Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

5. Suddhikasaṃsandanavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၇-၂၇၊
ဣဒါနိ၊ ဩကာသာဒိ သစ္စိကဋ္ဌကို ဟောတော်မူပြီးရာ ယခုအခါ၌။ ရူပါဒီဟိ၊ ရုပ်အစရှိသည်တို့နှင့်။ အာဒိဖြင့် ဝေဒနာ အစ အညာတာဝိန္ဒြေ အဆုံးရှိသော ပါဠိတော်၌ လာသည့် တရားတို့ကို ယူပါ။ သဒ္ဓိံ၊ တကွ။ သစ္စိကဋ္ဌ သံသန္ဒနံ၊ သစ္စိကဋ္ဌ ဖြစ်သော ပုဂ္ဂိုလ်ကို နှီးနှောခြင်းသည်။ **၁။ ရူပါဒီဟိ။ ပေ။ သံသန္ဒနံ**။ ။သစ္စိကဋ္ဌသဘောရှိသော ပုဂ္ဂလကို ရူပဝေဒနာ အစရှိသည်တို့နှင့်တကွ ရောနှောခြင်း, (တနည်း)သမ္မုတိ-ပရမတ္ထ ၂-မျိုးလုံးနှင့် ဆိုင် သော သစ္စိကဋ္ဌ ဟူသော သာမည စကားကြောင့် (သစ္စိကဋ္ဌ အရာ၌) ရုပ်ဝေဒနာ စသည်တို့နှင့်တကွ ပုဂ္ဂလကို ရောနှောခြင်း။ ဤသို့ ဋီကာ၌ ဖွင့်၏။ ဝါ၊ သစ္စိကဋ္ဌကြောင့် ပုဂ္ဂိုလ်ကိုနှီး‌နှောခြင်းသည်။ ဝါ၊ သစ္စိကဋ္ဌ အရာ၌ ပုဂ္ဂိုလ်ကို နှီးနှောခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝါ၊ ဖြစ်တော့လတ္တံ့။
တတ္ထ၊ ထိုသစ္စိကဋ္ဌ သံသန္ဒန၌။ ရူပဉ္စာတိ၊ ကား။ ရူပံ၊ ရုပ်ကို။ ပရမတ္ထတော၊ ပရမတ္ထအားဖြင်။ ဥပလဗ္ဘတိယထာ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည် ရှိသော်ရအပ်ရနိုင်သကဲ့သို့။ တထေဝ၊ ထိုအတူသာလျှင်။ တေ၊ အသင်ပရဝါဒီ၏။ ပုဂ္ဂလောပိ၊ ကိုလည်း။ ဥပလဗ္ဘတီတိံ၊ လော။ ဣတိ၊ ဤ အနက် အဓိပ္ပါယ်ကို။ သန္ဓာယ၊ ၍။ ပုစ္ဆာ၊ သည်။ သကဝါဒိဿ၊ ၏ ပုစ္ဆာတည်း။ အတ္ထိ ပုဂ္ဂလောတိ၊ အတ္ထိ ပုဂ္ဂလော ဟူသော။ ဝစနမတ္တံ၊ ပါဠိတော်စကားမျှကို။ ဂဟေတွာ၊ ယူ၍။ ပဋိညာ၊ သည်။ ပရဝါဒိဿ၊ ၏ ဝန်ခံခြင်းတည်း။
ရူပံဝိယ၊ ရုပ်ကဲ့သို့။ ‌တေ၊ အသင်ပရဝါဒီ၏။ ပုဂ္ဂလော၊ သည်။ ပရမတ္ထတော၊ အားဖြင့်။ ယဒိ အတ္ထိ၊ အကယ်၍ရှိအံ့။ (ဧဝံသတိ၊ ) ရူပတော၊ ရုပ်မှ။ ဝေဒနာဒီနံ၊ ဝေဒနာ အစရှိသည်တို့၏။ အညထတ္တံ၊ တမျိုးတခြား တပါးသော အပြား၏ အဖြစ်သည်။ အာပဇ္ဇတိ ဝိယ၊ ဖြစ်သကဲ့သို့။ (တထာ၊ တူ။ တေ၊ အသင် ပရဝါဒီ၏။) ပုဂ္ဂလဿာပိ၊ ၏လည်း။ အညထတ္တံ၊ သည်။ အာပဇ္ဇတိ၊ လော။ ဣတိ၊ သို့။ အနုယောဂေါ၊ သည်။ သကဝါဒိဿ၊ ၏မေးစိစစ်ခြင်းတည်း။ သမယသုတ္တိဝိရောဓံ၊ အယူ, သုတ်ပါဠိတော်နှင့် ဆန့်ကျင်ခြင်းကို။ ဒိသွာ၊ မြင်၍။ ပဋိက္ခေပေါ၊ သည်။ ပရဝါဒိဿ၊ ၏ ပယ်ခြင်းတည်း။

သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ အတ္ထတော၊ အနက်အဓိပ္ပါယ်အားဖြင့်။ ပါကဋမေဝ၊ ထင်ရှားသည်သာ။

အနုဋီကာ။ ။ သစ္စိကဋ္ဌဿ( သစ္ဆိကဋ္ဌ သဘောရှိသော ပုဂ္ဂလကို)၊ သစ္စိကဋ္ဌေဝါ (တနည်း-သစ္စိကဋ္ဌ ဟူသော သာမညစကားကြောင့် ဝါ-သစ္စိကဋ္ဌ အရာ၌) သံသန္ဒနံ သစ္စိကဋ္ဌ သံသန္ဒနန္တိ သမာသဒွယံ ဘဝတီတိ ဒဿေန္တော သစ္စိကဋ္ဌဿာတိအာဒိမာဟ၊ တတ္တ သစ္စိကဋ္ဌဿ ပုဂ္ဂလဿာတိ သစ္စိကဋ္ဌ သဘာဝဿ ပရမတ္တတော ဝိဇ္ဇမာန သဘာဝဿ(ပရဝါဒီ၏အလိုအရ ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘောရှိသော) ပုဂ္ဂလဿ၊ ရှုပါဒီဟိ သဒ္ဓိံသံသန္ဒနန္တိ-သစ္စိကဋ္ဌတာ သာမညေန ရူပါဒီဟိ သမီကရဏံ (ပင်ကိုယ်အားဖြင့် မတူသော်လည်း တူသကဲ့သို့ ပြုခြင်း) သစ္စိက‌ဋ္ဌေတိ သစ္စိကဋ္ဌဟေတု၊ တတ္ထဝါ တံ အဓိဋ္ဌာနံ ကတွာ (ထို သစ္စိကဋ္ဌကို တည်ရာပြု၍)။

၁။ သမယသုတ္တ ဝိရောဓံ။ ။သမယဝိရောဓ, သုတ္တဝိရောဓဟု ၂-မျိုးခွဲပါ။ ထိုတွင် ပုဂ္ဂလဟူသည် ရုပ် ဝေဒနာ စသော ခန္ဓာ ၅-ပါးကိုစွဲ၍ ပညတ်ရသော ဥပါဒါ ပညတ်တည်း။ ထို့ ကြောင့် ထို ပုဂ္ဂလကို ရုပ် ဝေဒနာ စသည်တို့မှ တမျိုးတခြား ဟု၎င်း, ရုပ်ဝေဒနာ စသည်တို့မှ တမျိုးတခြားမဟုတ်ဟု၎င်း မဆိုနိုင်။ ဤကား သမသ (သာသနာတော်၏ ထုံးစံဖြစ်သော အယူ)တည်း။ သကဝါဒီက "အညံ ရူပံ အညော ပုဂ္ဂလော”ဟု မေးရာ၌ “အာမန္တာ”ဟု ဝန်ခံလိုက်လျှင် ထို သမယနှင့် ဆန့်ကျင်ရာ ရောက်၏၊ အညံ ဇီဝံ (ဇီဝ,ပုဂ္ဂလ သည် သရီရမှ တမျိုးတခြားလော) အညံ သရီရံ (ကိုယ်ခန္ဓာသည်ဇီဝမှ တမျိုးတခြားလော) ဣတိ၊ ဤသို့မေးရာ၌။ "အဗျာကတ-မေတံ ဘဂဝတာ (မြတ်စွာဘုရားသည် ဤ ပြဿနာကို ဖြေတော်မမူအပ်) ဣတ အာဒိကံ သုတ္တံ (ဤသို့ အစရှိသည်ကား သုတ်တည်း)"အာ‌မန္တာ"ဟုဝန်ခံလိုက်လျှင် ထို သုတ်နှင့် ဆန့်ကျင်ရာ ရောက်သည်။

ပန၊ ကား။ ဧတ္ထ၊ ဤ သစ္စိကဋ္ဌ သံသန္ဒန၌။ ဓမ္မတော၊ ပါဠိတော်အား ဖြင့်။ သတ္တပညာသဘေဒဿ၊ ငါးဆယ့်ခုနစ်ပါး အပြားရှိသော။ သစ္စိကဋ္ဌပရမတ္ထဿ၊ သစ္စိကဋ္ဌ ပရမတ္ထ တရားနှင့်။ ဝါ၊ ၏။ ဝသေန၊ အစွမ်းဖြင့်။ ဝါ၊ စပ်သဖြင့်။ သကဝါဒီပက္ခမူလကေ၊ သကဝါဒီပက္ခ အရင်းမူလရှိသော။ အနုလောမ ပစ္စနီကေ၊ အနုလောမပစ္စနီကနည်း၌။ သတ္တပညာသ၊ ငါးဆယ့်ခုနစ်ပါးသော။ အနုလောမ ပဉ္စကာနိ၊ တို့ကို။ ဒဿိတာနိ၊ အပ်ကုန်ပြီ။
ပဋိကမ္မစတုက္ကာဒီနိ၊ ပဋိကမ္မစတုက္က အစရှိသည်တို့ကို။ သံခိတ္တာနိ၊ အကျဉ်းချုံးတော်မူအပ်ကုန်ပြီ။
ပရဝါဒီ ပက္ခမူလကေ၊ ပရဝါဒီပက္ခ အရင်းမူလရှိသော။ ပစ္စနီကာနုလောမေပိ၊ ပစ္စနီကာနုလောမနည်း၌လည်း။ သတ္တပညာသ၊ သော။ ပဋိလောမပဉ္စကာနိ၊ တို့ကို။ ဒဿိတာနိ၊ အပ်ကုန်ပြီ။

ပဋိကမ္မစတုက္ကာဒီနိ၊ တို့ကို။ သံခိတ္တာနိ၊ အပ်ကုန်ပြီ။

[သံခိတ္တာနိ ပဋိကမ္မစတုက္ကာဒီနိဟု ဆိုသော်လည်း ယခု ပါဠိ‌တော်စာအုပ်တို့၌ ပဋိကမ္မ စတုက္က ပါနေသည်။ အဋ္ဌကထာ ရေးစဉ်က "အာဇာနာဟိ နိဂ္ဂဟံ" ဟုရှိဟန်တူသည်ဟု ဋီကာဆိုသည်။]

တတ္ထ၊ ထိုပစ္စနီကာနုလောမ၌။ ဝုတ္တံ ဘဂဝတာတိ၊ အစရှိသော။ ဝစနမတ္တေန၊ ပါဠိတော်စကားမျှဖြင့်။ (ဒဿေတွာ အနုယောဂေါတို့၌စပ်။) ပုဂ္ဂလဿ၊ ၏။ အတ္ထိတံ၊ သစ္စိကဋ္ဌ ပရမတ္ထအဖြစ်ဖြင့်ထင်ရှားရှိသည်၏ အဖြစ်ကို၎င်း။ ရူပဿ၊ ရုပ်၏။ ဝါ၊ ကို။ သစ္စိကဋ္ဌ ပရမတ္ထဝသေန၊ ဖြင့်။ ဥပလလဘနီယတံစ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော်ရအပ် ရနိုင်သည်၏အဖြစ်ကို၎င်း။ ဒဿေတွာ၊ ပြ၍။ ဥဘိန္နံ၊ ပုဂ္ဂိုလ်, ရုပ် ၂-ပါးစုံတို့၏။ အအညတ္တံ၊ တမျိုးတခြား၏ အဖြစ်ကို။ ပဋိဇာနာပနတ္ထံ၊ ဝန်ခံစေခြင်းအကျိုးငှာ။

မှတ်ချက်။ ။ဤသို့ ဘုရားတရားတော်နှင့် ဆန့်ကျင်မည်ကို စိုးရိမ်သော ပရဝါဒီ ဟူသည် သာသနာတော်တွင်းက ပရဝါဒီတည်း။ အညတိတ္ထိယပရဝါဒီ မဟုတ်။ အယဉ္စ အတ္ထော (ဤအနက် အဓိပ္ပါယ်ကို) သာသနိကဿ ပရဝါဒိနော ဝသေန ဝုတ္တောတိ ဝေဒိတဗ္ဗံ၊-အနူ။

၁။ သညတ္တံ ပဋိဇာနာပနတ္ထံ။ ။"ပဋိဇာနာပန-ဝန်ခံစေခြင်း ” ဟူသည် “အာမန္တာ”ဟု ဝန်ခံအောင် စောဒနာခြင်းတည်း။ ထို့ကြောင့် စောဒနာခြင်းသည် အကြောင်း, "အာမန္တာ”ဟု ဝန်ခံခြင်းသည် အကျိုးတည်း။ “ဝန်ခံခြင်း ဟူသော အကျိုးဖြင့် အကြောင်း စောဒနာကို ဖလူပစာရအားဖြင့် ပြသည်''ဟု မှတ်ပါ။ [စောဒနာပုဗ္ဗကံ ဟိ တဿ (ထို သကဝါဒီကို) ပဋိဇာနာပနံ၊ တေန ဖလဝေါဟာ-ရေန ကာရဏံ ဝုတ္တန္တိ ဒဿတိ။-အနူ။]

**ဝုတ္တံ ဘဂဝတာ**တိ၊ အစရှိသော။ အနုယောဂေါ၊ သည်။ ပရဝါဒိဿ၊ ၏ မေးစိစစ်ခြင်းတည်း။ သမ္မုတိ ပရမတ္ထာနံ၊ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာတို့၏။ ဧကတ္တနာနတ္တပဉှဿ၊ တခုတည်း၏အဖြစ်, အသီးအခြား၏ အအဖြစ်ကို‌မေးကြောင်း ပြဿနာ၏။ ဝါ၊ ကို။ ဌပနီယတ္တာ၊ မဖြေပဲ ထားထိုက်သည်၏အဖြစ်ကြောင့်။ ဝါ၊ မြတ်စွာဘုရားမဖြေပဲ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။ ပဋိက္ခေပေါ၊ သည်။ သကဝါဒိဿ၊ ၏ ပယ်ခြင်းတည်း။ ဣဓာပိ၊ ဤ သုဒ္ဓိကသံသန္ဒန၌လည်း။
သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ အတ္ထတော၊ အားဖြင့်။ ပါကဋမေဝ၊ သည်သာ။ ဣတိ၊ ဤသို့ မှတ်အပ်၏။
သုဒ္ဓိကသံသန္ဒနဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။