Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

1. Anulomapaccanīkavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၂။ ဒုတိယနယေ၊ ဒုတိယဖြစ်သော ကာလသစ္စိကဋ္ဌနည်း၌။ သဗ္ဗဒါတိ၊ သဗ္ဗဒါဟူသော ပါဌ်ဖြင့်။ (အနုယောဂေါ၌စပ်။) ပုရိမ ပစ္ဆိမ ဇာတိကာလဉ္စ၊ ရှေး၌ဖြစ်သော ဖြစ်ရာဘဝဟူသော အတိတ်ကာလ, နောက်၌ဖြစ်သော ဖြစ်ရာဘဝဟူသော အနာဂတ်ကာလကို၎င်း။ ဓရမာန ပရိနိဗ္ဗုတကာလဉ္စ၊ ထင်းရှားရှိသော ပစ္စုပ္ပန် ဘဝဟူသော ကာလ, ပရိနိဗ္ဗာန် စံပြီးရာ ကာလကို၎င်း။ သန္ဓာယ၊ ၍။ အနုယောဂေါ၊ သည်။ သကဝါဒိဿ၊ ၏ မေးစိစစ်ခြင်းတည်း။ သွေဝ (သော-ဧဝ)၊ ထိုဗြဟ္မဏဖြစ်သော ပုဂ္ဂိုလ်သည်ပင်။ ခတ္တိယော၊ ခတ္တိယတည်း။ သော (ဧဝ)၊ ထိုခတ္တိယဖြစ်သော ပုဂ္ဂိုလ်သည်ပင်။ ဗြာဟ္မဏော၊ ဗြဟ္မာဏတည်း။ ဣတိအာဒီနံ၊ ဤသို့အစရှိသော အနက် အဓိပ္ပါယ်တို့၏။ အာပဇ္ဇနဒေါသဉ္စ၊ ရောက်ခြင်းဟူသော အပြစ်ကို၎င်း။ ဓရမာန ပရိနိဗ္ဗုတာနံ၊ ထင်ရှားရှိသော ပုဂ္ဂိုလ်, ပရိနိဗ္ဗာန် စံပြီးသော ပုဂ္ဂိုလ်တို့၏။ ဝိသေသာဘာဝဒေါသဉ္စ၊ အထူးမရှိကုန်သည်၏ အဖြစ်ဟူသော အပြစ်ကို၎င်း။ ဒိသွာ၊ မြင်၍။ ဝါ၊ မြင်ခြင်းကြောင့်။ ပဋိက္ခေပေါ၊ သည်။ ပရဝါဒိဿ၊ ၏ ပယ်ခြင်းတည်း။ **၁။ တတ္ထ။ပေ။ သကဝါဒိဿ**။ ။ ပရဝါဒီက မေး၍ သကဝါဒီက ဖြေသော စကားရပ်သည် ချုံးအပ်သော ပါဠိတွင် ပါဝင်သွား၏။ထို့ကြောင့် "တတ္ထ-ထို ချုံးအပ်သော ပါဌ်၌" ဟုစွဲ၍ ထိုသံခိတ္တပါဌ်တွင် ပါဝင်သော "သဗ္ဗတ္ထ ပုဂ္ဂလော နူပလဗ္ဘတိ"ဟူသော ပရဝါဒီ၏ အမေးဖြစ်သော ပစ္စနီကဝယ် "သဗ္ဗတ္ထ ပုဂ္ဂလော နူပလဗ္ဘတိအလုံးစုံသော ခန္ဓာကိုယ်၌ ပုဂ္ဂိုလ်ကို မရအပ်သလော"ဟူသော ဒုတိယအမေး၌ "အာမန္တာ"ဟု ဖြေလျှင် အလုံးစုံသော ခန္ဓာကိုယ်၌ မရအပ်, ကိုယ်၏ အပြင်ပဗဟိဒ္ဓ၌ကား ရအပ်၏"ဟု အဓိပ္ပါယ်ရောက်နေ၏။ ထိုသို့ မရောက်စေလိုသောကြောင့် "န ဟေဝံ ဝတ္တဗ္ဗေ" ဟု သကဝါဒီက ပယ်ရသည်။ ထိုသို့ ပယ်လိုက်သဖြင့် "ပုဂ္ဂိုလ်ကို ခန္ဓာကိုယ်တွင်း၌သာ မရအပ်ဟု မဆိုနိုင်။ မည်သည့် နေရာ၌မဆို ကိုယ်တွင်း,ကိုယ်ပ ၂-ဌာန၌ မရအပ်ဟု ပယ်ရာရောက်သည် ဟူလို။

သေသံ၊ ကြွင်းသော အစီအရင်သည်။ ပဌမနယေ၊ သဗ္ဗတ္ထဟုလာသော ပဌမဩကာသစ္စိကဋ္ဌနည်း၌။ ဝုတ္တသဒိသမေဝ၊ ဆိုအပ်ပြီးသော နည်းနှင့်တူသည်သာ။

[ဩကာသသစ္စိကဋ္ဌ, ကာလသစ္စိကဋ္ဌ တို့ဝယ် ပါဌ်ချုံးပုံချင်းအဓိပ္ပါယ်ချင်း အတူပင် ဖြစ်သည် ဟူလို။]

(ဣတိ၊ ကာလသစ္စိကဋ္ဌ အဖွင့်အပြီး‌တည်း။)