ဗြဟ္မစာရီ၊ အကျင့်မွန် အကျင့်မြတ် အမြဲကျင့်တတ်သည်။
(ဟုတွာ)၊ ဖြစ်၍။
သဗ္ဗေသု၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
ဘူတေသု၊ ရှေးကံလျောက် ဖြစ်ပေါ်ပေါက်သည့် များမြောက်စွာလှ သတ္တဝါဟူသမျှတို့၌။
ဒဏ္ဍံ၊ ကိုယ်နှုတ်စိတ်စု နှိပ်ကွပ်မှုကို။
နိဓာယ၊ မပြုသောအား ဖယ်ချထား၍။
သမံ၊ ကာယ စသည် အလီလီဝယ် အညီအသင့် ကောင်းသောအကျင့်ကို။
စရေယျ၊ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်သည်ဖြစ်အံ့။
သော၊ အကြောင်းအားလျော်စွာ ပြင်ဆင်ပါလည်း လွန်စွာထူးချွန် ထိုသူမွန်သည်။
ဗြဟ္မဏော၊ ကိလေသာ အာသဝေါ ရေဝယ်မျှောသို့ မျှောပြီးစင်စစ် ဗြဟ္မဏလည်း ဖြစ်ပါပေ၏။
သော၊ အကြောင်းအားလျော်စွာ တန်ဆာဝတ်စား ပြင်ဆင်ထားလည်း အများထက်ချွန် ထိုသူမွန်သည်။
သမဏော၊ ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းပြီးစင်စစ် သမဏလည်း ဖြစ်ပါပေ၏။
သ(သော)၊ လူဝတ်ကြောင် အသွင်တန်ဆာဆင်သဖြင့် လူပင်ထင်အပ် ထိုသူမြတ်သည်။
ဘိက္ခု၊ ကိလေသာအခဲ အကုန်ကွဲအောင် ခွဲပြီးစင်စစ် ဘိက္ခုလည်း ဖြစ်ပါပေသတည်း။
[ဓမ္မပဒ သန္တတိမဟာမတ္တ ဝတ္ထုအဖွင့်။]
ဣမံ နယံ၊ ဤနည်းကို။
ဒဿေတုံ၊ ငှာ။
အတ္ထိ အရဟတောတိအာဒိ၊ အစရှိသောစကားရပ်ကို။
(အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန) အာရဒ္ဓံ၊
သဗ္ဗံ၊ သော။
တံ၊ ထိုစကားရပ်သည်။
ဥတ္တာနတ္ထမေဝ၊ သည်သာ။
ဣတိ၊ တည်း။
ဂိဟိဿ အရဟာတိကထာဝဏ္ဏနာ၊ သည်။
(နိဋ္ဌိတာ)၊