၌။
ပေတမဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိသော ပြိတ္တာတည်း။
သောမာဒယော၊ သောမအစရှိသောနတ်တို့သည်။
ပါကဋာ ဝေ၊ ထင်ရှား ကုန်သည်သာ။
ဣဒံ၊ ဤအနက်အဓိပ္ပါယ်သည်။
ဝါ၊ ကို။
ပုတ္တံ ဟောတိ၊
(ကိံ ဝုတ္တံ ဟောတိ၊ )
အတ္တနော၊ မိမိ၏။
ကမ္မေဟိ၊ ကံတို့ကြောင့်။
ဣတော၊ ဤဘဝမှ။
ပဏုန္နံ၊ ပစ်ချအပ်သည်။
(ဟုတွာ၊ )
ပရလောကံ၊ တပါးသောလောကသို့။
ပတ္တံ၊ ရောက်သော။
ပုရိသံ၊ ကို။
ဧတေ ဝဿေဘူအာဒယော၊ ဤဝေဿတူ အစရှိသောနတ်တို့သည်။
နဟနန္တိ၊ သတ်ကုန်သည်မဟုတ်။
ပန၊ အဟုတ်ကား။
သော၊ ထို ဤဘဝ မှ စုတေသော သတ္တဝါကို။
ယေဟိ ကမ္မေဟိ၊ အကြင်ကံတို့သည်။
တတ္ထ၊ ငရဲဘုံသို့။
ပဏုန္နော၊ ပစ်ချအပ်ပြီ။
သကာနိ၊ မိမိဥစ္စာ ဖြစ်ကုန်သော။
တာနိ ကမ္မာနိယေဝ၊ ထိုကံတို့သည်သာ။
နံ၊ ထိုသတ္တဝါကို။
တတ္ထ၊ ထိုငရဲ ဘုံ၌။
ဟနန္တိ၊ သတ်ကုန်၏။
ဣတိ၊ သို့။
ကမ္မဿကတံ၊ ကံဟူသော မိမိဥစ္စာ ရှိသည်၏ အဖြစ်ကို။
(ဘဂဝါ၊ )
ဒီပေတိ၊
နိရယပါလာနံ၊ တို့၏။
အဘာဝံ၊ မရှိခြင်းကို။
န (ဒီပေတိ)၊ ပြတော်မူသည်မဟုတ်။
ပန၊ ကား။
သကဝါဒိနာ၊ သည်။
တမေနံ ဘိက္ခဝေ၊ တမေနံ ဘိက္ခဝေ အစရှိကုန်သော။
အာဟ တာနိ၊ ဆောင်အပ်ကုန်သော။
သုတ္တပဒါနိ၊ သုတ်ပုဒ်တို့သည်။
နီတတ္ထစ နေဝ၊ ထုတ်ဆောင်အပ်သော အနက်ရှိကုန်သည်သာ။
ဣတိ၊ အပြီးတည်း။