ဒွိန္နမ္ပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။
ဇနာနံ၊ မိန်းမယောကျ်ားတို့၏။
ဧဝရူပေါ၊ ဤသို့သဘောရှိသော။
ဧကာဓိပ္ပါယော၊ ရာဂါဓိပ္ပါယမှ တပါးသော အလိုရှိသော။
ဝါ၊ တပေါင်းတည်းဖြစ်လိုခြင်းဟူသော အလိုရှိသော။
၁။ ဧကာဓိပ္ပါယ။ ။ “ကာရုညေန ဝါ ။ ပေ။ ဧကာဓိပ္ပါယော။” မိန်းမ ယောက်ျားတို့ မေထုန်မှီဝဲရာ၌ ရာဂ တည်းဟူသော အလိုဆန္ဒမှာ ရိုးရာဖြစ်၍ “ဧကာဓိပ္ပါယ"ဟု အထူးပြောဖွယ် မလို။ ဤနေရာ၌ ရာဂါဓိပ္ပါယမှတပါး အခြား အလို အားဖြင့် မှီဝဲခြင်းကိုသာ “ဧကာမိပ္ပါယ”ဟု ဆိုလိုသည်။ ထို့ကြောင့် ဋီကာ၌ “ရာဂါ ဓိပ္ပါယတော အညာဓိပ္ပါယော ဝါ”ဟု ဧကအတွက် အညအနက်ကို ဖွင့်သည်။ ထို အည ဟူသည် သနားခြင်းတည်း။ ထို့ကြောင့် “ကာရုညေန ဝါ”ဟု ကောဓိပ္ပါယ်ကို သရုပ်ဖော်သည်။
ဆက်ဦးအံ့- မာတုဂါမက “သူ့ကို မကြိုက်လျှင် သတ်သေလိုက်မည်”ဟု ပြော သောကြောင့် သူ၏ အသက်ကို ကယ်ဆယ်ခြင်းအကျိုးငှါ ကရုဏာဓိပ္ပါယဖြင့် သူ့ အလိုကို ဖြည့်ရခြင်းတည်း။ [အယဉ္စ နယော ဣတ္ထိယာ ဇီဝိတရက္ခဏတ္တံ ကာရုညေန မနောရထံ ပူရေန္တဿ ဗောဓိသတ္တဿ သံဝရဝိနာသော န ဟောတီတိ ဧဝံဝါဒိနံ ပရဝါဒိံ သန္ဓာယ ဝုတ္တော။-အနူ။]
၂။ ပဏိဓိဝသေန။ ။သံသရာ၌ အတူတကွ ဖြစ်ဖို့ရန် ဆုတောင်းခြင်း၏ အစွမ်းဖြင့် မေထုန်မှီဝဲခြင်းသည် “ပဏိဓိဝသေန ဧကာဓိပ္ပါယ”တည်း၊ ဤနည်း၌ ကား ဧက-သဒ္ဒါသည် ဧကတော အနက်ကို ဟော၏၊ [ဧကော အဓိပ္ပါယောတိ ဧတ္ထ ဧကတောဘာဝေ ဧက-သဒ္ဒေါ ဒဋ္ဌဗ္ဗော -ဋီကာ။] ပုတ္တမုဒေဿနာဓိပ္ပါယောပိ (သား၏ မျက်နှာကို မြင်လိုခြင်း, သားရလိုခြင်းကြောင့် မှီဝဲခြင်းသည်လည်း) ဧတ္ထေဝ (ဤ ပဏိဓာနာဓိပ္ပါယ-၌ပင်) သင်္ဂဟံ ဂတောတိ ဒဋ္ဌဗ္ဗံ၊ -အနု။
မေထုနောဓမ္မော၊ မေထုန်အကျင့်ကို။ ပဋိသေဝိတဗ္ဗော၊ မှီဝဲထိုက်၏။ ဣတိ ယေသံ၊