တတ္ထ၊ ထိုစေတသိက ကထာ၌။
ယသ္မာ ဖဿိကာဒယော နာမ၊ ဖဿိက အစရှိသောတရားတို့မည်သည်။
၁။ တေလေ နိဗ္ဗတ္တေတွာ။ ။နိဗ္ဗတ္တိတ ပရမတ္ထဝသေန၌ နိဗ္ဗတ္တ သဒ္ဒါသည် ပညတ်မှ နစ်စေခြင်း, ပညတ်မှ အသီးအခြား ထုတ်နုတ်ခြင်းအနက်ကို ဟောသကဲ့သို့ ဆီကိုလည်း နှမ်းမှ အသီးအခြား ထုတ်ခြင်းကို “တေလေ နိဗ္ဗတ္တေတွာ ဂဟိတေ”ဟု ဆိုသည်။ ဂဟိတေနှင့် လိုက်လျောအောင် “တေလေ”ဟုလည်း ပါဌ်ရှိရမည်။ စာအုပတို့၌“တိလံ”ဟုနှမ်းအနက်ဟောပုဒ်ကိုတွေ့ရသော်လည်း နိဗ္ဗတ္တေတွာနှင့်မလိုက်လျောပါ။ [ရှေးနိဿယ၌ကား"တိလံ-နှမ်းကို၊ နိဗ္ဗတ္တေတွာ-ညှစ်၍”ဟု အနက်ပေးပြီးလျှင် ဂဟိတေအတွက် “တေလေ”ဟု ပါဌသေသ ထည့်လေ၏။]
၂။ ဖဿိကာဒယော။ ။ဤ၌ အာဒိ သဒ္ဒါသည် ဝဝတ္ထာဝါစီ(ဝိ+အဝတ္ထာဝါစီ)အသီးအသီး ပိုင်းခြားကန့်သတ် အပ်ပြီးသော အနက်ကိုဟော၏။ ဆိုလိုရင်းကား ဖဿ ဝေဒနာ သညာ စသော စေတသိက်တရားတို့သည် ရုပ်တရားတို့မှ အသီးအခြား ခွဲပြီးသားဖြစ်၏။ထိုသို့ အသီးအခြား ခွဲပြီးသား တရားတို့ကို ယူဖို့ရန် အာဒိ သဒ္ဒါကဟောသည်။ ထို့ကြောင့် ဖဿိက, ဝေဒနိက, သညိက စသည်ဖြင့် ယူပါ။ အသီးအခြား ခွဲရာတွင် မပါသော ရုပ်တရားများကို မယူပါနှင့် ဟူလို။ [ဖဿိကာဒယောတိဧတ္ထ အာဒိသဒ္ဒေါ ဝဝတ္ထာဝါစီ။ တေန စိတ္တုပ္ပါဒဒေသနာယံ ( ဓမ္မသင်္ဂဏီစိတ္တုပ္ပါဒ သဒ္ဒါက ဒေသနာတော်၌) ဒဿိတပ္ပဘေဒါ ဝေဒနာဒယော ဂယှန္တိ၊ န တံ သမုဋ္ဌာနာရူပဓမ္မာဟိ အာဟ “ဧကုပ္ပါဒတာဒိဝိရဟိတာ သဟဇာတတာ နတ္ထီ”တိ။--အနု။]
နတ္ထိ၊ မရှိကုန်။ တသ္မာ။ စေတသိကေနာပိ၊ စေတသိကမည်သော တရားသည်လည်း။ နဘဝိတဗ္ဗံ၊ မဖြစ်ထိုက်။ ဣတိ၊ ကြောင့်။ စေတသိကော၊ စေတသိကမည်သော။ ဓမ္မော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ရာဇဂိရိကသိဒ္ဓတ္ထိကာနံ(လဒ္ဓိဟောတိ) သေယျထာပိ၊