၂၇၃။ ဣဒါနိ၊ သုဒ္ဓဗြဟ္မစရိယကထာကို ပြပြီးရာ ယခုအခါ၌။ (ဒဿေတုံ၊ ၌စပ်။) အညတ္ထ၊ အခြားဘုံ၌။ ဘာဝိတေန၊ ဖြစ်စေအပ်ပြီးသော။ မဂ္ဂေန၊ အနာဂါမိမဂ်ကြောင့်။ အညတ္တ၊ အခြားဘုံ၌။ ဖလ သစ္ဆိကိရိယာ၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းသည်။ ယဒိ ဟောတိ၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ၊ သော်။) သောတာပန္နာဒီနမ္ပိ၊ သောတာပန် အစရှိသော ပုဂ္ဂိုလ်တို့၏လည်း။ [ပိ- ဖြင့် အနာဂါမ်ပေါင်း။]
(အညတ္ထ၊ ၌။ ဘာဝိတေန၊ သော။ မဂ္ဂေန၊ ကြောင့်။ အညတ္ထ၊ ၌။ ဖလသစ္ဆိကိရိယာ၊ ဖိုလ်ကို မျက်မှောက် ပြုခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ သို့။ ဧတံ အတ္ထံ၊ ဤ အနက် အဓိပ္ပါယ်ကို။ ဒဿေတုံ၊ ငှာ။ ပုန၊ တဖန်။ အနာဂါမီတိအာဒိ၊ အနာဂါမိ အစရှိသော။ သံသန္ဒန ပုစ္ဆာ၊ နှီးနှောခြင်းအားဖြင့် မေးကြောင်းပုစ္ဆာသည်။ သကဝါဒိဿ၊ ၏ ပုစ္ဆာတည်း။
[ရှေးနိဿယ၌ အနာဂါမီတိအာဒိ သံသန္ဒန ပုစ္ဆာ ဟုရှိ၏ ကောင်းသည်။ ယခုစာအုပ်တို့၌ "အနာဂါမီတိအာဒီနိ"ဟု ရှိ၏။]
**၁။ သံသန္ဒနပုစ္ဆာ**။ ။"အနာဂါမ် ပုဂ္ဂိုလ်သည် ဤကာမဘုံ၌ အနာဂါမိမဂ် ဖိုလ်ကို ရပြီး၍ သုဒ္ဓါဝါသဘုံ၌ ဖြစ်သောအခါ (အရဟတ္တမဂ်ကို ဖြစ်စေဘွယ်မလို) သုဒ္ဓါဝါသဘုံ၌ဖြစ်ခြင်းအားဖြင့် အရဟတ္တဖိုလ်ကို ရတော့၏ ဟု ပရဝါဒီသည် အယူရှိ၏။ ထို အတိုင်းဖြစ်နိုင်လျှင် သောတာပန် သကဒါဂါမ်တို့လည်း အခြားဘုံ၌ ဖြစ်စေအပ်သောမဂ်ဖြင့် အခြားဘုံ၌ ထို အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်စရာ ရှိသင့် ၏။ "ထိုသို့ ပြုနိုင်သလော”ဟု သောတာပန် စသည်တို့နှင့် ရောနှော၍ - မေးခြင်းကို “သံသန္ဒနပုစ္ဆာ”ဟု ဆိုသည်။
ဣဓ၊ ဤကာမဘုံ၌။
ဘာဝိတမဂ္ဂေါ၊ ဖြစ်စေအပ်ပြီးသော မဂ်ရှိသော။
အနာဂါမီ၊ သည်။
ဣဓဝိဟာယနိဋ္ဌောနာမ၊ ဤ ကာမဘုံကို စွန့်၍ ပြီးစီးသောပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ၏။သော၊ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤကာမဘုံ၌။ အနာဂါမိမဂ္ဂံ၊ ကို။ ဘာဝေတွာ၊ ဖြစ်စေပြီး၍။ ဩပပါတိကော တတ္ထ ပရိနိဗ္ဗာယီတိ၊ ဟူ၍။
(ဥပပတိ၊ ပဋိသန္ဓေ နေလျက် ထို ဗြဟ္မာဘုံ၌ပရိနိဗ္ဗာန်စံခြင်းရှိ၏ဟူ၍။) ဝစနတော၊ ဟောတော် မူခြင်းကြောင့်။ ပုန၊ မဂ္ဂဘာဝနံ၊ အရဟတ္တမဂ်ကို ဖြစ်စေခြင်းကို။ ဝိနာ၊ ကြဉ်၍။ ဥပပတ္တိဝသေနေဝ၊ ဗြဟ္မာဘုံ၌ ပဋိသန္ဓေနေခြင်း၏ အစွမ်းဖြင့်ပင်။ အရဟတ္တဖလံ၊ ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ ဣတိ၊ သို့။ တဿ၊ ထိုပရဝါဒီ၏။ လဒ္ဓိ၊ သည်။ (ဟောတိ၊ )
