Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

7. Catukkanayasaṃsandanavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၄၆-၅၂၊
ဣဒါနိ၊ ဩပမ္မသံသန္ဒကို ဟော‌တော်မူပြီးရာ ယခုအခါ၌။ ယံ (အတ္ထဇာတံ)၊ အကြင် ပုဂ္ဂိုလ် ဟူသော အနက် သဘောကို။ သစ္စိကဋ္ဌပရမတ္ထေန၊ သစ္စိကဋ္ဌ ပရမတ္ထအဖြစ်ဖြင့်။ ဥပလဗ္ဘတိ၊ ၏။ တေန (အတ္တဇာတေန)၊ ထိုပုဂ္ဂိုလ်ဟူသော အနက်သဘောသည်။ ယသ္မာ၊ ကြောင့်။ ရူပါဒီသု၊ ရုပ်အစရှိကုန်သော။ သတ္တပညာသာယ၊ ငါးဆယ့် ခုနစ်ပါးသော။ သစ္စိကဋ္ဌ ပရမတ္ထေသု၊ တို့တွင်။ အညတရေန၊ အမှတ်မထား တပါးပါးသည်။ ဘဝိတဗ္ဗံ၊ ဖြစ်သင့်၏။ ဝါ၊ သို့မဟုတ်။

ရူပါဒီဟိ၊ ရုပ်အစရှိသည်တို့ကို။ အညတြ၊ ကြဉ်၍။ (ဘဝိတဗ္ဗံ)၊ ဝါ၊ သို့မဟုတ်။ ရူပါဒီနံ၊ တို့၏။ နိဿယေန၊ မှီရာသည်။ (ဘဝိတဗ္ဗံ)၊ တသ္မာ၊ ကြောင့်။ ဣမိနာ စတုက္ကနယေန၊ ဤ စတုက္ကနည်းဖြင့်။

ပဋိကမ္မ ပဉ္စကသတာနိ။ပါဠိတော်ဝယ် ပရဝါဒီပက္ခ၌ “အာဇာနာဟိ ပဋိကမ္မံ”ဟု ရှိသောကြောင့် “ပဋိကမ္မ ပဉ္စက သတာနိ”ဟု ဆိုသည်။ နိဂ္ဂဟ-နရာဝယ် “ပဋိကမ္မ”ဟု သုံးစွဲထားသောကြောင့်, နိဂ္ဂဟပဉ္စကဲ့သို့ ပဋိကမ္မလည်း ပဉ္စကပင် ရှိရသည်။

၂။ ဝတုက္ကနယ သံသန္ဒနံ။ ။ရူပံ ပုဂ္ဂလော, ရူပသ္မိံ ပုဂ္ဂလော, အညတြ ရူပါ ပုဂ္ဂလော, ပုဂ္ဂလသ္မိံ ရူပံ ဤသို့ နည်းလေးမျိုးဖြင့် သစ္ဆိကဋ္ဌ ပုဂ္ဂလကိုနှီးနှော၍ပြရာ အခဏ်းကို“စတုက္ကနယ သံသန္ဒန”ဟု ခေါ်သည်။ [“စတုက္ကနယေန ရူပါဒီဟိ သဒ္ဓိံ - ပုဂ္ဂလဿ သံသန္ဒနံ စတုက္ကနယ သံသန္ဒနံ”ဟု ဩပမ္မသံသန္ဒနကို မှီ၍ သမာသ်တွဲပါ။]

၃။ တေန ယသ္မာ။ပေ။ နိဿန။ ။တေန ယသ္မာ စသောပါဌ်ဖြင့် ပါဠိတော် ၌လာသော လေးနည်းကို ပြ၏။ မှန်၏။ ပါဠိတော်၌ “ရူပံ ပုဂ္ဂလော”ကို ရည်ရွယ်၍ “တေန အညတရေန ဘဝိတဗ္ဗံ”ဟု၎င်း, ရူပသ္မိံ ပုဂ္ဂလော”ကို ရည်ရွယ်၍ “ရူပါဒိ နိဿိတေန ၀ါ”ဟု၎င်း, “အညတြ ရူပါ ပုဂ္ဂလော”ကို ရည်ရွယ်၍ “အညတြ ဝါ ရူပါဒီဟိ”ဟု၎င်း ပုဂ္ဂလသ္မိံရူပံ”ကို ရည်ရွယ်၍ “ရူပါဒီနံ ဝါ နိဿလေန” ဟု၎င်း ၄-မျိုးပြသည်။ [တေန ယသ္မာ-မှ တေနနှင့် ဘဝိတဗ္ဗံကို နောက် “နိဿယေန”တိုင် အောင် လိုက်ပါစေ။]

