အထ၊ ဝန်ခံရာ ထိုအခါ၌။
နံ၊ ထိုပရဝါဒီကို။
တဿ၊ ထို ပဉ္စဝိညာဏသမင်္ဂီပုဂ္ဂိုလ်၏။
မဂ္ဂဘာဝနာ၊ သည်။
သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။
(ဧဝံ သတိ၊) ပဉ္စဝိညာဏဂတိကေန၊ ပဉ္စဝိညာဉ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသော။
မဂ္ဂေန ဝါ၊ မဂ်သည်သော်၎င်း။
မဂ္ဂဂတိကေဟိ၊ မဂ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိကုန်သော။
ပဉ္စဝိညာဏေဟိ ဝါ၊ ပဉ္စဝိညာဉ် တို့သည်သော်၎င်း။
ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။
စ၊ ထိုသို့ ဖြစ်ထိုက်ပါသော်လည်း။
**၁။ နနိမိတ္တဂ္ဂါဟီ**။ ။စက္ခု ဖြင့် နိမိတ္တကို မယူ”ဟု ဟောတော်မူသောကြောင့် အနိမိတ္တကို ယူရာရောက်၏။အနိမိတ္တဟူသည်လည်း သုည, အပ္ပဏိဟိတတို့ကဲ့သို့ နိဗ္ဗာန်၏အမည်တည်း။ ထို့ကြောင့် ပဉ္စဝိညာဉ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ (ပဉ္စဝိညာဉ် အခိုက်၌) န နိမိတ္တဂ္ဂါဟီ မဟုတ်လျှင် အနိမိတ္တဂ္ဂါဟိနိဗ္ဗာန်ကို ယူရာရောက်သည်။ အနိမိတ္တဂ္ဂါဟီနိဗ္ဗာန်ကိုယူလျှင် မဂ္ဂဘာဝနာဖြစ်၏။ (ပဉ္စဝိညာဉ်ဖြစ်ခိုက်၌ မဂ်တရား ဖြစ်နိူင်၏)-ဟု ပရဝါဒီ ယူလေသည်။
တာနိ၊ ထိုပဉ္စဝိညာဉ်တို့သည်။
မဂ္ဂဂတိကာနိ၊ မဂ်၏ဖြစ်ခြင်းနှင့် တူသော ဖြစ်ခြင်းရှိကုန်သည်။
န(ဟောန္တိ)၊ မဖြစ်ကုန်။
(ကသ္မာ၊ နည်း။
တေသံ၊ ထိုပဉ္စဝိညာဉ်တို့၏။)
အနိဗ္ဗာနာရမ္မဏတ္ထာ၊ နိဗ္ဗာနိဟူသော အာရုံ မရှိကုန်သည်၏ အဖြစ်ကြောင့်၎င်း။
အလောကုတ္တရတ္တာ စ၊ လောကုတ္တရာ မဟုတ်ကုန်သည်၏ အဖြစ်ကြောင့်၎င်းတည်း။
မဂ္ဂေါ၊ သည်။
ပဉ္စဝိညာဏ ဂတိကော၊ ပဉ္စဝိညာဉ်၏ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်။
န၊ မဟုတ်။
(ကသ္မာ၊ )
တေသံ၊ ထို ပဉ္စဝိညာဉ်တို့၏။
လက္ခဏေန၊ လက္ခဏာဖြင့်။
အသင်္ဂဟိတတ္တာ၊ မသိမ်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။
ဣတိ စောဒေတုံ၊ ငှါ။
