ပုန၊
ယထာကမ္မူပဂတဉ္စ မနသိ ကရောတီတိ**၊ ဟူ၍။
ပုဋ္ဌော (သမာနော)၊
ဧကစိတ္တဿ၊ တခုတည်းသော စိတ်၏။
(ပရဝါဒီ၏ အလိုအားဖြင့် ဒိဗ္ဗစက္ခုစိတ် တခုတည်း၏။)
၁။ အယောနိသော ဂဟေတွာ။ ။ပါဠိတော်၌ "ဒိဗ္ဗေန စက္ခု နာ သတ္တေ ပဇာနာတိ”ဟု ဟောတော်မူသောကြောင့် “ကံအားလျော်စွာ ထိုထို ဘဝသို့ ကပ် ရောက်ရသော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သိ၏”ဟု ပရဝါဒီက ယူဆ၏။ (ကသ္မာ)။ သိခြင်းကြိယာကို ပြီးစေခြင်းကိစ္စ၌ ပဓာန ဖြစ်သော ဒိဗ္ဗစက္ခုကို ကရိုဏ်း ဝိဘတ်ဖြင့် ညွှန်ပြသောကြောင့်တည်း။ [သဒ္ဒါကျမ်းတို့၌ ကြိယာသာဓကတမသတ္တိ ရှိသော အနက်ကို ကရိုဏ်း အဖြစ်ဖြင့် ထားလေ့ရှိပုံကို ပရဝါဒီက ထောက်ဟန်တူ သည်။] အမှန်အားဖြင့်ကား ဒိဗ္ဗစက္ခုဉာဏ်သည် ယထာကမ္မူပဂဉာဏ်၏ အားကြီး သော မှီရာ အကြောင်းသာဖြစ်၏အားကြီးသော မှီရာ အကြောင်း ဖြစ်သောကြောင့် "ဒိဗ္ဗေန စက္ခုနာ”ဟု ကရိုဏ်း ဝိဘတ်ဖြင့် ဟောတော်မူသည်။ ဤသို့ အမှန်အတိုင်း မယူနိုင်သည်ကို “အယောနိသော ဂဟေတွာ”ဟု ဆိုသည်။
ဆက်ဦးအံ့-ယထာကမ္မူပဂသတ္တဝါတို့ကို သိလိုသောအခါ ရှေးဦးစွာ ဒိဗ္ဗစက္ခု ဉာဏ်ဖြင့် ထို သတ္တဝါတို့ကို မြင်အောင် ပြုရသေး၏။ ထိုသို့ မြင်ပြီးမှ အဘယ် ကံကြောင့် ဤ ဘဝသို့ ရောက်လာပါလိမ့်မည်နည်းဟု စဉ်းစား၍ ယထာကမ္မူပဂ ဉာဏ်ဖြင့် ထို သတ္တဝါတို့၏ ကံကို၎င်းထိုသတ္တဝါတို့ကို၎င်းသိရ၏။ ထို့ကြောင့် ဒိဗ္ဗ စက္ခု အဘိညာဉ်ကို ယထာကမ္မူပဂဉာဏ်၏ "ဥပနိဿယ-အားကြီးသော မှီရာ အကြောင်း"ဟု ဆိုသည်။
၂။ ယထာကမ္မူပဂဉာဏမေဝ။ ။ပရဝါဒီသည် “ယထာကမ္မူပဂဉာဏ် ဟူ၍ သီးခြားမရှိ, ဒိဗ္ဗစက္ခုဉာဏ်သည်ပင် ယထာကမ္မူပဂဉာဏ်ဖြစ်၏ဟု အယူရှိ၏။ ထို့ကြောင့် "ယထာကမ္မူပဂဉာဏမေဝ”ဟု ဧဝ ကို အပဓာန ဖြစ်သော ယထာ ကမ္မူပဂဉာဏနှင့် မတွဲပဲ ပဓာန ဖြစ်သော ဒိဗ္ဗစက္ခု နောင်ရွှေ့၍ “ဒိဗ္ဗစက္ခု မေဝ" ဟု ဖြစ်သင့်ကြောင်းကို ဋီကာဖွင့်၏။ ဧဝ ကို "အဌာန ပယောဂ-အဌာနပယုဂ်-ယှဉ် ရာ ဌာန မဟုတ်သော နေရာ၌ ယှဉ်စပ် သုံးစွဲထားအပ်သောပုဒ်”ဟု ဆိုလိုသည်။
အာရမ္မဏဒွယာဘာဝါ၊ အာရုံ ၂-ပါးအပေါင်း၏ မရှိခြင်းကြောင့်။ ပဋိက္ခိပတိ၊ဒုတိယံ၊ မြောက်။ ပုဋ္ဌော (သမာနော)၊ နာနာစိတ္တဝသေန၊ အထူးထူးသော စိတ်၏ အပြားအားဖြင့်။
(ယထာကမ္မူပဂတကို အာရုံပြုသောစိတ်, ရူပါရုံကို အာရုံပြုသောစိတ်၏အပြားအားဖြင့်။) ပဋိဇာနာတိ၊
ဒုတိယံ၊ ပုဋ္ဌော (သမာနော) ယံကိဉ္စိ၊ အမှတ်မရှိ ကြွင်းမဲ့ ဥဿုံ အလုံးစုံသော တရားသို့။ သာဝကေန၊ သည်။ ပတ္တဗ္ဗံ၊ ရောက်ထိုက်၏။ သဗ္ဗံ၊ သော။ တံ၊ ထိုတရားတို့ကို။ အနုပ္ပတ္ထံ၊ အစဉ်ရောက်အပ်ပြီ။ ဣတိ၊ ကြောင့်။ ပဋိဇာနာတိ၊
["သာဝကများ ရသမျှ အဘိညာဉ်ကို အရှင် သာရိပုတ္တရာလည်း ရသည်"ဟူလို။]
**၁။ဝိက္ခေပံ ကရောန္တော**။ ။“အတ္ထာယသ္မတော သာရိပုတ္တဿ ဒိဗ္ဗစက္ခု” ဟု မေးသောအခါ "အာမန္တာ”ဟု ဝန်ခံပြီး၍ “နေဝ ပုဗ္ဗေ နိဝါသာယ, နပိ ဒိဗ္ဗဿ ဝက္ခုနော” စသော ဤ ဂါထာကို ရွတ်ပြလိုက်သောအခါ “နပိ ဒိဗ္ဗဿ စက္ခု နော”ထောက်၍ ဒိဗ္ဗစက္ခု မရလေသလော-ဟု ထင်ယောင် ထင်မှား ဖြစ်ရကား နနဟေဝံ ဝတ္တဗ္ဗေ"ဟု ပယ်ခဲ့ခြင်းကပင် မှန်လေရော့သလား-ဟု ထင်ပြန်သည်။ ထိုသို့ ဖြစ်စေလိုခြင်းကို "ဝိက္ခေပံ ကရောန္တော"ဟု ဆိုသည်။