သစ္စိကဋ္ဌ သံသန္ဒနံ၊ သစ္စိကဋ္ဌ ဖြစ်သော ပုဂ္ဂိုလ်ကို ရုပ်အစရှိသည်တို့နှင့် တကွနှီးနှောရာအခဏ်းကို။ (အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန)၊ အာရဒ္ဓံ၊ အပ်ပြီ။
တတ္ထ၊ ထိုစတုက္ကနယ သံသန္ဒန၌။ ရူပံ ပုဂ္ဂလောတိ၊ ဟူသော။ အနုယောဂေါ၊ သည်။ သကဝါဒိဿ၊ ၏ မေးစိစစ်ခြင်းတည်း။ ဥစ္ဆေဒဒိဋ္ဌိဘယေန၊ ဥစ္ဆေဒဒိဋ္ဌိမှ ကြောက်ခြင်းကြောင့်။ နဟေဝါတိ၊ န ဟေဝံ ဝတ္တဗ္ဗေဟူ၍။ ပဋိက္ခေပေါ၊ သည်။ ပရဝါဒိဿ၊ ၏ပယ်ခြင်းတည်း။ နိဂ္ဂဟာရောပနံ၊ နှိပ်ကြောင်းအပြစ်သို့ တင်ခြင်းသည်။ သကဝါဒိဿ၊ ၏ တင်ခြင်းတည်း။
ပန၊ ပရိဟာရပက္ခမှတပါး စောဒကပက္ခကို ဆိုဦးအံ့။ ဧတံ၊ ဤ နိဂ္ဂဟာရောပနသည်။ ယုတ္တံ ကိံ၊ သင့်ပါသ‌‌လော။ ရူပံ ဝေဒနာတိ၊ ဟူ၍။ ဝုတ္တမ္ပိ၊ ဆိုအပ်သောပြဿနာသည်လည်း။ ဝါ၊ ကိုလည်း။ ပဋိက္ခိပိတဗ္ဗမေဝ၊ ပယ်သင့်သည်သာ။ (ဟောတိ) နနု၊ ဖြစ်သည် မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။
အာမ၊ အိမ်း။ (ရူပံဝေဒနာတိ၊ ဟူ၍။ ဝုတ္တမ္ပိ၊ ဆိုအပ်သော ပြဿနာ သည်လည်း။ ဝါ၊ ကိုလည်း။) ပဋိက္ခိပိတဗ္ဗံ၊ ပယ်သင့်သည်။ (‌ဟောတိ)၊

ပန၊ ထိုသို့ပင် ပယ်သင့်ပါသော်လည်း။ တံ၊ ထိုသို့ ပယ်ခြင်းသည်။ ရူပတော၊ မှ။ ဝေဒနာယ၊ ဝေဒနာ၏။ အညသဘာဝ သဗ္ဘာဝတော၊ ရုပ္ပန သဘောမှ တပါးသော ဝေဒိယနသဘော၏ ထင်ရှား ရှိသည်၏ အဖြစ်ကြောင့်။ (ပဋိက္ခိပိတဗ္ဗံ၊ ပယ်သင့်သည်။ ဟောတိ၊ )

၁။ ဥစ္ဆောဒဒိဋ္ဌိဘယေန။ ။ ရုပ်ဝေဒနာစသော ပရမတ္ထတရားတို့သည် ဘင်ခဏ၌ ပျက်ကြ၏။"ရုပံ ပုဂ္ဂလော-ရုပ်သည် ပုဂ္ဂိုလ်လော” မေးရာ၌ အာမန္တာဟု ဝန်ခံ လိုက်လျှင် ပုဂ္ဂလလည်း ရုပ်နှင့်အတူ ပျက်ရတော့မည်။ ထိုသို့ပျက်လျှင် အတ္တ သတ္တ ဇီဝ ဟူသော ပုဂ္ဂလသည် နိစ္စဓူဝ သဿတ မဟုတ်ပဲ ဥစ္ဆေဒဖြစ်၏။ ဤသို့ ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်မည်မှ ကြောက်ခြင်းကြောင့် “နဟေဝံ ဝတ္တဗ္ဗေ-ရုပ်သည် ပုဂ္ဂိုလ်တည်းဟု မဆို လိုပါ”ဟု ပယ်လေသည်။

