ပန၊ အနွယကား။ သဘာဂသန္တတိံ၊ သဘောတူသော အစဉ်ကို။ ပရိဝတ္တေတွာ၊ ပြန်လည်စေ၍။ ဝါ၊ ပြောင်းလွှဲ၍။ ဝိသဘာဂသန္တတိကရဏေ ဝါ၊ သဘောမတူသော အစဉ်ကိုပြုခြင်း၌၎င်း။ သဘာဂသန္တတိဝသေနေဝ၊ သဘောတူသောအစဉ်၏ အစွမ်းဖြင့်ပင်။ စိရတရပ္ပဝတ္တနေဝါ၊ ကြာမြင့်စွာ ဖြစ်စေခြင်း၌၎င်း။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့၏။ အတ္ထာယ၊ အကျိုးငှာ။ ကရိယတိ၊ ပြုအပ်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ပုညာဒီနိ၊ ကောင်းမှုအစရှိကုန်သော။ ကာရဏာနိ၊ အကြောင်းတို့ကို။ နိဿာယ၊ ၍။ ကတ္ထစိ၊ ၌။ ဣဇ္ဈတိ၊ ၏။ (ကိသ္မိံ ဝိယ၊ အဘယ်၌ကဲ့သို့နည်း။) ဘိက္ခူနံ၊ တို့၏။ အတ္ထာယ၊ ငှာ။ ပါနီယဿ၊ သောက်ရေကို။ သပ္ပိခီရာဒိကရဏေဝိယ၊ ထောပတ်နို့ရည် အစရှိသည်တို့ကို ပြုခြင်း၌ကဲ့သို့၎င်း။
[ဤကား သဘာဂသန္တတိကို ပြောင်းလွှဲ၍ ဝိသဘာဂသန္တတိဖြစ်အောင်ပြုခြင်း၌ ဥပမာတည်း။] မဟာဓာတုနိဒါနော၊ များစွာသောဓာတ်တော်တို့ကို ဌာပနာခြင်း၌။ (ရာဇဂြိုဟ်မြို့ဝယ် ဌာပနာခြင်း၌။) ဒီပါဒီနံ၊ ဆီမီးတို့ကို။ စိရသန္တာနပ္ပဝတ္တနေဝိယ စ၊ ကြာမြင့်စွာသော အစဉ်ကို ဖြစ်စေခြင်း၌ကဲ့သို့ ၎င်းတည်း။
[ဤကား အရှင်မဟာကဿပ၏ စိရသန္တာန ဖြစ်အောင်ပြုခြင်း၌ ဥပမာတည်း။] ဣတိ ဣဒံ၊ ဤစကားသည်။ သကသမယေ၊ မိမိဥစ္စာဖြစ်သော သကဝါဒီတို့၏ အယူ၌။ သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ကြောင်းစကားတည်း။
**၁။ အဓိပ္ပါယံ ဣဒ္ဓိ**။ ။ သံဝဏ္ဏေတဗ္ဗ သံဝဏ္ဏာနာ ၂-မျိုးလုံး၌ ပါဌ်တမျိုးတည်းသာ စာအုပ်တို့၌ ရှိ၏။ ထိုသို့ မရှိသင့်။ သီဟိုဠ်မူ၌ "အဓိပ္ပါယံ ဣဒ္ဓိ" ဟုသံဝဏ္ဏနာ ရှိ၏။ ထိုအဓိပ္ပါယံကိုပင် "ယထာဓိပ္ပါယံ"ဟု ထပ်ဖွင့်ကုန်ဟန်တူသည်။ထို့ကြောင့် သီဟိုဠ်မူအတိုင်း သံဝဏ္ဏနာ၌ "အဓိပ္ပါယံ ဣဒ္ဓိ"ဟုရှိလျှင် တော်သေး၏။ သို့သော် ဋီကာ၌ကား "အတ္ထိ အဓိပ္ပါယ ဣဒ္ဓိတိ အဓိပ္ပါယဝသေန ဣဇ္ဈနတောအဓိပ္ပါယောတိ ဧဝံ နာမိကာ ဣဒ္ဓိ အတ္ထီတိ အတ္ထော"ဟုဖွင့်ထား၏။ ထိုအဖွင့်သည် အဋ္ဌကထာကို ဖွင့်ခြင်း မဟုတ်။ ပါဠိတော်၌ရှိသော အဓိပ္ပါယ ဣဒ္ဓိကို ဖွင့်ခြင်းတည်း။ ထိုဋီကာအတိုင်း "အဓိပ္ပါယ ဣဒ္ဓိ၊ အဓိပ္ပါယမည်သော တန်ခိုးသည် "ဟု ပေးရလိမ့်မည်။
ကေဝလံ၊ မင်း၏ ကောင်းမှုမဖက် သက်သက်။
ထေရဿ၊ ရှင်ပိလိန္ဒဝစ္ဆထေရ်၏။
အဓိပ္ပါယေနေဝ၊ အလိုကြောင့်သာ။
န (အာသိ)၊ ပြီးသည်မဟုတ်။