တတ္ထ၊ ထို ဝိညတ္တိသီလန္တိကထာ၌။ ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသည်။ ကာယကမ္မံ၊ ကာယကံတည်း။ ဝစီဝိညတ္တိ၊ ဝစီဝိညတ်ဟူသည်။ ဝစီကမ္မံ၊ ဝစီကံတည်း။ ဣတိ၊ သို့။ ဂဟိတတ္တာ၊ ယူအပ်သည်၏အဖြစ်ကြောင့်။
[ကာယဝိညတ်ဟူသည် လက်စသည် လှုပ်ရှားခြင်း၏ ထူးခြားသော အမူအရာတည်း။ သို့သော် ပရ ဝါဒီက ထိုအမူအရာကို ကာယကံဟု ယူသည်။ ဝစီကံ၌လည်း နည်းတူ။] ဝိညတ္တိ၊ ဝိညတ်သည်။ သီလံ၊ တည်း။ ဣတိ၊ သို့။ မဟာသံဃိကနဉ္စေဝသမ္မိ တိယာနဉ္စ လဒ္ဓိ (ဟောတိ) သေယျထာပိ၊ (ဧဝံ၊ ) ယေသံ၊ အကြင်ပရဝါဒီ တို့၏။ (လဒ္ဓိ ဟောတိ၊ )
ပန၊ ဆက်။ အဿ၊ ထိုပရဝါဒီ၏။ လဒ္ဓိ၊ သည်။ ဆလေန၊ စဉ်းလဲ ကောက်ကျစ်သဖြင့်။ ပတိဋ္ဌာပိတတ္တာ၊ တည်စေအပ်သည်၏ အဖြစ်ကြောင့်။
[ စာအုပ်တို့၌ “ ပတိဋ္ဌိတတ္တာ”ဟုရှိ၏။ ရှေးနိဿယ၌ “တည်စေအပ်သည်၏ အဖြစ်ကြောင့်”ဟု ကာရိတ် အကြေကြံ၍ အနက်ပေးသည်။] အပ္ပတိဋ္ဌိတာ ယေဝ၊ မတည်သည်သာ။ (ဟောတိ) ဣတိ၊ အပြီးတည်း။