၂။ ကိံပနေတံ ယုတ္တံ။ပေ။မေဝါတိ။ ဧတံဖြင့် ရှေ့ဝါကျ၌ ရှိသော “နိဂ္ဂဟာရောပနံ”ကို စွဲပါ။ “ရုပ်သည် ဝေဒနာလော”ဟု မေးလျှင် “နဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ရမည်သာ မဟုတ်ပါလော။ ထို့ကြောင့် "ရူပံ ပုဂ္ဂလော”ဟု မေးရာ၌ “န ဟေဝံ ဝတ္ထဗ္ဗေ”ဟု ပယ်ခြင်းသည် ပယ်ထိုက်သည်ကို ပယ်ခြင်းဖြစ်သောကြောင့် သကဝါဒီက “နိဂ္ဂဟာရောပန (နှိပ်ကြောင်းအပြစ်သို့ တင်ခြင်းသည်)သင့်ပါမည် လော”ဟု ပုစ္ဆာထုတ်သည်။ [အပြစ်မတင်သင့်”ဟု စောဒက ပုဂ္ဂိုလ်က ဆိုလိုသည်။ ]

၃။ အာမ။ပေ။ သန္တာဝတာ။ ။"နနု။ ပေ ။ ပဋိက္ခိပိတဗ္ဗမေဝ” ဟူသော အာဘောဂဝါကျကို “ အာမပဋိက္ခိပိတဗ္ဗံ” ဟု ဝန်ခံ၍ ထိုသို့ ပယ်ရခြင်း၏ အကြောင်းကို ပြလိုသောကြောင့် “အညသဘာဝသဗ္ဘာဝတော”ဟု မိန့်သည်။ရုပ်သည် ရုပ္ပန သဘောရှိ၏၊ ရုပ်မှ တပါးသော ဝေဒနာသည် ဝေဒိဃနသဘောရှိ၏။ဤသို့ ရုပ်၏ သဘောမှ တမျိုးတခြားသော သဘော၏ ဝေဒနာ၌ ထင်ရှားရှိသောကြောင့် "ရူပံ ဝေဒနာ-ရုပ်သည် ဝေဒနာလော” မေးရာ၌ ပယ်မှုပြုသင့်၏။

အညတ္တာဘာဝတော၊ ရုပ်မှ တမျိုးတခြား အဖြစ်၏ မရှိခြင်းကြောင့်။ (ပဋိက္ခိပိတဗ္ဗံ၊ သည်။) န (ဟောတိ)၊ မဟုတ်။
စ၊ မှန်၏။ အယံ၊ ဤ ပရဝါဒီသည်။ ရူပါဒီသု၊ ရုပ်အစရှိသော ငါးဆယ့်ခုနစ်ပါးသော တရားတို့တွင်။ ဧကဓမ္မ‌တောပိ၊ တပါးသော တရားမှလည်း။ ပုဂ္ဂလဿ၊ ၏။ အညတ္တံ၊ တမျိုးတခြားတပါးစီ၏အဖြစ်ကို။ န ဣစ္ဆတိ၊ အလိုမရှိ။ တသ္မာ၊ ထိုသို့ အလိုမရှိသည်၏ အဖြစ်ကြောင့်။ (ဧတံ နိဂ္ဂဟာ ရောပနံ၊ သည်။) ယုတ္တံ၊ သင့်၏။
စ၊ ဆက်။ အယံ အနုယောဂေါ၊ ဤ ရူပံ ပုဂ္ဂလော စသော မေးစိစစ်ခြင်းကို။ ရူပံ ပုဂ္ဂလော ဝေဒနာ ပုဂ္ဂ‌လော၊ ပေ၊ အညာတာဝိန္ဒြိယံပုဂ္ဂလောတိ၊ ဟူသော။ သကလံ၊ အလုံးစုံသော။ ပရမတ္ထသစ္စံ၊ ငါးဆယ့်ခုနစ်ပါးသော ပရမတ္ထသစ္စာကို။ သန္ဓာယ၊ ၍။ (အာယသ္မတာ မောဂ္ဂလိပုတ္တတိဿထေရေန)၊ အာရဒ္ဓေါ၊ အပ်ပြီ။

ပန၊ ထိုသို့ပင် အလုံးစုံသော ပရမတ္ထသစ္စာကို ရည်ရွယ်၍ အားထုတ်တော်မူအပ်ပါသော်လည်း။ သကလံ၊ အလုံးစုံသော ပရမတ္ထသစ္စာကို။ ပစ္စတ္တလက္ခဏဝသေန၊ အသီးသီးသော မိမိ၏ ရူပ္ပနလက္ခဏာ ဝေဒိယနလက္ခဏာ စသည်တို့၏ အစွမ်းဖြင့်။

