ဟိ၊ မှန်။
တေသု၊ ထို ခန္ဓာငါးပါး တို့သည်။
အနုပ္ပန္နေသု၊ မဖြစ်ကုန်လှသော်။
(မဖြစ်ကြလျှင်း)
ဘဝင်္ဂေ၊ ဘဝင်သည်။
နိရုဒ္ဓေ၊ ချုပ်ပြီးသော်။
သန္တတိဝိစ္ဆေဒေါ၊ အစဉ်၏ပြတ်ခြင်းသည်။
ဘဝေယျံ၊ ဖြစ်ရာ၏။
ဣတိ၊ သို့။
အန္ဓကာနံ လဒ္ဓိ (ဟောတိ)သေယျထာပိ၊
၁။ ဥပပတ္တေသိယံ။ ။"ဥပပတ္တိ + ဧသိယ" ဟု ပုဒ်ဖြတ် “ဥပပတ္တိဘဝ ဘာဝေန၊ ဥပပတ္တိဘဝ၏ အဖြစ်ဖြင့်။ ဧသိယံ၊ အလိုရှိထိုက်၏။ ဣတိ ဥပပတ္တေသိယံ၊ ဤဝိဂြိုဟ်အရ ဥပပတ္တိဘဝ အမည်ရှိသော ဝိပါက်ခန္ဓာတို့ကို ယူထိုက်၏။ သို့သော် ဤ နိရောဓကထာ၌ စိတ်ချင်း အဆက်မပြတ်အောင် ပြနေရာ ဖြစ်သောကြောင့် နာမ်ဝိပါက်တို့ကိုသာ ယူရသည်။ ထို နာမ်ပိပါက်တွင်လည်း ဘဝင်သည် အဖြစ်များ၏။ ထို့ကြောင့် “ဥပပတ္တေသိယန္တိ သင်္ခံဂတဿ တဝင်္ဂစိတ္တဿ”ဟု ဆိုသည်။
အနုဋီကာ။ ။တတ္ထ ဥပပတ္တိဘဝတာဝေန ဧသိယာ ဣစ္ဆိတဗ္ဗာတိ ဥပပတ္တေ သိယာ၊ (ဝိပါကက္ခန္ဓာ) [ဤအဖွင့်ကြည့်၍ “ဧသိယ”၌ ဧသဓာတ် မဟုတ်။ ဣသုဓာတ် ဟု သိပါ။ ဏျပစ္စည်း ဣအာဂုံ] တေ စ ယေဘုယျေန ဘဝင်္ဂပရိယာယကာ (ဘဝင်သာ အလှည့်အကြိမ်များကုန်၏။) ဣတိ အဋ္ဌကထာယံ ဝုတ္တံ ဥပပတ္တေသိယန္တိ သင်္ခံဂတဿ ဘဝင်္ဂစိတ္တဿာတိ။ အာဒိ ပရိယောသာနမတ္တံ ဟိ တဿ (ထိုဘဝင်၏) ပဋိသဒ္ဓိ စုတိစိတ္တံတဒါရမ္မဏံ (တဒါရုံကို) ဘဝင်္ဂံတွေဝ ဝုစ္စတီတိ။
၂။ ကိရိယာတိ သင်္ခံ ဂတာ။ ။ကိုယ်အမူအရာ နှုတ်အမူအရာကို ဖြစ်တတ် သောကြောင့် ကုသိုလ် အကုသိုလ် နာမ်ခန္ဓာ ၄-ပါးကို “ကိရိယာ”ဟု ခေါ်၏။ ထို နာမ်ခန္ဓာ ၄-ပါးကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကိုလည်း“ကိရိယာ”ဟု ခေါ်၏။ ထို့ကြောင့် “ကိရိယန္တိ သင်္ခံ ဂတာ။ပေ။ ပဉ္စက္ခန္ဓာ ဥပ္ပဇ္ဇန္တိ”ဟု ဆိုသည်။
(ဧဝံ) ယေသံ၊ အကြင်ပရဝါဒီတို့၏။ (လဒ္ဓိ ဟောတိ၊ )ဒုတိယပဉှေ၊ ဒုတိယပြဿနာ၌။
ပုရိမပစ္ဆိမဝသေန၊ ရှေ့၌ ဖြစ်သော ဥပပတ္ထသိယခန္ဓာ, နောက်၌ဖြစ်သော ကိရိယခန္ဓာတို့၏ အပြားအားဖြင့်၎င်း။
