နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဝိဝရထိမာသံဒွါရံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠကလိင်္ဂဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လေးယောက်သော ပရိဗိုဇ်မိန်းမတို့၏ ရဟန်းပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အဿကမင်း၏နန္ဒိသေနမည်သောအမတ်သည်ပညာရှိ၏။ လိမ်မာ၏။ အကြောင်းဥပါယ်ကိုသိ၏။ ထိုနန္ဒိသေနအမတ်သည်၊ ဤမင်းသ္မီးတို့သည် အလုံးစုံသောဇမ္ဗူဒိပ်ကိုလှည့်လည်၍စစ်ထိုးဖက်ကိုမရကုန်။ ဤသို့ဖြစ်သော်ဇမ္ဗူဒိပ်သည် အချည်းနှီးမည်သည်ဖြစ်၏။ ငါသည်ကလိင်္ဂမင်းနှင့် တကွစစ်ထိုးအံ့ဟုကြံ၏။ ကြံပြီး၍ထိုနန္ဒိသေနအမတ်သည်မြို့တံခါးသို့သွား၍တံခါးစောင့်တို့ကိုခေါ်၍ထိုမင်းသ္မီးတို့အားတံခါးဖွင့်စိမ့်သောငှါ။
(၅၀၈)ဝိဝရထိ-မာသံ ဒွါရံ၊နဂရံ ပဝိသိတုံ မယာ။
အရုဏ-ရာဇဿ သီဟေန၊ သုသိဋ္ဌေန နန္ဒိသေနေန။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ကလိင်္ဂမင်းပြေးသည်ကိုမြင်၍ တစ်ထောင်ကုန်သော အမတ်တို့သည် ကလိင်္ဂမင်းငမွဲ စစ်ပွဲမှရှုံး၍ပြေးလတ်ပြီဟု ပဲ့တင်ထပ်အောင် ကြော်ငြာကုန်၏။ ကလိင်္ဂမင်းသည်သေဘေးမှကြောက်၍ ပြေးလတ်သော်၊ထိုရသေ့ကိုဆဲရေးလိုရကား။ ။
(၅၀၉)ဇယော ကလိင်္ဂါန အ-သယှ-သာဟိနံ၊ပရာဇယော အနွိတော အဿကာနံ။
ဣစ္စေ-ဝ တေ ဘာသိတံ ဗြဟ္မစာရိ၊န ဥဇ္ဇုဘူတာ ဝိတထံ ဘဏန္တိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဤသို့ထိုကလိင်္ဂမင်းသည်ရသေ့ကိုဆဲရေးလျက်ပြေး၍မိမိမြို့သို့လျှင်သွား၏။ ပြန်၍ကြည့်အံ့သောငှာလည်းမဝံ့။ ထိုနောင်မှနှစ်ရက်သုံးရက်လွန်သဖြင့်သိကြားသည်ရသေ့အထံသို့လာ၏။ ရသေ့သည်သိကြားနှင့် တကွစကားပြောဆိုလိုရကား။ ။
(၅၁၀)ဒေဝါ မုသာဝါဒ-မုပါတိဝတ္တာ၊သစ္စံ တထ-ပေမ-ကရံ နုသက္က။
တ-န္တေ မုသာ ဘာသိတံ ဒေဝ-ရာဇ၊ကိံ ဝါ ပဋိစ္စ မဃဝါ မဟိန္ဒ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သိကြားမင်းသည်။ ။
(၅၁၁)နနု တေ သုတံ ဗြာဟ္မဏ ဘညမာနေ၊ဒေဝါ န ဣဿန္တိ ပုရိသ-ပရက္ကမဿ။
ဒမော သမာဓိ မနသော အ-ဘိဇ္ဇော၊အဗျဂ္ဂတာ နိက္ကမနဉ္စ ကာလေ။
ဒဠှဉ္စ ဝိရိယံ ပုရိသ-ပရက္ကမော စ၊တေနေ-ဝ အာသိ ဝိဇယော အဿကာနံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၁၁)ဗြာဟ္မဏ၊ သျှင်ရသေ့။ တတ္ထဝစနေ၊ ကလိင်္ဂမင်းသည်အောင်လတ္တံ့,အဿကမင်းသည် ရှုံးလတ္တံ့, ဟူသောထိုစကားကို။ ဘညမာနေ၊ ငါသိကြားသည်ဆိုအပ်သော်လည်း။ ဒေဝါ၊ နတ်တို့သည်။ ပုရိသ-ပရက္ကမဿ၊ ယောက်ျားတော်တကာတို့၏ လုံ့လအားထုတ်ခြင်းအား။ နဣဿန္တိ၊ မငြူစူကုန်။ ဣတိဣဒံဝစနံ၊ ဤသို့သောစကားကို။ တေတယာ၊ သင်ရသေ့သည်။ နနုသုတံနသုတံကိံ၊ မကြားဖူးသလော။ ဝါ၊ မကြားဖူးယောင်တကား။ အဿကရညော၊ အဿကမင်း၏။ မဟာဝီရာနံ၊ ကြီးသောလုံ့လရှိကုန်သောရဲမက်တော်တို့၏။ ဝီရ-ကရဏ-ဝစနေန၊ ထမင်းသခင်အရှင့်အမှုတော်ကို စွန့်စွန့်စားစား အားထုတ်ကြဟု နန္ဒိသေနမတ် များတန်းခွန် သွန်သင်ဆုံးမသောစကားဖြင့်။ ဒမောစ၊ မိမိကိုယ်စိတ်ကို ဆုံးမခြင်းဟု ဆိုအပ်သောဒမသည်၎င်း။ မနသော၊ စိတ်၏။ အဘိဇ္ဇော၊ သူတစ်ပါးတို့သည် ဖျက်ဆီးခြင်းငှာ မတတ်နိုင်သော။ သမာဓိစ၊ မြဲမြံခိုင်ခန့်သည်ဖြစ်၍ အညီအညွတ်တည်တန့်သောဝီရိယသည်၎င်း။ ကာလိင်္ဂဿ၊ ကလိင်္ဂမင်း၏။ မနုဿာ၊ ရဲမက်တို့သည်။ ဝဂ္ဂါဝဂ္ဂါ၊ အစုအစု။ ဟုတွာ၊ ဖြစ်၍။ ဩသက္ကိံ သုယထာ၊ ဆုတ်နစ်ကုန်၏သို့။ ဧဝံတထာ၊ ထို့အတူ။ အနောသက္ကာနံ၊ အသက်မမှတ်၊ရေပြတ်သား စုပ်၊မဆုတ်မနစ်ကုန်သော။ တေသံ၊ ထိုနန္ဒိသေနကွပ်ဆုံးမသောအဿကမင်းရဲမက်တော်တို့၏။ အဗျဂ္ဂတာအဗျဂ္ဂတာယသမဂ္ဂဘာဝေန၊ အစုအစုဖရိုဖရဲမဟုတ်ဘဲတစ်လုံးတစ်ခဲညီညွတ်သည်၏အဖြစ်ဖြင့်။ ကာလေ၊ စစ်ကြီးတွေ့၍မရွေ့မဆုတ်အားထုတ်လုံ့လပြုသင့်သောကာလ၌။ နိက္ကမဉ္စ၊ သူ့ဗိုလ်ထုကို ဖျက်၍ထွက်မြောက်ကြောင်းဖြစ်သော လုံ့လသည်၎င်း။ ဝီရိယဉ္စ၊ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏ အဖြစ်တည်းဟူသောဝီရိယသည်၎င်း။ ဒဠှံ၊ သူတစ်ပါးတို့မဖျက်နိုင်ခိုင်ခန့်မြဲမြံသည်။ အဟောသိ၊ ဖြစ်ပြီ။ ပုရိသ-ပရက္ကမောစ၊ ယောက်ျားတော်တကာတို့၏အဆင့်ဆင့်သောကျေးဇူးအာနိသင်သို့ ရောက်ကြောင်းဖြစ်သော ကောင်းသော လုံ့လသည်လည်း။ တိရော၊ ခိုင်ခန့်တည်တန့်သည်။ အဟောသိ၊ ဖြစ်လတ်ပြီ။ တေနေဝကာရဏေန၊ ငါသိကြားမင်းရှုံးလိမ့်မဆိုသော်လည်းထိုဆိုအပ်ပြီးသောဒမော သမာဓိအစရှိသောအကြောင်းကြောင့်လျှင်။ အဿကာနံ၊ အဿကမင်းတို့၏။ ဝိဇယော၊ တစ်ဖက်ရန်ကိုလွှင့်မှုတ်၍ ချက်တဖြုတ်အောင်မြင်ခြင်းသည်။ အာသိ၊ ဖြစ်ပေသတည်း။ ။
(ပဝိသိတုံတယာဟူ၍၎င်း၊ပဝိသိတုံဘယာဟူ၍ ၎င်းရှိသည်ကားပါဌ်ပျက်။ မယာနန္ဒိသေနေန,ဟု၊အဋ္ဌကထာရှိရကား။ မယာ,သင့်သည်။ ထိုမင်း၏ကုလဒတ္တိယမယ်တော်ခမည်းတော်တို့ပေးအပ်သောအမည်သည်ကားအရုဏဖြစ်၍အရုဏရာဇဿ, ဟူသည်။ မင်းအဖြစ်၌တည်သောကာလတိုင်းအမည်အားဖြင့် အဿကတွင်ပြန်ရကားအဿကာနံဟူ,ပြန်သတည်း။ ။ ဇိဣစ္စေတဿဓာတုဿ ပရာပုဗ္ဗဿပယောဂေယောအသဟော သောအပါဒါနသညောဟောတိ၊ဤကဲ့သို့၊ အသယှသာဟိနံ,၌၊ သဟဓာတ်၏အနက်ကို မှတ်အပ်၏၊ သည်းခံခြင်းအနက်ကိုမလို။ အသယှသာဟီနန္တိ အသယှံဒုဿဟိတုံသမတ္ထာနံ၊ဟူသောအဋ္ဌကထာကိုမြော်၍အနက်ဆိုသည်။ ဣစ္စေဝတေဘာသိတံ, စသောပါဌ်ဝယ် အဓိပ္ပါယ်သော်ကား၊ မြတ်သော အကျင့်ကိုကျင့်၏ဟုဝန်ခံလျက် ရသေ့ပျက်သည် တံစိုးစားယူ၍ မအောင်မည့်သူကိုအောင်လမည်။ အောင်မည်သူကို ရှုံးလမည်ဟု၊အလုပ်အကြံမှောက်မှားအောင်မုသားဆိုသည်ဟု ဆဲရေးသည်။ ။
ဒေဝါမုသာဝါဒမုပါတိဝတ္တာ,ဝယ် အဓိပ္ပါယ်သော်ကား၊ နတ်တို့သည် မုသာဝါဒကို လွန်ကုန်သည်။ မုသားမဆိုကုန်သည်ဖြစ်ပါလျက် သင်သိကြားကား မုသားဆိုခဲ့သည်ဟူလိုသည်။ ။ ပေမတရံ,ဟု၊ဒန္တဇတ,နှင့်ရှိသည်ကားမသင့်၊ ကဏ္ဌဇ၊က,နှင့်လိုသည်။ တံတေမုသာဘာသိတံ,၌၊တံ,သည်ယံကိုငဲ့ရကား။ ယံတယာမယှံဘာသိတံအတ္ထဘဉ္ဇနကမုသာဝါဒံကထေန္တေန,ဟုထည့်ရပြန်သည်။ အလွန်သက်သက်အမြွက်မရှိဘဲကိုထည့်သည်မဟုတ်။ နနုတေသုတံဗြာဟ္မဏ ဘညမာနေ,စသည်၌န,ကားပဋိသေဓ၊နု,ကားကိံ သဒ္ဒါကဲ့သို့ပုစ္ဆာဇောတက။ တတ္ထဝစနေ,ကားပါဌသေသ။ ဒေဝါနဣဿန္တိ ပုရိသပရက္ကမဿ,ဝယ်အဓိပ္ပါယ်ကား၊ ငါသိကြားဆိုသော စကားမြဲစေရမည်ဟုသူ့ အလုပ်အကြံကိုမဖျက်။ အလုပ်အကြံအရည်အသွား ပယောဂအားဖြင့် ငါသိကြား၏ စကားကိုပင် ဖျက်ဆီးနိုင်ပေ၏ဟု နှစ် သက်သည်ပင် တမုံ့ ဟူလိုသည်။ သမာဓိသည်မနသော ခြားလျက် အဘိဇ္ဇောနှင့်အနက်စပ်ရကားမနသောအဘိဇ္ဇော အဘိဇ္ဇသမာဓိ,ဟု၊အဋ္ဌကထာဖွင့်သည်။ ။
အဘိဇ္ဇသမာဓိအညေဟိဘိန္ဒိတုံ အသမတ္ထသမဓီတိဝုတ္တံဟောတိ၊သမာဓီတိအတြဝီရိယံဝဒတိ,ဟု၊ ဋီကာမြင်၍ ယခင်အနက်ကိုယောဇနာသည်။ သမာဓိ,သည်ဧကဂ္ဂတာကိုမဟော၊ဤ၌ဝီရိယကိုဟေါပေသည်ဟုရခေါင်ရခဲမြဲစွာမှတ်ကြပါ။ အဗျဂ္ဂတာ,၌ပိဝိဓအဂ္ဂံအာရမ္မဏံ ဧတဿာတိဗျဂ္ဂေါ။ နဗျဂ္ဂေါအဗျဂ္ဂေါ။ အဗျဂ္ဂဿဘာဝေါအဗျဂ္ဂတာပြု,၍ ဧကဂ္ဂတာသမာဓိကိုမကောက်ရ။ နဝဂ္ဂါအဝဂ္ဂါ။ အဝဂ္ဂါနံဘာဝေါအဝဂ္ဂတာ,ဆိုလိုလျက်၊ ရ,အက္ခရာလာ၍၊ ဝ,ကိုဗ,ရေး၍၊ အဗျဂ္ဂတာ,နေသည်၊ထို့ကြောင့်အဗျဂ္ဂတာယယထာကလိင်္ဂဿမနုဿာ ဝဂ္ဂဝဂ္ဂါဟုတွာဩသက္ကိံသုအနောသက္ကာနံသမဂ္ဂဘာဝေန,ဟု၊အဋ္ဌကထာဖွင့်သည်။ အဗျဂ္ဂတာ,နောင်အာဝိကတာကဲ့သို့ ယ,ကျေသည်။ တနည်း။ ဝိဝိဓာအဂ္ဂါကောဋ္ဌာသာဗျဂ္ဂါ။ နဗျဂ္ဂါအဗျဂ္ဂါ,ပြု၍ အဝဂ္ဂနှင့်အဗျဂ္ဂနက်သမသည်။ နိက္ကမတိ ဧတေနာတိ နိက္ကမနံ,ပြု၍ ဗိုလ်ထုကို ဖျက်၍ ထွက်နိုင်ကြောင်းဝီရိယကိုရသည်။ ဝိဂတောဤရောစိတ္တသင်္ကောစော ဧတဿာတိဝီရော။ ဝီရဿ ဘာဝေါ ဝီရိယံ,ပြု၍ သူတစ်ပါးတို့ဖျက်ဆီးခြင်းငှါမတတ်နိုင် သံတိုင်ကဲ့သို့မြဲသောစိတ်ရှိရကား တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏အဖြစ်တည်းဟူသောလုံ့လကိုဝီရိယဟု ကောက်စေလို၍၊ အဘိဇ္ဇစိတ္တာနံဝီရိယံ,ဟု၊အဋ္ဌကထာဖွင့်ဆိုသည်။ အဋ္ဌကထာ၌၊ထိရော,ကားဒဠှံ၏အဖွင့်တည်း။ ဤသို့သောနည်းဖြင့်အဖွင့် အဋ္ဌကထာ,ဋီကာသဒ္ဒါနည်းကို စိစစ်၍ ထစ်ထစ်ခွခွ လောက်လောက် လားလားမှတ်သားလောက်အောင်နိဿရည်းနံစာရေးကုန်ရာသည်)။ ။
စူဠကာလိင်္ဂဇာတကံ ပဌမံ။၃၀၁။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အဒေယျေသု ဒဒံ ဒါနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟာအဿာရောဟဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါအမတ်တို့သည်အမျက်ထွက်၍၊မင်းသားကို၊အရှင်မင်းသား၊ မင်းသည်တစ်ယောက်သော သူကြွယ်အားထက်ဝက်သော မင်းအဖြစ်ကိုပေး၍ ထိုသူကြွယ်နှင့်တကွစား၏၊သောက်၏၊ အိပ်၏၊ သူငယ်တို့ကို လည်းရှိခိုးစေ၏။ ဤမင်းသည်ပြုအပ်သောအမှုကိုအကျွန်ုပ်တို့သည်မသိပါကုန်။ မင်းသည်အသို့ပြုသနည်း၊ အကျွန်ုပ်တို့ကို ရှက်စေသလော၊မင်းအားဆိုပါလော့ဟု ဆိုကုန်၏။ မင်းသားသည်ကောင်းပြီဟုဝန်ခံ၍ထိုအလုံးစုံသောစကားကိုမင်းအားကြား၍၊ မြတ်သောမင်းကြီး၊ဤသို့မပြုလင့်ဟုဆို၏၊ အမောင်၊ငါစစ်ရှုံး၍အဘယ်၌နေသနည်းဟုတစ်ပါးသောသူတို့ကိုလည်းထို အကြောင်းကိုမေးကုန်၏လောဟုဆို၏မြတ်သောမင်းကြီး၊ မသိကုန်ဟု မင်းသားဆို၏။ ငါသည်ထိုယောက်ျား၏ အိမ်၌ နေလျက် ရောဂါကင်း၍လာ၍မင်းပြု၏ ဤသို့ငါ့အားကျေးဇူးပြုသောသူအား အဘယ့်ကြောင့် စည်းစိမ်ကိုမပေးအံ့နည်းဟုဆို၍၊အမောင်၊အကြင်သူသည် ပေးအပ်သောသူအားမပေး၊ထိုသူသည်ဘေးရန်သို့ရောက်၍ကျေးဇူးပြုသောသူကိုလည်းမရဟုပြလိုရကား။ ။
(၅၁၂)အ-ဒေယျေသု ဒဒန္တာနံ၊ဒေယျေသု နပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယံ နာ-ဓိဂစ္ဆတိ။ ။
(၅၁၃)အ-ဒေယျေသု အ-ဒေန္တာနံ၊ဒေယျေသု ယော ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယ-မဓိဂစ္ဆတိ။ ။
(၅၁၄)သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊အနရိယ-ဓမ္မေသု သဌေသု နဿတိ။
ကတဉ္စ အရိယေသု စ အဇ္ဇဝေသု၊မဟပ္ဖလံ ဟောတိ အနုံပိ တာဒိသု။ ။
(၅၁၅)ယော ပုဗ္ဗေ ကတ-ကလျာဏော၊အကာ လောကေ သုဒုက္ကရံ။
ပစ္ဆာ ကယိရာ န ဝါ ကယိရာ၊အစ္စန္တံ ပူဇနာ-ရဟော။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၅၁၂- ၅၁၅)တာတ၊ ချစ်သား။ ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေး၌ပေးကမ်းပေသောသူတို့အား။ ဝါ၊ ရှေး၌ ကျေးဇူးပြုဖူးပေသောသူတို့အား။ နပဝေစ္ဆတိ၊ မပေးမကမ်း။ အ-ဒေယျေသု၊ မိမိအားရှေး၌ မပေးမကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူးမပြုဖူးသောသူတို့အား။ ဒဒန္တာနံ၊ ပေးကမ်းတတ်ကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်းသင့်သောသူတို့အား မပေးကမ်း,မပေးကမ်းသင့်သော သူတို့အား ပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲ ဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နာဓိဂစ္ဆတိ၊ မရ။ ။
ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေးကပေးကမ်းဖူးပေသောသူတို့အား။ ဝါ၊ ရှေးကကျေးဇူးပြုဖူးပေသောသူတို့အား။ ပဝေစ္ဆတိ၊ ပေး၏။ အ-ဒေယျေသု၊ မိမိအားရှေး၌မပေးကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူး မပြုဖူးသောသူတို့အား။ အဒေန္တာနံ၊ မပေးမကမ်းကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်း သင့်သော သူတို့အားပေးကမ်း, မပေးကမ်းသင့်သောသူတို့အားမပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ မ,စမည့်သူအဆွေခင်ပွန်းကောင်းကို။ အဓိဂစ္ဆတိ၊ ရ၏။ ။
အနရိယဓမ္မေသု၊ မဖြူစင်သောအကျင့်ရှိကုန်သော။ သဌေသုကေရာဋိကေသု၊ စဉ်းလဲကောက်ကျစ်သောသူတို့၌။ ကတံ၊ ပြုအပ်သော။ သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊ အတူ တကွ ပေါင်းဖော်ခြင်း,အတူတကွ သုံးဆောင်ခြင်း၏ ကျေးဇူးအထူးကိုငါ့အားဤအသျှင်သည်ကောင်းစွာပြုဖူးပေ၏ဟုဖော်ပြခြင်းသည်။ နဿတိ၊ ပျောက်၏။ အရိယေသုစ၊ မိမိအားပြုဖူးသော ကျေးဇူးကိုသိတတ်သဖြင့် စင်ကြယ်သော အကျင့်ရှိသည်လည်း ဖြစ်ကုန်ထသော။ အဇ္ဇဝေသုစ၊ မကောက်ကျစ်မစဉ်းလဲဖြောင့်မတ်သည်လည်း ဖြစ်ကုန်ထသော။ တာဒီသု၊ ထိုသို့သဘောရှိသောသူတို့၌။ ကတဉ္စ၊ ပြုအပ်သောကျေးဇူးသည်ကား။ အနုံပိ၊ အနည်းငယ်ပင်ဖြစ်သော်လည်း။ မဟပ္ဖလံ၊ ကြီးမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ ။
ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ လက်ဦး၌။ ကတကလျာဏော၊ ကောင်းမြတ်သောကျေးဇူးကိုပြုဖူးပေသည်။ ဟောတိ၊ ဖြစ်၏။ လောကေ၊ လူ့ရွာ၌။ သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲသောအမှုကို။ အကာ အကာသိ၊ ပြုဖူးပေ၏။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးပြုသည်မူလည်းဖြစ်စေ။ နကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးမပြုသည် မူလည်းဖြစ်စေ။ တေနေဝ၊ ထိုပဌမလက်ဦးပြုဖူးသောကျေးဇူးဖြင့်ပင်လျှင်။ အစ္စန္တံ၊ စင်စစ်။ ပူဇနာရဟော၊ အလုံးစုံသောပူဇော်သက္ကာရကိုခံထိုက်လှပေပြီ။ ။
သဌကေတဝေ၊ဟိံသာသံကိလေသေသုစ။ သဌတိ။ သဌော၊သဌောတိကေရာဋိကော,ဟု သဒ္ဒနီတိမုဒ္ဓဇ-ဌကာရန္တဓာတ်ဝယ်လာရှိရကား ၊သဌေသု,လိုသည်။ ဒန္တဇ-ထ,နှင့်မလို)။ ။
မဟာအဿာရောဟဇာတကံ ဒုတိယံ။၃ဝ၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဧကရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသော၊ကောသလမင်းကိုခစားသောအမတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဧကရာဇဇာတ်၌ကားဒုဗ္ဘိသေနမင်းသည်မြတ်သောပြာသာဒ်အပြင်ဝယ်အမတ်တို့၏အလယ်၌နေသောဗာရာဏသီမင်းကိုနှောင်ဖွဲ့၍ဆိုင်း၌ထည့်စေ၍၊ မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေ၏။ ဗာရာဏသီမင်းသည် ခိုးသူမင်းကို အာရုံပြုလျက်မေတ္တာကိုပွါးစေ၍ ကသိုဏ်းပရိကံကိုပြု၍ဈာန်ကိုဖြစ်စေ၏။ ထိုခဏ အနှောင်အဖွဲ့ပြတ်၍ မြတ်သောမင်းသည် ကောင်းကင်အပြင်၌ထက်ဝယ်ပလ္လင်ဖြင့်နေ၏။ ခိုးသူမင်း၏ကိုယ်၌ပူခြင်းသည်ဖြစ်၏။ ပူ၏ပူ၏ဟုမြေ၌ထိုမှဤမှလူးလဲ၍ အဘယ်အမှုတုံနည်းဟု ဆိုလတ်သော်၊မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့သည်ဤသို့သဘောရှိသောတရားစောင့်သောမင်းကိုမြောက်တံခါးခုံ၌ ဦးစောက်ဆွဲကုန်၏ဟုဆိုကြကုန်၏။ ထိုသို့တပြီးကားလျင်စွာသွား၍ လွှတ်ကြကုန်ဟုဆို၏။ မင်းချင်းယောက်ျားတို့သည်သွား၍ ကောင်းကင်၌ထက်ဝယ်ဖွဲ့သဖြင့်နေသော ဗာရာဏသီမင်းကိုမြင်လတ်၍လာ၍ ဒုဗ္ဘိသေနမင်းအားကြားလျှောက်ကုန်၏။ ဒုဗ္ဘိသေနမင်းသည်လျင်မြန်စွာသွား၍ဗာရာဏသီမင်းကို ရှိခိုး၍ကန်တော့အံ့သောငှါ။ ။
(၅၁၆)အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ၊ဘုတွာန ပုဗ္ဗေ ဝသီ ဧကရာဇ။
သော-ဒါနိ ဒုဂ္ဂေ နရကမှိ ခိတ္တော၊န-ပ္ပဇ္ဇဟေ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ခိုးသူမင်းဆိုသားထိုစကားကိုကြား၍၊ဘုရားလောင်းသည်။ ။
(၅၁၇)ပုဗ္ဗေ-ဝ ခန္တီစတပေါ စ မယှံ၊သံပတ္ထိတာ ဒုဗ္ဘိသေန အဟောသိ။
တံ-ဒါနိ လဒ္ဓါန ကထံ နု ရာဇ၊ဇဟေ အဟံ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
(၅၁၈)သဗ္ဗာ ကိရေ-ဝံ ပရိနိဋ္ဌိတာနိ၊ယသဿိနံ ပညဝန္တံ ဝိသယှ။
ယသော စ လဒ္ဓါ-ပုရိမံ ဥဠာရံ၊နပ္ပ-ဇ္ဇဟေ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
(၅၁၉)ပနုဇ္ဇ ဒုက္ခေန သုခံ ဇနိန္ဒ၊သုခေန ဝါ ဒုက္ခ-မသယှသာဟီ။
ဥဘယတ္ထ သန္တော အဘိနိဗ္ဗုတ-တ္တာ၊သုခေ စ ဒုက္ခေ စ ဘဝန္တိ တုလျာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၁၇-၅၁၉)ဒုဗ္ဘိသေန၊ ဒုဗ္ဘိသေနမင်း။ ပုဗ္ဗေဝ၊ ရှေးမဆွကလျှင်။ မယှံ၊ ငါသည်။ ခန္တိစ၊ မျက်မာန်ချုပ်တည်း သည်းခံခြင်းကို၎င်း။ တပေါစ၊ ခြိုးခြံသောအကျင့်ကို၎င်း။ သံပတ္ထိတာ၊ အလွန်တောင့်တအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ ရာဇ၊ ဒုဗ္ဘိသေနမင်း။ ဣဒါနိ၊ ယခုအခါ၌။ တံပတ္ထနံ၊ ထိုတောင့်တအပ်သော သည်းခံခြင်းခြိုးခြံသော အကျင့်ကို။ လဒ္ဓါန၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏ-ဗလံ၊ ပွတ်သစ်သောကြေးမုံ အပြင်သို့ကြည်လင်သောအဆင်း, သူတော်ကောင်းတို့၏ ခန္တိဉာဏဝီရိယဗလကို။ ကထံနု၊ အဘယ်အကြောင်းကြောင့်လျှင်။ အဟံ၊ ငါသည်။ ဇဟေ ဇဟေယျံ၊ စွန့်ရအံ့နည်း။ ။ (အကြင်သူအားဒုက္ခဒေါမနဿသည်ဖြစ်၏။ ထို သူသည်သာလျှင်ဝဏ္ဏနှင့်ဗလကိုစွန့်ရရာ၏ဟုပြသတည်း)။ ။
သဗ္ဗာ သဗ္ဗာနိ၊ ကုန်အောင်စုံပြုဖွယ်ကိစ္စဒါနသီလဘာဝနာအမှုတို့ကို။ ဧဝံ၊ ဤသို့ ရှေးလက်ဦးမဆွကလျှင်။ ပရိနိဋ္ဌိတာနိကိရ၊ ပြီးသည်သာလျှင် ဖြစ်ကုန်သတတ်။ ယသဿိ၊ များမြတ်သော အခြံအရံရှိသော။ ပညဝန္တံ၊ ပညာရှိသော။ ဝိသယှ၊ နှိပ်နွံခြင်းငှာခဲယဉ်းသော ဆန့်ကျင်ဖက်ကိုနှိပ်နွံနိုင်သော။ ဝါ၊ သည်းခံခြင်းငှာခဲယဉ်းသော ဆန့်ကျင်ဖက်ကိုသည်းခံနိုင်သောမင်းကြီး။ အပုရိမံပုဗ္ဗေအလဒ္ဓပုဗ္ဗံ၊ ရှေး၌မရစဖူးသော။ ဥဠာရံ၊ ကြီးမြတ်ပြန့်ပြောသော။ ယသောယသံ၊ ကိလေသာကိုခွာခြင်းငှာ စွမ်းနိုင်သောမေတ္တာဘာဝနာကိုအမှီပြု၍ရောက်အပ်သောဈာန်သမာပတ်စည်းစိမ်ကို။ လဒ္ဓါစ၊ ရပြီး၍သော်တမူကား။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏ-ဗလံ၊ အဆင်းအားကို။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဇဟိဿာမိ၊ စွန့်ရအံ့နည်း။ (ကိံကာရဏာဇဟိဿာမိ,ကား ထည့်သည်)။ နပ္ပဇ္ဇဟေနပ္ပဇ္ဇဟေဧဝ၊ ငါမစွန့်သည်သာတည်း။ ။