၁။ န အညတ္တာဘာဝတော။ ။"ရူပံ ပုဂ္ဂလော”ဟု မေးရာ၌ကား ပုဂ္ဂိုလ်သည် ပရဝါဒီ အလိုအားဖြင့် အညတ္တမဟုတ်။ “ရုပ်စသော ပရမတ္ထမှတပါး ပုဂ္ဂိုလ် ဟူ၍ မရှိ”ဟု ပရဝါဒီက ယူလိုသည်။ထိုသို့ ပုဂ္ဂလက ရုပ်မှ အညတ္တ အဖြစ်၏ မရှိခြင်း ကြောင့်“ရူပံ ပုဂ္ဂလော”ဟုမေးရာ၌“န ဟေဝံ ဝတ္ထဗ္ဗေ”ဟု မပယ်ထိုက်။“အာမန္တာ” ဟုသာ ဝန်ခံထိုက်သည်-ဟူလို။

၂။ အယဉ္စ။ ပေ ။န ဣစ္ဆ တိ။ ။"အညတ္တ+အဘာဝတော”၏ ဒဠီတည်း ပရဝါဒီ သည် ရုပ်စသော ပရမတ္ထမှတပါး ပုဂ္ဂိုလ်ဟု သီးခြားအဖြစ်ကို အလိုမရှိ။ ထို့ကြောင့် “နအညတ္တ+အဘာဝတော”ဟူသောတိတ်သည် ပရဝါဒီ၏ အလိုအတိုင်း ဖြစ်သော ကြောင့် မှန်သည်-ဟူလို။

၃။ တသ္မာယုတ္တိ။ ။တသ္မာဖြင့် "အာမ ပဋိက္ခိပိတဗ္ဗံ”မှစ၍“န ဣစ္ဆတိ”တိုင်အောင် စကားစုကို ပြန်၍ ညွှန်းသည်။ သကဝါဒီ၏ ပရဝါဒီအပေါ်၌ နိဂ္ဂဟာရောပန(အပြစ်တင်ခြင်း)သည် အသင့်ပင် ဖြစ်သည်။ ထို့ကြောင့် “တသ္မာ ယုတ္တံ”ကို ဖြေသော စကားဟု မှတ်ပါ။

၄။ အထဉ္စ။ပေ။အာရဒ္ဓေါ။ ။ပြတ်ပြီးသော စကားကို ပြန်၍ ဆက်သော ဝါကျာရမ္ဘဝါကျတည်း။ ပါဠိတော်၌ “ရူပံ ပုဂ္ဂလော အမေးသည် သကဝါဒီ၏ မေးလိုရင်းဖြစ်လျှင် ပရမတ္ထအားလုံးကို “ပုဂ္ဂိုလ်”ဟု ယူနေသော ပရဝါဒီအတွက် “ရုပ်တစိတ်ကို ပုဂ္ဂိုလ်လော”ဟု မေးရာ၌ "န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ခြင်းသည် အသင့်ပင်ဖြစ်၏”ဟု တစုံတယောက်က ပြောစရာ ဖြစ်သောကြောင့် “အယဉ္စ။ ပေ ။အာရဒ္ဓေါ”ဟု မိန့်သည်။ သက၀ါဒီသည် "ရူပံ ပုဂ္ဂလော”ဟု ပုစ္ဆာထုတ်ရာ၌ တဆက် တည်း “ဝေဒနာ ပုဂ္ဂလော။ ပေ ။ အညာတာဝိန္ဒြိယံ ပုဂ္ဂလော”ဟု ပရမတ္တ ၅၇- ပါးလုံးကို ရည်ရွယ်၍ ပုစ္ဆာထုတ်လိုရင်းဖြစ်၏။ ထို့ကြောင့် မပယ်ထိုက်သည်ကို ပယ် သော ပရဝါဒီ အပေါ်၌ နိဂ္ဂဟ တင်ခြင်းသည် သင့်သည်သာ။

ဧကတော၊ တပေါင်းတည်း။ ဝတ္ထုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ကြောင့်။ တန္တိဝသေန၊ ပါဠိတော်အစဉ်၏ အစွမ်းဖြင့်။ ဧတံ အနုယောဂု လက္ခဏ မတ္တံ၊ ဤ‌မေးစိစစ်ကြောင်း လက္ခဏာမျှကို။ ထပိတံ၊ ထားတော်မူအပ်ပြီ။

