**၁။ ဒုက္ခာဟာရ**။ ။ “ဒုက္ခေ-ဒုက္ခ၌+အာဟာရော-ဉာဏ်ကိုဆောင်ခြင်းတည်း။ ဒုက္ခာဟာရော-ခြင်း” ဤသို့ ဘာဝသာဓနပြုလျှင် ဆောင်ခြင်း ကြိယာ ရ၏။ သို့သော် နောက်၌ “တံ ပနေတံ မဂ္ဂင်္ဂ”ဟု ဆိုသောကြောင့် ဉာဏ်ကိုအရကောက်မှ ရှေ့နောက်ညီမည်။ ထို့ကြောင့် “ဒုက္ခေ-၌ + အာဟာရော- ဆောင်အပ်သော ဉာဏ်တည်း။ဒုက္ခာဟာရော-ဉာဏ်”ဟု ပြုသင့်သည်။ဒုတိယံ ပုဋ္ဌော (သမာနော)၊
ယဿ စိတ္တဿ၊ အကြင်စိတ်၏။
ဒီဃဋ္ဌိတိံ၊ ရှည်မြင့်စွာ တည်ခြင်းကို။
ဣစ္ဆတိ၊
တံ၊ ထိုစိတ်ကို။
သန္ဓာယ, ပဋိဇာနာတိ၊
၁။ ဥပဍ္ဎ ။ ပေ ။ ဥပ္ပါဒက္ခဏော။ ။ပါဠိတော်၌ “ဥပဍ္ဎဒိဝသောဥပ္ပါဒက္ခဏော-နေ့တဝက်သည် ဥပါဒ်ရာခဏလော။ ဥပဍ္ဎဒိဝသော ဝယက္ခဏော နေ့တဝက်သည် ပျက်ရာမဏလော”ဟု ဥပါဌ်နှင့် ဘင် ၂-မျိုးကိုသာ ပြထားခြင်း ကြောင့် “ဌိတိက္ခဏံ အနာမသိတွာ”ဟု ဆိုသည်။ ဤသို့ ဌီခဏကို မပြပဲ ဥပါဒ် ခဏနှင့်ဘင်ခဏကိုသာ ပြခြင်းမှာလည်း“အနိစ္စာ ဝတ သင်္ခါရာ,ဥပ္ပါဒဝယဓမ္မနော”၌ဥပ္ပါဒ, ,ဝယဓမ္မ ဟူသော ဒေသနာတော်နည်းအားဖြင့် ပုစ္ဆာထုတ်သောကြောင့်တည်း။
"ဌီ ခဏ မရှိသောကြောင့် မသုံးသပ်ခြင်းမဟုတ်ပါ” ဟူလို။
၂။ စိတ္တေန လဟုပရိဝတ္တာ။ ။စိတ္တေနကို စိတ္တတော”ဟု ဖွင့်၏။ စိတ် ထက် သာ၍ အဖြစ်အပျက်မြန်သောတရားကို မမြင်သောကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ ဟု ပဌမပယ်၏။ ထိုပြဿနာကိုပင် ထပ်၍မေးသောအခါ ပရဝါဒီသည် တချို့စိတ်၏ ကြာမြင့်စွာတည်ခြင်းကို အလိုရှိ၏။ ထို့ကြောင့် “စိတ်မှတပါးသော တရားတို့သည် စိတ်ထက်မြန်သော ပြောင်းလွှဲခြင်းရှိကုန်၏”ဟု ဖြေသည်။ ထို “ကြာမြင့်စွာ တည် သောစိတ်” ဟူသည် ရှေ့၌ ပြအပ်ခဲ့သော သမာပတ် ဝင်စားခိုက် စိတ် ဘဝင်စိတ် တို့တည်း။
စိတ္တဋ္ဌိတိကထာဝဏ္ဏနာ၊ သည်။
(နိဋ္ဌိတာ)၊
၁။ စုလ္လာသီတိ သဟဿာနိ။ ။ထိုမျှလောက် ကြာအောင် တည်သော နတ်တို့ ဟူသည် “နေဝသညာဗြဟ္မာ”တို့တည်း။ ထို့ကြောင့် "အညတြ-ပဋိက္ခိပတိအာရုပ္ပေ ပဋိဇာနာတိ”ဟု ဆိုသည်။
၂။ မုတုတ္တံ ။ ပေ ။ ပဉှေ။ ။ဤ ပြဿနာသည် “ပရဝါဒီ ။ ပေ ။ သုတ္တဝိ ရောဓဘေယေန”ကို ထောက်၍၎င်း “ဌိတိံ ပနဿ လဒ္ဓိဝသေန ဣစ္ဆတိ”ကို ထောက်၍၎င်း သတဝါဒီက မေးအပ်သော ပြဿနာဟုပင် ထင်စရာရှိ၏။ မှန်၏။ “မုဟုတ္တံ ။ပေ ။ နိရုဇ္ဈတိ ဟူသော ပြဿနာကို “အာမန္တာ”ဟု ဝန်ခံမှ အနိစ္စာ ဝတ သင်္ခါရာ ဥပ္ပါဒဝယဓမ္မိနော”ဟူသော ပါဠိတော်၌ "ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏” နှင့် မဆန့်ကျင်ရာရောက်၏။ ဤသို့ ဆန့်ကျင်မည် စိုးသောကြောင့် အာမန္တာဟု ပရဝါဒီ ဝန်ခံရ သော်လည်း မိမိကမူ အာကာသာနဉ္စာယတနုပဂ စိတ်၏ ယာဝတာယုက (အသက်ဆုံးသည့်တိုင်အောင်)တည်ခြင်းကို အလိုရှိသည်သာ။ [ဤ အဋ္ဌကထာအဖွင့် အတိုင်းဆိုလျှင် သကဝါဒီက မေး၍ ပရဝါရီက ဖြေရာ ရောက်နေ၏။ သို့သော် အနု ဋီကာ၌ ပရဝါဒီက မေး၍ သကဝါဒီက ဖြေရာ ရောက်သော အဋ္ဌကထာပါဌ်ကို တမျိုး ပြထားသည်။]