ဇနိန္ဒ၊ လူတို့ကို အစိုးရသောဒုဗ္ဘိသေနမင်း။ ဒုက္ခေန၊ သင်သည်ဖြစ်စေအပ်သော နရကခိပနဒုက္ခဖြင့်။ သုခံ၊ ငါ၏မင်းချမ်းသာကို။ ပနုဇ္ဇ၊ ပယ်ရှား၍။ သုခေနဝါ၊ ဈာန်ချမ်းသာဖြင့်မူလည်း။ ဒုက္ခံ၊ ထိုသင်ဖြစ်စေအပ်သောဒုက္ခကို။ ပနုဇ္ဇ၊ ပယ်ရှား၍။ အသယှသာဟီ၊ သူတစ်ပါးတို့ သည်းခံနိုင်ခက်သော ခဲယဉ်းသောအမှုကို ငါသည်းခံ၏။ မာဒိသာ၊ ငါကဲ့သို့ သဘောရှိကုန်သော။ ယေသန္တော၊ အကြင်သူတော်ကောင်းတို့သည်။ ဟောန္တိ၊ ထင်ရှားရှိကုန်၏။ တေသန္တော၊ ထိုငါကဲ့သို့သဘောရှိသော သူတော်ကောင်းတို့သည်။ ဥဘယတ္ထ၊ နှစ်ပါးစုံသောသုခဒုက္ခအဖို့တို့၌။ အဘိနိဗ္ဗုတတ္တာ၊ အလွန်ငြိမ်းအေးသောသဘောရှိကုန်သည်ဖြစ်၍။ ဝါ၊ ဥဒါသိန်ဟု၊ချိန်နှယ်သမျှ၊ မေတ္တာဖြင့်အလွန်ငြိမ်းအေးသောသဘောရှိကုန်သည်ဖြစ်၍။ သုခေစ၊ သုခ၌၎င်း။ ဒုက္ခေစ၊ ဒုက္ခ၌၎င်း။ တုလျာ၊ လေးတူတင်သော ရွှေချိန်ခွင်သို့တက်တင်မရှိဧကသဒိသနိဗ္ဗိကာရသဘောရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ။
(ဇဟေ,၌ဧယျံဝိဘတ်ကိုဧ,ရေးသည်။ ထို့ကြောင့် အဟံဇဟေယျံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ယသဿိ,ပညဝန္တံ,ဝိသယှ,သုံးပုဒ်ကား။ တီဏိပေတာနိအါလပနာနေဝ,ဟူရကားအါလုပ်ပုဒ်ချည်းတည်း။ အာလုပ်ဖြစ်သောကြောင့်၊ ယသဿိ,ဟု၊ရဿနှင့်နေသည်။ နန္တိ ပနေတ္ထနိပါတော, ဟူရကားနံ, ကားအနက်မရှိနိပါတ်ပုဒ်တည်း။ ဗျဉ္ဇနသိလိဋ္ဌတာဝသေနန္တကာရဿသာနုနာသိကတာပစ္စေတဗ္ဗာ, ဟူရကား။ ပညဝန္တ,လိုလျက် သဒ္ဒါပြေပြစ်သည်၏အဖြစ်တည်းဟူသော အစွမ်းဖြင့် နိဂ္ဂဟိတ်လာ၍၊ ပညဝန္တံ နေသည်။ ဝိရုဒ္ဓံသယှဝိသယှ,ပြု၍ဤ၌သဟဓါတ်၏အဘိဘဝန အနက်, ခမနအနက်,နှစ်ချက်သင့်သည်။ ကဿပဿဝစောသုတွာ,၌ကဲ့သို့၊သဿစော, သုတ်စဂြိုဟ်ဖြင့်အံဝိဘတ်ကိုဩ,ရေးသည်။ ထို့ကြောင့်၊ယသဉ္စ၊ အယမေဝဝါပါဌော,ဟု၊ အဋ္ဌကထာဖွင့်သော။ လဒ္ဓါပုရိမံ၌အာ,နောင်အ,ကျေသည်။ ထို့ကြောင့်၊ အပုရိမန္တိ ပုဗ္ဗေအလဒ္ဓပုဗ္ဗံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ အပုရိမံ,ဥဠာရံ,ဤနှစ်ပုဒ်ကားယသံ၏ ဝိသေသနတည်း။ ထို့ကြောင့်၊နပ္ပဇ္ဇဟေတိဧဝရူပံယသံလဒ္ဓါ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ကိလေသဝိက္ခမ္ဘန မေတ္တာဘာဝနာဈာ နုပ္ပတ္တိယောသန္ဓာယေဝမာဟ,ဟူသော အဋ္ဌကထာကိုမြင်၍ယခင်အနက်ကိုယောဇနာခဲ့သည်။ ကိံကာရဏာပုရာဏံဝဏ္ဏဗလံဇဟိဿါမီတိအတ္ထော, ဟူသော အဋ္ဌကထာကိုမြော်၍ ပါဌသေသကို ဖော်ခဲ့သည်။ ပါဌသေသပေါ်သောကြောင့်ပင်၊နပ္ပဇ္ဇဟေနပ္ပဇ္ဇဟေဧဝ,ဟု၊သာဝဓာရဏအတ္ထသည် ပါကဋတရဖြစ်သတည်း။ အဘိနိဗ္ဗုတောအတ္တာသဘာဝေါဧတေသန္တိ အဘိနိဗ္ဗုတတ္တာ, ပြု၍ အတ္တာ,ကား သဘာဝအနက်ကို ဟောသည်။ ထို့ကြောင့်၊အဘိနိဗ္ဗုတသဘာဝါ,ဟု၊အဋ္ဌကထာဖွင့်သည်။ ငြိမ်းအေးသော သဘော ရှိသည်လည်းသုခဒုက္ခအပင်းအသင်းသို့မကျ မဇ္ဈတ္တသဘောကြောင့်ဟုပြခြင်းငှါမဇ္ဈတ္တာဆင့်ပြန်သည်။ တုလျာ,ကား သဒိသအနက်ကိုဟောသည်။ ထူးဆန်းကာသာမဟုတ်၊တစ်ခုထည်းကဲ့သို့ တူသည်ဟု ပြခြင်းငှါ၊တုလျာတိဧကသဒိသာ,ဘွင့်သည်။ တစ်ခုထည်းကဲ့သို့တူသည်လည်း ဒုက္ခ၌ပဋိဃ၊သုခ၌ အနုနယ,ဟု၊ဝိကာရဖောက်ပြန်ခြင်းကင်းသည်ဟူလိုရကား၊နိဗ္ဗိကာရာဟောန္တိ,ဟူသည်)။ ။
ဧကရာဇဇာတကံ တတိယံ။၃၀၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣမာနိမံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောအမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
နဂါးညီနောင်နှစ်ယောက်တို့သည်။ ဗာရာဏသီပြည်မစင်စွန့်ရာမြေအဖို့သို့သွား၍နေရကုန်၏။ ထိုအခါ၊မစင်စွန့်ရာမြေဝယ်ရေနား၌အစာရှာကုန်သော ထိုနဂါးတို့ကို ရွာသူရွာသားသူငယ်တို့သည် မြင်ကုန်၍ ပုတ်ခတ်လိုကုန်ရကားခဲလှံတန်တို့ကိုပစ်ကုန်၏။ အချင်းတို့၊ ဖားစိမ်းစားဖြစ်ကုန်သော ဤရေမြွေတို့သည်ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသောအမြီးရှိကုန်၏။ ဤသို့အစရှိသောစကားတို့ကိုဆို၍ ဆဲရေးကုန်၏။ စူဠဒဒ္ဒရနဂါးသည်ကြမ်းကြုတ်သည်၏အဖြစ်ကြောင့်၊ ထိုသူငယ်တို့၏ မထေမဲ့မြင်ပြုခြင်းကိုသည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုယ်၊ ဤသူငယ်တို့သည်ငါတို့ကိုပုတ်ခတ်ကုန်၏။ ငါတို့၏လျင်သောအဆိပ်ရှိသည်၏အဖြစ်ကိုမသိကြကုန်။ ငါသည်ထိုသူငယ်တို့၏မထေမဲ့မြင်ပြုသည်ကို သည်းခံခြင်းငှါမတတ်နိုင်။ ထိုသူငယ်တို့ကို နှာခေါင်းလေဖြင့်ပျက်စီးစေအံ့ဟု အစ်ကိုယ်နှင့်တကွပြောဟောလိုရကား။ ။
(၅၂၀)ဣမာနိ မံ ဒဒ္ဒရ တာပယန္တိ၊ဝါစာ-ဒုရု-တ္တာနိ မနုဿ-လောကေ။
မဏ္ဍူက-ဘက္ခာ ဥဒကန္တသေဝီ၊အာသီဝိသံ မံ အ-ဝိသာ သပန္တိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစူဠဒဒ္ဒရနဂါး၏စကားကိုကြား၍နောင်တော်မဟာဒဒ္ဒရနဂါးသည်။ ။
(၅၂၁)သကာ ရဋ္ဌာ ပဗ္ဗာဇိတော၊အညံ ဇနပဒံ ဂတော။
မဟန္တံ ကောဋ္ဌံ ကယိရာထ၊ဒုရုတ္တာနိ နိဓေတဝေ။ ။
(၅၂၂)ယတ္ထ ပေါသံ န ဇာနန္တိ၊ဇာတိယာ ဝိနယေန ဝါ။
န တတ္ထ မာနံ ကယိရာထ၊ဝသ-မညာတကေ ဇနေ။ ။
(၅၂၃)ဝိဒေသ-ဝါသံ ဝသတော၊ဇာတဝေဒ-ဘယေနပိ။
ခမိတဗ္ဗံ သပညေန၊အပိ ဒါသဿ တဇ္ဇိတံ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၂၁-၅၂၃)ကနိဋ္ဌ၊ ညီထွေးဒဒ္ဒရ။ သကာရဋ္ဌာ၊ မိမိတိုင်းမှ။ ပဗ္ဗာဇိတော၊ နှင်ထုတ်အပ်သည်ဖြစ်၍။ အညံဇနပဒံ၊ တစ်ပါးသောဇနပုဒ်သို့။ ဂတော၊ ရောက်ရသောသူသည်။ ဒုရုတ္တာနိ၊ မကောင်းသဖြင့်ဆိုအပ်သော စကားတို့ကို။ နိဓေတဝေ၊ နှလုံးတိုက်ထဲ အမြဲသိုထားခြင်းငှာ။ မဟန္တံ၊ ကြီးစွာသော။ ကောဋ္ဌံ၊ ကျီကြသဖွယ်ဖြစ်သောသတိပညာသမာဓိခန္တိစသောနှလုံးတိုက်ခမ်းကို။ ကယိရာထ၊ ပြုရာ၏။ ။
ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ ယောက်ျားကို။ ဇာတိယာဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေနဝါ၊ သီလသံယမဗဟုဿုတ စသော အားဖြင့်၎င်း။ နဇာနန္တိ၊ အစဉ်းမသိကုန်။ တတ္ထ၊ ထိုအစဉ်းမသိသောအရပ်၌။ မာနံ၊ ဇာတိပုညဂုဏ်မာနကို။ နကယိရာထ၊ မပြုရာ။ အညာတကေဇနေ၊ မိမိ၏ဇာတိဂေါတ္တ စသည်အထူးဂုဏ်ကျေးဇူးကိုမသိသောသူ့အထံ၌။ ဝသံဝသန္တော၊ နေသောသူသည်။ ခမေယျ၊ မျက်မာန်ချုပ်တည်းသည်းခံရာ၏။ ။
ဝိဒေသဝါသံ၊ အရပ်တစ်ပါး၌နေခြင်းကို။ ဝသတောဝသတာ၊ နေရသော။ သပညေန၊ ပညာရှိသောသူသည်။ ဒါသဿအပိ၊ ကျွန်၏လည်း။ ဇာတဝေဒဘယေနပိ၊ မီးဘေးဖြင့်လည်း။ တဇ္ဇိတံ၊ ခြိမ်းခြောက်ခြင်းကို။ ခမိတဗ္ဗံ၊ သည်းခံရာ၏။ ။
(ဝသတော,ကားတတိယာအနက်၌၊ဆဋ္ဌီ, သက်သည်။ ဝသတောတိဝသတာ။အယမေဝဝါပါဌော။ ။အဋ္ဌကထာ)။ ။
ဒဒ္ဒရဇာတကံ စတုတ္ထံ။၃၀၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတ္ထိလောကေ ရဟောနာမ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီလဝီမံသနဇာတ်ကို၊ ဇေတဝန်ကျောင်း ကြီး၌သီတင်းသုံးနေတော်မူစဉ်၊ကိလေသာကိုနှိပ်ခြင်းကို အကြောင်းပြု၍ဟေါတော်မူ၏။ ။
ထိုအခါဘုရားလောင်းကိုဆရာသည်၊ အမောင်၊ သင်သည်ကားတစ်စုံတစ်ခုသော ဝတ်စားတန်းဆာကို မဆောင်ခဲ့လောဟုဆို၏။ ဆရာ၊ မဆောင်ခဲ့ဟုဆို၏။ အမောင်၊အဘယ့်ကြောင့် မဆောင်ခဲ့သနည်းဟုမေး၏။ ဆရာ၊သင်တို့သည် တစ်စုံတစ််ယောက်သောသူ၏ မြင်စဉ်၊ ဆောင်ယူခဲ့သောဝတ်စားတန်းဆာကိုမယူကုန်။ ကျွန်ုပ်သည်ကား မကောင်းမှုကိုပြုခြင်း၌ဆိတ်ကွယ်ရာမည်သည်ကိုမမြင်၊ထို့ကြောင့်မဆောင်ယူခဲ့ဟု ပြလိုရကား။ ။
(၅၂၄)နတ္ထိ လောကေ ရဟော နာမ၊ပါပ-ကမ္မံ ပကုဗ္ဗတော။
ပဿန္တိ ဝန-ဘူတာနိ၊တံ ဗာလော မညတေ ရဟော။ ။
(၅၂၅)အဟံ ရဟော န ပဿာမိ၊သုညံ ဝါပိ န ဝိဇ္ဇတိ။
ယတ္ထ သုညံ န ပဿာမိ၊အ-သုညံ ဟောတိ တံ မယာ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၂၄-၅၂၅)အာစရိယ၊ ဆရာ။ လောကေ၊ လူ့ ပြည်၌။ ပါပ-ကမ္မံ၊ မကောင်းမှုကို။ ပကြုဗ္ဗတော၊ ပြုသောသူအား။ ရဟောနာမ၊ ဆိတ်ကွယ်ရာအရပ်မည်သည်။ နတ္ထိ၊ မရှိ။ ဝန-ဘူတာနိ၊ တော၌ဖြစ်သောနတ်တို့သည်။ ပဿန္တိ၊ မြင်ကုန်၏။ တံပါပကမ္မံ၊ ထိုမကောင်းမှုကို။ ဗာလော၊ သူမိုက်သည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်၏ဟူ၍။ မညတေ၊ အောက်မေ့၏။ ။
အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ နပဿာမိ၊ မမြင်။ ယတ္ထ၊ အကြင်အရပ်၌။ သုညံ၊ သတ္တဝါတို့မှ ဆိတ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တံသုညံဝါပိ၊ ထိုသတ္တဝါတို့မှဆိတ်ရာ အရပ်သည်လည်း။ နဝိဇ္ဇတိ၊ လောကဓာတ်၌မရှိ။ တသ္မာ၊ ထိုသို့မရှိသောကြောင့်။ သုညံ၊ သတ္တဝါတို့မှဆိတ်ရာအရပ်ကို။ နပဿာမိ၊ မမြင်။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ တံပါပံ၊ ထိုမကောင်းမှုသည်။ အ-သုညံ၊ မဆိတ်သည်။ ဟောတိ၊ ဖြစ်၏။
ဆရာသည် ဘုရားလောင်းအားကြည်ညို၍၊အမောင်၊ငါ့အိမ်၌ဥစ္စာမရှိသည်မဟုတ်၊ငါသည်ကားသီလနှင့်ပြည့်စုံသောသူအား သ္မီးကိုပေးအံ့ဟူ၍ လုလင်တို့ကိုစုံစမ်းလိုရကားဤသို့ပြု၏။ သင့်အားငါ့သ္မီးသည်လျော်၏ဟုသ္မီးကိုတန်းဆာဆင်၍ဘုရားလောင်းအားပေး၏။ ကြွင်းသောလုလင်တို့ကိုသင်တို့သည် ဆောင်ခဲ့တိုင်းဆောင်ခဲ့တိုင်းသော အဝတ်တန်းဆာကိုသင်တို့၏အိမ်သို့လျှင်ဆောင်ကြကုန်ဟုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်၊ရဟန်းတို့၊ထိုသီလမရှိကုန်သောလုလင်တို့သည်မိမိတို့၏ သီလမရှိသည်၏ အဖြစ်ကြောင့် ထိုမိန်းမကိုမရကုန်။ ပညာရှိသော လုလင်သည်ကား သီလနှင့်ပြည့်စုံသည်၏အဖြစ်ကြောင့်ရ၏ဟုမိန့်တော်မူ၍ဘုရားဖြစ်၍။ ။
(၅၂၆)ဒုဇ္ဇစ္စော စ သုဇစ္စော စ၊နန္ဒော စ သုခဝဍ္ဎိတော။
ဝဇ္ဇော စ အထ သီလော စ၊တေ ဓမ္မံ ဇဟု-မတ္ထိကာ။ ။
(၅၂၇)ဗြာဟ္မဏော စ ကထံ ဇဟေ၊သဗ္ဗ-ဓမ္မာန ပါရဂူ။
ယော ဓမ္မ-မနုပါလေတိ၊ဓိတိမာ သစ္စ-နိက္ကမော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၂၆-၅၂၇)ဒုဇ္ဇစ္စောစ၊ ဒုဇ္ဇစ္စလုလင်၎င်း။ သုဇစ္စောစ၊ သုဇစ္စလုလင်၎င်း။ နန္ဒောစ၊ နန္ဒလုလင်၎င်း။ သုခဝဍ္ဎိတော၊ သုခဝဍ္ဎိတလုလင်၎င်း။ ဝဇ္ဇောစ၊ ဝဇ္ဇလုလင်၎င်း။ အထ၊ ထိုမြို့။ သီလောစ၊ သီလလုလင်၎င်း။ တေ၊ ထိုဒုဇ္ဇစ္စစသားတပည့်ကြီး ခြောက်ယောက်တို့နှင့်တကွ ကုန်အောင်စုံသောတပည့်လုလင်တို့သည်။ အတ္ထိကာ၊ မိန်းမကို အလိုရှိကုန်လျက်။ ဒုဿီလတာယ၊ မိမိတို့သီလမရှိသည့်အဖြစ်ကြောင့်။ ဓမ္မံ၊ မိန်းမကိုရခြင်းသဘောကို။ ဇဟုံ၊ စွန့်ရကုန်၏။ ။
ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်။ သဗ္ဗ-ဓမ္မာနံ၊ ခပ်သိမ်းကုန်သောပဉ္စသီ, ဒသသီ,သုံးပါးသော သုစရိုက်တရားတို့၏။ ပါရဂူ၊ ကမ်းတဖက်သို့ရောက်သည်ဖြစ်၍။ ဓမ္မံ၊ ဆိုအပ်ပြီးသော အပြားရှိသော ပဉ္စသီ,ဒသသီ,သုစရိုက်တရားကို။ အနုပါလေတိ၊ စောင့်၏။ ဓိတိမာ၊ သီလကိုစောင့်ခြင်း၌တည်ကြည်သောသမာဓိရှိ၏။ သစ္စနိက္ကမော၊ အဟုတ်အမှန် သီလကိုစောင့်သော လုံ့လနှင့်ပြည့်စုံ၏။ သောဗြာဟ္မဏောစ၊ ထိုပုဏ္ဏားသည်ကား။ ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်။ တံဓမ္မံ၊ ထိုမိန်းမကိုရခြင်းသဘောကို။ ဇဟေ၊ စွန့်လတ္တံ့နည်း။ ။
(ဒုဇ္ဇစ္စော,စသည်တို့ကားတပည့်အပေါင်းတို့တွင်အကြီးဖြစ်သောခြောက်ယောက်သောလုလင်တို့ကိုအမည်သရုပ်အားဖြင့်ဖော်ထုတ်၍ဆိုသောစကားတည်း။ ခြောက်ယောက်မှကြွင်းသောလုလင်တို့၏အမည်ကိုမယူမူ၍ကုန်အောင်စုံကိုသင်္ဂြိုဟ်သည်၏အစွမ်းအားဖြင့် တေဓမ္မံဇဟုမတ္ထိကာ,ဟူသတည်း။ ထိုကြောင့်၊တေ,ဖြင့်ဒုဇ္ဇစ္စစသော အကြီးခြောက်ယောက်ကိုသာ မစွဲမူ၍ အကြီးခြောက်ယောက်နှင့် တကွ တပည့်လုလင်ကုန်အောင်စုံကိုစွဲသတည်း)။ ။
သီလဝီမံသနဇာတကံ ပဉ္စမံ။၃၀၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကိမဏ္ဍကာနိမေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုဇာတာဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ မလ္လိကာမိဖုရားကြီးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ တစ်နေ့သ၌ မင်းသည် ရွှေခွက်၌ထည့်၍ ဆီးသီးတို့ကိုစားလျက်နေ၏။ ထိုအခါသုဇာတာမိဖုရားသည်မင်းကြီး ဆီးသီးစားသည်ကိုမြင်၍၊ မြတ်သောမင်းကြီး၊ အသျှင်မင်းကြီးတို့သည် အဘယ်မည်သော အသီးကိုစားကုန်သနည်းဟုမေးလိုရကား။ ။
(၅၂၈)ကိ-မဏ္ဍကာ ဣမေ ဒေဝ၊နိက္ခိတ္တာ ကံသ-မလ္လကေ။
ဥပလောဟိတကာ ဝဂ္ဂူ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မင်းသည်အမျက်ထွက်၍၊ဟင်းရွက်သည်အိမ့်ရှင်သ္မီး၊ ဆီးသီးသည်မ၊ ဟင်းရွက်သည်မ၊ သင်သည်ကား သင့်အဆွေ အမျိုးတို့၏ ဥစ္စာဖြစ်သောဆီးသီးတို့ကိုလည်းမသိလောဟုဆို၍။ ။
(၅၂၉)ယာနိ ပုရေ တုဝံ ဒေဝိ၊ဘဏ္ဍု နန္တက-ဝါသိနီ။
ဥစ္ဆင်္ဂ-ဟတ္ထာ ပစိနာသိ၊တဿာ တေ ကောလိယံ ဖလံ။ ။
(၅၃၀)ဥဍ္ဍယှတေ န ရမတိ၊ဘောဂါ ဝိပ္ပဇဟန္တိ တံ။
တတ္ထေ-ဝိ-မံ ပဋိနေထ၊ယတ္ထ ကောလံ ပစိဿတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၂၉-၅၃၀)ဒေဝိ၊ မိဖုရား။ ပုရေ၊ ရှေး၌။ တုဝံ၊ သင်သည်။ ယာနိ၊ အကြင်ဆီးသီးတို့ကို။ ဘဏ္ဍု၊ ဆံဖားရားချသောဦးခေါင်းရှိသည်ဖြစ်၍။ နန္တက-ဝါသိနီ၊ အဝတ်နွမ်းကိုဝတ်လျက်။ ဥစ္ဆင်္ဂ-ဟတ္ထာ၊ ခါးပိုက်၌ထည့်သောလက်ရှိသည်ဖြစ်၍။ ပစိနာသိ၊ ဆွတ်ချွေ၏။ ဣဒံဖလံ၊ ဤငါစားသောအသီးသည်ကား။ တဿာတေ၊ ထိုသင်၏။ ကောလိယံ၊ အမျိုးမှလာသော။ ဖလံ၊ ဆီးသီးတည်း။ ။
အယံဇမ္မီ၊ ဤမိန်းမယုတ်သည်။ ရာဇကုလေ၊ မင်းအိမ်၌။ ဝသမာနာ၊ နေသည်ရှိသော်။ လောဟကုမ္ဘိယံ၊ လောဟကုမ္ဘီငရဲ၌။ ပက္ခိတ္တာဝိယ၊ ထည့်အပ်သကဲ့သို့။ ဥဍယှတေ၊ ပူ၏။ နရမတိ၊ မမွေ့လျော်။ ဘောဂါ၊ မင်း၏စည်းစိမ်တို့သည်။ တံ၊ ထိုဘုန်းကြက်သရေမရှိသောမိန်းမယုတ်ကို။ ဝိပ္ပဇဟန္တိ၊ စွန့်ကုန်၏။ ယတ္ထ၊ အကြင်အိမ်၌။ ကောလံ၊ ဆီးသီးကို။ ပစိဿတိ၊ ဆွတ်ရလတ္တံ့။ ပစိနိတွာ၊ ဆွတ်၍။ ဝိကိဏန္တိ၊ ရောင်းလျက်။ ဇီဝိတံ၊ အသက်မွေးခြင်းကို။ ကပ္ပိဿတိ၊ ပြုရလတ္တံ့။ ။
(ဤကားအဓိပ္ပါယတ္ထထည့်သည်)။ တတ္ထေဝ၊ ထိုဆီးသီးကိုရောင်း၍အသက်မွေးရရာအိမ်သို့သာလျှင်။ ဣမံ၊ ဤဘုန်းကြက်သရေမရှိသောမိန်းမယုတ်ကို။ ပဋိနေထ၊ တဖန်ပို့ဆောင်ကြကုန်လော့။ ။
ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတစ်ပါးသောသူသည်ဤမင်းမိဖုရားတို့ကိုသင့်တင့်ညီညွတ်အောင်ပြုခြင်းငှါမတတ်နိုင်လတ္တံ့။ မင်းကို နှစ်သိမ့်စေ၍ဤမိဖုရားအားမနှင်ထုတ်အောင်ပြုအံ့ဟုကြံ၍။ ။
(၅၃၁)ဟောန္တိ ဟေ-တေ မဟာရာဇ၊သဒ္ဓိံ မတ္တာယ နာရိယော။
ခမ ဒေဝ သုဇာတာယ၊မာသု ကုဇ္ဈ ရထေသဘ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၃၁)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ယာယမတ္တာယ၊ အကြင်ရစ်ခြင်းနှင့်။ သဒ္ဓိံ၊ တကွ။ နာရိယော၊ မိန်းမတို့သည်။ ဟောန္တိ၊ ဖြစ်တတ်ကုန်၏။ တာယမတ္တာယ၊ ထိုရစ်ခြင်းကြောင့်။ ဧတေဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။ ပမာဒ-ဒေါသာ၊ မေ့လျော့ခြင်းဟူသော အပြစ်ဒေါသတို့သည်။ ဟောန္တိဟိဟောန္တိဧဝ၊ ဖြစ်တတ်ကုန်သည်သာတည်း။ ဧတံ၊ ဤသုဇာတာကို။ ဧဝရူပေ၊ ဤသို့ကြီးမြတ်သောသဘောရှိသော။ ဥစ္စေ၊ မြင့်သော။ ဌာနေ၊ မိဖုရားကြီးအရာ၌။ ဌပေတွာ၊ ထားပြီး၏။ ဣဒါနိ၊ ယခုအခါ၌။ ဧတ္တကဿ၊ ဤမျှအနည်းငယ်သော။ အပရာဓဿ၊ အပြစ်ကို။ အ-သဟနံနာမ၊ သည်းမခံခြင်းမည်သည်။ တုမှာကံ၊ အရှင်မင်းကြီးတို့အား။ နယုတ္တံ၊ မသင့်ခဲ့။ တသ္မာ၊ ထိုသို့မသင့်သောကြောင့်။ ဒေဝ၊ အရှင်မင်းမြတ်။ တုမှေ၊ အရှင်မင်းမြတ်တို့သည်။ တံအပရာဓံ၊ ထိုအနည်းငယ်သောအပြစ်ကို။ ခမထ၊ သည်းခံတော်မူပါကုန်။ ရထေသဘ ရထီဥသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသော အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ သုဇာတာယ၊ ဤသုဇာတာမိဖုရားကြီးအား။ မာသုကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။ ။
(အဏ္ဍသဒ္ဒါသည်ငှက်ဥစသည်ကို ဟောသည်။ အဏ္ဍာပိယာတိအဏ္ဍကာနိ, ပြု၍ ငှက်ဥကဲ့သို့ဝန်းဝန်းလုံးလုံးဖြစ်သော ဆီးသီးကိုရသတည်း။ ထို့ကြောင့်အဋ္ဌကထာ၌၊ ပရိမဏ္ဍလဝသေနပန အဏ္ဍကာနီတိအာဟ,ဟူသတည်း။ ကံသမလ္လကေတိ သုဝဏ္ဏတဋ္ဋကေ,ဟူရကား၊ကံသ,သည် သုဝဏ္ဏကိုဟောသည်။ မလ္လက, သည်တဋ္ဋကကိုဟောသည်။ ခမထ, ကြိယာ၏ကံကို အပရာဓံ, ထည့်သည်။ သုဇာတာယ,ပင်ဆိုသော်လည်း မျက်မြင်ပစ္စက္ခအစ္စန္တသမီပဖြစ်ရကား၊ဤသုဇာတာမိဖုရားကြီးအား,ဟု ယောဇနာသည်။ ကုဓဓာတ်၏အယှဉ်ဖြစ်သောကြောင့်လည်းကစ္စည်းစာတော်သိလာဃသုတ်နှင့်ညီစွာသမ္ပဒါန်အနက်ယောဇနာသည်။ ထို့ကြောင့်၊ဧတိဿာသုဇာတာယ မာသုကုဇ္ဈ,ဟု၊အဋ္ဌကထာမိန့်သောဝ်။ ဤနှင့်တူသောအရာတို့၌ဤနည်းမှတ်ပါ)။
သုဇာတဇာတကံ ဆဋ္ဌံ။၃၀၆။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အစေတနံဗြာဟ္မဏအဿုဏန္တံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပလာသဇာတ်ကို၊ ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင်စောင်းတော်၌ လျောင်းတော်မူလျက် အသျှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
တစ်နေ့သ၌ရုက္ခစိုးနတ်သည် ဤပုဏ္ဏားကား အလွန်လျှင် ငါ့ကိုလုပ်ကျွေး၏။ ဤပုဏ္ဏါးကိုစုံစမ်း၍အကြင်အကြောင်းကြောင့်ငါ့ကိုလုပ်ကျွေး၏၊ ထိုအကြောင်းကိုမေးအံ့ဟုကြံ၏၊ ကြံပြီး၍ထိုရုက္ခစိုးနတ်သည် ထိုခဏ၌ပုဏ္ဏားလာ၍ သစ်ပင်ရင်းကို တံမြက်လှည်းသည်ရှိသော် ပုဏ္ဏား အို၏အသွင်ဖြင့်အနီး၌ရပ်၍။ ။
(၅၃၂)အ-စေတနံ ဗြာဟ္မဏ အ-ဿုဏန္တံ၊ဇာနော အ-ဇာနန္တ-မိမံ ပလာသံ။
အာရဒ္ဓ-ဝိရိယော ဓုဝ-မ-ပ္ပမတ္တော၊သုခ-သေယျံ ပုစ္ဆသိ ကိဿ ဟေတု။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဏ္ဏားသည်။ ။
(၅၃၃)ဒူရေ သုတော စေဝ ဗြဟာ စ ရုက္ခော၊ဒေသေ ဌိတော ဘူတ-နိဝါသ-ရူပေါ။