တေန၊ ကြောင့်။

(ထိုသို့ အနုယောဂ လက္ခဏာမျှကို ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။) ဝိညူ၊ အကျယ် သိမြင်ပညာရှင်တို့သည်။ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ ဝိဘာဝေန္တိ၊ ထင်စွာ ဖြစ်စေနိုင်ကြကုန်၏။

ပန၊ ဆက်။ ဝါဒကာမေန၊ ဝါဒကို အလိုရှိသော သကဝါဒီသည်။ (ဝတ္တဗ္ဗံ၊ ၌စပ်။) ဣမံ လက္ခဏံ၊ ဤ အနု‌ယောဂလက္ခဏာကို။ ဂဟေတွာ၊ ယူ၍။ ယထာ ယထာ၊ အကြင် အကြင် အခြင်းအရာအားဖြင့် ပြောဆိုလသော်။ ပရဝါဒိဿ၊ ၏။ ဩကာသော၊ စောဒနာခွင့်သည်။ န ဟောတိ၊ မဖြစ်။ တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။ (ပရဝါဒီ အခွင့်မရနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။) ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။
ဣတိ၊ ဤသို့။ တန္တိဝသေန၊ ဖြင့်။ အနုယောဂလက္ခဏဿ၊ မေးစိစစ်ကြောင်းလက္ခဏာ၏။ ဝါ၊ ကို။ ထပိတတ္တာ၊ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။ (ဧတံ နိဂ္ဂဟာရောပနံ၊ သည်။) ယုတ္တမေဝ၊ သင့်သည်သာ။

ဣမိနာ နယေန၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။

၁။ သကလံ ပန။ ပေ။ ထပိတံ။ ။"ပရမတ္ထအားလုံးကို ပုဂ္ဂိုလ်လော"ဟု မေးလိုလျှင် ဘာကြောင့် တပေါင်းတည်း မမေးပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "သကလံ ပန”စသည်ကို မိန့်။ ကိုယ့်လက္ခဏာနှင့်ကိုယ် ရှိနေကြသော ပရမတ္တတရား အားလုံးကို ပေါင်း၍ မေးခြင်းငှါ မဖြစ်နိုင်သောကြောင့် (ပေါင်း၍ မေးလျှင် အသီး လက္ခဏာ မထင်ရှားနိုင်သောကြောင့်) "ရပ္ပနလက္ခဏာရှိသော ရုပ်သည် ပုဂ္ဂိုလ်လော”စသည်ဖြင့် တရားအစဉ်၏ အစွမ်းဖြင့် မေးပုံလက္ခဏာကို ထားရသည်– ဟူလို။

၂။ တေန ဝိညူ။ပေ။ဝိဘာဝေန္တိ။ ။ထိုသို့"ရူပံ ပုဂ္ဂလော ဝေဒနာ ပုဂ္ဂလော” စသောအစဉ်၏ အစွမ်းဖြင့် မေးစိစစ်ပုံလက္ခဏာကို ထားခြင်းကြောင့် ဝိညူပုဂ္ဂိုလ်မှာ (တွေဝေခြင်းမရှိပဲ) "ပရမတ္ထအားလုံးကို ပုဂ္ဂိုလ်လော”ဟူသော အမေး၏ အနက် အဓိပ္ပါယ်ကို ထင်ရှားအောင် ဖွင့်ပြနိုင်ကြပါသည်။

၃။ ဣတိ။ ပေ ။ယုတ္တမေဝ။ ။ဤသို့ ပရမတ္ထအားလုံးကို အစဉ်အားဖြင့် မေးပုံ လက္ခဏာကို ထားခြင်းဖြစ်သောကြောင့် မပယ်ထိုက်မဲလျက် ပယ်သော ပရဝါဒီ အပေါ်၌ နိဂ္ဂဟာရောပနသည် သင့်သည်သာ။

