Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

3. Saddo vipākotikathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၆၃၆-၆၃၇၊
ဣဒါနိ သဒ္ဒေါ ဝိပါကောတိကထာ နာမ ဟောတိ၊
တတ္ထ၊ ထိုသဒ္ဒေါ ဝိပါကောတိကထာ၌။ သော၊ ထိုဘုရားရှင်သည်။ တဿ ကမ္မဿ၊ ထိုကံကို။ ကတတ္တာ၊ ပြုအပ်ပြီး၏ အဖြစ်ကြောင့်။ ဥပစိတတ္ထာ၊ ဆည်းပူးအပ် ပြီး၏ အဖြစ်ကြောင့်။ ဥဿန္နတ္တာ၊ ပွါးများအပ်ပြီး၏ အဖြစ်ကြောင့်။ ဝိပုလတ္တာ၊ ပြန့်ပြောသည်၏ အဖြစ်ကြောင့်။ ဗြဟ္မဿရော၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံတော်ရှိသည်။ ဟောတိ၊ ၏။ ဣတိအာဒီနိ၊ ဤသို့အစ ရှိသော ပါဠိရပ်တို့ကို။ အယောနိသော၊ အားဖြင့်။ ဂဟေတွာ၊ သဒ္ဒေါ၊ အသံသည်။ ဝိပါကော၊ ကံ၏ အကျိုးတည်း။ ဣတိ၊ သို့။ မဟာသံဃိကာနံ လဒ္ဓိ(ဟောတိ)သေယျထာပိ၊ (ဧဝံ၊ ) ယေသံ (လဒ္ဓိ ဟောတိ)၊

တေသံ၊ ထိုပရဝါဒီတို့အား။

၁။ သဝိပါကာ။ပေ။ ဝုတ္တံ။ ။“ဝိပါကာ အဗျာကတာ” စသည်ဖြင့် အဝိပါက စေတနာကိုသာ သရုပ်သကောင်အဖြစ်ဖြင့် ပြ၏။ သဝိပါက စေတနာအတွက် သရုပ် သကောင်အားဖြင့် မပြ။ သို့သော် အဝိပါက စေတနာကို သရုပ်သကောင်အားဖြင့် ပြလိုက်လျှင် သဝိပါက စေတနာအတွက်လည်း သရုပ်သကောင်အားဖြင့် ပြပြီး ဖြစ်တော့၏-ဟု ယူဆ၍ “သဝိပါကာ ဝိပါကစေတနံ သရူပေန ဒဿေတုံ ဝုတ္တံ” ဟု မိန့်သည်။ [အဝိပါကစေတနာယ သရူပေန ဒဿိတာယ သဝိပါကာပိ ဒဿိတာယေဝ နာမ ဟောတီတိ မညမာနော(မှတ်ထင်သည်) ဟုတွာ အာဟ သပိပါကာ ဝိပါကစေတနံ သရူပေန ဒဿေတုန္တိ။-ဋီကာ။]

၂။ အယောနိသော ဂဟေတွာ။ ။“သောတဿ ကမ္မဿ ။ပေ။ ဗြဟ္မဿရော ဟောတိ”ဟူသော ပါဠိတော်သည် အသံကောင်းခြင်း၏ အကြောင်းကို ပြသော ပါဠိတော် ဖြစ်သည်ကား မှန်၏။ သို့သော် သဒ္ဒရုပ်သည် စိတ်, ဥတုကြောင့်သာ ဖြစ်ရကား ဝိပါက မဖြစ်နိုင်။ အသံကောင်းခြင်း၏ အကြောင်းကား အသံဖြစ်ရာ ကဏ္ဌစသော အရပ်တို့၌ ကမ္မဇရုပ် ပါ၏။ ထို ကမ္မဇဖြစ်သော ပထဝီဓာတ်လည်း ရှေးကံ ကောင်းလျှင် ကောင်း၏။ ရှေးကံ မကောင်းလျှင် ညံ့၏။ထိုကမ္မဇပထဝီဓာတ်နှင့် စိတ္တဇပထဝီဓာတ်တို့ ထိခတ်မိသောအခါ အသံဖြစ်ပေါ်လာရကား ကမ္မဇပထဝီ ကောင်းလျှင် အသံကောင်း၏။ ကမ္မဇပထဝီ မကောင်းလျှင် အသံညံ့၏။ဤသို့ ယူရ မည်ကို မယူပဲ သဗ္ဗရုပ်ကိုပင် တိုက်ရိုက်အကျိုးဝိပါက်ဟု ယူဆလေသည်။

ကမ္မသမုဋ္ဌာနာ၊ ကံ ဟူသော ဖြစ်ကြောင်း ရှိကုန်သော။ အရူပဓမ္မာဝ၊ နာမ်တရားတို့ချည်းသာ။ ဝိပါကာတိနာမံ၊ ဝိပါက ဟူသော အမည်ကို။ လဘန္တိ၊ ရကုန်၏။
ရူပဓမ္မေသု ပန၊ ရုပ်တရားတို့၌ကား။ အယံ ဝေါဟာရော၊ ဤ ဝိပါက်ဟူသော အခေါ်အဝေါ်သည်။ နတ္ထိ၊ ဣတိ ဒသောတုံ၊ ပေ၊ ဣတရဿ၊
သုခဝေဒနီယောတိအာဒိ၊ အစရှိသော စကားရပ်ကို။ ဝိပါကော နာမ၊ အကျိုးဝိပါက်မည်သည်။ ဧဝရူပေါ၊ သုခဝေဒနိယော စသော ဤသို့သဘော ရှိသည်။ ဟောတိ၊ ဣတိ၊ သို့။ ဒဿနတ္ထံ ဝုတ္တံ၊
သော တဿ ကမ္မဿာတိ၊ ဟူသော။ သုတ္တံ၊ သုတ်ကို။ လက္ခဏပဋိလာဘဒဿနတ္ထံ၊ ဗြဟ္မသရလက္ခဏာ တော်ကို ရခြင်းကို ပြခြင်းအကျိုးငှါ။ (ဘဂဝတာ)၊ ဝုတ္တံ၊
ဟိ၊ မှန်။ မဟာပုရိသော၊ မြတ်သောယောက်ျား ဘုရားလောင်းသည်။ ကမ္မဿ၊ ကံ၏။ ဝါ၊ ကို။ ကတတ္ထာ၊ ကြောင့်။ သုစိပရိဝါရော၊ စင်ကြယ်သော အခြွေ အရံ ရှိသည်လည်း။ ဟောတိ၊ စ၊ ထိုသို့ ကံကြောင့် စင်ကြယ်သော အခြွေအရံရှိပါ သော်လည်း။ ပရိဝါရော၊ အခြွေအရံသည်။ ဝိပါကော၊ အကျိုးဝိပါက်သည်။ န၊ မဟုတ်။ တသ္မာ၊ ဧတံ၊ ဤသို့သော တဿ ကမ္မဿ အစရှိသော စကားရပ်သည်။ အသာဓကံ၊ သာဓကမမြောက်။ [ရှေးကံကောင်းသော ပုဂ္ဂိုလ်မှာ စင်ကြယ်သောအခြွေအရံရှိ၏။ သို့သော် အခြွေအရံသည် ကံ၏ အကျိုးရင်း ကမ္မဇရုပ်မဟုတ်။ အကျိုးဆက်သာတည်း။] ဣတိ၊ အပြီးတည်း။
သဒ္ဒေါဝိပါကောတိကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )