**၁။ တေန ပုဗ္ဗေကတဟေတုနာ**။ ။ပဏ္ဏာသနိပါတ် မဟာဗောဓိဇာတ်၌ ယခုဘဝ၌ မကောင်းကျိုးရနေသမျှဝယ် ရှေးက ကံကျွေးပါလာသည့်အတွက် ထိုကံကို အကျွေးဆပ်ခြင်းသာ ဖြစ်၏။ “ရသေ့ဖြစ်သော ငါက မျောက်ကလေးကို အကယ်၍ သတ်သည်”ဟု ဆိုလျှင် အသင် ပုဗ္ဗေကတဝါဒီ၏ အလိုအားဖြင့် “ယခုဘဝ မျောက် ကလေးသည် ရှေးတုန်းက ရသေ့ဖြစ်စဉ် ယခု ငါဖြစ်နေသော မျောက်ကလေးကို သတ်ခဲ့ဘူး၏။ ထို အသတ်ခံရသော မျောက်ကလေးသည် ယခုဘဝ၌ ရသေ့ဖြစ်၍ ထိုတချိန်၌ သတ်ခဲ့ဘူးသော ရသေ့က ယခုဘဝ မျောက်ဖြစ်တဲ့အခါ လက်စားချေသော အားဖြင့် သတ်၏။ မျောက်ကလေးလည်း ရှေးတုန်းက အကျွေးကို ဆပ်ခြင်းဖြစ်၍ ကျွေးကျေ၏။မည်သူ၌မျှ အကုသိုလ် မဖြစ်ဟု အယူရှိထိုက်ပုံကို ပုဗ္ဗေကတဟေတုဒိဋ္ဌိ အလို ရသေ့တ ဟောပြသည်။ အထ ပုဗ္ဗေကတဟေတု၊သုခဒုက္ခ နိဂစ္ဆတိ၊ ပေါရာဏကံ ကတံ ပါပံ၊ တမေသော မုစ္စတေ ဣဏံ၊ ပေါရာဏကဣဏမောက္ခော၊ကွိဓပါပေန လိမ္မတိ၊
ဘဝိတဗ္ဗံ၊ ရာ၏။
ဣတိ စောဒေတုံ ပုစ္ဆတိ၊
ဣတရော၊ သည်။
ပုဗ္ဗေကတဟေတုဝါဒ ဘယေန၊ ပုဗ္ဗေကတဟေတု ဝါဒမှ ကြောက်ခြင်းကြောင့်။
ပဋိက္ခိပတိ၊ ၇၈၄။ ကမ္မဝိပါကတောတိ၊ အစရှိသော ပါဌ်ဖြင့်။ (ပုစ္ဆတိ၊ ၌ စပ်။) သဗ္ဗံ၊ သော။ ဣဒံ၊ ဤကမ္မဝဋ်, ဝိပါကဝဋ်, ကိလေသဝဋ်သည်။ ကမ္မတော၊ ကံကြောင့်။ ယဒိ(ဟောတိ၊ ဧဝံ သတိ)၊ အတီတဘဝေ၊ အတိတ်ဘဝ၌။ ပဝတ္တဿ၊ ဖြစ်သော အကျိုး၏။ ဟေတုဘူတံ၊ အကြောင်း ဖြစ်၍ ဖြစ်သော။ ယံ ကမ္မံ၊ (အတ္တိ၊ ) တမ္ပိ၊ ထို အကြောင်းဖြစ်သော ကံသည်လည်း။ ပုရိမတရေ၊ သာ၍ ရှေးဖြစ်သော။ ဘဝေ၊ ဘဝ၌။ ကမ္မတော၊ ကံကြောင့်။ (ဟောတိ၊ ဖြစ်ရ၏။) ဣတိ၊ ထို့ကြောင့်။ ကမ္မဝိပါကော၊ ကံ၏ အကျိုး ဝိပါက်သည်။ သမ္မဇ္ဇတိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ တေ၊ အသင် ပရဝါဒီ၏ အလိုအားဖြင့်။ သဗ္ဗံ၊ သော။ ဣဒံ၊ သည်။ ကမ္မဝိပါကတော၊ ကံ၏အကျိုး၏ အဖြစ်ဖြင့်။
(ရှေးကံ၏လည်း သာ၍ ရှေးကျသော ဘဝတုန်းက ကံကြောင့် ဖြစ်ရသော ကံ၏ အကျိုး၏ အဖြစ်ဖြင့်။)
အာပဇ္ဇတိ၊ ဖြစ်သလော။
ဣတိ၊
စောဒေတုံ ပုစ္ဆာတိ၊