တသ္မာ နမဿာမိ ဣမံ ပလာသံ၊ယေ စေ-တ္ထ ဘူတာ တေ ဓနဿ ဟေတု။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကို ကြား၍ရုက္ခစိုးနတ်သည်ပုဏ္ဏားအားကြည်ညိုကုန်၍၊ ပုဏ္ဏား၊ ငါသည်ဤပေါက်ပင်၌ ဖြစ်သောနတ်တည်း။ သင်မကြောက်လင့်။ သင့်အားဥစ္စာကိုပေးအံ့ဟုပုဏ္ဏားကိုနှစ်သိမ့်စေ၍ မိမိဗိမာန်တံခါး၌ကြီးစွာသောနတ်၏အာနုဘော်အားဖြင့် ကောင်းကင်၌ရပ်၍။ ။
(၅၃၄)သော တေ ကရိဿာမိ ယထာ-နုဘာဝံ၊ကတညုတံ ဗြာဟ္မဏ ပေက္ခမာနော။
ကထဉှိ အာဂမ္မ သတံ သကာသေ၊မောဃာနိ တေ အဿု ပရိဖန္ဒိတာနိ။ ။
(၅၃၅)ယော တိန္ဒုက-ရုက္ခဿ ပုရော မိလက္ခု၊ပရိဝါရိတော ပုဗ္ဗ-ယညော ဥဠာရော။
တဿေသ မူလသ္မိံ နိဓိ နိခါတော၊အ-ဒါယာဒေါ ဂစ္ဆ နံ ဥဒ္ဓရာဟိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၃၄-၅၃၅)ဗြာဟ္မဏ၊ ပုဏ္ဏား။ သောအဟံ၊ ထိုငါသည်။ ကတညုတံ၊ သင်ပြုပေသောကျေးဇူးကိုသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုလျက်။ ယထာ-နုဘာဝံ၊ အစွမ်းသတ္တိအားလျော်စွာ။ တေ၊ သင်အား။ ကရိဿာမိ၊ ကျေးဇူးပြုအံ့။ ဟိသစ္စံ၊ မှန်၏။ သတံ၊ သူတော်ကောင်းတို့၏။ သကာသေသန္တိကေ၊ အထံ၌။ ကတံ၊ ပြုအပ်သောကျေးဇူးသို့။ အာဂမ္မ၊ ရောက်၍။ တေ၊ သင်၏။ ပရိဖန္ဒိတာနိ၊ ကိုယ်နှုတ်တို့ဖြင့်လုံ့လပြုခြင်းတို့သည်။ အ-မောဃာ၊ အချည်းနှီးအကျိုးမရှိသည်မဟုတ်ကုန်သည်။ အဿု၊ ဖြစ်ကုန်၏။ ။
သမ္မဗြာဟ္မဏ၊ အချင်းပုဏ္ဏား။ တိန္ဒုက-ရုက္ခဿ၊ တည်ပင်၏။ ပုရောပုရတေါ၊ ရှေးအဖို့၌။ ယောမိလက္ခု၊ အကြင်ညောင်ကြတ်ပင်သည်။ ဌိတော၊ တည်၏။ တဿေဝ၊ ထိုညောင်ကြတ်ပင်၏သာလျှင်။ မူလသ္မိံ၊ အမြစ်ရင်း၌။ ပရိဝါရိတော၊ ညောင်ကြတ်ပင်ကိုဝန်းရံလျက်။ ပုဗ္ဗ-ယညော၊ ရှေး၌အရှင်ရှိဘူးသော။ ဥဠာရော၊ များစွာသော။ နိခါတော၊ မြှုပ်ထားအပ်သော။ နိဓိ၊ ရွှေအိုးသည်။ အ-ဒါယာဒေါ၊ ယခုအမွေခံမရှိပြီ။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုဥစ္စာအိုးကို။ ဥဒ္ဓရာဟိ၊ ထုတ်ဖော်ချေလော့။ ။
ဤသို့ဆိုပြီး၍၊ ထိုရုက္ခစိုးနတ်သည်၊ပုဏ္ဏား၊သင်သည်ထိုဥစ္စာအိုးကိုထုတ်၍ယူသည်ရှိသော်ပင်ပန်းလတ္တံ့။ သင်သည်သွားလေလော့။ ငါသည်လျှင်ထိုဥစ္စာအိုးကိုသင့်အိမ်သို့ဆောင်၍ဤမည် ဤမည်သောအရပ်၌မြှုပ်ထားအံ့။ သင်သည် ထိုဥစ္စာကိုအသက်ထက်ဆုံးသုံးဆောင်လျက်အလှူပေးလေလော့။ သီလစောင့်လေလော့ဟုပုဏ္ဏားအားဆုံးမ၍ ထိုဥစ္စာကို မိမိအာနုဘော်ဖြင့် ပုဏ္ဏား၏အိမ်၌တည်စေ၏ ။ ။
ပလာသဇာတကံ သတ္တမံ။၃၀၇။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အကရမှသ တေကိစ္စံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသကုဏဇာတ်ကို၊ဝေဠုဝန်ကျောင်းတော် ၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏ကျေးဇူးမသိသောအဖြစ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သစ်တောက်လောက်ငှက်သည် ထိုခြင်္သေ့ကို စုံစမ်းအံ့ဟု၊ခြင်္သေ့၏အထက်သစ်ခက်၌နား၍ခြင်္သေ့ နှင့်တကွပြောဟောလိုရကား။ ။
(၅၃၆)အကရမှသ တေ ကိစ္စံ၊ယံ ဗလံ အဟုဝမှသေ။
မိဂ-ရာဇ နမော တျ-တ္ထု၊အပိ ကိဉ္စိ လဘာမသေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခြင်္သေ့သည်။ ။
(၅၃၇)မမ လောဟိတ-ဘက္ခဿ၊နိစ္စံ လုဒ္ဒါနိ ကြုဗ္ဗတော။
ဒန္တ-န္တရ-ဂတော သန္တော၊တံ ဗဟုံ ယမ္ပိ ဇီဝသိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သစ်တောက်လောက်ငှက်သည်။ ။
(၅၃၈)အကတညု-မကတ္တာရံ၊ကတဿ အပ္ပဋိကာရကံ။
ယသ္မိံ ကတညုတာ နတ္ထိ၊နိရတ္ထာ တဿ သေဝနာ။ ။
(၅၃၉)ယဿ သမ္မုခ-စိဏ္ဏေန၊မိတ္တ-ဓမ္မော န လဗ္ဘတိ။
အနုဿုယျ-မနက္ကောသ၊သဏိကံ တမှာ အပက္ကမေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၃၈-၅၃၉)ယသ္မိံ၊ အကြင်သူ၌။ ကတညုတာ၊ သူပြုပေဖူးသော ကျေးဇူးကိုသိသည်၏အဖြစ်သည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုကျေးဇူးမသိကုဒိဋ္ဌိအား။ သေဝနာ၊ မှီဝဲခြင်းသည်။ နိရတ္ထာ၊ အကျိုးမရှိခဲ့။ ယဿ၊ အကြင်သူ၏။ သမ္မုခ-စိဏ္ဏေန၊ မျက်မှောက်၌ပြုသော ကျေးဇူးဖြင့်။ မိတ္တဓမ္မော၊ အဆွေခင်ပွန်း၏ ကျင့်ဝတ်သဘောကို။ နလဗ္ဘတိ၊ မရအပ်။ အကထညုံ၊ ကျေးဇူးကိုမသိတတ်ထသော။ ကတဿ၊ ကျေးဇူးပြုသောသူအား။ ပဋိကာရကံ၊ တဖန်အတုံ့ကျေးဇူးပြုခြင်းကို။ အကတ္တာရံ၊ မပြုတတ်သောသူကို။ အနုဿုယျံ၊ မငြူစူဘဲ။ အနက္ကောသံ၊ မဆဲရေးဘဲ။ တမှာ၊ ထိုကျေးဇူးမသိကုဒိဋ္ဌိမှ။ သဏိကံ၊ ဖြည်းညင်းသာယာစွာ။ အပက္ကမေ၊ ဖဲသွားရာ၏။ ။
ဤစကားကိုဆို၍သစ်တောက်လောက်ငှက်သည် ပျက်ချော်ယုတ်မာသော ခြင်္သေ့မှဖဲသွားလေ၏။ ။ (အကရမှသတေ,၌အကရမှသေတေ,ဖြတ်။ ဧ,ကျေ၍အ,လာသည်။ ထိုသေ,ကား၊ဗုဒ္ဓံသရဏံဂတာသေ,၌ကဲ့သို့အနက်မရှိ။ နောက်ဖြစ်သော သေ,တို့သည်လည်း အနက်မရှိသည်ချည်းတည်း။ အဟုဝ,မှကား၊ အဟောသိ,ဆိုလိုလျက်ဝစနဝိပလ္လာသ၊ ပုရိသဝိပလ္လာသတည်း။ သမ္မုခစိဏ္ဏေနာတိသမ္မုခေကတေနဂုဏေန,ဖွင့်သည်)။ ။
သကုဏဇာတကံ အဋ္ဌမံ။၃၀၈။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗမိဒံစရိမံ ကတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဆဝဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ဆဗ္ဗဂ္ဂီရဟန်းတို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်အထက်၌ပုန်းလျက် အကြင်မင်းသည်မြင့်သောနေရာ၌ဗေဒင်တို့ကိုသင်၏၊ ဤမင်းသည်တရားမစောင့်။ အကြင် ပုဏ္ဏားသည် နိမ့်သော နေရာ၌နေ၍ ဗေဒင်တို့ကို သင်စေ၏၊ ဤပုဏ္ဏားသည်လည်းတရားမစောင့်။ အကြင်ငါသည်လည်းမိန်းအလိုသို့လိုက်၍ ကိုယ်အသက်ကိုမရေတွက်ဘဲသရက်သီးကိုခိုး၏။ ထိုငါသည်လည်းတရားမစောင့်ဟုကြံ၏။ ကြံပြီး၍ထိုဘုရားလောင်းသည်သရက်ပင်မှသက်လတ်သော် တစ်ခုသော တွဲလျား ကျသော နိမ့်သော အခက်ကို ကိုင်၍ မင််းပုဏ္ဏားနှစ်ပါးတို့၏အလယ်၌ရပ်၍၊ မြတ်သောမင်းကြီး၊ ကျွန်ုပ်သည်ပျက်၏။ သင်မင်းကြီးသည်တွေဝေ၏။ ပုရောဟိတ်သည် အသက်ရှင်လျက်ပင်သေသည်မည်၏ဟုဆို၏။ မင်းသည် အဘယ်အကြောင်းကြောင့်ဤသို့ဆိုသနည်းဟုမေးအပ်သည်ရှိသော်၊ ထိုဘုရားလောင်းသည်။ ။
(၅၄၀)သဗ္ဗ-မိဒံ စရိမံ ကတံ၊ဥဘော ဓမ္မံ န ပဿရေ။
ဥဘော ပကတိယာ စုတာ၊ယော စာ-ယံ မန္တေ-ဇ္ဈာပေတိ။
ယော စ မန္တံ အဓီယတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဏ္ဏားသည်။ ။
(၅၄၁)သာလီနံ ဩဒနံ ဘုဉ္ဇေ၊သုစိံ မံသူ-ပသေစနံ။
တသ္မာ ဧတံ န သေဝါမိ၊ဓမ္မံ ဣသိဘိ သေဝိတံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၄၂)ပရိဗ္ဗဇ မဟာဗြဟ္မေ၊ပစန္တ-ညေ-ပိ ပါဏိနော။
မာ တွံ အ-ဓမ္မော အစရိ၊အသ္မာ ကုမ္ဘ-မိဝါ-ဘိဒါ။ ။
(၅၄၃)ဓိရ-တ္ထု တံ ယသ-လာဘံ၊ဓန-လာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊အဓမ္မ-စရဏေန ဝါ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၄၂-၅၄၃)ဗြဟ္မေ၊ ပုဏ္ဏား။ အယံလောကောနာမ၊ ဤလောကဓာတ်မည်သည်။ (ထည့်)။ မဟာ၊ ကျယ်စွာ၏။ ပရိဗ္ဗဇ၊ ဤအရပ်မှတစ်ပါးသောအရပ်သို့ပြေးသွားပါလေလော့။ ဣမသ္မိံ ဇမ္ဗုဒီပေ၊ ဤသောင်းမဏ္ဍလိပ် ဇမ္ဗူဒိပ်၌။ အညေပိပါဏိနော၊ မင်းမှတစ်ပါးသောသူတို့သည်လည်း။ ပစန္တိ၊ ထမင်းချက်စားကုန်၏။ တွံ၊ သင်သည်။ အညတ္ထ၊ တစ်ပါးသောအရပ်သို့။ အ-ဂန္တွာ၊ မသွားမူ၍။ ဣဓ၊ ဤအရပ်၌။ ဝသန္တော၊ နေလျက်။ အ-ဓမ္မံ၊ တရားမဟုတ်သောအကျင့်ကို။ မာအစရိ၊ မကျင့်လင့်။ ဧဝံစရိတော၊ ဤသို့ကျင့်အပ်သော။ သောအဓမ္မော၊ ထိုတရားမဟုတ်သောအကျင့်သည်။ အသ္မာ၊ ကျောက်သည်။ ကုမ္ဘိံ၊ အိုးကို။ ဘိန္ဒတိဣဝ၊ ခွဲဘိသကဲ့သို။ တံ၊ သင့်ကို။ မာအဘိဒါ၊ မခွဲစေလင့်။ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ယာဝုတ္တိ၊ အကြင်အသက်မွေးကြောင်းအကျင့်သည်။ ဝိနိပါတေန၊ နောင်အခါအပါယ်သို့ လားကြောင်းဖြစ်သောအကုသိုလ်ဖြင့်၎င်း။ အဓမ္မ-စရဏေနဝါ၊ မျက်မြင်ပစ္စက္ခ ဤဘဝ၌အဓမ္မကိုကျင့်သဖြင့်၎င်း။ နိပ္ပဇ္ဇတိ၊ ပြီး၏။ တာယဝုတ္တိယာ၊ ထိုအသက်မွေးကြောင်းအကျင့်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေန၊ ထိုသို့အကျိုးမရှိဖြစ်သောကြောင့်။ တံယသလာဘဉ္စ၊ ထိုခြွေရံစည်းစိမ်ကိုရခြင်းကို၎င်း။ ဝါ၊ ရကြောင်း အကျင့်ကို၎င်း။ တံဓနလာဘဉ္စ၊ ထိုရွှေငွေဥစ္စာရခြင်းကို၎င်း။ ဝါ၊ ရကြောင်းအကျင့်ကို၎င်း။ ဓီရတ္ထုမယံဂရဟာမ၊ ငါတို့စက်ဆုပ်ကုန်၏။ ဝါ၊ ထွီထွီပြုကုန်၏။ ။
(ဥဘောပကတိယာသုတာ, ၌လက်မွန်ရှေးဦး ဖြစ်သည့်အစွမ်းဖြင့် ဓမ္မသည် ပကတိမည်သတည်း။ ထိုကြောင့်။ ဓမ္မောတိပဌမုပ္ပတ္တိဝသေနပကတိနာမ။ ဝုတ္တမ္ပိစေတံ ဓမ္မော ဟဝေပါတုရဟောသိပုဗ္ဗေ၊ ပစ္ဆာအဓမ္မောဥဒပါဒိလောကေတိ၊ အဋ္ဌကထာမိန့်သော်။ ။
သာလီနံ, ကားဩဒနံ၌ဝိကာရိဝိကာရသမ္ဗန်တည်း။ မဟာဗြဟ္မေ,၌ မဟာ,ကား ဗြဟ္မေ၏ ဝိသေသနမဟုတ်။ ထိုကြောင့်၊ မဟာတိ အယံလောကောနာမမဟာ,ဟု၊ အဋ္ဌကထာမိန့်သော်။ ဝါ၊ အဓမ္မော အစရိ,၌၊ အဓမ္မော, ကားအဘိဒါဟူသောနောက်ကြိယာကိုငဲ့၍ ပဌမန္တနေသည်။ အစရိကိုငဲ့ခိုက်အဓမ္မံ, ဟုပြင်၍စပ်။ ထိုကြောင့်၊ယံတွံ အညတ္ထအဂန္တွာဣဓဝသန္တောအဓမ္မံစရသိ၊ သောအဓမ္မောဧဝံ စရိတော ပါသာဏောဃဋံ ဝိယမာတွံ ဘိန္ဒိ,ဟု၊ အဋ္ဌကထာ မိန့်သော်။ အသ္မာ, ကား။ ပါသာဏောသ္မောပလောသိလာ,ဟု၊အဘိဓာန်လာရကားပါသာဏော, အသ္မာ, ဥပလ,သိလာ, တို့ကားကျောက်ဟောပရိယာယ်နှင်နှင်တည်း။ အသုခေပနေ၊မော၊အသ္မာ၊ရာဇာဒိ။၎င်းဋီကာ)။ ။
ဆဝကဇာတကံ နဝမံ။၃၀၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သသမုဒ္ဒပရိယာယံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသေယျဇာဟ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်၊ သာသနာတော်၌ ငြီးငွေ့သောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည်လည်း၊ ပုရောဟိတ်အရာကိုထားဘိဦး၊ကာသိကတိုင်း,ကောသလတိုင်းနှင့် တကွသောဇမ္ဗုဒီပါမင်း၏ အဖြစ်,စကြဝတေးမင်း၏စည်းစိမ်ကိုပင်ရငြားသော်လည်းငါမလိုက်၊ ပညာရှိတို့သည် တစ်ကြိမ်စွန့်အပ်ပြီးသောကိလေသာတို့ကိုတဖန်မယူကုန်။ တစ်ကြိမ်စွန့်အပ်ပြီးသောကိလေသာသည် ထွေးအန်ပြီးသောတံထွေးပေါက်နှင့်တူ၏ဟုဆို၍။ ။
(၅၄၄)သ-သမုဒ္ဒ-ပရိယာယံ၊မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ဧဝံ သေယျ ဝိဇာနဟိ။ ။
(၅၄၅)ဓိရ-တ္ထု တံ ယသ-လာဘံ၊ဓန-လာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊အဓမ္မ-စရဏေန ဝါ။ ။
(၅၄၆)အပိ စေ ပတ္တ-မာဒါယ၊အနဂါရော ပရိဗ္ဗဇေ။
သာယေ-ဝ ဇီဝိကာ သေယျော၊ယာ စာ-ဓမ္မေန ဧသနာ။ ။
(၅၄၇)အပိ စေ ပတ္တ-မာဒါယ၊အနဂါရော ပရိဗ္ဗဇေ။
အညံ အ-ဟိံသယံ လောကေ၊အပိ ရဇ္ဇေန တံ ဝရံ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၅၄၄-၅၄၇)သေယျ၊ သေယျအမတ်။ သဟနိန္ဒာယ၊ ဈာန်ချမ်းသာနှင့်ပြည့်စုံသော ရဟန်းအဖြစ်ကိုစွန့်၍ အစိုးရသောပုရောဟိတ်စည်းစိမ်ကို ယူပြန်ပြီတကားဟု အများပညာရှိကဲ့ရဲ့ခြင်းနှင့် တကွဖြစ်ခြင်းကြောင့်။ သ-သမုဒ္ဒ-ပရိယာယံ၊ သမုဒ္ဒရာကိုရံ၍ တည်သော စကြဝဠာ တောင်နှင့်တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာ၏နားဍောင်းသဖွယ်ဖြစ်သော။ မဟိံ၊ မြေအလုံးကိုသော်လည်း။ နဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဓမ္မံ၊ တရားကို။ ဝိဇာနာဟိ၊ သိလေလော့။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မဟိစ္ဆာဝသေန၊ အလိုကြီးသည်၏အစွမ်းဖြင့်။ လဒ္ဓါ၊ ရအပ်သော။ ယာဝုတ္တိ၊ အကြင်စည်းစိမ်ချမ်းသာကိုရကြောင်း အကျင့်သည်။ ဝိနိပါတေန၊ ဈာန်ချမ်းသာမှ မိမိကိုယ်ကိုလျှောကျစေကြောင်းဟုဆိုအပ်သော အကျင့်ဖြင့်၎င်း။ အဓမ္မ-စရဏေနဝါ၊ အစိုးရသောစည်းစိမ်သို့ ရောက်သောသူ၏ တရားမဟုတ်သည်ကိုကျင့်ခြင်းဖြင့်၎င်း။ နိပ္ပဇ္ဇတိ၊ ပြီး၏။ ယသ-လာဘံ၊ စည်းစိမ်အခြံအရံကိုရကြောင်းဖြစ်သော။ တံဝုတ္တိံ၊ ထိုအကျင့်ကို၎င်း။ ဓနလာဘံ၊ ရွှေငွေဥစ္စာကို ရကြောင်း ဖြစ်သော။ တံဝုတ္တိံစ၊ ထိုအကျင့်ကို၎င်း။ ဓီရတ္ထုမယံဂရဟာမ၊ ငါတို့ကဲ့ရဲ့ကုန်၏။ ။
အဟံ၊ ငါသည်။ ပတ္တံ၊ ဆွမ်းခံစရာသပိတ်ခွက်ယောက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ အနဂါရော၊ နေရာကျောင်းအိမ်မရှိဘဲ။ ပရ-ကုလေသု၊ သူတစ်ပါးအိမ်တို့၌။ စေပရိဗ္ဗဇေအပိ၊ အကယ်၍လှည့်လည် သွားလာခံစားရသည်ဖြစ်စေကာမူ။ အဓမ္မေန၊ မတရားသဖြင့်။ ယာဧသနာ၊ အကြင်ရှာမှီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထိုမတရားသဖြင့်ရှာမှီးခြင်းထက်။ သာယေဝဇီဝိကာ၊ ထိုသပိတ်လက်ပိုက်လျက် တောက်ရက်တောက်ရက်ဆွမ်းခံ၍ အသက်မွေးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ ။
လောကေ၊ လူ့ရွာ၌။ အညံ၊ တစ်ပါးသောသူကို။ အ-ဟိံသယံ၊ မညှဉ်းဆဲမူ၌။ ပတ္တံ၊ ဆွမ်းခံစရာသပိတ်ခွက်ယောက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ အနဂါရော၊ နေရာကျောင်းအိမ်မရှိဘဲ။ စေပရိဗ္ဗဇေအပိ၊ အကယ်၍ လှည့်လည်သွားလာခံစားရသည်ဖြစ်စေကာမူ။ တံ၊ ထိုသူတစ်ပါးကိုမညှဉ်းဆဲဘဲ သပိတ်လက်စွဲလျက် အသက်မွေးသောအကျင့်သည်။ ဝရံ၊ မြတ်၏။ ။
(သသမုဒ္ဒပရိယာယန္တိ ပရိယာယောဝုစ္စတိပရိဝါရံ။ (အဋ္ဌကထာ)။ ဝိဇာနာဟိ,ဆိုလိုလျက်ရသာပြု၍ဝိဇာနဟိ,ရှိသည်။ အနက်ပေးရာဒီဃကိုဘော်။ ဓီရတ္ထုတံ,စသော ဂါထာသည်ရှေးဇာတ်နှင့်ခြား၍အနက်အခြားယောဇနာရသည်။ အဋ္ဌကထာနှင့်တိုက်ပါ။ အနဂါရောတိ အပိအဟံအဂါရဝိရဟိတော, အဋ္ဌကထာဖွင့်ရကား၊ အနဂါရေ,ရှိသည်ကားပါဌ်ပျက်)။
သေယျဇာတကံဒသမံ။၃၁၀။ ကာလိင်္ဂဝဂ္ဂေါ ပဌမော။ ။ တဿုဒ္ဒါနံ။ ။
ဝိဝရဉ္စ အဒေယျသမိဒ္ဓဝရံ၊အထဒဒ္ဒရ ပါပမဟာတိရဟော။
အထလောလိပလာသဝရဉ္စကရ၊စရိမံသသမုဒ္ဒဝရေနဒသ။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဥဋ္ဌေဟိစောရ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပုစိမန္ဒဇာတ်ကို၊ ဝေဠုဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုကာလ၌ကား ခိုးသူတို့ကိုဖမ်း၍တမာသားတံကျင်၌ လျှိုကုန်သတတ်။ ထိုအခါတမာပင်စောင့်နတ်သည် ဤအရပ်သို့လူတို့သည်လာကုန်၍ ဤခိုးသူကို ဖမ်းကုန်သည်ရှိသော် ဤတမာပင်၏ အခက်ကို ဖြတ်၍ တံကျင်ပြု၍ ထိုခိုးသူကိုလျှိုကုန်ရာ၏။ ဤသို့ပြုသည်ရှိသော် တမာပင်သည်ပျက်စီးလတ္တံ့။ ယခုထိုခိုးသူကိုဤတမာပင်မှ နှင်ထုတ်အံ့ဟုကြံ၏။ ကြံပြီး၍ထိုတမာပင်စောင့်နတ်သည် ထိုခိုးသူနှင့်တကွ စကားပြောလိုရကား။ ။
(၅၄၈)ဥဋ္ဌေဟိ စောရ ကိံ သေသိ၊ကော အတ္ထော သုပိတေန တေ။
မာ တံ ဂဏှေယျုံ ရာဇာနော၊ဂါမေ ကိဗ္ဗိသ-ကာရကံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
(၅၄၈)စောရ၊ ခြံစပ် ဖောက်ထွင်း၊ နှိမ်နင်းကလူ၊နှိပ်စက်ယူသည့်၊ ခိုးသူမည်ရ၊မောင်စောရ။ ဥဋ္ဌေဟိ၊ ထလော့။ ကိံ၊ အဘယ့်ကြောင့်။ သေသိ၊ အိပ်ဘိသနည်း။ တေ၊ သင့်အား။ သုပိနေန၊ အိပ်ခြင်းဖြင့်။ ကောအတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသ-ကာရကံ၊ ကြမ်းကြုတ်သောခိုးမှုကိုပြုတတ်သော။ တံ၊ သင့်ကို။ ရာဇာနော၊ မင်းချင်းယောက်ျားတို့သည်။ မာဂဏှေယျုံ၊ မဖမ်းစေကုန်လင့်။ ။
ဤသို့ထိုခိုးသူကိုဆို၍ မင်းချင်းယောက်ျားတို့သည်သင့်ကိုမဖမ်းကုန်မီ တစ်ပါးသောအရပ်သို့ သွားလေဟုခြောက်လှန့်၍ပြေးစေ၏။ ။
ခိုးသူပြေးသည်ရှိသော်၊ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည်။ ။
(၅၄၉)ယံ နု စောရံ ဂဟေဿန္တိ၊ဂါမေ ကိဗ္ဗိသ-ကာရကံ။
ကိံ တတ္ထ ပုစိမန္ဒဿ၊ဝနေ ဇာတဿ တိဋ္ဌတော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍တမာပင်စောင့်နတ်သည်။ ။
(၅၅၀)န တွံ အဿတ္ထ ဇာနာသိ၊မမ စောရဿ စ-န္တရံ။
စောရံ ဂဟေတွာ ရာဇာနော၊ဂါမေ ကိဗ္ဗိသ-ကာရကံ။
အပ္ပေန္တိ နိမ္ဗ-သူလသ္မိံ၊တသ္မိံ မေ သင်္ကတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၅၀)အဿတ္ထ၊ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်။ တွံ၊ သင်သည်။ မမစ၊ ငါ၏၎င်း။ စောရဿစ၊ ခိုးသူ၏၎င်း။ အန္တရံ၊ တစ်ပေါင်းထည်း မနေသင့်သောအကြောင်းကို။ ဝါ၊ နေ၍မတော်သောအကြောင်းကို။ နဇာနာသိ၊ မသိ။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသ-ကာရကံ၊ ကြမ်းကြုတ်သောခိုးမှုကို ပြုတတ်သော။ စောရံ၊ ခိုးသူကို။ ရာဇာနော၊ မင်းချင်းယောက်ျားတို့သည်။ ဂဟေတွာ၊ ဖမ်း၍။ နိမ္ဗ-သူလသ္မိံ၊ တမာသားတံကျင်၌။ အပ္ပေန္တိ၊ လျှိုတပ်ကုန်၏။ ဝါ၊ လျှိုကုန်လတ္တံ့။ တသ္မိံ၊ ထိုအကြောင်း၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ရွံရှာ၏။ ။
ဤသို့ထိုရုက္ခစိုးနတ်တို့၏ အချင်းချင်းပြောဆိုကုန်စဉ်လျှင်၊ ဥစ္စာရှင်တို့သည် မီးရှူးကိုင်ကုန်လျက်ခြေရာသို့လျှောက်သောအားဖြင့်လာကုန်၍၊ ခိုးသူ၏အိပ်ရာအရပ်ကိုမြင်ကုန်၍၊ အချင်းတို့၊ ယခုပင်လျှင်ခိုးသူထ၍ပြေး၏။ ငါတို့သည်ခိုးသူကိုမရအပ်။ အကယ်၍ရကုန်အံ့၊ဤတမာပင်၏တံကျင်၌ခိုးသူကိုလျှို၍ တမာပင်၌ဆွဲ၍သွားကြကုန်အံ့ဟုဆို၍ထိုမှဤမှလိုက်၍ ခိုးသူကိုမမြင်၍လျှင်သွားကုန်၏။ ။
ထိုလူတို့၏စကားကိုကြား၍ညောင်ဗုဒ္ဓဟေစောင့်နတ်သည်။ ။
(၅၅၁)သင်္ကေယျ သင်္ကိတဗ္ဗာနိ၊ရက္ခေယျာ-နာဂတံ ဘယံ။
အနာဂတ-ဘယာ ဓီရော၊ဥဘော လောကေ အဝေက္ခတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၅၁)ဓီရော၊ ပညာရှိသည်။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှာရာ၏။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ပစ္စုပ္ပန်ဘေးသံသရာဘေးကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ အနာဂတဘယာအနာဂတဘယံ၊ လာလတ္တံ့သောဘေးကို။ ဘာယမာနော၊ ကြောက်သည်ဖြစ်၍။ ဥဘောလောကေ၊ ပစ္စုပ္ပန်လောက တမလွန်လောက နှစ်ပါးတို့ကို။ အဝေက္ခတိ၊ ဉာဏ်ဖြင့်ရှု၏။ ။