**၁။ ပဋိဇာနာတိပဋိက္ခိပတိ**။ ။ "အနာဂါမီ'ပုဂ္ဂလော ဣဓဘာဝိ မဂ္ဂေန တတ္ထ ဖလံ သစ္ဆိကရောတီတိ အာမန္တာ”ကို ရည်ရွယ်၍ “ပုဋ္ဌော ပိဋိဇာနာတိ ဟု၎င်း သောတာပန္နော ပုဂ္ဂလော တတ္ထ ဘာဝိတေန မဂ္ဂေန ဣဓ ဖလံ သစ္ဆိကရောတီတိ။ပ ။ သကဒါဂါမိပုဂ္ဂလော ဣဓ ပရိနိဗ္ဗာယိပုဂ္ဂလော တတ္ထ ဘာဝိ တေန မဂ္ဂေန ဣဓ ဖလံ သစ္ဆိကရောတီတိ န ဟေဝံ ဝတ္တဗ္ဗေ”ဟူသော ပယ်ခြင်းကို ရည်ရွယ်၍ “ဣတရေသံ ပဋိက္ခိပတိ ဟု၎င်း ဆိုသည်။အပ္ပဋိဝိဒ္ဓါကုပ္ပေါဝ တတ္ထ ပရိနိဗ္ဗာယီတိ၊ ဟူ၍။
ပုဋ္ဌော၊ အပ်သည်။
(သမာနော)၊
ဣဓေဝ၊ ကာမဘုံ၌သာ။
ဘာဝိတေန၊ သော။
မဂ္ဂေန၊ အနာဂါမိမဂ်ဖြင့်။
၁။ ရူပါဝစရမဂ္ဂေန ဟိ။ ။ရူပါဝစရဈာန်ကိုပင် ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သောကြောင့်“မဂ္ဂ”ဟု ဆိုသည်။ ထို ရူပါဝစရဈာန်ကို ရသော ပုဂ္ဂိုလ် ဟူသည် လည်း သောတာပန် စသော အရိယာ ပုဂ္ဂိုလ်တည်း။ မှန်၏။ – ဈာန်ကိုလည်းရ,သောတာပန်လည်း ဖြစ်ပြီး ပုဂ္ဂိုလ်သည် “ဗြဟ္မလောကဂတာ ဟေဋ္ဌာ အရိယာ နော ပပဇ္ဇရေ” နှင့်အညီ အောက်အောက်ဘုံသို့ မပြန်တော့ရကား ထို ဗြဟ္မဘုံ၌သာ နိဋ္ဌ(ပြီးစီးသော) ပုဂ္ဂိုလ် ဖြစ်သည်။ [ဣဓ ဈာနာနာဂါမီ သောတာပန္နာဒိကောတိ အဓိပ္ပါယော။ဋီကာ။]
၂။ ဣဓ ။ ပေ ။ တတ္ထ ပရိနိဗ္ဗာယိနော။ ။ ဤကာမဘုံ၌ အရဟတ္တဖိုလ်ကို ဖြစ်စေ၍အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်ကို “ဣဓ ပရိနိဗ္ဗာယီ”ဟုဆို၏။ ဤ ကာမဘုံ၌ အနာဂါမ် ဖြစ်ပြီး၍ ထို သုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန် စံမည့် ပုဂ္ဂိုလ်ကို “တတ္ထ ပရိနိဗ္ဗာယီ”ဟု ဆိုသည်။
၃။ အပ္ပဋိဝိဒ္ဓါကုပ္ပေါဝ။ ။ပါဠိတော် စာအုပ်၌ “အပ္ပဋိဝိဒ္ဓါကုပ္ပေါစ”ဟု ရှိ၏။ “ကုပ္ပေါဝ”ဟု ရှိသော ပါဌ်သာ “ပရိနိဗ္ဗာယီ”ဟူသော နောက်ပုပ်နှင့် အစပ် တဲ့၏။ “အရဟတ္တဖိုလ်ကို ထိုးထွင်း၍မသိပဲ ပရိနိဗ္ဗာန်စံသလော”ဟု သကဝါဒီ မေး သည်။ထို့နောက် “ယထာ မိဂေါ စသော ပဌမဥဒါဟရုဏ်သည် “န ဟေဝံ ဝတ္တ ဗ္ဗေ”ဟု ဖြေပြီးနောက် ပရဝါဒီသည်ပင် ဆောင်ပြအပ်သော ဥဒါဟရုဏ်ဖြစ်၏။ “ယထာ မိဂေါ ။ ပေ ။ သသလ္လောဝ ”စသော ဒုတိယ ဥဒါဟရုဏ်ကား သကဝါဒီ၏ဥဒါဟရုဏ် တည်း။
တဿ၊ ထိုအနာဂါမ်ပုဂ္ဂိုလ်၏။ အကုပ္ပပဋိဝေဓံ၊ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်းကို။ ဣစ္ဆန္တော၊ သည်။ (ဟုတွာ၊ ပရဝါဒီ)၊ ပဋိက္ခိပတိ၊