၁။ ပုဗ္ဗေကတဟတုဝါ။ ။ မည်သည့်အရာ မဆို ရှေး၌ ပြုအပ်သော ကံကြောင့်သာ ယခုဘဝ၌ ဖြစ်ရ၏”ဟု အယူမှားသော ဒိဋ္ဌိတမျိုး ရှိ၏။ ထိုဝိဋ္ဌိကို “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ဟု ခေါ်သည်။ သန္တိ ဘိက္ခဝေ ဧကေ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံ ဒိဋ္ဌိနော ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗတံ ပုဗ္ဗေကတဟေတု။-အင်္ဂုတ္တိုရ်,တိကနိပါတ် မဟာဝဂ် တိတ္ထာယတနသုတ်၊ထို ပုဗ္ဗေကတဟေတုအယူရှိသူတို့သည် “ဤဘဝ၌ ဉာဏ် ဝီရိယကို အသုံးပြုဖွယ် မလို။ ကံကြောင့်သာ ဖြစ်ရ၏”ဟု ယူလိုကြ၏။ ဥပမာ-ဉာဏ် မရှိသောကြောင့် မတဲ့တာတွေကို စာနေသည့်အတွက် ရောဂါဖြစ်လျှင် “မိမိ၏ဉာဏ် မရှိသောကြောင့်”ဟု အယူမရှိ။ ရှေးကံကြောင့်သာ ရောဂါဖြစ်ရ၏”ဟု အယူ ရှိသည်။
အနေအထိုင် မတတ်သောကြောင့်, မိမိ၏ဉာဏ် မရှိ လုံ့လဝီရိယ မရှိသောကြောင့် ပညာမတတ်လျှင်၎င်း, စီးပွါးဥစ္စာ မဖြစ်လျှင်၎င်းရှေးကံကြောင့်သာဟု ယူသည်။ ကျန်းမာရေး မလိုက်စားတက်ခြင်းကြောင့် ညောင်းညာကိုက်ခဲမှု စသော ရောဂါ ဖြစ်လျှင် ရှေးကံ မကောင်းသောကြောင့်ဟု အယူရှိ၏။ ဉာဏ် မရှိခြင်း, လုံ့လဝီရိယ မရှိခြင်းကို အကြောင်းဟု မယူဆ။ ဆရာသမား မိဘတို့က စာသင်မလွှတ်ခြင်းကြောင့် စာတတ်နှောင်းနေလျှင် ဆရာမိဘတို့ကို အကြောင်းမရှာတတ်။“ရှေးကံ မကောင်း သောကြောင့်သာ စာမတတ်”ဟု အယူရှိသည်။ သို့ရာဝယ် အမြော်အမြင်မကျယ် သော ဆရာ မိဘတို့နှင့် တွေ့ရခြင်းသည် ရှေးကံကြောင့်သာ ဖြစ်ရပေသည်။ ဤသို့ စသည်ဖြင့် “လူတန် ကံချ”ဟု ပြောရိုးအတိုင်း ကံကိုသာ ချလေ့ရှိသော ရဟန်း ရှင်လူတို့၌ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်လျက် ရှိသည်ကို မသိရှာကြချေ။
ဣတရော၊ ဗီဇတော၊ မျိုးစေ့ကြောင့်။ အင်္ကုရဿ၊ အညွှန့်၏။ (နိဗ္ဗတ္တိ)ဣဝ၊ ဖြစ်ခြင်းကဲ့သို့။ (တထာ၊ တူ။) ပစ္စုပ္ပန္နပဝတ္တသာ၊ အဆက်မပြတ်ဖြစ်သော ပစ္စုပ္ပန်အကျိုးတရား၏။ ကမ္မတော၊ ကြောင့်။ နိဗ္ဗတ္တိံ၊ ဖြစ်ခြင်းကို။ သန္ဓယ ပဋိက္ခိပတိ၊
[အလုံးစုံသော ကံ၏ အကျိုး၏ အဖြစ်ဖြင့် ဖြစ်သလောဟု မေးရာဝယ် န ဟေဝံ ဝတ္ထဗ္ဗေ-ဟု ပယ်သည်။]