(ပစ္စုပ္ပန်ဘေးကိုကြောက်သောကြောင့်ပါပမိတ္တကိုကြဉ်ရှောင်သည်။ တမလွန်ဘေးကိုကြောက်သောကြောင့် ဒွါရသုံးပါးဖြင့်မကောင်းမှုဒုစရိုက်ကိုမပြုဟူလို)။ ။ (ဂဏှေယျုံ,လိုလျက် နိဂ္ဂဟိတ်ကျေသည်။ ရာဇာနောတိရာဇပုရိသေသန္ဓာယဝုတ္တံ။ ။ ဌာန၏အမည်ကိုဌာနီ၌တင်စား၍၊ ပုစိမန္ဒ,အဿတ္ထ,ဟုဆိုသည်)။ ။
ပုစိမန္ဒဇာတကံ ပဌမံ။၃၁၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိကဿပ မန္ဒိယာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကဿပမန္ဒိယဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသော အသက်ကြီးသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်နှစ်ယောက်ကုန်သော ရသေ့တို့ကို ဖြည်းညင်းစွာဆောင်၍ ပရိက္ခရာကိုသိုမှီး၍ အဘကို ရေချိုးစေ၍ ခြေဆေးခြင်း ကျောက်ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကိုပြု၍ မီးအိုးခင်းကိုတည်၍ ပင်ပန်းခြင်းငြိမ်းပြီးသော် အဘ၏အနီး၌နေ၍၊ ခမည်းတော်၊သူငယ်တို့ မည်သည်ကား၊မြေအိုးနှင့်တူကုန်၏။ တခဏဖြင့်လျှင်ကွဲတတ်ကုန်၏။ ကွဲသောကာလမှစ၍ တဖန်စေ့စပ်ခြင်းငှါမတတ်နိုင်ကုန်။ သူငယ်တို့ကို၊ ဆဲဆိုကုန်ငြားသော်လည်း ကြီးသောသူတို့ သည်းခံအပ်ကုန်၏ဟု ဆို၍အဘကိုဆုံးမလိုရကား။ ။
(၅၅၂)အပိ ကဿပ မန္ဒိယာ၊ယုဝါ သမ္ပဋိဟန္တိ ဝါ။
သဗ္ဗ-န္တံ ခမတေ ဓီရော၊ပဏ္ဍိတော တံ တိတိက္ခတိ။ ။
(၅၅၃)သစေပိ သန္တော ဝိဝဒန္တိ၊ခိပ္ပံ သန္ဓီယရေ ပုန။
ဗာလာ ပတ္တာ-ဝ ဘိဇ္ဇန္တိ၊န တေ သမထ-မဇ္ဈဂူ။ ။
(၅၅၄)ဧတေ ဘိယျော သမာယန္တိ၊သန္ဓိ တေသံ န ဇီရတိ။
ယော စာ-ဓိပန္နံ ဇာနာတိ၊ယော စ ဇာနာတိ ဒေသနံ။ ။
(၅၅၅)ဧတေဟိ ဥတ္တရိတရော၊ဘာရ-ဝဟော ဓုရ-ဒ္ဓရော။
ယော ပရေသာ-ဓိပန္နာနံ၊သယံ သန္ဓါတု-မရဟတိ။ ။
ဟူသောလေးဂါထာတို့ကိုဆို၏။ ။
(၅၅၂-၅၅၅)ကဿပ၊ ကဿပအနွယ်ဖြစ်သောဘခင်။ မန္ဒိယာ၊ ပညာနုံ့သည်၏အဖြစ်ကြောင့်။ ယုဝါ၊ သူငယ်တို့သည်။ သမ္ပဋိဟန္တိဝါ၊ ပုတ်ခတ်မူလည်းပုတ်ခတ်ကုန်ရာ၏၏။ ဝါ၊ ဆဲရေးမူလည်းဆဲရေးကုန်ရာ၏။ (ဝါ,ဖြင့်ယူ)။ အပိ၊ ထိုသို့ပင်ပုတ်ခတ်ဆဲရေးသော်လည်း။ ဓီရောဓိက္ကတပါပေါ၊ ထွီထွီပြုအပ်သော မကောင်းမှုရှိသော။ ဝါ၊ ကဲ့ရဲ့အပ်သောမကောင်းမှုရှိသောလူလိမ်မာသည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသူငယ်တို့သည်ပြုအပ်သောအပြစ်ဒေါသကို။ ခမတေ၊ သည်းခံရာ၏။ ပဏ္ဍိတော၊ ပညာရှိသောလူလိမ်မာသည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသူငယ်တို့သည် ပြုအပ်သောအပြစ်ဒေါသကို။ တိတိက္ခတိ၊ သည်းခံသင့်၏။ ။
သန္တော၊ သူတော်ကောင်းတို့သည်။ သစေပိဝိဝဒန္တိ၊ အကယ်၍မူလည်း တစိုးတစိအကြောင်းရှိ၍ ငြင်းခုံကြသည်ဖြစ်စေကုန်အံ့။ ပုန၊ တဖန်။ ခိပ္ပံ၊ လျင်စွာ။ သန္ဓီယရေ၊ မိတ်ခင်ပွန်း၏အဖြစ်ဖြင့်စေ့စပ်လွယ်ကြကုန်၏။ ဗာလာ၊ သူငယ်တို့မူကား။ ပတ္တာဝ၊ မြေခွက်တို့ကဲ့သို့။ ဘိဇ္ဇန္တိ၊ ကွဲတတ်ကုန်၏။ တေဗာလာ၊ ထိုမြေခွက်နှင့်တူသောသူငယ်တို့သည်။ အပ္ပမတ္တကမ္ပိ၊ အနည်းငယ်မျှလည်းဖြစ်သော။ ဝိဝါဒံ၊ ငြင်းခုံခိုက်ရန်ကို။ ကတွာ၊ ပြုကုန်ကြ၍။ သမထံ၊ ရန်ငြိမ်းခြင်းကို။ နအဇ္ဈဂူ၊ မရကုန်။ ။
ယောစ၊ အကြင်သူသည်လည်း။ အဓိပန္နံ၊ မိမိ၏လွန်ကျူးမိသောအပြစ်ကို။ ဇာနာတိ၊ သိ၏။ ယောစ၊ အကြင်သူသည်လည်း။ ဒေသနံ၊ မိမိ၏အပြစ်ကိုသိသောသူသည်ကြားအပ်သောအပြစ်ကို ကန်တော့ခြင်းကို။ ပဋိဂ္ဂဏှိတုံ၊ ခံခြင်းငှါ။ ဇာနာတိ၊ သိ၏။ ဧတေဒွေ၊ ထိုနှစ်ယောက်သောသူတို့သည်။ ဘိန္နာပိ၊ ကွဲပြားကြကုန်သော်လည်း။ ဘိယျော၊ တဖန်။ သမာယန္တိ၊ ညီညွတ်ခြင်းသို့ရောက်ကုန်၏။ တေသံ၊ ထိုနှစ်ယောက်သော သူတို့၏။ သန္ဓိ၊ မိတ်ခင်ပွန်းအဖြစ်ဖြင့် စေ့စပ်ခြင်းသည်။ နဇီရတိ၊ မဆွေးမြည့်။ ဝါ၊ မပျက်စီး။ ။
ယော၊ အကြင်သူသည်။ အဓိပန္နာနံ၊ ဒေါသသည် နှိပ်စက်အပ်ကုန်သော။ ဝါ၊ လွန်ကျူး၍အပြစ်ကိုပြုတတ်ကုန်သော။ ပရေသံ၊ သူတစ်ပါးတို့အား။ သယံ၊ မိမိသည်။ သန္ဓာတုံ၊ သာယာသောစကားဖြင့် စေ့စပ်ခြင်းငှါ။ အရဟတိ၊ ထိုက်၏။ ဧသောဧဝရူပေါ၊ ဤသို့သူတစ်ပါးသည်မခံလေငြားလည်း ဖြားယောင်းသာယာမေတ္တာဂဟေစပ်ပေတတ်သောသဘောရှိသောသူသည်။ ဧတေဟိ၊ ထိုဆိုအပ်ပြီးသောသူနှစ်ဦးတို့ထက်။ ဥတ္တရိတရော၊ အထူးသဖြင့်အလွန်မြတ်သော။ ဘာရ-ဝဟော၊ အဆွေခင်ပွန်း အဖြစ်တည်းဟူသောဝန်ကို ထမ်းနိုင်သောသူဟူ၍။ ဓုရဒ္ဓရော၊ အဆွေခင်ပွန်းအဖြစ်တည်းဟူသောဝန်ကိုဆောင်နိုင်သောသူဟူ၍။ သင်္ချံ၊ ခေါ်ဝေါ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ။
ဤသို့ဘုရားလောင်းသည် အဘအား အဆုံးအမကိုပေး၏။ ထိုအဘသည်လည်းထိုအခါမှစ၍ယဉ်ကျေးသည်ဖြစ်၏။ ။ (ဓီရောတိဓိက္ကတပါပေါ။ (အဋ္ဌကထာ)။ ဓိက္ကတပါပေါတိဂရဟိတပါပေါ။ ဋီကာဖွင့်သည်ကား။ ဓီရော,၌၊ဓီ,သဒ္ဒါသည်ဂရဟာအနက်ရှိသည်။ ဓီဧတဿအတ္ထီတိဓီရော။ ဧတဿ၊ ထိုသူအား။ ဓီ၊ ကဲ့ရဲ့စက်ဆုပ်အပ်သောမကောင်းမှုသည်။ အတ္ထိ၊ ရှိ၏။ ဤသို့ဝိဂြိုဟ်ဆိုလိုသည်။ ဓီဝါဝုစ္စတိပညာ။ တာယသမန္နာဂတောတိအတ္ထော။ အဋ္ဌကထာတနည်းလာပြန်သည်။ ပဏ္ဍိတောတံတိတိက္ခတိ,ကားဤစကား၏ပရိယာယ်တည်း။ ဣတရံပနဣမဿေဝဝေဝစနံ။ (၎င်းအဋ္ဌကထာ)။ ဥတ္တရာနံဝိသေသေန ဥတ္တရောတိဥတ္တရတရော,ဟူအပ်လျက်,ဣ,လာ၍၊ ဥတ္တရိတရ,နေသည်။ ဘာရဝဟော,ဓုရဒ္ဓရော,ကားဝေဝစနနှင်နှင်တည်း။ ဧသော, ကားယော၏နိယတ်ထည့်သည်။ ဧသောဟိ,ရှိမူ၊ဟိကိုဝိသေသတ္ထကြံ)။ ။
ကဿပမန္ဒိယဇာတကံ ဒုတိယံ။၃၁၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောတေဟတ္ထေစပါဒေစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္တိဝါဒီဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောအမျက်ထွက်တတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည်၊ရသေ့စဉ်းလဲ၊သင့်ခန္တိကို သင်သည်လျှင်ရွက်၍နေလော့ဟုဆို၍ ဘုရားလောင်းကိုရင်၌ခြေဖြင့်ကျောက်၍သွား၏။ ထိုမင်းသွားသည်ရှိသော်စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက်,ခြေ,နား,နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင့်၌ထည့်၍ဘုရားလောင်းကိုဖြည်းညင်းစွာထိုင်စေ၍ ရှိခိုးပြီးသော်တင့်အပ်စွာနေ၍၊ အသျှင်ဘုရား၊ အသျှင်ဘုရားတို့သည် အမျက်ထွက်လိုကုန်သည်ရှိသော်၊ အသျှင်ဘုရားတို့၌အပြစ်ပြုသောမင်းအားသာလျှင်အမျက်ထွက်ပါကုန်လော့။ တစ်ပါးသောသူတို့အား အမျက်မထွက်ပါကုန်လင့်ဟုတောင်းပန်လိုရကား။ ။
(၅၅၆)ယော တေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာ-ဝီရ၊မာ ရဋ္ဌံ ဝိနသ ဣဒံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၅၇)ယော မေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊န ဟိ ကုဇ္ဈန္တိ မာဒိသာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၅၅၇)ယော၊ အကြင်ကလာဗုမင်းသည်။ မေ၊ ငါ၏။ ဟတ္ထေစ၊ လက်တို့ကို၎င်း။ ပါဒေစ၊ ခြေတို့ကို၎င်း။ ကဏ္ဏ-နာသဉ္စ၊ နား-နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သောရာဇာ၊ ထိုကလာဗုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေသတည်း။ မာဒိသာ၊ ငါသို့သသူပညာတူသောလူသမ္မာတို့သည်။ နဟိကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။ ။
မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏မြင်ကောင်းသောအရပ်ကို စွန့်သောကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော ဤမြေကြီးသည် ဂစီဖြင့်ဖွဲ့သော ပုဆိုးကဲ့သို့ကွဲ၏။ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကိုအမျိုးပေးသောကမ္ဗလာနီဖြင့်ရုံသကဲ့သို့ရုံ၍ယူ၏။ ထိုကလာဗုမင်းသည်ဥယျာဉ်တံခါး၌လျှင်မြေသို့ဝင်၍ အဝီစိငရဲကြီး၌တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့ ထိုဥယျာဉ်၌လျှင် လွန်၏။ မင်း၏ပရိသတ်တို့သည်၎င်း၊ပြည်သူတို့သည်၎င်းနံ့သာပန်းအခိုးအထုံလက်စွဲကုန်လျက်လာလတ်ကုန်၍ဘုရားလောင်း၏အလောင်းကိုသင်္ဂြိုဟ်ကုန်၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။
(၅၅၈)အဟုံ အတီတ-မဒ္ဓါနေ၊သမဏော ခန္တိ-ဒီပနော။
တံ ခန္တိယာယေ-ဝ ဌိတံ၊ကာသိရာဇာ အဆေဒယိ။
(၅၅၉)တဿ ကမ္မ-ဖရုသဿ၊ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊နိရယမှိ သမပ္ပိတော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၅၈-၅၅၉)အတီတမဒ္ဓါနေ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းကျေးဇူးကိုပြတတ်သော။ သမဏော၊ ရသေ့ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရသေ့ကို။ ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ အဆေဒယိ၊ သတ်ဖြတ်စေပြီ။ ။
ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ နိရယမှိ၊ အဝီစိငရဲကြီး၌။ သမပ္ပိတောပတိဋ္ဌိတော၊ တည်သည်ဖြစ်၍။ တဿကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်စွာသော မကောင်းမှုကံ၏။ ယံဝိပါကံ၊ အကြင်မကောင်းကျိုးကို။ ဝေဒေသိ၊ ခံစားရ၏။ သောဝိပါကော၊ ထိုမကောင်းကျိုးသည်။ ကဋုကော၊ ပြင်းထန်သောဆင်းရဲသည်။ အဟု၊ ဖြစ်ပြီ။ ။ (အဟုံအတီတမဒ္ဓါနေ,၌ ဆန်းအလို့ငှာ နိဂ္ဂဟိတ်လာသည်)။ ။
ခန္တိဝါဒီဇာတကံ တတိယံ။၃၁၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဇ္ဇီဝိတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤလောဟကုမ္ဘိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါမင်းသည်ဘုရားလောင်းကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေလျက်၊အသျှင်ဘုရား၊အသျှင်ဘုရားတို့သည်အကျွန်ုပ်အား ကြားအပ်သောအသံတို့၏ဖြစ်ခြင်းကိုသိကုန်သောဟူသည်မှန်သလောဟုမေး၏။ မြတ်သောမင်းကြီး၊သိသည်မှန်၏ဟုဆို၏။ အသျှင်ဘုရား၊ဆိုတော်မူကုန်လော့ဟုလျှောက်၏။ မြတ်သောမင်းကြီးထိုသူတို့သည် ရှေးဘဝ၌သူတပါးတို့သည်စောင့်ရှောက်ထိန်းသိမ်းအပ်သော မိန်းမတို့၌သွားလာကုန်၍ ဗာရာဏသီ၏အနီးလေးခုကုန်သော လောဟကုမ္ဘီငရဲတို့၌ဖြစ်ကုန်၍ကျိုက်ကျိုက်ဆူသောဆားငန်ရေဖြင့် အမြှုပ်ထလျက် ကျက်ကုန်၍အနှစ်ခြောက်သောင်းတို့ပတ်လုံး အောက်သို့သွား၍ ငရဲအိုးအပြင်သို့ရောက်၍ အထက်သို့တက်ကုန်သော်အနှစ်ခြောက်သောင်းဖြစ်လျှင်ငရဲအိုးမျက်နှာကိုမြင်၍အပကိုကြည့်၍လေးယောက်သောသူတို့သည် လေးဂါထာတို့ကို ပြည့်စုံစွာဆိုကုန်လျက်လည်း ဆိုအံ့သောငှာ မတတ်နိုင်ကုန်၍တစ်လုံးတစ်လုံးသောအက္ခရာကိုသာလျှင်ဆိုကုန်၍ တဖန်လောဟကုမ္ဘီငရဲ၌သာလျှင်နစ်ပြန်ကုန်၏။ ထိုလေးယောက်သောသူတို့တွင်၊ဒု,အက္ခရာကိုဆို၍ နစ်သောသတ္တဝါသည်။ ။
(၅၆၀)ဒုဇ္ဇီဝိတ-မဇီဝိမှ၊ယေသံ နော န ဒဒါမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ဒီပံ နာကမှ အတ္တနော။ ။
ဟူ၍ ဆိုလို၏။ ထိုဂါထာကို ပြည့်စုံစွာပြု၍ မဆိုနိုင်ဟု ဆို၍၊ဘုရားလောင်းသည် မိမိဉာဏ်ဖြင့်ထိုဂါထာကိုပြည့်စုံစွာပြု၍ဟော၏။ ကြွင်းသောဂါထာတို့၌လည်း၊ ဤနည်းအတိုင်းလျှင်သိအပ်၏။ ။
သ,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၁)သဋ္ဌိ-ဝဿ-သဟဿာနိ၊ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ကဒါ အန္တော ဘဝိဿတိ။ ။
ဟူသည်တည်း။ ။
န,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၂)နတ္ထိ အန္တော ကုတော အန္တော၊န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊မမ တုယှဉ္စ မာရိသ။ ။
ဟူသည်တည်း။ ။
သော,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၃)သော-ဟံ နူန ဣတော ဂန္တွာ၊ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူသီလ-သမ္ပန္နော၊ကာဟာမိ ကုသလံ ဗဟုံ။ ။
ဟူသည်တည်း။ ။
(၅၆ဝ-၅၆၃)ယေသံနော ယေမယံ၊ အကြင်ငါတို့သည်။ ဒုဇ္ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကုန်၏။ ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်လျက်။ နဒဒါမှသေ၊ မပေးမလှူကုန်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ တည်ရာကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကို။ နအကမှ၊ မပြုမိကုန်။ ။
နိရယေ၊ ငရဲ၌။ ပစ္စမာနာနံ၊ ကျက်ရကုန်သောငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်စုံကုန်ပြီ။ ကဒါ၊ အဘယ်နံ့။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ ။
မာရိသ၊ ငါနှင့်တူသောအဆွေ။ မမ၊ ငါသည်၎င်း။ တုယှဉ္စ၊ သင်သည်၎င်း။ တဒါဟိ၊ ထိုသို့ရှေးလူစစ်ဖြစ်သောအခါ၌သာလျှင်။ ပါပံ၊ မကောင်းမှုဒုစရိုက်ကို။ ပကတံ၊ များစွာပြုအပ်ပြီ။ တေနကာရဏေန၊ ထိုသို့အကုသိုလ်များစွာပြုမိသောကြောင့်လျှင်။ အန္တော၊ အဆုံးသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ့်ကြောင့်။ အန္တော၊ အဆုံးအပိုင်းအခြားသည်။ အတ္ထိ၊ ရှိအံ့နည်း။ အန္တော၊ ဤမည်သောကာလလွတ်လတ္တံ့ဟူသောအပိုင်းအခြားသည်။ နပဋိဒိဿတိ၊ မထင်။ ။
သောအဟံ၊ ထိုငါသည်။ ဣတော၊ ဤငရဲမှ။ ဂန္တွာ၊ သွား၍။ မာနုသိံ၊ လူဖြစ်သော။ ယောနိံ၊ အမျိုးကို။ လဒ္ဓါန၊ ရ၍။ ဝဒညူ၊ အလှူခံသောသူ၏ စကားကိုသိသည်။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသည်။ ဟုတွာ၊ ဖြစ်၍။ နူန၊ စင်စစ်သဖြင့်။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ဒါနသီလစသည် ထိုထိုကုသိုလ်တရားကို။ ကာဟာမိ၊ ပြုအံ့။ ။
လောဟကုမ္ဘိဇာတကံ စတုတ္ထံ။၃၁၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဖရုသာဝတတေဝါစာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသဗ္ဗမံသလာဘဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်သာရိပုတ္တရာမထေရ်သည် ဝမ်းကျဆေးသောက်ကုန်သော ရဟန်းတို့အား ပေးအပ်သော အမဲ အရသာဆွမ်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ တစ်ယောက်သော မုဆိုးသည် များစွာသောအသားကိုရ၍ယာဉ်ကိုပြည့်စေ၍ရောင်းအံ့ဟုမြို့သို့လာ၏။ ထိုအခါဗာရာဏသီပြည်၌နေသောလေးယောက်ကုန်သော သူဋ္ဌေးသားတို့သည်မြို့မှ ထွက်၍တစ်ခုသောလမ်း၏ အနီး၌တစ်စုံတစ်ခု ကြားဖူးမြင်ဖူးသည်ကို ပြောဆိုကုန်လျက်နေကုန်၏။ ထိုလေးယောက်ကုန်သော သူဋ္ဌေးသားတို့တွင်တစ်ယောက်သောသူဋ္ဌေးသားသည် အမဲယာဉ်ကိုမြင်၍ထိုအမဲရောင်းသောမုဆိုးကို အမဲတုံးကိုပေးစေအံ့ဟုဆို၏။ သွားလော့ဆောင်ချေလော့ဟုဆိုကြကုန်၏။ ထိုသူဋ္ဌေးသားသည်မုဆိုးသို့ကပ်၍၊ ဟယ်မုဆိုး၊ငါ့အားအမဲတုံးကိုပေးလော့ဟုဆို၏။ မုဆိုးသည်၊အဆွေ၊တစ်စုံတစ်ခုကိုတောင်းသောသူမည်သည်ကား၊ချစ်ဖွယ်သော စကားကိုဆိုရာ၏။ သင်ဆိုအပ်သောစကားအားလျော်သောအမဲတုံးကိုရလတ္တံ့ ဟုဆို၍။ ။
(၅၆၄)ဖရုသာ ဝတ တေ ဝါစာ၊သမ္မ ယာစနကော အသိ။
ကိလောမ-သဒိသီ ဝါစာ၊ကိလောမံ သမ္မ ဒမ္မိ တေ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(၅၆၄)သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ယာစနကော၊ တောင်းသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဝတ၊ စင်စစ်။ ဖရုသာ၊ ကြမ်း၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ကိလောမ-သဒိသီ၊ အမှေးနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကိလောမံ၊ အမှေးကို။ ဒမ္မိ၊ ပေးအံ့။ ။
ဤအမှေးကိုယူလော့။ သင့်စကားနှင့်တူသောအမှေးကိုငါပေး၏ဟုဆို၍အသားအသွေးမရှိသောအမှေးကိုယူ၍ပေး၏။ ။
ထိုအခါတစ်ယောက်သောသူဋ္ဌေးသားသည်၊ ထိုသူဋ္ဌေးသားကို အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏။ ဟယ်ဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း မုဆိုးကိုတောင်းအံ့ဟုဆို၍၊ သွား၍၊အစ်ကိုယ်ကြီး၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲတုံးကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၅)အင်္ဂ-မေတံ မနုဿာနံ၊ဘာတာ လောကေ ပဝုစ္စတိ။
အင်္ဂ-ဿ သဒိသီ ဝါစာ၊အင်္ဂံ သမ္မ ဒဒါမိ တေ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၅၆၅)လောကေ၊ လူ့ရွာ၌။ ဘာတာ၊ ညီအစ်ကိုယ်ဟူသော။ ယဒိဒံယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ညီအစ်ကိုယ်ဟူသောဤစကားကို။ မနုဿာနံ၊ လူတို့၏။ အင်္ဂသဒိသတ္တာ၊ အင်္ဂါနှင့်တူသည်အဖြစ်ကြောင့်။ အင်္ဂ၊ ကိုယ်အင်္ဂါဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ အင်္ဂသဒိသီ၊ ကိုယ်အင်္ဂါနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ အင်္ဂံ၊ ကိုယ်သားကို။ ဒဒါမိ၊ ပေးအံ့။ ။
ဤသို့ဆို၍ကိုယ်သားကိုယူ၍ပေး၏။ ။
ထို သူဋ္ဌေးသားကို တစ်ယောက်သော သူဋ္ဌေးသားသည် အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏အစ်ကိုယ်ဆို၍ တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည် ငါလည်းမုဆိုးကိုအမဲတောင်းအံ့ဟုဆို၍၊ အဘ၊ငါ့အား အမဲတုံးကိုပေးပါဟုဆို၏။ မုဆိုးသည် သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၆)တာတာ-တိ ပုတ္တော ဝဒမာနော၊သမ္မေတိ ဟဒယံ ပိတု။