နနု ပဉ္စဝိညာဏာ ဥပ္ပဝတ္ထုကာတိအာဒိံ အာဟ၊
[ဥပ္ပန္နဝတ္ထုကာ ဥပ္ပန္နာရမ္မဏာ ပုရေဇာတဝတ္ထုကာ စသော သဘောတို့သည် ပဉ္စဝိညာဉ်တို့၏ အသီးအခြားဖြစ်သော အမှတ်အသားတို့တည်း။ ထို့ကြောင့် ဥပ္ပန္နဝတ္ထုကာ၏အဖြစ် စသည်ကို “လက္ခဏာ”ဟု ခေါ်သည်။]
တတြ၊ ထို နနု ပဉ္စဝိညာဏာ ဥပ္ပန္နဝတ္ထုကာ အစရှိသော စကားရပ်၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ၏။ မဂ္ဂဘာဝနာ၊ သည်။ ယဒိ သိယာ၊ အံ့။ (ဧဝံ သတိ၊ ) ယေန မနောဝိညာဏေန၊ အကြင် မနာဝိညာဉ်နှင့်။ မဂ္ဂေါ၊ သည်။ သမ္ပယုတ္တော၊ အညီအမျှ ဧကုပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်၏။ တမ္ပိ၊ ထို မနောဝိညာဉ်သည်လည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ပဉ္စဝိညာဉ်နှင့် ပြည့်စုံခြင်းရှိသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ သိယာ၊ ၏။
[မဂ်က မနောဝိညာဉ်နှင့် ယှဉ်သောကြောင့် မင်္ဂဖြစ်လျှင် မနောဝိညာဉ်လည်း ဖြစ်ရကား ပဉ္စဝိညာဉ်နှင့် ပြည့်စုံခိုက် မနောဝိညာဉ်လည်း ဖြစ်စရာရှိသည် ဟူလို။]
**၁။ တထာ ပန အဝတွာ**။ ။မနောဝိညာဏ်သည် ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဥပ္ပန္နဝတ္ထုက ဖြစ်၏။ (ပစ္စုပ္ပန်ဟဒယဝတ္ထုကို မှီ၏။) ထို့ကြောင့် “ဆဝိညာဏာ ဥပ္ပန္နဝတ္ထုကာ”ဟု ဆိုဖို့ရန် အကြောင်းရနိုင်၏။ သို့သော် ထိုသို့ "ဆဝိညာဏာ" “ဟု ဆိုလိုက်လျင် “နော စ ဝတ ရ ဝတ္တဗ္ဗေ၊ ပဉ္စဝိညာဏသမင်္ဂိဿ အတ္တိ မဂ္ဂဘာဝနာ ဟု ဆိုခွင့်မရှိသောကြောင့် “ဆဝိညာဏာ”ဟု မဆိုပဲထားသည်။ [ဆဝိညာဏာတိ အဝစနံ။ပေ။ ကာရဏန္တိ အဓိပ္ပေတံ-ဋီကာ။]
ဂုတ္တံ၊ တသ္မာ၊ ကြောင့်။
ပဉ္စဝိညာဏ ။ပေ။ မဂ္ဂဘာဝနာတိ၊ ဟူ၍။
န ဝတ္ထံ၊ ထိုက်။
(ဣတိ အယံ အဓိပ္ပါယော၊ )စ၊ ဆက်။ ဧတ္ထ၊ ဤနနုပဉ္စဝိညာဏာ ဥပ္ပန္ရဝတ္ထုကာ အစရှိသော စကားရပ်၌။ ယသ္မာ၊ ကြောင့်။ အယံ၊ ဤဆိုအပ်ပြီးသော။ အဓိပ္ပါယော၊ သည်။ (ဟောတိ၊ ) တသ္မာ သကဝါဒီ၊ သည်။ တံ လက္ခဏံ၊ ထို ဆိုအပ်ပြီးသော လက္ခဏာကို။ (ဥပ္ပန္န ဝတ္ထုကာ၏အဖြစ် စသော လက္ခဏာ ကို။) ပရဝါဒိံ၊ ကို။ သမ္မဋိစ္ဆာပေတွာ၊ လက်ခံစေ၍။ နောစဝတ၊ ပေ၊ မဂ္ဂဘာဝနာတိ၊ ဟူ၍။ အာဟ၊
[ ဤ အပရော နယော ၈သောနည်းဖြင့် ပါဠိတော်၌လာသော – ဥပ္ပန္န ဝတ္ထုကာ, ဥပ္ပန္နောရမ္မဏာ”စသည်သို့ကို ဆန့်ကျင်ဘက်ဖြစ်သော “အဝတ္ထုက န ဝတ္တဗ္ဗာရမ္မဏ” စသည်တို့နှင့် တွဲ၍ပြလိမ့်မည်။ ထို့ကြောင့် ပါဠိတော် စဉ်အတိုင်း စဉ်ထားပုံကို သိပါ။]
**၁။ သမ္ပဋိစ္ဆာပေတွာ**။ ။"နနုပဉ္စဝိညာဏာဥပ္ပန္န ဝတ္ထုကာ ဥပ္ပန္နာရမ္မဏာ" ဟူသောစကားကို “အာမန္တာ” ဟု လက်ခံစေခြင်းကို “သမ္ပဋိစ္ဆာတွာ”ဟုဆိုသည်။ စက္ခုဝိညာဉ်သည် ပစ္စုပ္ပန်ဖြစ်သော စက္ခုဝတ္ထုကိုမှီ၍, ပစ္စုပ္ပန်ဖြစ်သော ရူပါရုံကို အာရုံပြု၏။ ထို့ကြောင့် “ ဥပ္ပန္န၊ ခဏတ္တယသို့ရောက်သော။ ဝတ္ထု အာရုံရှိသည်။” ဟုဆိုသည်။ အခြားဝိညာဉ် ၄-ပါး၌လည်း နည်းတူ။
ကတွာ၊ ၍။
ပဝတ္တတော၊ ဖြစ်ခြင်းကြောင့်။
အသမ္ဘိန္နဝတ္ထု ကာ၊ မပျက်သောမှီရာဝတ္ထုရှိကုန်၏။
မဂ္ဂေါ အဝတ္ထုကောပိ ( ဟောတိ )၊ **၁။ တေအညမညံ။ပေ။ဥပ္ပဇ္ဇန္တိ**။ ။"တေ"ဟူသော ပါဌ်ဖြင့် ပဉ္စဝိညာဉ်ကို သာ စွဲလျှင် "ပုဗ္ဗစရိမဘာဝေန ဥပဇ္ဇန္တိ"သည်။ အဓိပ္ပါယ်မရှိ။ ဘာကြောင့်နည်း ပဉ္စဝိညာဉ်တို့သည် ရှေ့နောက် ၂-ဆက်ကို မဖြစ်နိုင်သောကြောင့်တည်း။ ထို့ကြောင့် ပါဠိတော်၌ "န အဗ္ဘောကိဏ္ဏာ ဥပ္ပဇ္ဇန္တိ"ပဉ္စဝိညာဉ်တို့သည် သမ္ပဋိစ္ဆိုင်း အစရှိသည် တို့နှင့် မရောပဲ မဖြစ်ကြ” ဟူသော ဝါကျ၏ အခြားမဲ့၌ န အပုဗ္ဗံ အစရိမံဥပ္ပဇ္ဇန္တိ”ဟု ရှိ၏။ ထို “န အပုဗ္ဗံ အစရိမံ”လည်း ပဉ္စဝိညာဉ်နှင့် သမ္ဗဋိစ္ဆိုင်းစသည် တို့သည် မရှေးမနှောင်း တပြိုင်နက်သာ မဖြစ်။ ရှေ့နောက်အားဖြင့်ကား ဖြစ်ကြ၏။ ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် "တေ"ဖြင့် ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုင်း စသည်ကို စွဲမှ အဓိပ္ပါယ်မှန် ရသည်။
