တေသံ၊ ထိုပရဝါဒီတို့၏။ နာနပ္ပကာရသုခသန္ဒဿနေန၊ အထူးထူးသော အပြားရှိသော သုခကို ကောင်းစွာ ပြခြင်းအားဖြင့်။
(ကာယိကသုခ စေတသိကသုခ စသော အားဖြင့် အထူးထူးသော အပြားရှိသော သုခကို ပါဠိတော်၌ ကောင်းစွာ ပြခြင်း အားဖြင့်။) တံ လဒ္ဓိံ၊ ကို။ ဝိဝေစေတုံ၊ ကင်းဆိတ်ကင်းစေခြင်းငှာ။ ပုစ္ဆာ သကဝါဒိဿ၊ ပဋိညာပရဝါဒိဿ၊
တတ္ထ၊ ထိုပုစ္ဆာ၌။ အနောဓိံ ကတွာတိ၊ ဟူသောပါဌ်၏။ ဩဓိံ မရိယာဒံ၊ အပိုင်းအခြားကို။ ကောဋ္ဌာသံ၊ အဘို့အစုကို။ အကရိတွာ၊ မပြုမူ၍။ အဝိသေသေန၊ အထူးမမ, သာမညအားဖြင့်။
(ဒုက္ခဝေဒနာနှင့် ယှဉ်သော သင်္ခါရ၊ သုခ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော သင်္ခါရ စသည်ဖြင့် မခွဲမခြားသောအားဖြင့်။) သဗ္ဗေ၊ အလုံးစုံကုန်သော။ (သင်္ခါရာ ကုက္ကုဋ္ဌာ၊ ၌စပ်။) ဣတိ အတ္ထော၊
["အနောဓိံကတွာ"ကို "ဩဓိံ အကရိတွာ"ဟု ဖွင့်ခြင်းကြောင့် "အနောဓိံ"ကို အယုတ္တ သမာသ်ဟု မှတ်ပါ။ ဩဓိံကိုလည်း "မရိယာဒံ, ကောဋ္ဌာသံ"ဟုဖွင့်သည်။]
**၁။ ကုက္ကုဠာ။ ဓပ ။ သဒိသာ**။ ။ကုက္ကုဠာ"ကို “ဝိတစ္ဆိတင်္ဂါရ ။ ပေ ။ သဒိသာ”ဟု ထပ်ဖွင့်သည်။ ထိုသို့ ဖွင့်ရာဝယ် ရှေးစာအုပ်များ၌ကား "ဝိတစ္ဆိတင်္ဂါရ သမ္မိဿာ ဆာရိက သဒိသာ”ဟု. ရှိ၏။ နောက် စာအုပ်များ၌ကား “ဝီတစ္ဆိတင်္ဂါရ သမ္မိဿာ, ဆာရိက နိရယသဒိသာ”ဟု ရှိသည်။ ထိုတွင် ရှေးပါဌ်သည် “ကုက္ကုဋ " သဒ္ဒါ၏ "ဆာရိက”အနက်ဟော ဖြစ်သောကြောင့် ကောင်းဟန်တူ၏။ ယခု ရှိသော စာအုပ်တို့၌ “ဝိတစ္ဆိတင်္ဂါရ သမ္မိဿာ ဆာရိကနိရယ သဒိသာ”ဟု ၂-ပုဒ်ခွဲ၍ ထား ခြင်းသည် ဆာရိက ၏ ဝိသေသန မဟုတ်သောကြောင့်မကောင်းပါ။ပြာပူ ရဲဟု ရှိခြင်း ကြောင့် "နိရယ”ဟု ထည့်ခြင်းကား အဓိပ္ပါယ် ပျက်ပါ။