ဟဒယ-ဿ သဒိသီ ဝါစာ၊ဟဒယံ သမ္မ ဒမ္မိ တေ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၆၆)တာတာတိ၊ အဘဟူ၍။ ဝဒမာနော၊ ဆိုသော။ ပုတ္တော၊ သားသည်။ ပိတု၊ အဘ၏။ ဟဒယံ၊ နှလုံးကို။ သမ္မေတိ၊ ငြိမ်းအေးစေ၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဟဒယသဒိသီ၊ နှလုံးသားနှင့်တူ၏။ တေ၊ သင့်အား။ ဟဒယံ၊ နှလုံးသားကို။ ဒမ္မိ၊ ပေးအံ့။ ။
ဤသို့ဆို၍နှလုံးသားနှင့် တကွကောင်းသောအသားကိုပေး၏။ ။
ထိုသူဋ္ဌေးသားကိုလေးယောက်မြောက်ဖြစ်သောသူဋ္ဌေးသားသည် အဘယ်သို့ဆို၍ သင်တောင်းသနည်းဟုမေး၏။ အဘဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း တောင်းအံ့ဟုဆို၍၊အဆွေခင်ပွန်း၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၇)ယဿ ဂါမေ သခါ နတ္ထိ၊ယထာ-ရညံ တထေဝ-တံ။
သဗ္ဗဿ-သဒိသီ ဝါစာ၊သဗ္ဗံ သမ္မ ဒဒါမိ တေ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၆၇)ယဿ၊ အကြင်သူအား။ ဂါမေ၊ ရွာ၌။ သခါ၊ အဆွေခင်ပွန်းသည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုသူ၏။ တံဌာနံ၊ ထိုအရပ်သည်။ အမနုဿံ၊ လူဆိတ်သော။ အရညံယထာ၊ တောကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ သုညံ၊ အဆွေခင်ပွန်းမှဆိတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ၊ သင်၏။ အယံဝါစာ၊ ဤစကားသည်။ သဗ္ဗဿသဒိသီ၊ စွန့်ကြဲအပ်သောအလုံးစုံသောမိမိဥစ္စာနှင့်တူ၏။ တသ္မာ၊ ထို့ကြောင့်။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ သဗ္ဗံ၊ ဤအလုံးစုံသောငါ၏ဥစ္စာအမဲကို။ ဒဒါမိ၊ ပေးအံ့။ ။
ဤသို့ဆို၍၊ အဆွေ၊ လာလော့၊ အလုံးစုံလျှင် ဖြစ်သော ဤယာဉ်၌ တင်သော အမဲကိုသင့်အိမ်သို့ဆောင်အံ့ဟုဆို၏။ သူဋ္ဌေးသားသည် မုဆိုးကို ယာဉ်ကိုနှင်စေလျက်၊ မိမိအိမ်သို့အမဲကို ဆောင်ခဲ့စေ၍ မုဆိုးအားပေးကမ်း ပူဇော်ခြင်းကိုပြု၍ မုဆိုး၏သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအမှုမှကြဉ်စေ၍ မိမိဥစ္စာအလယ်၌ နေစေလျက်၊ မုဆိုးနှင့်တကွ အဆွေခင်ပွန်း အဖြစ်မှမကွဲမပျက်သည်ဖြစ်၍ အသက်ထက်ဆုံး ညီညွတ်သင့်တင့်စွာနေကုန်၏။ ။ (အင်္ဂသဒိသီတေဝါစာ,ဆိုအပ်လျက်ဆန်းကိုငဲ့၍ဿဒွေးဘော်,သီ,၌ဤ,ကိုရဿပြု၍အင်္ဂဿသဒိသိ,ဆိုသည်။ ။ ဟဒယဿဒိသီ,၌ကား ရဿမပြုရပြီ။ သဿဧတဿသံသဗ္ဗဿံ။ ဿဒွေးဘော်ရောက်သည်။ ။
သဗ္ဗေနအတ္တနောသန္တကေနပိစာဂေနသဒိသီတိသဗ္ဗသသဒိသီ။ ဟူသောအနက်ကိုမှတ်ရမည်)။ ။
သဗ္ဗမံသလာဘဇာတကံပဉ္စမံ။၃၁၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သတ္တမေရောဟိတာမစ္ဆာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသသပဏ္ဍိတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ခပ်သိမ်းသောပရိက္ခရာအလှူကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ကား အချိန်၌သာလျှင်နေရာမှထွက်၍နေစာမြက်တို့ကိုစားအံ့ဟု မိမိနေရာချုံ၌လျှင် ဝပ်၍ မိမိသီလကိုဆင်ခြင်လျက် ငါ့အထံသို့လာကုန်သောအလှူခံတို့သည် မြက်ကိုစားခြင်းငှါမတတ်ကောင်းကုန်။ နှမ်း,ဆန်,အစရှိသည်တို့သည်လည်းငါ့အားမရှိကုန်။ ငါ့အထံသို့အလှူခံသည်အကယ်၍လာငြားအံ့၊ကိုယ့်အသားကိုလှူအံ့ဟုကြံ၏။ ဘုရားလောင်းသီလတန်းခိုးအားဖြင့်သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ ယုန်မင်းကိုစူးစမ်းအံ့ဟုရှေးဦးစွာဖျံ၏နေရာသို့သွား၏။ ပုဏ္ဏားအသွင်ဖြင့်ရပ်၏။ ပုဏ္ဏား၊ အဘယ်အကျိုးငှါရပ်သနည်းဟုမေးလတ်သော်၊ ပညာရှိ၊ တစ်စုံတစ်ခုသော အာဟာရကိုရသော် ဥပုသ်ဆောက်တည်၍နေအံ့ဟုရပ်၏ဟူ၍ဆို၏။ ဖျံသည်ကောင်းပြီ၊ သင့်အားအာဟာရကိုပေးအံ့ဟုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၈)သတ္တ မေ ရောဟိတာ မစ္ဆာ၊ဥဒကာ ထလ-မုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊စောသေး၏။ နောက်မှသိရအံ့ဟုဆို၍မြေခွေး၏ အထံသို့သွား၏။ မြေခွေးသည်လည်း အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မြေခွေးသည် ကောင်းပြီ၊ လှူအံ့ဟုထိုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၉)ဒုဿ မေ ခေတ္တ-ပါလဿ၊ရတ္တိံ ဘတ္တံ အပါ-ဘတံ။
မံသ-သူလာ စ ဒွေ ဂေါဓံ၊ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏နောက်မှသိရအံ့ဟုဆို၍မျောက်၏အထံသို့သွား၏။ မျောက်သည်လည်းအဘယ်အကျိုးငှာ ရပ်လာသနည်းဟုမေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မျောက်သည် ကောင်းပြီ လှူအံ့ဟုသိကြားမင်းနှင့်တကွပြောလိုရကား။ ။
(၅၇၀)အမ္ဗ-ပက္ကံ ဒကံ သီတံ၊သီတ-စ္ဆာယာ မနော-ရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏၊နောက်မှသိရအံ့ဟုဆို၍ ယုန်ပညာရှိအထံသို့သွား၏။ ယုန်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ ထိုစကားကို ကြား၍ဘုရားလောင်းသည် ဝမ်းမြောက်ခြင်းသို့ရောက်သည်ဖြစ်၍ ပုဏ္ဏားအား အာဟာရအကျိုးငှာ ငါ့အထံသို့လာသော သင်သည်ကောင်းသည်ကိုပြုအပ်၏။ ယနေ့ငါသည်မလှူဖူးသောအလှူကိုလှူအံ့။ သင်သည်ကားသီလရှိ၏၊ ပါဏာတိပါတ်ကိုမပြုလတ္တံ့။ ပုဏ္ဏား၊ သွားချေ၊ အထူးထူးသော ထင်းတို့ကိုစု၍မီးကျီးပြု၍ငါ့အားကြားလော့။ ငါသည်ကိုယ်ကိုစွန့်၍မီးကျီးစု၌ဆင်းအံ့။ ငါ၏ကိုယ်သည်ကျက်လတ်သော် သင်သည်အသားကိုစား၍ရဟန်းတရားကိုကျင့်လော့ဟု သိကြားနှင့်တကွပြောလိုရကား။ ။
(၅၇၁)န သသဿ တိလာ အတ္ထိ၊န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊မမံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၇၁)ဗြာဟ္မဏ၊ ပုဏ္ဏား။ သသဿ၊ ယုန်အား။ တိလာ၊ နှမ်းတို့သည်။ နအတ္ထိ၊ မရှိကုန်။ မုဂ္ဂါ၊ ပဲနောက်တို့သည်။ နအတ္ထိ၊ မရှိကုန်။ တဏ္ဍုလာပိ၊ ဆန်တို့သည်လည်း။ နအတ္ထိ၊ မရှိကုန်။ ဣမိနာအဂ္ဂိနာ၊ မီးထည့်လေဟုငါဆိုအပ်သောဤသည်မီးဖြင့်။ ပက္ကံ၊ ကျက်သော။ မမံ၊ ငါ့ကို။ တနည်းကား။ မမံ၊ ငါ၏။ မံသံ၊ အသားကို။ ဘုတွာ၊ အလိုအလျောက်ပရဘုတ်၍။ ဝနေ၊ ဤတော၌။ ဝသ၊ ရဟန်းတရားကိုကျင့်သုံး၍နေလော့။ ။
အဒုဿ,ဆိုလိုလျက် အ,ကျေသည်၊ ထို့ကြောင့်၊ဒုဿာတိအဒုဿ,ဟု၊အဋ္ဌကထာဖွင့်သောဝ်။ အမ္ဗပက္ကံဥဒကံ,ဖြတ်။ တနည်း၊ဒကံ,သည်ပင်လျှင်ရေဟောမှတ်။ ။ အာပေါ ပယော ဇလံ ဝါရိ၊ ပါနီယံ သလိလံ ဒကံ၊ အဏ္ဏောနီရံ ဝနံ ဝါလံ၊ တောယံ အမ္ဗု ဒကဉ္စ ကံ။ ။ (အဘိဓာန်)။ ။ ရေဟောပရိယာယ်)။ ။ ယုန်မင်းဆိုသောကာလမီးမရှိသေးငြားသော်လည်းမီးပြုလေဟုယုန်မင်း ဆိုအပ်သောမီးကိုပင်လျှင် မျက်မှောက်ပစ္စက္ခကဲ့သို့ မိမိဉာဏ်၌မြင်ရကား၊ ဣမိနာအဂ္ဂိနာ,ဟုဆိုသတည်း။ ထို့ကြောင့်၊ ယေနာဟံအဂ္ဂိံကရော ဟီတိဝဒါမိဣမိနာအဂ္ဂိနာ,ဟု၊အဋ္ဌကထာမိန့်သောဝ်)။ ။
သသပဏ္ဍိတဇာတကံ ဆဋ္ဌံ။၃၁၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မတံ မတံ ဧဝရောဒထ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမတရောဒနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသော၊ သာဝတ္ထိ ပြည်၌နေသော သူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သင်သည် အစ်ကိုယ်သေသော်အဘယ့်ကြောင့်မငိုသနည်းဟု ဘုရားလောင်းကိုကဲ့ရဲဲ့ကြကုန်၏။ ဘုရားလောင်းသည် ထိုသူတို့၏စကားကို ကြား၍ သင်တို့သည် အလွန်မိုက်သည်၏အဖြစ်ကြောင့် ရှစ်ပါးသော လောကဓံတရားကိုမသိကုန်၍ ငါ့အစ်ကိုယ်သေလတ်သော် ငိုကြကုန်၏။ ငါသည်လည်းသေရအံ့။ ထို့ကြောင့် ငါသည်ကားမငို။ သင်တို့သည် လည်းသေကုန်လတ္တံ့။ ထို့ကြောင့်ငါတို့သည်လည်းသေရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ မငိုကြကုန်လင့်။ ခပ်သိမ်းသောသင်္ခါရတို့သည် မမြဲကုန်၊ဖြစ်၍ချုပ်တတ်ကုန်၏။ ထိုသဘောဖြင့်တည်ခြင်းငှာစွမ်းနိုင်သော တစ်ပါးသောသင်္ခါရသည်လည်းမရှိ။ အလွန်မိုက်ကုန်သောသင်တို့သည်မသိအပ်သောသဘောရှိကုန်သော လောကဓံတရား ရှစ်ပါးတို့ကိုမသိ ကုန်၍ငိုကုန်သော်၊ ငါသည်အဘယ်အကျိုးငှာငိုရအံ့နည်းဟုဆို၍။ ။
(၅၇၂)မတံ မတံ ဧဝ ရောဒထ၊န ဟိ တံ ရောဒထ ယော မရိဿတိ။
သဗ္ဗေပိ သရီရ-ဓါရိနော၊အနုပုဗ္ဗေန ဇဟန္တိ ဇီဝိတံ။ ။
(၅၇၃)ဒေဝ-မနုဿာ စတုပ္ပဒါ၊ပက္ခိ-ဂဏာ ဥရဂါ စ ဘောဂိနော။
အသ္မိံ သရီရေ အနိဿရာ၊ရမမာနာဝ ဇဟန္တိ ဇီဝိတံ။ ။
(၅၇၄)ဧဝံ စလိတံ အ-သဏ္ဌိတံ၊သုခ-ဒုက္ခံ မနုဇေသွပေက္ခိယ။
ကန္ဒိတရုဒိတံ နိရတ္ထကံ၊ကိံ ဝေါ သောက-ဂဏာဘိကီရရေ။ ။
(၅၇၅)ဓုတ္တာစ သောဏ္ဍာ အကတာ၊ဗာလာ သူရာ အ-ယောဂိနော။
ဓီရံ မညန္တိ ဗာလော-တိ၊ယေ ဓမ္မဿ အ-ကောဝိဒါ။ ။
ဟူသောလေးဂါထာတို့ကိုဆို၏။ ။
(၅၇၂-၅၇၅)တုမှေ၊ သင်တို့သည်။ မတံမတံဧဝ၊ သေတိုင်းသေတိုင်းသောသူကိုသာလျှင်။ ရောဒထ၊ ငိုကြကုန်၏။ ယော၊ အကြင်သူသည်။ မရိဿတိ၊ သေလတ္တံ့။ တံ၊ ထိုသေလတ္တံ့သောသူကို။ နဟိရောဒထ၊ မငိုကြကုန်။ သဗ္ဗေပိ၊ ကုန်အောင်စုံလည်းဖြစ်ကုန်သော။ သရီရ-ဓာရိနော၊ ကိုယ်ကိုဆောင်သောသူတို့သည်။ အနုပုဗ္ဗေန၊ မိမိတို့သေချိန်ရောက်ကအစဉ်အားဖြင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ။
ဘောဂိနော၊ ခြွေရံစည်းစိမ်နှင့်ပြည့်စုံကုန်သော။ ဒေဝါ၊ နတ်တို့သည်၎င်း။ မနုဿာ၊ လူတို့သည်၎င်း။ စတုပ္ပဒါ၊ အခြေလေးချောင်းရှိသောသတ္တဝါတို့သည်၎င်း။ ပက္ခိဂဏာ၊ ငှက်အပေါင်းတို့သည်၎င်း။ ဥရဂါစ၊ မြွေနဂါးတို့သည်၎င်း။ အသ္မိံသရီရေ၊ ထိုကိုယ်၌။ အနိဿရာ၊ အစိုးမရကုန်သည်ဖြစ်၍။ ရမမာနာဝ၊ ဖြစ်ရာဖြစ်ရာ အရပ်၌မငြီးငွေ့မွေ့လျော် ကုန်လျက်သာလျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ။
မနုဇေသု၊ လူတို့၌။ ဧဝံ၊ ဤသို့။ စလိတံ၊ အမြဲမတည်တလှုပ်လှုပ်ဖြစ်ထသော။ အသဏ္ဌိတံ၊ ခိုင်ခံ့မြဲမြံစွာ မတည်ထသော။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ အပေက္ခိယ၊ ပညာဉာဏ်ဖြင့်အဖန်ဖန်ကြည့်၍။ ကန္ဒိတရုဒိတံ၊ မြည်တမ်းငိုကြွေးခြင်းသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ကိံ၊ အဘယ့်ကြောင့်။ ဝေါတုမှေ၊ သင်တို့ကို။ သောကဂဏာ၊ စိုးရိမ်ခြင်းအပေါင်းတို့သည်။ အဘိကီရရေ၊ နှိပ်စက်လွှမ်းမိုးကုန်ဘိသနည်း။ ။
ဓုတ္တာစ၊ မိန်းမကြူးသည်ကြွေအံကြူးသည်လည်းဖြစ်ကုန်သော။ သောဏ္ဍာစ၊ သောက်ကြူးစားကြူးသည်လည်းဖြစ်ကုန်သော။ အကတာ၊ သင်အပ်သောအတတ်ပညာ မရှိသည်လည်း ဖြစ်ကုန်သော။ သူရာ၊ မသင့်သောအားဖြင့်နှလုံးသွင်းခြင်းတို့၌ရဲရင့်ကုန်သော။ အယောဂိနော၊ ကောင်းသော ပယောဂကင်းကုန်သော။ ဝါ၊ အားထုတ်သင့်သောသုစရိုက်တို့၌အားထုတ်ခြင်းကင်းကုန်သော။ ဓမ္မဿ၊ ရှစ်ပါးအပြားရှိသော လောကဓံ၌။ အကောဝိဒါ၊ မလိမ်မာကုန်သော။ ယေဗာလာ၊ အကြင်သူမိုက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေဗာလာ၊ ထိုသူမိုက်တို့သည်။ ဓီရံ၊ ဆွေမျိုးတို့၏သေခြင်းအစရှိသည်တို့၌ လောကဓံတရားကိုအမှန်အားဖြင့်သိလျက်သတိဉာဏ်ထိန်း၍ မငိုကြွေးသော ငါကဲ့သို့သောပညာရှိကို။ ဗာလောတိ၊ သူမိုက်ဟူ၍။ မညန္တိ၊ အောက်မေ့ကုန်၏။ ။
(မတံ,စသောရှေးသုံးဂါထာဝေတာလီ။ ဓုတ္တာ,စသောစတုတ္ထဂါထာပထျာဝတ္တ)။ ။
မတရောဒနဇာတကံ သတ္တမံ။၃၁၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံန္တံဝဿန္တသမယံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသာမာသည် တစ်စုံတစ်ခုသောဥပါယ်ဖြင့် အသျှင်သားကိုရှာ၍ခေါ် စေအံ့ဟုကချေသည်တို့ကို ခေါ် စေ၍ တစ်ထောင်သောဥစ္စာကိုပေး၏။ သျှင်မ၊ အသို့ပြုရကုန်အံ့နည်းဟုဆိုကုန်သည်ရှိသော်၊ သင်တို့အား မရောက်သောအရပ်မည်သည်မရှိ။ သင်တို့သည်ရွာနိဂုံးမင်းနေပြည်တို့သို့လှည့်လည် ကုန်လျက်ပွဲသဘင်ပြု၍၊ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကိုသီကြကုန်လော့ဟုကချေသည်တို့ကိုသင်လျက် ရှေးဦးစွာသောဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော်အရှင်သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူစကားပြောဆိုလတ္တံ့။ ထိုအခါ အရှင်သားအား ငါ၏ ရောဂါကင်းနေသည့်အဖြစ်ကိုဆို၍ အရှင်သားကိုခေါ်၍လာကြကုန်လော့။ အကယ်၍မလိုက်လာအံ့၊ သတင်းစကားမှာထားလိုက် ကြကုန်လော့ဟုဆို၍ကချေသည်တို့ကိုလွှတ်လိုက်၏။ ကချေသည်တို့သည်ဗာရာဏသီမှထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့သွားကုန်၏။ ထိုခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရာဇ်၌ နေ၏။ ထိုကချေသည်တို့သည် ထိုအရပ်၌ပွဲသဘင်ပြုကုန်လျက်။ ။
(၅၇၆)ယံ-န္တံ ဝသန္တသမယေ၊ကဏဝေရေသု ဘာဏုသု။
သာမံ ဗာဟာယ ပီဠေသိ၊သာ တံ အာရောဂျမဗြဝိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ခိုးသူကြီးသည် ထိုစကားကိုကြား၍ ကချေသည်သို့ကပ်၍သင်သည် သာမာသည်ရှင်သေး၏ဟုဆို၏။ ငါမယုံဟုကချေသည်နှင့်စကားပြောဆိုလိုရကား။ ။
(၅၇၇)အမ္ဘော န ကိရ သဒ္ဓေယျံ၊ယံ ဝါတော ပဗ္ဗတံ ဝဟေ။
ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊သဗ္ဗမ္ပိ ပထဝိံ ဝဟေ။
ယတ္ထ သာမာ ကာလကတာ၊သာ မံ အာရောဂျမဗြဝိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ကချေသည်သည်ခိုးသူကြီးစကားကိုကြား၍။ ။
(၅၇၈)န စေဝ သာ ကာလကတာ၊န စ သာ အည-မိစ္ဆတိ။
ဧက-ဘတ္တိကိနီ သာမာ၊တမေဝ-အဘိကင်္ခတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်းဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ၊ သာမာဖြင့်ငါအလိုမရှိဟုဆို၍။ ။
(၅၇၉)အ-သန္ထုတံမံ စိရ-သန္ထုတေန၊နိမီနိ သာမာ အဓုဝံ ဓုဝေန။
မယာပိ သာမာ နိမိနေယျ အညံ၊ဣတော အဟံ ဒူရတရံ ဂမိဿံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၇၉)သာမာ၊ သာမာသည်။ အ-သန္ထတံ၊ မပေါင်းပေါ်ဖူးသော။ မံ၊ ငါ့ကို။ စိရသန္ထတေန၊ ကြာမြင့်စွာပေါင်းပေါ်သောသူဋ္ဌေးသားဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ အဓုဝံ၊ မမြဲသောငါ့ကို။ ဓုဝေန၊ မြဲသောလက်ဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ သာမာ၊ သာမာသည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ သွားအံ့။ ။
ငါ တစ်ပါးသောအရပ်သို့သွားသောအဖြစ်ကို သာမာအားပြောကြကုန်ဟုဆို၍။ ထိုကချေသည်တို့၏မြင်စဉ်လျှင် အလွန်မြဲစွာပုဆိုးကို ဝတ်၍စွာမြန်သောအဟုန်ဖြင့်ပြေး၏။ ကချေသည်တို့သည်သွား၍ခိုးသူကြီးပြုသောအမူအရာကိုသာမာအားပြောဆိုကုန်၏။ သာမာသည်နှလုံးမသာ၍ မိမိသဘောဖြင့်လျှင်ကာလကိုလွန်စေ၏။ ။
(ယန္တံ၌တံအနက်မရှိ။ ယံ-တွံရှိမူ၊ တွံ၊ အရှင်သားသည်။ ယံသာမံ၊ အကြင်သာမာကိုပေး။ ။ ကဏဝိရေသုလိုလျက်ဂါထာဖြစ်၍၊ဣ,ကိုဧး,ရေးသည်။ ။ အဘိဓာန်၌ကား။ ကရဝီရောဿမာရကော,ဟုဆို၏။ ။
ဒွယံကရဝီရေ။ ကုစ္ဆိတံရဝန္တိအဿာယေနကရဝီရော၊ဤရော။ အဿေမာရေတိတဿမာရကော။ ။ ၎င်းဋီကာ။ ။ သာမာ၊ သာမာသည်။ ဧကဘတ္တံ၊ တစ်ယောက်သောလင်ကို။ ကိနိ၊ ဝယ်၏၊ ဟုယောဇနာသည်ကားမသင့်။ ။ ဘတ္တုသဒ္ဒါလင်ဟော။ ဒုတိယန္တ ဖြစ်မှု၊ဘတ္တာရံ,နေသင့်၏။ ဘတ္တံ, မသင့်။ ဒွေဘတ္တာနိနဘုဉ္ဇတိ, ဟူသောရှေးစကားကိုထောက်၍၊တစ်ထပ်ထည်းသောထမင်းကိုသာစားသည်၊ယောဇနာသည်)။ ။
ကဏဝေရဇာတကံ အဋ္ဌမံ။၃၁၈။၊
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုသုခံဝတဇီဝါမိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို၊ ကောသမ္ဗီပြည်ကိုမှီ၍ ဆီးတောကျောင်း၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်ရာဟုလာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုငှက်မုဆိုးသည် များစွာကုန်သောခါတို့ကိုယူ၍ ရေသောက်အံ့ဟု ဘုရားလောင်း၏ ကျောင်းသို့ သွား၍ ထိုချိုင့်ကို ဘုရားလောင်းအထံ၌ထား၍ရေကိုသောက်၍ သဲအပြင်၌လျောင်းလျက် အိပ်ပျော်၏။ ခါသည် မုဆိုးအိပ်ပျော်သည်၏အဖြစ်ကိုသိ၍၊ ငါ၏ယုံမှားခြင်းကိုရသေ့ကိုမေးအံ့။ သိသည်ရှိသော် ငါ့အားဖြေလတ္တံ့ဟု ချိုင့်၌နေလျက်လျှင် ဘုရားလောင်းကိုမေးလိုရကား။ ။
(၅၈၀)သုသုခံ ဝတ ဇီဝါမိ၊လဘာမိ စေဝ ဘုဉ္ဇိတုံ။
ပရိပန္ထေ-ဝ တိဋ္ဌာမိ၊ကာ နု ဘန္တေ ဂတီ မမ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုခါ၏ပြဿနာကိုဖြေလိုရကား ဘုရားလောင်းသည်။ ။
(၅၈၁)မနော စေ တေန-ပ္ပဏမတိ၊ပက္ခိ ပါပဿ ကမ္မုနော။
အ-ဝါဝဋဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခါသည်။ ။
( ၅၈၂)ဉာတကော နော နိသိန္နောတိ၊ဗဟု အာဂစ္ဆတေ ဇနော။
ပဋိစ္စ ကမ္မံ ဖုသတိ၊တသ္မိံ မေ သင်္ကတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်။ ။
(၅၈၃)န ပဋိစ္စ ကမ္မံ ဖုသတိ၊မနော စေ န-ပ္ပဒုဿတိ။
အပ္ပေါ-ဿုက္ကဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၃)ပက္ခိ၊ ငှက်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ ပါပကိရိယာ၊ မကောင်းမှုကို ပြုခြင်းငှာ။ စေနပ္ပဒုဿတိ၊ အကယ်၍ မပြစ်မှားအံ့။ ဧဝံသန္တေ၊ ဤသို့နှလုံးမပြစ်မှားသည်ရှိသော်။ တံ၊ သင့်ကို။ ပဋိစ္စ၊ စွဲ၍။ လုဒ္ဒေန၊ မုဆိုးသည်။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ ပါဏာတိပါတ အကုသိုလ်ကံသည်။ တံ၊ သင့်သို့။ နဖုသတိ၊ မရောက်။ အပ္ပေါဿုက္ကဿ၊ မကောင်းမှုကို ပြုခြင်းငှာကြောင့်ကြ အားထုတ်ခြင်းကင်းသော။ ဘဒြဿ၊ စင်ကြယ် ကောင်းမြတ်သည်သာဖြစ်သော။ တေ၊ သင်အား။ ပါပံ၊ မကောင်းမှုအကုသိုလ်ကံသည်။ နဥပလိမ္ပတိ၊ မလိမ်းကျံမကပ်ငြိ။ ။