သဗ္ဗာနုယောဂေသု၊ အလုံးစုံသော မေးစိစစ်ခြင်းတို့၌။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
ပန၊ အနည်းငယ် ဆိုဘွယ်အထူးကား။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ဝိသေသော၊ အထူးတည်း။ ရူပသ္မိံ ပုဂ္ဂလော တိအာဒီသု၊ အစရှိသောပါဠိရပ်တို့၌။ (ဝတ္တုံ ဝဋ္ဋတိ၊ ၌စပ်။) ဧကံ၊ ‌သော။ မဟာဘူတံ၊ ကို။ နိဿာယ၊ မှီ၍။ တယော၊ ကုန်သော။ မဟာဘူတာ၊ တို့သည်။ (ဟောန္တိ)၊ ဝတ္ထုရူပံ၊ ဟဒယဝတ္ထုရုပ်ကို။ နိဿာယ၊ ၍။ ရူပသ္မိံ၊ ၌။ ဝိညာဏံ၊ ဝိညာဉ်သည်။ (ဟောတိ)၊ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ဝဋ္ဋတိယထာ၊ သင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တေ၊ အသင်၏။ ပုဂ္ဂလော၊ ကို။ ရူပသ္မိံ၊ ၌။ (ဥပလဗ္ဘတိ၊ ၏။) ဣတိ၊ သို့။ ဝတ္တုံ၊ ငှာ။ ဝဋ္ဋတိကိံ၊ သင့်သလော။

စ၊ သည်သာမကသေး။ သဘာဝဝိနိဗ္ဘောဂတော၊ ရုပ္ပနသဘောမှ တပါးသောဝေဒိယန စသော သဘောတို့၏အသီးအခြားဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။ ဝေဒနာဒယော၊ ဝေဒနာအစရှိကုန်သော။ သဗ္ဗဓမ္မာ၊ အလုံးစုံသော တရားတို့ကို။ (ရူပါ၊ ရုပ်ကို။ အညတြ၊ ကြဉ်၍။ ဥပလဗ္ဘန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ဝတ္တုံ၊ ငှာ။ ဝဋ္ဋတိယထာ၊ ကဲ့သို့၎င်း။) ဝါ ပန၊ တနည်းကား။ အရူပါ၊ နာမ်ဖြစ်ကုန်သော။ စတ္တာရော၊ ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့ကို။ (ရူပါ၊ ကို။ အညတြ၊ ၍။ ဥပလဗ္ဘန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ဝတ္တုံ၊ ငှာ။ ဝဋ္ဋတိ ယထာ၊ ကဲသို့၎င်း။)

၁။ အယံ ပန ဝိသေသော။ ။"ဣမိနာ နယေန သဗ္ဗာနူယောဂေသု (ရူပသ္မိံပုဂ္ဂလော စသော အလုံးစုံသော အနူယောဂတို့၌) အတ္ထော ဝေဒိတဗ္ဗော”ဟု ဆိုသောကြောင့် "အနည်းငယ်မျှ အထူးမရှိတော့ပြီလော”ဟု မေးဘွယ်ရှိရကား "အယံ ပန ဝိသေသော”ဟု မိန့်သည်၊"အနည်းငယ် ထူးသေးသည်”ဟူလို။

၂။ ရူပသ္မိံ ပုဂ္ဂလော။ ပေ။ဝိညာဏသ္မိံ။ ။ကြွင်းသော အနုယောဂ ၃-မျိုးတို့တွင် “ရူပသ္မိံ ပုဂ္ဂလော”နှင့်စပ်၍ မဟာဘုတ်တပါးကို မှီသော မဟာဘုတ် ၃-ပါးသည် “ရူပသ္မိံ မဟာဘူထာ-ရုပ်၌ ဖြစ်သော မဟာဘုတ်တို့”ဟု ဆိုထိုက် သကဲ့သို့၎င်း, ထို့အတူ သင်၏ ပုဂ္ဂလကို “ရုပ်၌ ရအပ်ပါသလော”ဟု မေးသည်။ ထို့အတူ "အညတြ ရူပါ”နှင့်စပ်၍ မေးပုံကို၎င်း, "ပုဂ္ဂလသ္မိံသို့” ရူပံ”နှင့်စပ်၍” မေးပုံ ကို၎င်း ဥပမာပြ၍ ဖွင့်ပြသည်။

၃။ သဘာဝဝိနိဗ္ဗောဂတော။ ။ပရမတ္ထ သဘောတရားတို့၏ ရုပ္ပနသဘော ဝေဒိယနသဘော စသောအားဖြင့် အသီးအသီးဖြစ်နိုင်သည်ကို "သဘာဝဝိနိဗ္ဗောဂ” ဟု ဆိုသည်။ ထိုသို့သဘောအားဖြင့် အသီးသီးဖြစ်နိုင်ခြင်းကြောင့် “ဝေဒနာ စသော တရားတို့သည် ရုပ်ကိုကြဉ်၍ ရအပ် ရနိုင်ကုန်သကဲ့သို့”ဟု ဆိုသည်။ [စာအုပ်တို့၌ “သဘာဂဝိနိဗ္ဘောဂတော”ဟု ပါဌ်ပျက်၏။ အနုဋီကာ၌ “သဘာဝေန ဝိနိဘုဇိ- တဗ္ဗတော, သဘာဝဘိန္နော ဟိ”စသည်ဖြင့် သဘာဝပုဒ်ကို ဖွင့်သည်။]