သဒ္ဓိံ၊ ကွ။
ပုရိမပစ္ဆိမတာဝ၊ ရှေ့နောက်၏ အဖြစ်သည်ပင်။
နတ္ထိ၊
(ကသ္မာ၊ နည်း။)
တေသံ၊ ထိုသမ္ပဋိစ္ဆိုင်း အစရှိ သည်တို့၏။
အနုပ္ပတ္တိကာလေ၊ မဖြစ်ရာ အခါဖြစ်သော။
တိက္ခဝိပဿနာ သမယေ၊ ထက်မြက်သော ဝိပဿနာ၏ ဖြစ်ရာအခါ၌၎င်း။
တေသံ၊ ထိုသမ္ပဋိစ္ဆိုင်း အစရှိသည်တို့၏။
အနုပ္ပတ္တိဒေသေ၊ မဖြစ်ရာအရပ်ဖြစ်သော။
အာရှပွေ ပိ စ၊ အရူပဘုံ၌၎င်း။
ဥပ္ပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်တည်း။ဒုတိယံ ပုဋ္ဌော (သမာနော) န နိမိတ္တဂ္ဂါဟီတိဝစနတော၊ ဟုဟောတော်မူခြင်းကြောင့်။ တတ္ထ၊ ထိုစက္ခု ဝိညာဉ်နှင့် ပြည့်စုံခြင်းရှိရာခဏ၌။ ယံ အနိမိတ္တံ၊ နိမိတ်မဟုတ်သော အာရုံ သည်။ (အတ္ထိ၊ ) တဒေဝ၊ ထိုနိမိတ်မဟုတ်သော အာရုံသည်ပင်။ သုညတံ၊ သုညတတည်း။ ဣတိ၊ ဤအနက်ကို။ သန္ဓာယ ပဋိဇာနာတိ၊
[ နိမိတ္တကို မယူလျှင် အနိမိတ္တကို ယူရာရောက်၏။ ထိုအနိမိတ္တဟူသည် သုညဘနိဗ္ဗာန်နှင့် ပရိယာယ်တူ၏။ ထို့ကြောင့် “စက္ခုဝိညာဏံ သုညတံ အာရဗ္ဘ ဥပ္ပဇ္ဇတိ”ဟု မေးရာ၌ “အာမန္တာ”ဟု ဝန်ခံသည်။]
**၁။ လောကိယမဂ္ဂမ္ပိ ။ပေ။ အသာဓကံ**။ စက္ခုဒွါရဝီထိ, တဒနုဝတ္တိကမနော ဒွါရဝီထိဖြစ်ရာအခါ၌ စက္ခုဝိညာဉ်ဖြင့် ရူပါရုံကို မြင်ရုံသာမြင်နိုင်သေး၏။ ယောက်ျားမိန်းမစသောပုံသဏ္ဌာန် နိမိတ်ကိုမယူနိုင်, မသိနိုင်သေး။ ဇောအခိုက် ရောက်သော် လည်း စက္ခုဒွါရဇောဖြင့် ပုံသဏ္ဌာန်နိမိတ်ကို မယူနိူင်သေး။ နောက်နောက် တဒနုဝတ္ထိကမနောဒွါရဝီထိတို့၏ ဇောအခိုက်ရောက်မှ ပုံသဏ္ဌာန်နိမိတ်ကိုယူနိုင်သည်။ ဤ အဓိပ္ပါယ်ကို မသိသော ပရဝါဒီက "စက္ခုနာ ရူပံဒိသွာ နနိမိတ္တဂ္ဂါဟီ"ကို လော ကုတ္တရာ မဂ်အတွက် (နိမိတ္တ မဟုတ်သော အနိမိတ္တနိဗ္ဗာန်ကို ယူနိုင်၏-ဟု) သာဓက ပြပါသော်လည်း ထိုပါဠိသည် လောကီဝိပဿနာ မဂ်ကိုသော်မှ နနိမိတ္တဂွါတီ အဖြစ်ကို မပြီးစေနိုင်သော သာဓကဖြစ်သည်။ [ ပိ-သည် ဂရဟာ ဇောတက။]