တိတ္တိရဇာတကံ နဝမံ။၃၁၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သုစဇံဝတနစ္စဇ္ဇိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုစဇ္ဇဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ တစ်ယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် မင်းအားခစားအံ့သောငှာ လာ၍ မိဖုရားနေသောကာလ၌၊ ရှင်မိဖုရား၊ ကျွန်ုပ်တို့သည် ရှင်မိဖုရားတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်ဟုဆို၏။ ဘခင်၊ကျွန်ုပ်သည်တစ်စုံတစ်ခုကိုမရပါ။ ဘခင်အား အဘယ်ကို ပေးရအံ့နည်း။ အရှင်မင်းသည် တောမှလာသော ကာလ၌ တစ်ခုသော တောင်ကိုမြင်၍ ဤတောင်ရွှေဖြစ်သော်ကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု မေးသည်ရှိသော်၊ သင်သည် အဘယ်မည်သောမိန်းမနည်း။ ငါသည်တစ်စုံတစ်ခုကိုမပေးဟုဆို၍ပေးလွယ်သောအရာကိုလည်းမပေး။ ထိုမင်းသည်ယခုအခါကျွန်ုပ်အားအဘယ်မည်သော ဥစ္စာကိုပေးလတ္တံ နည်းဟူသောအနက်ကိုပြလို၍။ ။
(၅၈၄)သုစ္စဇံ ဝတ န-စ္စဇ္ဇိ၊ဝါစာယ အ-ဒဒံ ဂိရိံ။
ကိံ ဟိတဿ စဇ-န္တဿ၊ဝါစာယ အ-ဒဒ ပဗ္ဗတံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(၅၈၄)တာတ၊ ဘခင်။ ဂိရိံ၊ တောင်ကို။ ဝါစာယ၊ စကားမျှဖြင့်လည်း။ အဒဒံ၊ မပေးသောမင်းသည်။ ဝတ၊ စင်စစ်။ သုစဇံ၊ လွယ်သဖြင့်စွန့်ခြင်းငှာ တတ်ကောင်းသော ဝတ္ထုကိုလည်း။ နစ္စဇ္ဇိ၊ မပေးမစွန့်။ ဝါစာယ၊ စကားမျှဖြင့်။ ပဗ္ဗတံ၊ တောင်ကို။ အဒဒံအဒဒန္တော၊ မပေးသောဤမင်းသည်။ မယာ၊ ငါသည်။ ယာစိတဿ၊ တောင်းအပ်သော။ ကိံဟိတဿ၊ကိံဟိတံ၊ အဘယ်အစီးအပွားကို။ စဇန္တော၊ ပေးစွန့်သည်။ အဿ၊ ဖြစ်လိမ့်နည်း။ ။
(ပေးလွယ်သောတောင်ကိုမျှ မပေးဘဲမင်းသည် ငါတောင်းအပ်သော်အဘယ်အစီးအပွားကိုပေးစွန့်လိမ့်နည်းဟူလိုသောဝ်)။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၅၈၅)ယဉှိ ကယိရာ တဉှိ ဝဒေ၊ယံ န ကယိရာ န တံ ဝဒေ။
အ-ကရောန္တံ ဘာသမာနံ၊ပရိဇာနန္တိ ပဏ္ဍိတာ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မိဘုရားသည်မင်းအားလက်အုပ်ချီ၍။ ။
(၅၈၆)ရာဇ-ပုတ္တ နမော တျတ္ထု၊သစ္စေ ဓမ္မေ ဌိတော ဝသိ။
ယဿ တေ ဗျသနံ ပတ္တော၊သစ္စသ္မိံ ရမတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ဤသို့မင်း၏ကျေးဇူးကိုဆိုသောမိဘုရား၏စကားကိုဘုရားလောင်းကြား၍မိဘုရား၏ကျေးဇူးကိုဆိုလိုရကား။ ။
(၅၈၇)ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
သာ ဟိ-ဿ ပရမာ ဘရိယာ၊သ-ဟိရညဿ ဣတ္ထိယော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၇)ကိတ္တိမ၊ ကျေးဇူးသတင်းကျော်စောခြင်းနှင့် ပြည့်စုံသော မင်း။ ယာဘရိယာ၊ အကြင်မယားသည်။ ဒဠိဒ္ဒဿသာမိကဿ ဒဠိဒ္ဒကာလေ၊ လင်ဆင်းရဲသောကာလ၌။ သယမ္ပိ၊ မိမိသည်လည်း။ ဒဠိဒ္ဒီ၊ ဆင်းရဲသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုဆင်းရဲသောလင်ကို။ နပရိစ္စဇတိ၊ တောင်ကပ်ဖားရားသွားတိုင်းလာတိုင်းလုပ်ကျွေးပြုစုလျက်မိမိအသက်နှင့်အတူ ချစ်ကြည်ဖြူသည်ဖြစ်၍မစွန့်မလွှတ်။ အဍ္ဎဿသာမိကဿအဍ္ဎကာလေ၊ လင်,ကြွယ်ဝ ကုံလုံသောကာလ၌။ အဍ္ဎာ၊ မိမိလည်းကြွယ်ဝသည်။ ဟုတွာ၊ ဖြစ်၍။ သာမိကမေဝ၊ လင်သို့သာလျှင်။ အနုဝတ္တတိ၊ အစဉ်လိုက်၏။ သမာနသုခဒုက္ခာ၊ တူမျှသော ချမ်းသာဆင်းရဲရှိသည်။ ဟောတိ၊ ဖြစ်၏။ သာဟိသာဧဝ၊ ထိုမယားသည်သာလျှင်။ အဿ၊ ထိုယောက်ျား၏။ ပရမာ၊ မြတ်သော။ ဘရိယာ၊ မယားကောင်းမည်၏။ သ-ဟိရညဿ၊ ရွှေငွေ ဥစ္စာ များစွာကြွယ်ဝသည်ဖြစ်၍ စိုးရသောစည်းစိမ်၌ တည်သောသူအား။ ဣတ္ထိယော၊ မယားလုပ်ချင်သောမိန်းမတို့မည်သည်။ အနစ္ဆရိယာဧဝ၊ မအံ့လောက်ကုန်သည်သာတည်း။ ။
ဘုရားလောင်းသည်ဤသို့ဆို၍၊ မြတ်သောမင်းကြီး၊ ဤရှင်မိဘုရားသည် ရှင်မင်းကြီး ဆင်းရဲသော ကာလ၊ တော၌နေလျက် အတူဆင်းရဲခံ၏။ ဤမိဘုရားအားချီးမြှောက်ခြင်းကိုပြုသင့်၏ဟုမိဘုရား၏ကျေးဇူးကိုဆို၏။ မင်းသည်ဘုရားလောင်း၏စကားဖြင့် မိဘုရားကျေးဇူးကိုအောက်မေ့၍၊ ပညာရှိ၊သင့်စကားဖြင့် ငါသည် မိဘုရားကျေးဇူးကို အောက်မေ့ပြီဟုဆို၍ မိဘုရားအားခပ်သိမ်းသော စည်းစိမ်ကိုပေး၏။ သင်ပညာရှိသည် မိဘုရားကျေးဇူးကို အောက်မေ့၏ဟုဘုရားလောင်းအားလည်းများစွာသောစည်းစိမ်ကိုပေး၏။ ။
သုစ္စဇဇာတကံ ဒသမံ။၃၂၀။ ပုစိမန္ဒဝဂ္ဂေါ ဒုတိယော။ ။ တဿု-ဒ္ဒါနံ။ ။
အထစောရကဿပခန္တိဝရော၊ဒုဇ္ဇီဝိတတာစဝရာဖရုသာ။
အထသသမတဉ္စဝသန္တသုခံ၊သုစဇံဝတနစ္စဇိနာစဒသ။ ။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မနုဿဿေဝတေသီသံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိင်္ဂါလသကုဏဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်မဟာကဿပမထေရ်၏ကုဋီကိုမီးတိုက်သောရဟန်းငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
လွန်လေပြီးသောအခါ၊ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည် သိင်္ဂါလငှက်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော်၊ နှစ်သက်ဖွယ်ရှိသော မိုဃ်းမယိုသောအသိုက်ကိုပြု၍ဟိမဝန္တာ၌နေ၏။ ထိုအခါတစ်ခုသောမျောက်သည်မိုဃ်းကာလ၌အရည်မပြတ် မိုဃ်းရွာလတ်သော် အချမ်းနှိပ်စက်၍ သွားချင်ချင် ကိုက်လျက်ဘုရားလောင်း၏အနီး၌နေ၏။ ဘုရားလောင်းသည် ပင်ပန်းသောထိုမျောက်ကိုမြင်၍ထိုမျောက်နှင့်တကွစကားပြောလိုရကား။ ။
(၅၈၈)မနုဿဿေ-ဝ တေ သီသံ၊ဟတ္ထ-ပါဒါ စ ဝါနရ။
အထ ကေန နု ဝဏ္ဏေန၊အဂါရ-န္တေ န ဝိဇ္ဇတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မျောက်သည်။ ။
(၅၈၉)မနုဿဿေ-ဝ မေ သီသံ၊ဟတ္ထ-ပါဒါ စ သိင်္ဂါလ။
ယာဟု သေဋ္ဌာ မနုဿေသု၊သာ မေ ပညာ န ဝိဇ္ဇတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၉၀)အနဝဋ္ဌိတ-စိတ္တဿ၊လဟု-စိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အ-ဓုဝ-သီလိဿ၊သုခ-ဘာဝေါ န ဝိဇ္ဇတိ။ ။
(၅၉၁)သော ကရဿု အာနုဘာဝံ၊ဝီတိဝတ္တဿု သီလိယံ။
သီတ-ဝါတ-ပရိတ္တာဏံ၊ကရဿု ကုဋဝံ ကပိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၉၀-၅၉၁)အနဝဋ္ဌိတ-စိတ္တဿ၊ မတည်ကြည်သော စိတ်ရှိထသော။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိထသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းပြစ်မှားတတ်ထသော။ နိစ္စံ၊ အမြဲ။ အဓုဝသီလိဿ၊ မမြဲသောသီလရှိသောသူအား။ သုခဘာဝေါ၊ ချမ်းသာသည့်အဖြစ်သည်။ နဝိဇ္ဇတိ၊ မရှိ။ ။
ကပိ၊ မျောက်။ သောတွံ၊ ထိုသင်သည်။ ပညာယ၊ ပညာ၏။ ဥပ္ပါဒနတ္ထံ၊ ဖြစ်ခြင်းအကျိုးငှာ။ အာနုဘာဝံ၊ အာနုဘော်ဟုဆိုအပ်သော ဗလဥပါယကို။ ကရဿု၊ ပြုလော့။ သီလိယံ၊ ဒုဿီလ၏အဖြစ်ဟုဆိုအပ်သောမျောက်တို့အလေ့အကျက်ကို။ ဝီတိဝတ္တဿု၊ လွန်စေလော့။ သီတဝါတပရိတ္တာနံ၊ အချမ်းလေကိုကွယ်ကာခြင်းငှါစွမ်းနိုင်သော။ ကုဋဝံ၊ အသိုက်ကို။ ဝါ၊ နေရာအိမ်ကို။ ကရဿု၊ ပြုလော့။ ။
မျောက်သည်ဤငှက်ကားမိမိမိုဃ်းမစွတ်ရာ၌နေရသည်၏အဖြစ်ဖြင့်ငါ့ကိုဆဲရေး၏။ ထိုငှက်ကိုဤအသိုက်၌ငါမနေစေအံ့ဟုကြံ၏။ ကြံပြီး၍ဘုရားလောင်းကိုဖမ်းလိုရကားပြေးလာ၏။ ဘုရားလောင်းသည်ပျံ၍တစ်ပါးသို့သွား၏။ မျောက်သည်အသိုက်ကိုဖျက်၍ မုန့်မုန့်ကြေစေ၍သွား၏။ ။
သိင်္ဂါလသကုဏဇာတကံ ပဌမံ။၃၂၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဒ္ဒုဘာယတိ ဘဒ္ဒန္တေ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒုဒ္ဒုဘာယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်မှ အပဖြစ်သောတိတ္ထိတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ခြင်္သေ့သည် စင်စစ်သဖြင့်ထန်းရွက်၏အထက်၌ ဥသျှစ်သီးမှည့်ကျ၍၊ဒုန်းဒုန်းဟူသော အသံကိုပြု၏။ ထိုယုန်ငယ်သည်ထိုအသံကိုကြား၍ မြေပြိုသည်ဟူသော အမှတ်ကိုဖြစ်စေ၍ ပြေးသည်ဖြစ်လတ္တံ့။ အဟုတ် အမှန်အားဖြင့် ထိုအကြောင်းကိုသိအောင်ပြုအံ့ဟုကြံ၏။ ကြံပြီး၍ခြင်္သေ့သည်ထိုယုန်ငယ်ကိုယူ၍နှစ်သိမ့်စေ၍၊ ဤယုန်ငယ်မြင်ရာအရပ်၌ မြေပြိုသည်၏အဖြစ်ကိုအဟုတ်အမှန်အားဖြင့် ငါသိအောင်ပြု၍လာသည်တိုင်အောင်သင်တို့သည် ဤ၌နေကြကုန်ဦးဟုဆို၍ယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ခြင်္သေ့၏အဟုန်ဖြင့်ပြေး၍ထန်းတော၌ယုန်ငယ်ကိုချ၍၊အချင်း၊ လာလော့၊သင်မြင်သောအရပ်ကိုပြလော့ဟုဆို၏။ သခင်၊ကျွန်ုပ်မပြဝံ့ဟုဆို၏။ အချင်း၊ မကြောက်လင့်ဟုဆိုလတ်သော်၊ ထိုယုန်ငယ်သည်ဥသျှစ်ပင်သို့ချဉ်းကပ်အံ့သောငှာမဝံ့ရကားအဝေး၌ရပ်၍၊ အရှင်၊ ဤအရပ်သည်ကားဒုန်းဒုန်းမြည်ရာအရပ်တည်းဟုဆို၍။ ။
(၅၉၂)ဒုဒ္ဒုဘာယတိဘဒ္ဒ-န္တေ၊ယသ္မိံ ဒေသေ ဝသာမ-ဟံ။
အဟံ ပေ-တံ န ဇာနာမိ၊ကိ-မေတံ ဒုဒ္ဒုဘာယတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
(၅၉၂)သာမိ၊ အရှင်။ တေ၊ အရှင်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ယသ္မိံဒေသေ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုဒ္ဒုဘာယတိ ဒုဒ္ဒုသဒ္ဒံကရောတိ၊ ဒုန်းဒုန်းအသံပြု၏။ ယံ၊ အကြင်ဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြု၏။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုသည်။ ကိံဝါ၊ အဘယ်ဝတ္ထုဖြစ်လိမ့်နည်း။ ကေနဝါကာရဏေန၊ အဘယ်အကြောင်းကြောင့်မူလည်း။ ဧတံ၊ ဤဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြုလေသနည်း။ ဣတိ၊ ဤသို့။ အဟံပိ၊ ငါသည်လည်း။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုကို။ ဝါ၊ ဒုန်းဒုန်းအသံပြုခြင်း၏အကြောင်းကို။ နဇာနာမိ၊ မသိ။ ။
ဤသို့ဆိုလတ်သော်၊ ခြင်္သေ့သည်ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောက်၌ယုန်ငယ် အိပ်ရာအရပ် ကို၎င်း၊ ထန်းရွက်ထက်ကျသောဥသျှစ်သီးမှည့်ကို၎င်း မြင်၍၊မြေမပြိုသည်၏အဖြစ်ကိုအမှန်အားဖြင့်သိ၍၊ ယုန်ငယ်ကိုကျောက်ကုန်း၌တင်၍ ခြင်္သေ့၏အဟုန်ဖြင့် လျင်မြန်စွာ သားအပေါင်းတို့၏အထံသို့သွား၍ အလုံးစုံသောအကြောင်းကိုကြား၍၊ သင်တို့သည် မကြောက်ကြကုန်လင့်ဟု သားအပေါင်းကိုနှစ်သိမ့်စေ၍လွှတ်လိုက်၏။ ထိုအခါဘုရားလောင်းမရှိငြားအံ့၊ ခပ်သိမ်းသောသားတို့သည်သမုဒ္ဒရာသို့ဝင်၍ ပျက်စီးကုန်ရာ၏။ ဘုရားလောင်းကိုမှီ၍၊ ခပ်သိမ်းသောသားတို့သည် အသက်ကိုရကုန်၏။
သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်ပြီး၍။ ။
(၅၉၃)ဗေလုဝံ ပတိတံ သုတွာ၊ဒုဒ္ဒုဘန္တိ သသော ဇဝိ။
သသဿ ဝစနံ သုတွာ၊သန္တတ္တာ မိဂ-ဝါဟိနီ။ ။
(၅၉၄)အ-ပ္ပတွာ ပဒ-ဝိညာဏံ၊ပရ-ဃောသာ-နုသာရိနော။
ပမာဒ-ပရမာ ဗာလာ၊တေ ဟောန္တိ ပရ-ပတ္တိယာ။ ။
(၅၉၅)ယေ စ သီလေန သမ္ပန္နာ၊ပညာယူ-ပသမေ ရတာ။
အာရကာ ဝိရတာ ဓီရာ၊န ဟောန္တိ ပရ-ပတ္တိယာ။ ။
ဟူသောဤသုံးခုကုန်သောအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၉၃-၅၉၅)သသော၊ ယုန်သူငယ်သည်။ ဒုဒ္ဒုဘန္တိ၊ ဒုန်းဒုန်းဟူသောအသံကို။ ကုရုမာနံ၊ ပြုလျက်။ ပတိတံ၊ ကြွေသော။ ဗေလုဝံ၊ ဥသျှစ်သီးမှည့်အသံကို။ သုတွာ၊ ကြား၍။ ဇဝိ၊ မဟာပထဝီပြိုခဲ့ပြီဟု၊ ဖန္တီဖန်တွတ်ရေးရွတ်မြည်လျက် အသက်လွတ်ပစေဟု၊ မနေမနားလွှားခုန်၍ပြေး၏။ သသဿ၊ ယုန်သူငယ်၏။ ဝစနံ၊ မဟာပထဝီပြိုခဲ့ပြီဟူသောစကားကို။ သုတွာ၊ ကြား၍။ မိဂဝါဟိနီ၊ သားအပေါင်းသည်။ သန္တတ္တာဥတြသ္တာ၊ ထိတ်လန့်သော နှလုံးရှိသည်ဖြစ်၍။ ဇဝိ၊ လျင်သောအဟုန်ဖြင့်ပြေး၏။ ။
ယေဗာလာ၊ အကြင်အန္ဓ ပုထုဇဉ်တို့သည်။ ပဒ-ဝိညာဏံ ဝိညာဏပဒံ သောတာပတ္တိဝိညာဏကောဋ္ဌာသံ၊ သောတာပတ္တိဝိညာဉ်အစုသို့။ အပတွာ၊ မရောက်မူ၍။ ဝါ၊ မရောက်သောကြောင့်။ ပရဃောသာနုသာရိနော၊ သူတစ်ပါးတို့၏စကားကိုအစဉ်မှီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဗာလာ၊ ထိုအန္ဓပုထုဇဉ်တို့သည်။ ပမာဒပရမာ၊ ထိုသူတစ်ပါးတို့၏အသံဟုဆိုအပ်သောမေ့လျော့ကြောင်းကို အမြတ်ဟူ၍မှတ်ထင်ကုန်သည်ဖြစ်၍။ ပရပတ္တိယာ၊ သူတစ်ပါးစကားကိုယုံကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဒ္ဒဟိတွာ၊ သူတစ်ပါးကိုယုံကြည်ခြင်းကြောင့်။ ယံဝါတံဝါ၊ ဟုတ်ဟုတ်ငြားငြားအကျိုးမရှိသောအမှုကို။ ကရောန္တိ၊ ပြုကုန်၏။
ယေဓီရာ၊ အကြင်ပညာရှိတို့သည်။ သီလေနစ၊ အရိယမဂ်ဖြင့်လာသောသီလနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ပညာယစ၊ အရိယာမဂ်ဖြင့်လာသော ပညာနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ဥပသမေ၊ ကိလေသာ၏ငြိမ်းရာဖြစ်သောနိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကုန်၏။ အာရကာ၊ မကောင်းမှုကိုပြုခြင်းမှဝေးကုန်သည်ဖြစ်၍။ ဝိရတာ၊ မကောင်းမှု အကုသိုလ်ဟူသော အညစ်တရားမှ အထူးသဖြင့်ကြဉ်ရှောင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဧဝရူပါ၊ ထိုဆိုအပ်ပြီးသော သဘောရှိကုန်သော သောတာပန်ပုဂ္ဂိုလ်တို့သည်။ ပရ-ပတ္တိယာ၊ သူတစ်ပါး စကားဖြင့် ယုံကြည်ရကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
ဒုဒ္ဒုဘဇာတကံဒုတိယံ။၃၂၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒွယံယာစနကောရာဇ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗြဟ္မဒတ္တဇာတ်ကို၊ အာဠဝီပြည်ကိုမှီ၍အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ်၊ ကုဋိကာရ သိက္ခာပုဒ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဗြဟ္မဒတ်မင်းသည်ဥယျာဉ်သို့သွား၍ ဘုရားလောင်းကိုရှိခိုး၍ နေလတ်သော်၊ ဘုရားလောင်းသည်ဆိတ်ကွယ်ရာအရပ်ကိုအလိုရှိ၏ဟုဆိုလတ်သော်၊ ပရိသတ်ကိုဖဲစေ၍ တစ်စုံတစ်ခုကိုဆိုခြင်းငှာမစွမ်းနိုင်သော ဘုရားလောင်းကို၊အသျှင်ဘုရား၊အသျှင်ဘုရားတို့သည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံးဆိတ်ကွယ်ရာ အရပ်ကိုအလိုရှိ၏ဟုဆို၍ ဆိတ်ကွယ်ရာအရပ်ကိုရသော်လည်း တစ်စုံတစ်ခုကိုဆိုခြင်းငှာမစွမ်းနိုင်ကုန်။ အကျွန်ုပ်သည် အသျှင်ဘုရားအား မင်းအဖြစ်ကိုအစပြု၍ အလုံးစုံကိုဖိတ်၏။ ကြောက်ခြင်း မရှိသည်ဖြစ်၍ အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုဝတ္ထုကိုတောင်းကုန်လော့ဟုဆို၏။ မြတ်သောမင်းကြီး၊ အကြင်ဝတ္ထုကိုငါတောင်းအံ့၊ ထိုဝတ္ထုကိုပေးအံ့လောဟုဆို၏။ အသျှင်ဘုရား၊ ပေးအံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ ခရီးသွားသောငါ့အား တလွှာဖိနပ်, သစ်ရွက်ထီးကို ရခြင်းငှာ သင့်၏ဟုဆို၏။ အသျှင်ဘုရား၊ အသျှင်ဘုရားတို့သည် ဤမျှသောဝတ္ထုတို့ကို တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းခြင်းငှာ မစွမ်းနိုင်ကုန် သလောဟုဆို၏။ မြတ်သောမင်းကြီး၊ မစွမ်းနိုင်သည် ဟုတ်၏ဟုဆို၏။ အသျှင်ဘုရား၊အဘယ်အကြောင်းကြောင့်ဤသို့ပြုကုန်သနည်းဟုဆို၏။ မြတ်သောမင်းကြီး၊ဤမည်သောဝတ္ထုကိုပေးပါလော့ဟုတောင်းသော သူသည်ငိုသည်မည်၏။ မရှိဟူ၍ဆိုသောသူသည်အတုငိုသောသူမည်၏။ တောင်းအပ်သောသင်သည် အကယ်၍မပေးငြားအံ့၊ ထိုငါ၏ငိုခြင်း၊ သင်မင်းကြီး၏အတုငိုခြင်းမည်သည်ကိုလူများသည် မမြင်စေသတည်း ဟုဆိတ်ကွယ်ရာကိုတောင့်တ၏ဟုပြလိုရကား။ ။
(၅၉၆)ဒွယံ ယာစနကော ရာဇ၊ဗြဟ္မဒတ္တ နိဂစ္ဆတိ။
အ-လာဘံ ဓန-လာဘံ ဝါ၊ဧဝံ-ဓမ္မာ ဟိ ယာစနာ။ ။
(၅၉၇)ယာစနံ ရောဒနံ အာဟု၊ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊တ-မာဟု ပဋိရောဒနံ။ ။
(၅၉၈)မာ မဒ္ဒသံသု ရောဒန္တံ၊ပဉ္စာလာ သုသမာဂတာ။
တုဝံ ဝါ ပဋိရောဒန္တံ၊တသ္မာ ဣစ္ဆာမ-ဟံ ရဟော။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၉၆-၅၉၈)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ ယာစနကော၊ တောင်းသောသူသည်။ အလာဘံဝါ၊ တောင်းပါသောဥစ္စာကိုမရခြင်းကို၎င်း။ ဓနလာဘံဝါ၊ တောင်းသောဥစ္စာကိုရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသောသဘောကို။ နိဂစ္ဆတိလဘဟိ၊ ရ၏။ ဟိသစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းတို့သည်။ ဧဝံဓမ္မာဧဝံသဘာဝါ၊ ဤသို့ရခြင်းမရခြင်းသဘောရှိကုန်၏။ ။
ပဉ္စာလာနံ၊ ပဉ္စာလတိုင်းသူတို့၏။ ရထေသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသောမင်းမြတ်။ ယာစနံ၊ တောင်းခြင်းကို။ ရောဒနံ၊ ငိုခြင်းဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ယာစနံ၊ တောင်းခြင်းကို။ ပစ္စက္ခာတိ၊ ပယ်၏။ တံ၊ ထိုပယ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပဋိရောဒနံ၊ အတုငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ။
ရောဒနံ၊ ငိုသောငါ့ကို၎င်း။ ပဋိရောဒန္တံ၊ အတုငိုသော။ တုဝံဝါ၊ သင့်ကို၎င်း။ သုသမာဂတာ၊ အညီအညွတ်ကောင်းစွာလာကုန်သော။ ပဉ္စာလာ၊ ပဉ္စာလတိုင်းသူတို့သည်။ မာအဒ္ဒသံသု၊ မမြင်စေကုန်သတည်းဟု။ မနသိကရောမိ၊ နှလုံး၌ထား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ ။
မင်းသည်ဘုရားလောင်း၏ရိုသေခြင်းလက္ခဏာ၌ ကြည်ညို၍ဆုပေးလိုရကား။ ။
(၅၉၉)ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊သုတွာန ဂါထာ တဝ ဓမ္မ-ယုတ္တာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၉၉)ဗြာဟ္မဏ၊ ယုတ်မာညစ်ကျုမကောင်းမှုကို အပပြုပြီးသောသျှင်ရသေ့။ တေ၊ သျှင်ရသေ့အား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိနီနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နို့ညှစ်နွားမတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ငါပေး၏။ ဟိသစ္စံ၊ မှန်၏။ တဝ၊ သင်၏။ ဓမ္မ-ယုတ္တာ၊ အကြောင်းနှင့်ယှဉ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သောအကျင့်နှင့်ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့်ပြည့်စုံသောသင်အား။ ကထံနဒဇ္ဇာ၊ အဘယ့်ကြောင့် မလှူအံ့နည်း။ ။