၁။ ပဌမပဉှေ ခန္ဓလက္ခဏဝသေန**။ ။ဒသန္နံ ခန္ဓာနံ သမောဓာနံ ဟောတိ ဒသခန္ဓာ သမ္မုခီဘာဝံ အာဂစ္ဆန္တိ၊ ဤပြဿနာကို ပဌမပဉှဟု ခေါ်၏။ ထိုပြဿနာ၌ ဥပပတ္တေသိယခန္ဓာ ၅-ပါး ကိရိယာခန္ဓာ ၅-ပါးအားဖြင့် ခန္ဓာ ဆယ်ပါး ပေါင်းမိ သလောဟု မေး၏။ ထိုအခါ ရုပ္ပန စသော ခန္ဓာ၏ လက္ခဏာအားဖြင့် ငါးပါးသာ ရှိသောကြောင့် ဒသန္နံ ခန္ဓာနံ စသော အမေးကို ပရဝါဒီက “န ဟေဝံ ဝတ္ထဗ္ဗေ” ဟု ပယ်သည်။
မှတ်ချက်။ ။စာအုပ်တို့၌ “ခန္ဓာလက္ခဏဝသေန ကိရိယဝသေန စ”ဟု တွေ့ရ သော်လည်း ကိရိယ၏အပြားအားဖြင့် ငါးပါးဖြစ်လျှင် ဥပပတ္တေသိယ၏ အပြား အားဖြင့် ငါးပါး ရှိရဦးမည် ဖြစ်သောကြောင့် "ပဉ္စေဝ နာမ တေ ခန္ဓာ"နှင့် မလျော်ရကား "ကိရိယဝသေန"ကို ရှေးဋီကာနိဿယ မနှစ်သက်။ ပါဌ်ပိုဟုဆိုလိုသည်။
၂။ ဒုတိယပဉှေ။ပေ။ပဋိဇာနာတိ။ ဒုတိယပြဿနာဟူသည် ပဌမပြဿနာ အတိုင်း ထပ်၍ မေးအပ်သော ပြဿနာတည်း။ ထိုပြဿနာ၌ကား ဥပပတ္ထေသိယ ဘဝင်စိတ်မချုပ်ပဲ ကိရိယဟု ခေါ်အပ်သော ကုသိုလ်, သို့မဟုတ် အကုသိုလ်စိတ်တို့ ဖြစ်ရသောကြောင့် ဘင်ခဏ၌ ပေါင်းမိရကား ရှေ့ခန္ဓာ နောက်ခန္ဓာ (၁၀) ပါး တို့၏ သမာဓာနဖြစ်ပုံကို ဝန်ခံသည်။
(တနည်း) ပုရိမ ပစ္ဆိမဝသေန၊ ရှေ့၌ဖြစ်သော ကိရိယခန္ဓာနောက်၌ ဖြစ်သော ဥပပတ္တေသိယခန္ဓာတို့၏ အပြားအားဖြင့်၎င်း။ ဥပပတ္တေသိယ ကိရိယဝသေန စ၊ ဥပပတ္တေသိယ, ကိရိယတို့၏ အပြားအားဖြင့်၎င်း။ နာနတ္တံ၊ ထူးကုန်သည်၏အဖြစ်ကို။ သန္တာယ ပဋိဇာနာတိ၊ကိရိယာဉာဏန္တိ၊ ကား။ ပရဝါဒိနာ၊ သည်။ စက္ခုဝိညာဏသမင်္ဂိက္ခဏေ၊ စက္ခုဝိညာဉ်နှင့် ပြည့်စုံခြင်းရှိရာခဏ၌။ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်၏အတွက်။ အနုညာတံ၊ ခွင့်ပြုအပ်သော။ အနာရမ္မဏညာဏံ၊ အာရုံမရှိသော မဂ်ဉာဏ်သည်။ (ဥပ္ပဇ္ဇတိ၊ )
[စက္ခုဝိညာဉ်က ရူပါရုံကို အာရုံပြု၍ ဉာဏ်က ထိုရူပါရုံကို အာရုံမပြု။ ရဟန္တာ ပုဂ္ဂိုလ်၏သန္တာန်၌လည်း ထိုမဂ်ဉာဏ်ဖြစ်နေသည်ဟု ပရဝါဒီ ယူ၏။ ထို့ကြောင့် “အနာရမ္မဏညာဏံ”ဟု ဆိုသည်။]