**၁။ နကိလေသာ**။ ။ဒုမ္မင်္ကူပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းသည် ဒေါသ ကိလေသာ ကဲ့သို့ ထင်ရ၏။ ပေသလပုဂ္ဂိုလ်တို့ကို ချီးမြှောက်ခြင်းကား လောဘကိလေသာကဲ့သို့ ထင်ရ၏။ ပိလိန္ဒဝစ္ဆထေရ်သည် ရှင်ဘုရင်ဘဝများစွာ ဖြစ်လာခဲ့သောကြောင့် အထုံ ပါနေသဖြင့် သူတပါးကို "ဟဲ့အကောင် (ဝသလ)”ဟု ခေါ်လေ့ရှိ၏။ ဘုရားရှင် လည်း ရှင်ဒေဝဒတ်ကို “ခေဠာသက(တံတွေးစား)”ဟု မိန့်တော်မူ၏။ “မောဃပုရိသ (အလကားယောက်ျား)”ဟုလည်း မိန့်တော်မူ၏။ ထိုအသုံးအနှုန်းများကို ဒေါသ ကိလေသာဟု ယုံမှားဖွယ် ရှိ၏။ သို့သော် ကိလေသာကား မဟုတ်ကြ။
ပရိနိပ္ဖန္နံ၊ အကြောင်းတို့သည် ထက်ဝန်းကျင် ပြီးစေအပ်သော တရားတည်း။
သေသာ၊ ဒုက္ခသစ္စာမှ ကြွင်းကုန်သော။
ခန္ဓာ၊
ပေ၊
ဓမ္မာ၊ ခန္ဓာအာယတန ဓာတ် ဣန္ဒြေတရားတို့သည်။
[ဤပါဠိတော်၌ လာသော တရားတို့ကို ပြသည်။]
အပရိနိပ္ဖန္နာ၊ အကြောင်းတရားတို့သည်ထက်ဝန်းကျင် ပြီးစေအပ်သော တရားမဟုတ်ကုန်။
ဣတိ ယေသံ၊ ရူပဉ္စ၊ = သည်လည်း။
(သင်္ခါရတွင် ပါဝင်သော ရုပ်သည်လည်း။)
(အနိစ္စံ၊ တည်း။
တသ္မာ၊ )
၁။ န အနိစ္စာဒိဘာဝံ။ ။န အနိစ္စာဒိ၌ အာဒိဖြင့် ပါဠိတော်၌လာသော န သင်္ခတံ န ပဋိစ္စသမုပ္ပန္နံ စသည်ကို ယူပါ။ အဋ္ဌကထာ၌ “အနိစ္စာဒိသဘာဝံ”ဟု ရှိသော်လည်း ဋီကာ၌ “အနိစ္စာဒိဘာဝံ”ဟု ရှိ၏။ အနိစ္စာဒိ+ဘာဝေါ+ဧတဿာတိ အနိစ္စာဒိဘာဝံ၊ရူပံနှင့် အရတူအောင် နပုံလိင်ချသည်။ [အနိစ္စာဒိကော ဘာဝေါတိ အနိစ္စသင်္ခါရပဋိစ္စသမုပ္ပန္နတာဒိကော ဘာဝေါ” ( ဓမ္မော ပကတိ ) ဧတဿတိ အတ္ထော။-အနု ။]
၂။ န ကေဝလံ ဟိ ပဌမသစ္စဝ ဒုက္ခံ။ ။ပါဠိတော်၌ "ဒုက္ခညေဝ ပရိနိပ္ဖန္နံ"ဟူရာဝယ် “ဒုက္ခံ အရ ဒုက္ခဝေဒနာကိုသာ ကောက်ယူရမည်"ဟု ထင်မှား ဖွယ်ရှိ၏။ “န ကေဝလံ ဟိ ပဌမသစ္စမေဝ ဒုက္ခံ”ဟု ဆိုသော အဋ္ဌကထာဆရာသည် ဒုက္ခညေဝ၌ ဒုက္ခအရ ဒုက္ခဝေဒနာသာမက ဒုက္ခသစ္စာအားလုံးကို ရည်ရွယ်၍ သကဝါဒီက ပုစ္ဆာပြုကြောင်းကို ပြသည်။
ကမ္ပိ၊ ထိုအနိစ္စဖြစ်သော ရုပ်သည်လည်း။ ပရိနိပ္ဖန္နံ၊ ပရိနိပ္ဖန္နတည်း။**၁။ တံ။ ပေ။ ဝတ္တဗ္ဗေ**။ ။ ဤ ဝတ္တဗ္ဗေ၏ အနောက်၌ "ဒုက္ခညေဝ ပရိနိပ္ဖန္နန္တိ"ဟုတွေ့ရ၏။ ထိုဝါကျသည် ပိုဟန်တူ၏။ ဘာ့ကြောင့်နည်း-တံဖြင့်ရှေးဝါကျ၌ရှိသော"ရူပံ အပရိပ္ဖန္နံ, ဒုက္ခညေဝ ပရိနိပ္ဖါနံ"ဟူသော ၂-ဝါကျလုံးကို စွဲရမည် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဋီကာ၌ "တန္တိ-ဒုက္ခညေဝ ပရိနိပ္ဖန္နံ, န ပန ရူပဇ္ဈိ ဧတံ"ဟုတံအစွဲကို ပြ၏။ အဋ္ဌကထာ၌လာသော ရှေးဝါကျ ၂-ရပ်ကိုပင် ချုံး၍ ပြခြင်းတည်း။ အနုဋီကာ၌ကား "ဧကန္တိ ရူပံ အပရိနိပ္ဖန္နံ ဒုက္ခညေဝ ပရိပ္ဖနုန္တိ ယဒေတံ တယာ ဝုတ္တံ ဧတံ နောစ ဝတ ရေ ဝတ္တဗ္ဗေ"ဟုဖွင့်သည်။