ဝါ၊ တနည်းကား။ နိဗ္ဗာနမေဝ၊ နိဗ္ဗာန်တည်း ဟူသောနာမ်တရားကိုပင်။ (ရူပါ အညတြ ဥပလဗ္ဘတိ၊ ၏။ ဣတိ ဝတ္တုံ ဝဋ္ဋတိယထာ)၊ ဧဝံ၊ တူ။ တေ၊ အသင်၏။ ပုဂ္ဂလော၊ ကို။ (ရူပါ အညတြ ဥပလဗ္ဘတိ၊ ၏။ ဣတိ ဝတ္တုံ ဝဋ္ဋတိ) ကိံ၊ လော။
စ၊ သည်သာမကသေး။ စိတ္တသမုဋ္ဌာနာနံ၊ စိတ်ဟူသော ဖြစ်ကြောင်းရှိကုန်သော။ ရူပါနံ၊ တို့၏။ နိဿယဝသေန၊ မှီရာ၏ အဖြစ်ဖြင့်။ ဝေဒနာယ၊ ၌။ ရူပံ၊ ရုပ်တည်း။ ပေ၊ ဝိညာဏသ္မိံ ရူပံ၊ တည်း။ ဣတိ၊ သို့။ ဝတ္တုံ၊ ငှာ။ ဝဋ္ဋတိ ယထာ၊ ကဲ့သို့။ [ကျန် ၅၅-ပါးကို ပေယျာလမြှုပ်သည်။] ဧဝံ၊ တူ။ တေ၊ ၏။ ပုဂ္ဂလော၊ ကို။ (ဥပလဗ္ဘတိ၊ ၏။ ဣတိ ဝတ္တုံ ဝဋ္ဋတိ)ကိံ၊ လော။ ဣတိ (အယံ၊ ကား။ ဝိသေသော၊ တည်း။)
ပန၊ ကား။ သဗ္ဗာနုယောဂေသု၊ အလုံးစုံသော မေးစိစစ်ခြင်းတို့၌။ ဥစ္ဆေဒဒိဋ္ဌိဘယေနစေဝ၊ ဥစ္ဆေဒဒိဋ္ဌိမှ ကြောက်ခြင်းကြောင်း၎င်း။ သမယဝိရောဓေနစ၊ မိမိအယူနှင့် ဆန့်ကျင်ခြင်းကြောင့်၎င်း။ ပဋိက္ခေ‌ပေါ၊ သည်။ ပရဝါဒိဿ၊ ၏ ပယ်ခြင်းတည်း။
ဧတ္ထ၊ ဤစတုက္ကနယသံသန္ဒန၌။ သေသံ၊ သည်။ အတ္ထတော၊ အားဖြင့်။ ပါကဋမေဝ၊ သည်သာ။

ပန၊ ကား။ ဧတ္ထ၊ ဤစတုက္ကနယသံသန္ဒန၌။ ဓမ္မတော၊ ပါဠိတော်တရားအားဖြင့်။ သတ္တပညာသာယ၊ ငါးဆယ့်ခုနစ်ပါးသော။ သစ္စိကဋ္ဌေသု၊ သစ္စိကဋ္ဌတရားတို့တွင်။ ဧကေကသ္မိံ၊ တပါးတပါးသော သစ္စိကဋ္ဌတရား၌။ စတ္တာရိ စတ္တာရိ၊ လေးပါး လေးပါးတို့ကို။ ကတွာ၊ ပြု၍။

(ရူပံ ပုဂ္ဂလော, ဝေဒနာ ပုဂ္ဂလော စသည်အားဖြင့် လေးပါး လေးပါးစိ ပြု၍။) နိဂ္ဂဟဝသေန၊ နိဂ္ဂဟ၏ အပြားအားဖြင့်။ အဋ္ဌဝီသာဓိကာနိ၊ နှစ်ဆယ့်ရှစ်ပါးအပိုအလွန်ရှိကုန်‌သော။ ‌ဒွေ ပဉ္စကသတာနိ၊ နှစ်ရာ‌သော နိဂ္ဂဟပဉ္စကတို့ကို။ ဒဿိတာနိ၊ အပ်ကုန်ပြီ။