ဗြဟ္မဒတ္တဇာတကံ တတိယံ။၃၂၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကလျာဏရူပေါဝတာယံ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစမ္မသာဋကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ စမ္မသာဋကမည်သော ပရိဗိုဇ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်ယောက်သောစမ္မသာဋကပရိဗိုဇ်သည် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော်နောက်သို့ဆုတ်သောသိုးကိုမြင်၍ ဤသိုးသည်ငါ့ကိုပူဇော်၏ဟုနောက်သို့မဖဲမူ၍ ဤမျှအတိုင်းအရှည်ရှိကုန်သောလူတို့၏အတွင်း၌ တစ်ယောက်သောလူသည်မျှ ကျေးဇူးကိုမသိဟုထိုသိုးအားလက်အုပ်ချီ၍ရပ်လျက်။ ။
(၆ဝဝ)ကလျာဏ-ရူပေါ ဝတာ-ယံ စတုပ္ပဒေါ၊သုဘဒ္ဒကော စေဝ သုပေသလော စ။
ယော ဗြာဟ္မဏံ ဇာတိမန္တူ-ပပန္နံ၊အပစာယတိ မေဏ္ဍ-ဝရော ယသဿီ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအရပ်၌နေသောပညာရှိသောကုန်သည်သည် ထိုပရိဗိုဇ်ကိုမြစ်လိုရကား။ ။
(၆၀၁)မာ ဗြာဟ္မဏ ဣတ္တရ-ဒဿနေန၊ဝိဿာသ-မာပဇ္ဇိ စတုပ္ပဒဿ။
ဒဠှ-ပ္ပဟာရံ အဘိကင်္ခမာနော၊အဝသက္ကတီ ဒဿတိ သုပ္ပဟာရံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၆၀၁)ဗြာဟ္မဏ၊ ပုဏ္ဏား ပရိဗိုဇ်။ ဣတ္တရဒဿနေန၊ ထိုခဏ၌ခြင်ကာမျှဖြင့်။ စတုပ္ပဒဿ၊ အခြေလေးချောင်းရှိသောသိုးအား။ ဝိဿာသံ၊ အကျွမ်းဝင်ခြင်းကို။ မာအာပဇ္ဇိ၊ မရောက်လင့်။ ဒဠှံ၊ ပြင်းစွာ။ ပဟာရံ၊ ဝှေ့တိုက်ခြင်းကို။ အဘိကင်္ခမာနော၊ အလိုရှိသည်ဖြစ်၍။ အပသက္ကတိ၊ နောက်သို့ဆုတ်၏။ သုပ္ပဟာရံ၊ ပြင်းစွာတိုက်ခြင်းကို။ ဒဿတိ၊ ပေးလတ္တံ့။ ။
ထိုပညာရှိကုန်သည်ဆိုစဉ်လျှင်ထိုသိုးသည်လျင်မြန်စွာသောအဟုန်ဖြင့်ပြေးလာ၍ပေါင်၌တိုက်၍၊ ထိုပရိဗိုဇ်ကိုထိုအရပ်၌လျှင်ဝေဒနာသို့ရောက်သည်ကိုပြု၍လည်းစေ၏။ ပရိဗိုဇ်သည် ဝေဒနာသို့ရောက် လတ်သော်ငိုလျက်အိပ်၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်ထိုအကြောင်းကိုပြလိုရကား။ ။
(၆ဝ၂)ဦရုဋ္ဌိ ဘဂ္ဂါ ပဝဋ္ဋိတောခါရိ-ဘာရော၊သဗ္ဗံ ဘဏ္ဍံ ဗြာဟ္မဏဿ ဘိန္နံ။
ဗာဟာ ပဂ္ဂယှ ကန္ဒတိ၊အဘိဓာဝထ ဟညတေ ဗြဟ္မစာရီ။ ။
ဟူသောဤတတိယဂါထာကိုဟောတော်မူ၏။ ။
ပရိဗိုဇ်သည်။ ။
(၆ဝ၃)ဧဝံ သော နိဟတော သေတိ၊ယော အ-ပူဇံ ပသံသတိ။
ယထာ-ဟ-မဇ္ဇ ပဟတော၊ဟတော မေဏ္ဍေန ဒုမ္မတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆ဝ၃)အဇ္ဇ၊ ယနေ့။ ဒုမ္မတိ၊ ပညာနည်းသော။ အဟံ၊ ငါ့ကို။ မေဏ္ဍေန၊ သိုးသည်။ ပဟတော၊ တိုက်ဝှေ့အပ်သည်ဖြစ်၍။ ဟတောယထာ၊ သတ်အပ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အပူဇံ၊ မပူဇော်ထိုက်သောသူကို။ ပသံသတိ၊ ချီးမွမ်း၏။ သော၊ ထိုသူသည်။ နိဟတော၊ သတ်အပ်သည်ဖြစ်၍။ သေတိ၊ အိပ်၏။ ။
ထိုပရိဗိုဇ်သည်ဤသို့ငိုလျက်ထိုအရပ်၌ပင်သေ၏။ ။
စမ္မသာဋကဇာတကံ စတုတ္ထံ။၃၂၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သမဏံတံမညမာနော, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဓရာဇဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ငါ့ကိုကားချော်လေ၏။ လေးပါးကုန်သောအပါယ်တို့ကိုကားမချော်ဟုဆိုလျက်ပြေး၍၊ စင်္ကြံဦး၌ရှိသောတောင်ပို့သို့ဝင်၍တစ်ပါးသောအပေါက်မှ ဦးခေါင်းကိုဖော်၍ ထိုရသေ့စဉ်းလဲနှင့်တကွစကားပြောလိုရကား။ ။
(၆ဝ၄)သမဏံ-န္တံ မညမာနော၊ဥပဂစ္ဆိ-မသညတံ။
သော မံ ဒဏ္ဍေန ပါဟာသိ၊ယထာ အဿမဏော တထာ။ ။
(၆၀၅)ကိံ-န္တေ ဇဋာဟိ ဒုမ္မေဓ၊ကိံ-န္တေ အဇိန-သာဋိယာ။
အဗ္ဘန္တရ-န္တေ ဂဟနံ၊ဗာဟိရံ ပရိမဇ္ဇသိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၀၄-၆၀၅)အဟံ၊ ငါသည်။ အ-သညတံ၊ ကိုယ်နှုတ်နှလုံးကိုမစောင့်ရှောက်သော။ တံ၊ သင့်ကို။ သမဏံမညမာနော၊ ရဟန်းထင်၍။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိ၏။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ အဿမဏော၊ ရဟန်းမဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုရဟန်းအမှုမဟုတ်သောအခြင်းအရာဖြင့်။ သောတွံ၊ ထိုသင်သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ပဟာသိ၊ ပစ်၏။ ။
ဒုမ္မေဓ၊ ကမ္မဿကတာပညာနည်းသောရသေ့စဉ်းလဲ။ တေ၊ သင်အား။ ဇဋာဟိ၊ ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ် အကျိုးရှိအံ့နည်း။ အဇိန-သာဋိယာ၊ ပခုံးတစ်ဖက် စမ္ပါယ်တင်အပ်သောသစ်နက်ရေဖြင့်။ တေ၊ သင်အား။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်တွင်းသည်။ ဂဟနံ၊ အဆိပ်ဖြင့် ပြည့်သောဗူးအုံကဲ့သို့၎င်း၊ မြွေဟောက်ဖြင့် ပြည့်သောတောင်ပို့ကဲ့သို့၎င်း၊ ကိလေသာထူထပ်၏။ ဗာဟိရံ၊ အပသည်။ ပရိမဇ္ဇသိ၊ ဆင် ချေးတုံးမြင်းချေးတုံးကဲ့သို့ပြေပြစ်၏။ ။
ထိုစကားကိုကြား၍ရသေ့သည်။ ။
(၆၀၆)ဧဟိ ဂေါဓ နိဝတ္တဿု၊ဘုဉ္ဇ သာလီန-မောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ပဟူတံ မယှ ပိပ္ဖလိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၀၇)ဧသ ဘိယျော ပဝေက္ခာမိ၊ဝမ္မိကံ သတ-ပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊အ-ဟိတံ မယှ ပိပ္ဖလိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆ဝ၇)ဒုဋ္ဌတာပသ၊ ရသေ့ပျက်။ တေလံ၊ ဆီကို၎င်း။ လောဏဉ္စ၊ ဆားကို၎င်း။ တွံ၊ သင်သည်။ ကိတ္တေသိ၊ ကြား၏။ တံဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ဧသဧသောအဟံ၊ ဤငါသည်။ ဘိယျော၊ လွန်စွာ။ သတပေါရိသံ၊ အသူတရာနက်သော။ ဝမ္မိကံ၊ တောင်ပို့ခေါင်းသို့။ ပဝေက္ခာမိ ပဝိသိဿာမိ၊ ဝင်အံ့။ ပိပ္ဖလိ၊ ပိတ်ချင်းအစရှိသောစပ်သောဘဏ္ဍာသည်။ မယှံ၊ ငါအား။ အဟိတံအသပ္ပါယံ၊ မလျောက်ပတ်။ ။
(ဥပလက္ခဏနည်းအားဖြင့်ပိပ္ဖလိဆိုသည်။ ထိုကြောင့် ဟိင်္ဂုဇိရကသိင်္ဂီဝေရလသုဏ မရိစပိပ္ဖလိပဘေဒကဋကဘဏ္ဍံပိဗဟုအတ္ထိ, ဟု၊အဋ္ဌကထာဖွင့်သည်)။ ။ ဤသို့ဆို၍ရသေ့စဉ်းလဲ၊ သင်သည်အကယ်၍ဤ၌နေအံ့၊ သင့်ကိုဆွမ်းခံရွာ၌လူတို့ကို ဤရသေ့ကားခိုးသူတည်းဟုဖမ်းစေ၍ ဖောက်ပြန်ခြင်းသို့ရောက်စေအံ့၊လျင်စွာပြေးလေဟုခြိမ်းခြောက်၏။ ရသေ့စဉ်းလဲသည် ထိုအရပ်မှပြေး၏။
ဂေါဓရာဇဇာတကံ ပဉ္စမံ။၃၂၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယေနယော နာဝဟရေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
နတ်သားတို့သည်ကက္ကာရုမည်သော နတ်ပန်းတို့သည်ကားအာနုဘော်ကြီးကုန်၏။ နတ်တို့အားသာလျှင်ထိုက်ကုန်၏။ လူ့ ပြည်၌ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်သောနှလုံးသွင်းရှိကုန်သော သီလမရှိကုန်သောသူတို့အားမထိုက်ကုန်။ အကြင်လူတို့သည်ကား ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သောဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ ထိုလူတို့ အားထိုက်ကုန်၏ဟုဆိုကုန်၏။ ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားကြီးသည်။ ။
(၆ဝ၈)ကာယေန ယော နာ-ဝဟရေ၊ဝါစာယ န မုသာ ဘဏေ။
ယသော လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ပုရောဟိတ်သည်ငါ့အားဤကျေးဇူးတို့တွင်တစ်ခုသောကျေးဇူးသည်မျှလည်းမရှိ၊ မဟုတ်မမှန်သောစကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ပန်အံ့။ ဤသို့ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကိုဤပုဏ္ဏားကားကျေးဇူးနှင့်ပြည့်စုံသောသူတည်းဟု သိလတ္တံ့ ဟုကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ် ထိုကျေးဇူးနှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကိုပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကိုတောင်း၏။ ထိုနတ်သားသည်လည်း။ ။
(၆ဝ၉)ဓမ္မေန ဝိတ္တ-မေသေယျ၊န နိကတျာ ဓနံ ဟရေ။
ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုရောဟိတ်သည်ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၍သုံးယောက်မြောက်သောနတ်သားကိုတောင်း၏။ သုံးယောက်မြောက်သော နတ်သားသည်လည်း။ ။
(၆၁၀)ယဿ စိတ္တံ အ-ဟာလိဒ္ဒ၊သဒ္ဓါ စ အ-ဝိရာဂိနီ။
ဧကော သာဒုံ န ဘုဉ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ပုရောဟိတ်သည် ကျွန်ုပ်ထိုဂုဏ်တို့နှင့်ပြည့်စုံ၏ဟုဆို၍ ထိုနတ်ပန်းတို့ကိုပေးစေ၍ပန်ဆင်၍ လေးယောက်မြောက်သောနတ်သားကိုတောင်း၏။ ထိုနတ်သားသည်။ ။
(၆၁၁)သမ္မုခါ ဝါ တိရောက္ခာ ဝါ၊ယော သန္တေ န ပရိဘာသတိ။
ယထာဝါဒီ တထာ-ကာရီ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၁၁)ယော၊ အကြင်သူသည်။ သမ္မုခါဝါ၊ မျက်မှောက်၌၎င်း။ ပရံမုခါဝါ၊ မျက်ကွယ်၌၎င်း။ သန္တေ၊ သီလပညာသမာဓိက္ခန်စသောဂုဏ်နှင့်ပြည့်စုံသောပညာရှိသူတော်ကောင်းတို့ကို။ နပရိဘာသတိ၊ မဆဲရေး။ ယထာဝါဒီ၊ အကြင်အခြင်းဖြင့်ဆိုလေ့ရှိ၏။ တထာကာရီ၊ ထိုအခြင်းဖြင့်ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သောဧဝရူပေါ၊ ထိုဆိုအပ်ပြီးသော သဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုအမည်ရှိသောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။
ပုရောဟိတ်သည် ပေးလော့၊ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍၊ ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၏။ နတ်သားတို့သည်လေးခုသောပန်းကုံးတို့ကိုပုရောဟိတ်အားပေး၍နတ်ပြည်သို့လျှင်သွားကုန်၏။ နတ်သားတို့သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသည်ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသော အသွားဖျားရှိသော ဆောက်ဖြင့်ဖြတ်ဘိသကဲ့သို့၎င်း၊ သံပြားဖြင့် နှိပ်ဘိသကဲ့သို့ ၎င်းဖြစ်၏။ ထိုပုရောဟိတ်သည်ဝေဒနာသို့ရောက်၍ ထိုမှဤမှလူးလည်း၍ ကျယ်စွာသောအသံဖြင့်ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော်။ ငါသည် ငါ၏ကိုယ်တွင်း၌မရှိသော ဂုဏ်ကျေးဇူးကိုရှိ၏,ဟုမုသားဆို၍ ထိုနတ်သားကိုတောင်း၏။ ထိုငါသည်ဝေဒနာသို့ ရောက်၍ကိုယ်အလုံးတုန်လှုပ်၏။ ထိုပန်းကုံးတို့ကိုငါ၏ဦးခေါင်းမှပယ်ပါလော့ဟုဆို၏။ ထိုပန်းတို့ကိုပယ်အံ့သောငှါမတတ်နိုင်ကုန်။ သံပြားဖြင့်အပ်သကဲ့သို့ဖြစ်ကုန်၏။ ထိုအခါထိုပုရောဟိတ်ကိုချီ၍ အိမ်သို့ဆောင်ကုန်၏။ အိမ်၌ ထိုပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနှစ်နှစ်တို့သည် လွန်ကုန်၏။ မင်းသည်အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသောပုဏ္ဏားသည်သေလတ္တံ့ ၊ အဘယ်သို့ပြုကြကုန်အံ့နည်းဟုဆိုသည်ရှိသော်။ မြတ်သောမင်းကြီးတဖန် ပွဲသဘင် ပြုသည်ရှိသော်၊ နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟုလျှောက်ကုန်၏။ မင်းသည်ပွဲသဘင်ကိုပြုစေ၏။ နတ်သားတို့သည် တဖန်လာပြန်ကုန်၍ မြို့အလုံးကိုပန်းနံ့သာတို့ဖြင့် တစပ်ထည်းသောအနံ့ရှိသည်ကိုပြု၍ ရှေးအတူသာလျှင်မင်းရင်ပြင်၌ရပ်ကုန်၏။ လူများသည် စည်းဝေး၏။ သီလမရှိသောပုဏ္ဏားကိုဆောင်၍ နတ်သားတို့၏ရှေ့မှရင်ဖြင့်ဝပ်စေကုန်၏။ သီလမရှိသောထိုပုဏ္ဏားသည် အရှင်နတ်သားတို့။ အရှင်တို့သည် အကျွန်ုပ်အား အသက်ကို ပေးပါကုန်ဟု နတ်သားတို့ကိုတောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသောအမှုရှိသောသင်အား။ ဤပန်းတို့သည်မထိုက်မလျော်ကုန်။ သင်သည်ကားငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိ၏။ မိမိ၏ မုသာဝါဒအကျိုးကိုရ၏ဟု လူများအလယ်၌ဒုဿီလပုဏ္ဏားကိုကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအားအဆုံးအမပေး၍မိမိတို့၏အရပ်သို့လျှင်သွားကုန်၏။ ။
(ကက္ကရုဟူ၍၎င်း၊ ကက္ကာရုဟူ၍၎င်း နှစ်ထွေပါဠိရှိသည်တွင်။ တဏှံကရောတိ ဟိံသတီတိတဏှင်္ကရော၌ကဲ့သို့။ ကရဓာတ်၏ဟိံ သနအနက်ကိုယူ၍ ကာပုရိသေကရောတိဟိံသတီတိကက္ကာရု, ပြု၍ဏုပစ္စည်းသက်သော်ကက္ကာရုပင်လျော်သည်။ ကာပုရိသေ၊ သီလမရှိစက်ဆုပ်ဖွယ်သောသူတို့ကို။ ကရောတိ ဟိံ သတိ၊ ညှဉ်းဆဲတတ်၏၊ ဟုပေး)။ ။
ကက္ကာရုဇာတကံ ဆဋ္ဌံ။၃၂၆။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝါတိဝါယံတတော ဂန္ဓော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၌ကား။ တစ်ခုသောဂဠုန်မင်းသည် လူ၏အသွင်ဖြင့်သွား၍ မင်းနှင့်တကွ ကြွေအန်ကစားလတ်သော်။ ကာကဝတီမိဘုရား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီမိဘုရားကိုယူ၍ ဂဠုန်ပြည်သို့ ဆောင်၍ ထိုမိဘုရားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဘုရားကိုမမြင်လတ်သော်။ နဋကုဝေရမည်သော စောင်းသမားကိုမိဘုရားကို စုံစမ်းလော့ဟုဆို၏။ စောင်းသမားသည်စုံစမ်းလတ်သော် ထိုအကြောင်းကိုသိ၍၊ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တစ်ခုသောရေအိုင်ဝယ် ပြိတ်တော၌အိပ်၍။ ထိုပြိတ်တောမှ ဂဠုန်မင်း သွားသည်ကာလ အတောင်ကြား၌စီး၍ ဂဠုန်ပြည်သို့သွား၍ ကာကဝတီမိဘုရားနှင့်တကွ ကိလေသာ၏အစွမ်းအားဖြင့်ရောရှက်ခြင်းကိုပြု၍။ တဖန်ဂဠုန်မင်း၏ အတောင်ကြား၌ စီးလျက်လာ၏။ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည်မိမိစောင်းကို ယူ၍ ကြွေအန်ကစားသောပွဲသို့သွား၏။ မင်း၏အထံ၌ရပ်လျက်သိသည်၏အစွမ်းအားဖြင့်။ ။
(၆၁၂)ဝါတိ ဝါ-ယံ တတော ဂန္ဓော၊ယတ္ထ မေ ဝသတီ ပိယာ။
ဒူရေ ဣတော ဟိ ကာကဝတီ၊ယတ္ထ မေ နိရတော မနော။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဂဠုန်မင်းသည်။ ။
(၆၁၃)ကထံ သမုဒ္ဒမတရိ၊ကထံ အတရိ ကေပုကံ။
ကထံ သတ္တ သမုဒ္ဒါနိ၊ကထံ သိမ္ဗလိမာရုဟိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ နဋကုဝေရစောင်းသမားသည်။ ။
(၆၁၄)တယာ သမုဒ္ဒမတရိံ၊တယာ အတရိ ကေပုကံ။
တယာ သတ္တ သမုဒ္ဒါနိ၊တယာ သိမ္ဗလိမာရုဟိံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုနောင်မှ ဂဠုန်မင်းသည်။ ။
(၆၁၅)ဓိရတ္ထုမံ မဟာ-ကာယံ၊ဓိ-ရတ္ထုမံ အ-စေတနံ။
ယတ္ထ ဇာယာယဟံ ဇာရံ၊အာဝဟာမိ ဝဟာမိစ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၁၅)ယတ္ထယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ သယောက်လင်ဖြစ်သောစောင်းသမားကို။ အာဝဟာမိစ၊ ဂဠုန်ပြည်သို့လည်းဆောင်ယူ၏။ ဝဟာမိစ၊ လူ့ပြည်သို့လည်းပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာ-ကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ အ-စေတနံ၊ လေးသည့်အဖြစ်၊ပေါ့သည်အဖြစ်ကိုမသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ ။
(ကထံသမုဒ္ဒံတွံ ဣမံ ဇမ္ဗုဒီပသမုဒ္ဒံ,ဟုဖွင့်သောအဋ္ဌကထာကိုမြော်၍။ သမုဒ္ဒံ၊ ဇမ္ဗူဒီပါကျွန်းဝန်းရံ၍ တည်သော ဤသမုဒ္ဒရာကိုယောဇနာသည်။ ။ တဿပရတောကေပုကံနာမနဒိံ။ ဟူသည်ကိုမြော်၍။ ကေပုကံ၊ ဇမ္ဗူဒီပါသမုဒ္ဒရာမှပြင်ဘက်ဖြစ်သောကေပုကမည်သောမြစ်ကို, ယောဇနာသည်။ ။
ပဗ္ဗတန္တရေ သုဌိတာနိ သတ္တသမုဒ္ဒရာနိစကထံအတရိံကိုမြော်၍၊ သတ္တသမုဒ္ဒါနိ၊ မြင်းမိုရ်နှင့်တောင်စဉ်ခုနှစ်လုံးတို့၏ အကြား၌တည်ကုန်သော သီတာသမုဒ္ဒရာခုနှစ်တန်တို့ကို,ယောဇနာသည်။ ။ သိမ္ဗ မဏ္ဍလေ၊အလိ၊ အဿိ,ဟုအဘိဓာန်ဋီကာကိုရှု၍မသံယုဂ်နှင့်တတိယဗအက္ခရာသိမ္ဗလိ, ရေးရမည်။ ။ သဒ္ဒနီတိ၌ကား။ သဗိမဏ္ဍလေ,ဟူ၏။ ဣကာရန္တ ဓါတ်ဖြစ်၍ နိဂ္ဂဟိတ် လာသည်)။ ။
ကာကဝတီဇာတကံ သတ္တမံ။၃၂၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗဟူနံဝိဇ္ဇတိဟောတိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအနနုသောစိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော် ၌သီတင်းသုံးနေတော်မူစဉ်၊ မယားသေသော သူကြွယ်တစ်ယောက်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ဆွမ်းခံဝင်သောအချိန်၌ ထိုရသေ့မိန်းမကို အကျွမ်းဝင်သဖြင့်ယူခဲ့၍ မြို့တံခါးသို့ဆောင်ခဲ့၍ တစ်ခုသောဇရပ်ပျဉ်၌အိပ်စေ၍ မိမိသည်ဆွမ်းခံဝင်၏။ ဘုရားလောင်းမြို့မှ မထွက်မီလျှင် ရသေ့မိန်းမသည်သေလွန်၏။ လူများသည်ရသေ့မိန်းမ၏ တင့်တယ်စွာသော အဆင်းကိုမြင်၍ခြံရံ၍ငို၏။ ဘုရားလောင်းသည်ဆွမ်းခံ၍လာလတ်သော် ရသေ့မိန်းမ၏သေသောအဖြစ်ကိုသိ၍ ပျက်စီးတတ်သော သဘောတရားသည်ပျက်စီး၏။ ခပ်သိမ်းသော သင်္ခါရတို့သည်မမြဲကုန်။ ဤသို့သဘောရှိကုန်သလျှင်ကတည်းဟုဆို၍ ထိုရသေ့မိန်းမလျောင်းသော ပျဉ်၌လျှင်ထိုင်၍ ရောသော ဆွမ်းကိုဘုန်းပေး၍ခံတွင်းကိုဆေး၏။ ခြံရံ၍ တည်သောလူများသည်။ အသျှင်ဘုရားဤရသေ့မိန်းမသည်အသျှင်ဘုရားနှင့်အဘယ်သို့ တော်ပါသနည်းဟုမေး၏။ လူဖြစ်စဉ်က ငါ၏ခြေရင်း၌ အလုပ်အကျွေးတည်းဟုဆို၏။ အသျှင်ဘုရား၊ အကျွန်ုပ်တို့သည်ပင် သဘောအားဖြင့် မတည်နိုင်ကုန်သေး၊ ငိုကျွေးကြကုန်၏။ အသျှင်ဘုရားတို့သည် အဘယ့်ကြောင့်မငိုကုန်သနည်းဟုမေးကုန်၏။ ဘုရားလောင်းသည် ဤရသေ့ မိန်းမကား အသက်ရှင်စဉ်ကပင်လျှင် ငါနှင့်တစ်စုံတစ်ခုတော်သည်မဟုတ်။ ယခုတမလွန်သို့သွားသော် အဘယ်သို့တော်အံ့နည်း။ ဤရဟန်းမိန်းမသည် သေမင်းနိုင်ငံသို့လိုက်သော် အဘယ့်ကြောင့် ငါငိုအံ့နည်းဟုလူများအားတရားဟောလိုရကား။ ။
(၆၁၆)ဗဟူနံ ဝိဇ္ဇတီ ဘောတီ၊တေဟိ မေ ကိံ ဘဝိဿတိ။
တသ္မာ ဧတံ န သောစာမိ၊ပိယံ သမ္မိလ္လဟာသိနိံ။ ။
(၆၁၇)တံန္တံ စေ အနုသောစေယျ၊ယံ ယံ တဿ န ဝိဇ္ဇတိ။
