Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

2. Sampayuttakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၄၇၃- ၄၇၄။ ဣဒါနိ သမ္ပယုတ္တကထာ နာမဟောတိ၊
တတ္ထ၊ ထိုသမ္ပယုတ္တကထာ၌။ ယသ္မာ၊ ကြောင့်။ တိလမှိ၊ နှမ်း၌။ တေလံ၊ ဆီသည်။ (အနုပဝိဋ္ဌံ) ဝိယ၊ သက်ဝင်တည်နေသကဲ့သို့။ (ဧဝံ) ဝေဒနာဒယော၊ ဝေဒနာအစရှိသော တရားတို့သည်။ သညာဒီသု၊ သညာအစရှိသော တရားတို့၌။ အနုပဝိဋ္ဌာ၊ သက်ဝင်တည်နေကုန်၏။ တသ္မာ၊ ကြောင့်။ ကေဟိစိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ သမ္ပယုတ္တာ၊ သမ္ပယုတ်ဖြစ်ကုန်သော။ ကေစိ ဓမ္မာနတ္ထိ၊ မရှိကုန်။ ဧဝံသန္တေ၊ သော်။ ဉာဏသမ္ပယုတ္တန္တိအာဒိ၊ အစရှိသောစကားသည်။ နိရတ္ထကံ၊ အနက်မရှိသည်။ ဟောတိ။ ဣတိ၊ သို့။ ရာဇဂိရိကသိဒ္ဓတ္ထိကာနညေဝ၊ တို့၏ပင်။ (လဒ္ဓိဟောတိ) သေယျထာပိ၊ (ဧဝံ)။ ယေသံ၊ အကြင်ပရဝါဒီတို့၏။ လဒ္ဓိ(ဟောတိ)၊
တေ သန္ဓာယ။ အညေနေဝ၊ ပရဝါဒီယူအပ်သောအနက်မှတပါးသာလျှင်ဖြစ်သော။ အတ္ထေန၊ အနက်ဖြင့်။ သမ္ပယုတ္တတံ၊ သမ္ပယုတ်၏အဖြစ်ကို။ ဒဿေတုံ၊ ငှာ။ ပုစ္ဆာ သကဝါဒိဿ။ အတ္တနော လဒ္ဓိဝသေန ပဋိညာ ဣတရဿ၊

ဣဓာပိ၊ ဤ သမ္ပယုတ္တကထာ၌လည်း။ သေသံ၊ သည်။ ဟေဋ္ဌာ၊ ၌။ ဝုတ္တနယတ္ထာ၊ ကြောင့်။ ဥတ္တာနတ္ထမေဝ၊

၁။ ဝေဒနာဒယော။ ။နှမ်း၌ ဆီသည် သက်ဝင်တည်နေသကဲ့သို့ သညာ စသည်တို့၌ ဝေဒနာ စသည်တို့သည် သက်ဝင်တည်နေကုန်၏-ဟု ပရဝါဒီက ယူဆ၏။ ထို ပရဝါဒီအလိုအားဖြင့် သမ္မယုတ္တ ဟူသော အသုံးအနှုန်းသည် မရှိနိုင်တော့။ ထို့ကြောင့် “ဧဝံ သန္တေဉာဏသမ္ပယုတ္တံတိအာဒိ နိရတ္ထကံ”ဟု ပရဝါဒီတို့ ယူကြသည်။

၂။ ယသ္မာ ။ ပေ ။ အနုပဝိဋ္ဌာ။ ။ပရဝါဒိပုဂ္ဂိုလ်သည် နှမ်း၌ ဆီသည် သက်ဝင်၍ တည်နေသကဲ့သို့ သညာ အစရှိသော တရားတို့၌ ဝေဒနာ အစရှိသော တရားတို့သည် သက်ဝင်၍တည်နေကုန်၏။ နှစ်ခု သုံးခု စသည် ခွဲနေသော အရာဝတ္ထုများ ယှဉ်နေကြသကဲ့သို့ သမ္ပယုတ်အဖြစ်ဖြင့် ဝေဒနာ သညာ အစရှိသည်တို့ ယှဉ်တွဲနေကြသည် မဟုတ်။ ထို့ကြောင့် စာအုပ်တို့၌ န ဝေဒနာဒယော-ဟု န သဒ္ဒါပါနေခြင်းသည် ပရဝါဒီ၏ အလိုနှင့် မလျော် ဟု ထင်သည်။ ထို့ပြင် နောက်ဝါကျရှိ တသ္မာ ကို အနက်ကျယ်စွဲသောအခါ “နှမ်း၌ ဆီတည်သကဲ့သို့ သညာ အစရှိသည်တို့၌ ဝေဒနာ အစရှိသည်တို့၏ သက်ဝင်၍ တည်နေကုန်သည်၏ အဖြစ်ကြောင့်”ဟု စွဲမှ ဝါကျထုံးစံလည်း ကျ၏။ နောက်၌ “နတ္ထိ သမ္ပယုတ္တာဟူသော စကားနှင့်လည်း လျော်၏။

ပန၊ ဆက်။ ပရဝါဒီ၊ သည်။ ယထာ တိလမှိ တေလန္တိအာဒိကော၊ အစရှိသော။ ယောဧသ (ဧသော) ဥပမာပဉှော၊ အကြင်ဥပမာပြဿနာကို။ အာဟဋေ၊ ထုတ်ဆောင်အပ်ပြီ။ သော၊ ထိုဥပမာပြဿနာသည်။ ယသ္မာ ဝေဒနာ သညာနံ၊ တို့၏။ (လက္ခဏတော၊ လက္ခဏာအားဖြင့်။ နာနတ္တဝဝတ္ထာနံ၊ ထူးခြားသည်၏အဖြစ်, ပိုင်းခြားကန့်သတ်ခြင်းသည်။ အတ္ထိ) ဝိယ၊ ရှိသကဲ့သို့။ (ဧဝံ) တိလတေလာနံ၊ နှမ်း, ဆီတို့၏။ လက္ခဏတော၊ အားဖြင့်။ နာနတ္တဝဝတ္ထာနံ၊ သည်။ နတ္ထိ၊ မရှိ။ ဟိ၊ မှန်။
သဗ္ဗေသုပိ၊ ကုန်သော။ တိလအဋ္ဌိတစေသု၊ နှမ်းစေ့, နှမ်းခွံတို့၌။ တိလောတိ၊ တိလဟူသော။ ဝေါဟာရမတ္တံ၊ အခေါ်ဝေါ်မျှသည်။ (ဟောတိ။) တေနေဝ၊ ထိုကြောင့်ပင်။ တိလေ၊ ဆီကို။ နိဗ္ဗတ္တေတွာ၊ နှမ်းမှသီးခြားထုတ်၍။ ဂဟိတေ၊ ယူအပ်ပြီးသော်။ ပုရိမသဏ္ဌာနေန၊ ရှေ့၌ဖြစ်သော ပုံသဏ္ဌာန်အားဖြင့်။ တိလောနာမ၊ တိလအမည်သည်။ န ပညာယတိ၊ မထင်ရှား။ [နှမ်းဖတ်ဖြစ်သွားပြီ-ဟူလို။] တသ္မာ အနာဟဋသဒိသောဝ၊ မဆောင်အပ်သည်နှင့်တူသည်သာ။ ဣတိ၊ အပြီးတည်း။
သမ္ပယုတ္တကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ)၊