ပရဝါဒီပက္ခေပိ၊ ၌လည်း။ ပဋိကမ္မဝသေန၊ ပဋိကမ္မ၏ အပြားအားဖြင့်။ တတ္တကာနေဝ၊ ထိုမျှ အတိုင်းအရှည်ရှိသော ပဋိကမ္မပဉ္စကတို့ကိုပင်။

(ဒဿိတာနိ၊ အပ်ကုနပြီ။ "နှစ်ရာနှစ်ဆယ့်ရှစ်ပါးသော နိဂ္ဂဟပဉ္စကတို့ကိုပင် ပြတော်မူအပ်ကုန်ပြီ"ဟူလို။) **၁။သမယဝိရာဓေန။ ။ရူပါဒီဟိ အညော အနညောစ ပုဂ္ဂလော န ဝတ္တဗ္ဗောတိ လဒ္ဓိသမယော”ဟု သုဒ္ဓိကသံသန္ဒ န၌ ဋီကာဖွင့်သည့်အတိုင်း “ရုပ်၌ ပုဂ္ဂိုလ်ကို ရအပ်သလော”ဟု မေးရာဝယ် “အာမန္တာ”ဟု ဝန်ခံလျှင် “ရုပ်တခြား ပုဂ္ဂိုလ်တခြား”ဟု ယူရာရောက်သောကြောင့် အယူနှင့် ဆန့်ကျင်၏။ ဤသို့ ဆန့်ကျင် ခြင်းကြောင့် ဝန်မခံပဲ ပရဝါဒီ ပယ်သည်။ "အညတြ ရူပါ ပုဂ္ဂလသ္မိံ ရူပံ”ဟူသော ပြဿနာကို ပယ်ရာ၌လည်း နည်းတူ။ [ဥစ္ဆေ၀ဒိဋ္ဌိဘယကို ဤ၌ ဋီကာဖွင့်အတိုင်း ရှေ့၌ ရေးခဲ့ပြီ။]

ပန၊ ကား။ ဧတ္ထ၊ ဤ ပရဝါဒီပက္ခ၌။ အတ္ထိ ပုဂ္ဂလောတိ၊ ဟူ၍။ ဝုတ္တေ၊ ဆိုအပ်သော်။ ဝါ၊ ဆိုအပ်ရာ၌။ သကဝါဒိဿ၊ ၏။ ယာ ပဋိညာ၊ သည်။ (အတ္ထိ)၊ သာ၊ ထိုဝန်ခံခြင်းသည်။ သုတ္တေ၊ သုတ်၌။ အာဂတေန၊ လာသော။ သမ္မုတိဝသေန၊ သမ္မုတိသစ္စာ၏အဖြစ်ဖြင့်။ (ပဋိညာ၊ တည်း။)

ရူပံ ပုဂ္ဂလောတိ အာဒီသု၊ အစရှိသော ပြဿနာတို့၌။ ယော ပဋိက္ခေပေါ၊ သည်။ (အတ္ထိ)၊ သော၊ ထိုပယ်ခြင်းသည်။ သက္ကာယဒိဋ္ဌိပဉှဿ၊ သက္ကာယဒိဋ္ဌိပြဿနာ၏။ ဝါ၊ ကို။ ဌပနီယတ္တာ၊ မဖြေပဲ ထားထိုက်သည်၏အဖြစ်ကြောင့်။ (သကဝါဒိဿ၊ ၏။ ပဋိက္ခေပေါ၊ တည်း။)

["ရူပံ ပုဂ္ဂလော" ဟုမေးခြင်းသည် "ရူပံ အတ္တတော သမနုပဿတိ" နှင့် သဘောတူ၏။ ထို့ကြောင့် "သက္ကာယဒိဋ္ဌိပဉှဿ"ဟုဆိုသည်။]

ပရဝါဒိဿ၊ ၏။ ပဋိကမ္မံ၊ တဖန်ပြန်၍သုတ်သင်ရှင်းလင်းမှုသည်။ ဆလဝသေနေဝ၊ ဆလဝါဒနှင့် စပ်သဖြင့်သာလျှင်။ (ပဋိကမ္မံ၊ တည်း။) ဣတိ၊ ဤသို့ မှတ်အပ်၏။
စတုက္ကနယသံသန္ဒနံ၊ သည်။ နိဋ္ဌိတံ၊ ပြီးပြီ။
သံသန္ဒနကထာစ၊ သစ္စိကဋ္ဌ ဖြစ်သောပုဂ္ဂိုလ်ကို နှီးနှောရာအခဏ်းကို ဆိုကြောင်းစကားသည်လည်း။ နိဋ္ဌိတာ၊ ပြီးပြီ။