အတ္တာန-မနုသောစေယျ၊သဒါ မစ္စု-ဝသံ ပတံ။ ။
(၆၁၈)န ဟေ-ဝ တိဋ္ဌံ နာ-သီနံ၊န သယာနံ န ပတ္ထဂုံ။
ယာဝ ဗျာတိ နိမိသတိ၊တတြာပိ ရသတီ ဝယော။ ။
(၆၁၉)တတ္ထ-တ္တနိ ဝတဗန္ဓေ၊ဝိနာ-ဘာဝေ အ-သံသယေ။
ဘူတံ သေသံ ဒယိတဗ္ဗံ၊မတန္တံ နနုသောစိယံ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၁၆-၆၁၉)အယံဘောတိ၊ ဤပုဏ္ဏေးမသည်။ အမှေ၊ ငါတို့ကို။ ဆဍ္ဍေတွာ၊ စွန့်၍။ ဣဒါနိ၊ ယခုအခါ၌။ အညေသံ၊ ငါမှတစ်ပါးကုန်သော။ ဗဟူနံ၊ များစွာကုန်သောသူသေတို့၏။ အန္တရေ၊ အတွင်း၌။ ဝိဇ္ဇတိ၊ ရှိ၏။ တေဟိ၊ ထိုသူသေတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝတ္တမာနာ၊ ဖြစ်သောပုဏ္ဏေးမသည်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်သို့တော်စပ်လျဉ်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ ဘရိယာ၊ မယားသည်။ ဘဝိဿတိကိံ၊ ဖြစ်လတ္တံ့လော။ ဥဒါဟု၊ ထိုသို့မဟုတ်မူ။ ဘဂိနီဝါ၊ နှမသည်။ ဘဝိဿတိကိံ၊ ဖြစ်လတ္တံ့လော။ တသ္မာ၊ ထိုသို့မတော်မစပ်လျဉ်းသည့် အဖြစ်ကြောင့်။ ပိယံ၊ ယခုဘဝမယားဖြစ်သော။ ဧတံသမ္ပိလ္လဟာသိနိံ၊ ထိုသေ၍ သူသေတို့နှင့်တကွဖြစ်သော သမ္ပိလ္လဟာသိနီကို။ နသောစာမိ၊ ငါမစိုးရိမ်။ ။
ယံယံ၊ အကြင်အကြင်သေတိုင်းသေတိုင်းသော သူသည်။ တဿအနုသောစန္တဿ၊ ထိုစိုးရိမ်သောသူအား။ နဝိဇ္ဇတိ၊ မရှိ။ မတံ၊ သေလေပြီ။ နိရုဒ္ဓံ၊ ချုပ်လေပြီ။ တံတံ၊ ထိုထို သေတိုင်းသေတိုင်းသောသူကို။ စေအနုသောစေယျ၊ အကယ်၍စိုးရိမ်ငြားအံ့။ ဧဝံသန္တေ၊ ဤသို့သေတိုင်းသေတိုင်းကို စိုးရိမ်သည်ရှိသော်။ သဒါ၊ အခါခပ်သိမ်း။ မစ္စု-ဝသံ၊ သေမင်းနိုင်ငံသို့။ ပတံပတန္တံ၊ လိုက်ရသော။ အတ္တာနံ၊ မိမိကိုယ်ကို။ အနုသောစေယျ၊ စိုးရိမ်ရာ၏။ ။
ဟေ၊ အိုလူများတို့။ တိဋ္ဌံ၊ ရပ်သော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ အာသိနံ၊ ထိုင်သော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ သယာနံ၊ လျောင်းသော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ ပတ္ထဂုံပရိဝတ္တေတွာစရမာနံ၊ ဘဝါးပြန်လှန်၍ သွားသော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သောသတ္တဝါ တို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ အထခေါ၊ အဟုတ်သော်ကား။ ယာဝ၊ အကြင်ရွေ့လောက်။ ဗျာတိ၊ မျက်စိဖွင့်၏။ ယာဝ၊ အကြင်ရွေ့လောက်။ နိမီသတိ၊ မျက်စိမှိတ်၏။ တတြာပိ၊ ထိုမျက်စိမှိတ်စဉ်ဖွင့်စဉ်လည်း။ ဝယော၊ အာယုသင်္ခါရ၏တည်ရာ မန္ဒာဒသက၊စသည်အပြားအရွယ်ဆယ်ပါးသည်။ ရသတိ၊ ယုတ်သည်သာတည်း။ နဝဍ္ဎတိ၊ မတိုးမပွါး။ ။
တတ္ထတသ္မိံ ဝတ္တမာနေဝယေ၊ ထိုသို့ဖြစ်သောအရွယ်၌။ အတ္တနိ၊ အတ္တဘောသည်။ ဝတ၊ စင်စစ်။ ဗန္ဓေ၊ စပ်သည်ရှိသော်။ ဝိနာ-ဘာဝေ၊ ကွေကွင်းကွဲပြားခြင်းသဘောသည်။ အသံသယေ၊ ယုံမှားမရှိရာဖြစ်လတ်သော်။ ယံဘူတံ၊ အကြင်သတ္တဝါသည်။ သေသံ၊ မသေမပျောက်ကြွင်းကျန်၏။ ဇီဝမာနံ၊ အသက်ရှင်သေး၏။ တံဘူတံ၊ ထိုမသေမပျောက်ကြွင်းကျန်၍ အသက်ရှင်သော သတ္တဝါကို။ ဒယိတဗ္ဗံ၊ သနားအပ်၏။ ဝါ၊ ချစ်ခင်အပ်၏။ အယံသတ္တော၊ ဤမသေမပျောက်ကြွင်းကျန်သောသတ္တဝါသည်။ အရောဂေါ၊ သလိပ်သည်းခြေသွေးဆိုး လေဆိုး အနာဆိုး ချောင်းဆိုး လည်နာကစ၊ဆံမျှရောဂါမရှိသည်။ သုခိတော၊ တက်ရေဖျားသို့တိုးပွါးသော ချမ်းသာသို့ ရောက်သည်။ အဝေရော၊ ရန်ဆူးရန်ငြောင့် အနှောင့်အရှက်မရှိသည်။ ဟောတု၊ ဖြစ်ပစေ။ ဣတံဧဝံ၊ ဤသို့။ တသ္မိံ၊ ထိုမသေမပျောက်ကြွင်းကျန်သောသူ၌။ မေတ္တာဘာဝနာ၊ မေတ္တာဘာဝနာကို။ ကာတဗ္ဗာ၊ ပြုအပ်၏။ မတံ၊ ဆွေမျိုးသားချင်းကိုစွန့်၍သေမင်းနိုင်ငံသို့လိုက်သော။ တံ၊ ထိုလူမဟုတ်ပြီသေမင်းလူဖြစ်သောသူကို။ အနနုသောစိယံ၊ ရင်ဘတ်စည်တီး ငိုကြီးရယ်ကြီးမစိုးရိမ်သင့်ပြီ။ ။
(နဟေဝတိဋ္ဌံနာသီနံ၊နသယာနံနပတ္ထဂုန္တိ ကိဉ္စိသတ္တံအာယုသင်္ခါရော အနုဂစ္ဆတီတိပါဌသေသော။ တတ္ထပတ္ထဂုန္တိ ပရိဝတ္တေတွာစရမာနံ။ ။
ဟူသော အဋ္ဌကထာကိုမြော်၍ ယောဇနာသည်။ ရသဟာနိယံ။ ရသတိ၊ရသနံ၊ရသော၊တတြာပိရသတိဝယော၊ ဟု-သဒ္ဒနီတိ လာရကား၊ရသတိ၊ယုတ်၏,ဟုအနက် ယောဇနာသည်။ ကာမတောဇာ ယတီသောကောကဲ့သို့ဆန်းအလိုငှါ၊တီ, ဟုဒီဃနှင့်ရေးရာသည်။ ။ ရသတိဗ္ဗယော၊ဟူ၍လည်းပါဠိရှိ၏။ သင့်သည်ပင်။ မတန္တံ အနနုသောစိယံ, ဖြတ်၊ဤပါဌ်ကိုစွဲ၍အနနုသောစိယဇာတ်ဟူသည်)။ ။
အနနုသောစိယဇာတကံ အဋ္ဌမံ။၃၂၈။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံအန္နပါနဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီ တင်းသုံးနေတော်မူစဉ်၊ ပျောက်သောလာဘသက္ကာရရှိသောဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏အဖြစ်ကြောင့် တစ်စုံတစ်ခုကိုမဆို။ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့်မျောက်အားဖြစ်သောလာဘသက္ကာရကိုသည်းမခံနိုင်သည်ဖြစ်၍အစ်ကိုယ်ကြီး၊ ဤမင်းအိမ်၌ကောင်းသော အရသာရှိကုန်သော ခဲဘွယ်အစရှိသည်တို့ကိုရှေး၌ကျွန်ုပ်တို့အားလျှင်ပေးကုန်၏။ ယခုကျွန်ုပ်တို့မရကုန်။ ကာဠဗာဟု ဟူသောမျောက်ညိုအားသာလျှင်ပေးကုန်၏။ ဓနဉ္စယမင်း၏အထံမှလာဘသက္ကာရကိုမရကုန်ဘဲဤအရပ်၌ကျွန်ုပ်တို့သည်အဘယ်ပြုကုန်အံ့နည်း။ လာလော့၊ တောသို့လျှင်သွား၍ နေကြကုန်အံ့ဟုရာဓကျေးသားနှင့်တကွစကားပြောလိုရကား။ ။
(၆၂၀)ယံ အန္န-ပါနဿ ပုရေ လဘာမ၊တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။
ဂစ္ဆာမ ဒါနိ ဝနမေဝ ရာဓ၊အသက္ကတာစ-မှဓနဉ္စယာယ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓကျေးသားသည်။ ။
(၆၂၁)လာဘော အလာဘော ယသော အယသော စ၊နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။
ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပေါဋ္ဌပါဒသည်မျောက်၌ ငြူစူခြင်းကိုပယ်အံ့သောငှါမတတ်နိုင်ရကား။ ။
(၆၂၂)အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊ဇာနာသိ အတ္ထာနိ အနာဂတာနိ။
ကထံ နု သာခမိဂံ ဒက္ခိသာမ၊နိဒ္ဓါပိတံ ရာဇကုလတောဝ ဇမ္မံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓသည်။ ။
(၆၂၃)စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
သယမေဝ တံ ကာဟတိ ကာဠဗာဟု၊ယေနာရကာ ဌဿတိ အန္န-ပါနာ။ ။
ဟူသောစတုတ္ထဂါထာကိုဆို၏။ ။
(၆၂၃)ပေါဋ္ဌပါဒ၊ ညီထွေးပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟုမျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ်၏။ ဘကုဋိံ ဘာကုဋိံ၊ မျက်မှောင်ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံမုဟုံ၊ ဟုတ်ချည်းဟုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယာပတေ၊ ကြောက်လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ တံကာရဏံ၊ ထိုအကြောင်းကို။ သယမေဝ၊ မိမိသည်ပင်လျှင်။ ကာဟတိ၊ ပြုလတ္တံ့။ တွံ၊ သင်သည်။ မာစိန္တယိ၊ မကြံလင့်။ ။
ကာဠဗာဟုမျောက်သည်လည်းနှစ်ရက်သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှနားနှာခေါင်းလှုပ်ခြင်းအစရှိသည်တို့ကိုပြု၍ မင်းသားငယ်တို့ကိုခြောက်၏။ မင်းသားငယ်တို့သည်ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ်နည်းဟုမေး၍ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကိုထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အားတဖန်ပကတိလာဘသက္ကာရသည်ဖြစ်၏။ ။ (ဓနဉ္စယာယာတိကရဏတ္ထေသမ္ပဒါနဝစနံ၊ ဓနဉ္စယေနာတိအတ္ထော။ ။ အတ္ထာနိကား။ ဓမ္မာနိဘုတွာနကဲ့သို့ လိင်္ဂဝိပလ္လာသ)။ ။
ကာဠဗာဟုဇာတကံ နဝမံ။၃၂၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သီလံကိရေဝကလျာဏံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ သီလကိုစုံစမ်းတတ်သော ပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏ ။ ။
ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပုရောဟိတ်ဖြစ်၏။ ထိုဘုရားလောင်းသည် မိမိသီလကိုစုံစမ်းလိုရကား။ သုံးရက်ပတ်လုံး ရွှေပန်းထိမ်သည်၏ပျဉ်အသပြာကိုယူ၏။ ဘုရားလောင်းကိုခိုးသူဟုဖမ်း၍မင်းအားပြကုန်၏။ ဘုရားလောင်းသည်မင်း၏အထံ၌တည်လျက်။ ။
(၆၂၄)သီလံ ကိရေဝ ကလျာဏံ၊သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရ-ဝိသော နာဂေါ၊သီလဝါတိ န ဟညတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤဂါထာဖြင့် သီလကိုချီးမွမ်း၍ မင်းကိုရဟန်းကိုခွင့်ပြုစေ၍ရဟန်းပြုအံ့သောငှါသွား၏။ ထိုအခါ တစ်နေ့သ၌ စွန်သည်ဈေးမှ အမဲအသားတစ်ကိုချီ၍ ကောင်းကင်၌ပျံ၏။ ထိုစွန်ကို တစ်ပါးသောငှက်တို့သည် ဝန်းရံ၍ ခြေသည်းဖျား,နှုတ်သီး စသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်သည် ဆင်းရဲကို သည်းခံအံ့သောငှါမတတ်နိုင်၍ အသားတစ်ကိုစွန့်၏။ တစ်ခုသောစွန်သည်ယူ၏။ ထိုအသားတစ်ကိုယူသောစွန်သည်လည်းတစ်ပါးသောငှက်တို့သည်ညှဉ်းဆဲအပ်သည်ရှိသော် ရှေးအတူလျှင်စွန့်၏။ ထိုအခါတစ်ပါးသောစွန်သည် ယူပြန်၏။ ထိုငှက်တို့တွင် အကြင်အကြင်ငှက်သည် ယူ၏။ ထိုထိုငှက်ကိုတစ်ပါးသောငှက်တို့သည်လိုက်ကုန်၏။ အကြင်အကြင် ငှက်တို့သည်စွန့်၏။ ထိုထိုငှက်သည် ချမ်းသာသည်လျှင်ဖြစ်၏။ ဘုရားလောင်းသည်မြင်၍၊ ဤကာမတို့မည်သည်ကား အသားတစ်နှင့် တူကုန်၏။ ဤကာမကိုယူကုန်သော သူတို့အားသာလျှင် ဆင်းရဲဖြစ်၏။ စွန့်ကုန်သောသူတို့အားချမ်းသာ၏ဟုကြံ၍။ ။
(၆၂၅)ယာဝဒေဝဿဟူ ကိဉ္စိ၊တာဝဒေဝ အခါဒိသုံ။
သင်္ဂမ္မ ကုလလာ လောကေ၊န ဟိံသန္တိ အကိဉ္စနံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုဘုရားလောင်းသည်မြို့မှထွက်၍ ခရီးအကြားတစ်ခုသောရွာဝယ် ညချမ်းအခါ တစ်ခုသောအိမ်၌အိပ်၏။ ထိုအိမ်၌ ပိင်္ဂလာမည်သောကျွန်မသည် ဤမည်သောအချိန်၌လာလော့ဟုယောက်ျားတစ်ယောက်နှင့်တကွ ချိန်းချက်ခြင်းကိုပြု၏။ ထိုပိင်္ဂလာမည်သောကျွန်မသည် အရှင်တို့၏ ခြေတို့ကိုဆေး၍ အရှင်တို့သည် အိပ်ကုန်လတ်သော်၊ ထိုယောက်ျား၏ လာခြင်းကို မြှော်လျက် တံခါးခုံ၌ထိုင်၍ ယခုလာလတ္တံ့၊ ယခုလာလတ္တံ့ဟု ပဌမယံ၊မဇ္ဈိမယံတို့ကိုလွန်စေ၏။ မိုးသောက်ထ၌ကား ယခုထိုယောက်ျားသည် မလာပြီဟုအာသာပြတ်လျက်လျောင်း၍အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ဤကျွန်မသည်ထိုယောက်ျားကား ယခုလာလတ္တံ့ဟူသောအမှတ်ဖြင့် ဤမျှလောက်သောကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ၌ကား ထိုယောက်ျား၏မလာအံ့သောအဖြစ်ကိုသိ၍ အာသာပြတ်ရကား ချမ်းသာစွာအိပ်၏။ ကိလေသာတို့၌တောင့်တခြင်းအာသာမည်သည်ကားဆင်းရဲ၏။ အာသာမရှိသောအဖြစ်သည်လျှင်ချမ်းသာ၏ဟုကြံ၍။ ။
(၆၂၆)သုခံ နိရာသာ သုပတိ၊အာသာ ဖလဝတီ သုခါ။
အာသံ နိရာသံ ကတွာန၊သုခံ သုပတိ ပိင်္ဂလာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုဘုရားလောင်းသည်နက်ဖြန်ထိုရွာမှတောသို့ဝင်လတ်သော်ဈာန်ဝင်စား၍နေသော တစ်ပါးသော ရသေ့ကိုမြင်၍၊ဤပစ္စုပ္ပန်လောက,တမလွန်လောက၌ ဈာန်ချမ်းသာထက် လွန်မြတ်သော ချမ်းသာမည်သည် မရှိဟုကြံ၍။ ။
(၆၂၇)န သမာဓိပရော အတ္ထိ၊အသ္မိံ လောကေ ပရမှိ စ။
န ပရံ နာပိ အတ္တာနံ၊ဝိဟိံသတိ သမာဟိတော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၂၇)အသ္မိံ လောကေ၊ မျက်မြင်ပစ္စက္ခ ဤလောက၌၎င်း။ ပရမှိစ၊ မျက်ကွယ် တမလွန်လောက၌၎င်း။ သမာဓိပရော၊ သမာဓိထက် မြတ်သော သမာဓိထက်လွန်သောသမာဓိမှတစ်ပါးသောသုခတရားသည်။ နအတ္ထိ၊ မရှိ။ ဟိသစ္စံ၊ မှန်၏။ (ထည့်)။ သမာဟိတော၊ ဥပစာရသမာဓိ,အပ္ပနာသမာဓိနှင့်ပြည့်စုံသော သူသည်။ ပရံပိ၊ သူတစ်ပါးကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ ။
အခါဒိသုံ၌ဥုံဝိဘတ်ကိုဣံ သုပြု၍ အခါဒိံ သုရှိလိုလျက်ဆန်းအလို့ငှါ နိဂ္ဂဟိတ်ကိုပြောင်း၍၊ အခါဒိသုံ,နေသည်။ အာသာဖလဝတိသုခါဝယ်အဓိပ္ပါယ်သော်ကား။ အကြင်တောင့်တအာသာ၏အကျိုးကို သိဝီမင်းကြီးထိုသို့ရအပ်ပြီ။ ထိုအာသာသည် အကျိုးသုခဖြစ်သောကြောင့် သုခမည်သတည်း။ အကြင်အာသာ၏အကျိုးကိုပိင်္ဂလာမည်သောကျွန်မတို့ကဲ့သို့ ချိန်းချက်သော ယောက်ျားမလာ၍ မရပါသေး၊ ထိုအာသာသည် တစ်တောင့်တတ မအိပ်တတ်, မစားတတ်, ဆင်းရဲကို ဖြစ်စေတတ်သောကြောင့်ဒုက္ခဟူလိုသတည်း။ ။
သီလဝီမံသဇာတကံ ဒသမံ။၃၃၀။ ကုဋိဒူသကဝဂ္ဂေါ တတိယော။ ။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောဝေကာလေ အသမ္ပတ္တေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကောကာလိကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည်ဘုရားလောင်းကိုအဆွေ၊ ဤအကြောင်းကားအသို့နည်းဟုမေး၏။ ဘုရားလောင်းသည်ငါကားမင်းကိုမြစ်အံ့သောငှါ တစ်ခုသောဥပမာကိုရှာ၏။ ယခုထိုဥပမာကိုငါရပြီဟုကြံ၍၊ မြတ်သောမင်းကြီးအလွန်နှုတ်ကြမ်းကုန်သော စကားများကုန်သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ဤဥဩငယ်သည် အတောင်မရောက်သေး၊ အခါမဟုတ်မီကလျှင် ဥဩသံကို မည်၏။ ထို့ကြောင့်ဤဥသြငယ်ကို ကျီးမသည် ဤငှက်ကား ငါ့သားမဟုတ်ဟုသိ၍ နှုတ်ဖြင့်ထိုးသတ်၍အသိုက်မှချ၏။ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကိုရကုန်၏ဟုဆို၍။ ။
(၆၂၈)ယော ဝေ ကာလေ အ-သမ္ပတ္တေ၊အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊ကောကိလာယိဝ အတြဇော။ ။
(၆၂၉)န ဟိ သတ္ထံ သုနိသိတံ၊ဝိသံ ဟလာဟလာမိဝ။
ဧဝံ နိက္ကဍ္ဎေ ပါတေတိ၊ဝါစာ ဒုဗ္ဘာသိတာ ယထာ။ ။
(၆၃၀)တသ္မာ ကာလေ အ-ကာလေဝါ၊ဝါစံ ရက္ခေယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊အပိ အတ္တသမမှိ ဝါ။ ။
(၆၃၁)ယော စ ကာလေ မိတံ ဘာသေ၊မတိ-ပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊သုပဏ္ဏော ဥရဂါမိဝ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၂၈-၆၃၁)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ မိမိ၏စကားကိုဆိုရာကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ ပဘာသတိ၊ စကားဆိုတတ်၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍မူလည်း။ ပဘာသတိ၊ ဆိုတတ်၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ ဝါ၊ ရန်သူတို့ဖျက်ဆီးအပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။ ။
ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့်ဆိုအပ်သော။ ဝါစာ၊ စကားသည်။ ဟလာဟလံ၊ လတ်တလောသေစေတတ်သော။ ဝိသံဣဝ၊ အဆိပ်ကဲ့သို့။ နိကဍ္ဎေတသ္မိံ ယေဝခဏေအပ္ပမတ္တကေကာလေ၊ ထိုစကားဆိုစဉ်ခဏ မမြင့်မကြာအနည်းငယ်သော ကာလ၌လျှင်။ ပါတေတိယထာ၊ သတ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သုနိသိတံ၊ ကောင်းစွာသွေးအပ်သော။ သတ္ထံ၊ ဓားလက်နက်သည်။ နပါတေတိ၊ မသတ်တတ်သေး။ (ဟိ,အနက်မရှိ)။ ။
တသ္မာ၊ ထိုသို့ကောင်းစွာသွေးအပ်သောဓားလက်နက်လတ်တလောသေစေတတ်သောအဆိပ်ထက်လည်း လျင်မြန်စွာမကောင်းသဖြင့် ဆိုအပ်သောစကား၏သာလျှင် သတ်တတ်သည်၏အဖြစ်ကြောင့်။ ကာလေ၊ ဆိုခြင်းငှါလျောက်ပတ်သောကာလ၌လည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍။ နပဘာသေယျ၊ မဆိုရာ။ အကာလေဝါ၊ အခါမဟုတ်သည်၌မူလည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတ္တသမမှိ၊ မိမိနှင့်တူမျှသော။ ပုဂ္ဂလေအပိဝါ၊ ပုဂ္ဂိုလ်အထံ၌သော်လည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ ။
စ၊ အထူးကိုဆိုဦးအံ့။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိဣဝ၊ ဖမ်းယူ၏သို့။ ဧဝံတထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ သင့်မသင့် လျော်မလျော်ကို ပညာ ဉာဏ်စွမ်းရှေးဦးစူးစမ်း၍ဆိုလေ့ရှိသော။ ယောဝိစက္ခဏော၊ ဉာဏ်ဖြင့်စိစစ်စူးစမ်း၍ အကျိုးအကြောင်းကိုကြံလေ့ရှိသောအကြင်ပုဂ္ဂိုလ်သည်။ ကာလေ၊ လျောက်ပတ်သောကာလ၌။ မိတံ၊ မယုတ်မလွန်စေရနှိုင်းယှဉ်အပ်သောစကားကို။ ဘာသေ၊ ဆိုတတ်၏။ သောဝိစက္ခဏော၊ ဉာဏ်ဖြင့် စိစစ်စူးစမ်း၍ အကျိုးအကြောင်းကို ကြံလေ့ရှိသော ထိုပုဂ္ဂိုလ်သည်။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏(မိမိအလိုအာဏာ၌တည်စေနိုင်၏ဟူလို)။ ။
ကောကာလိကဇာတကံ ပဌမံ။၃၃၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိဟန္တွာဟတောဗြူတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရထလဋ္ဌိဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏ ပုရောဟိတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အထူးကား ဤအတိတ်၌ ပုရောဟိတ်သည် မင်းအားကြားလျှောက်သည်ရှိသော်၊ မင်းသည်ကိုယ်တိုင် တရားဆုံးဖြတ်သော အရာ၌နေ၍လှည်းနှင့် ယောက်ျားတို့ကိုခေါ်စေ၍ အမှုကိုမသုတ်သင် မစိစစ်မူ၍လျှင် သင်တို့သည်ငါ့ပုရောဟိတ်ကိုရိုက်၍ နဖူး၌ဖူးဖူးရောင်စေ၏,ဟု-ဆို၍ထို လှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို သိမ်းဆည်းခြင်းကို ပြုကြကုန်ဟုဆို၏။ ထိုမင်းကိုဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့သည်အမှုကိုမသုတ်သင်မစိစစ်မူ၍ ထိုလှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို ယူစေကုန်၏။ အချို့သောသူတို့သည် မိမိသည်မိမိသည်ပင်လျှင် မိမိကိုယ်ကိုသတ်၍ သူတစ်ပါးသတ်သည်ဟုဆို ကုန်ရာ၏။ ထို့ကြောင့်မစိစစ်မူ၍ပြုခြင်းငှါမသင့်။ မင်းပြုသောသူသည် သုတ်သင်စိစစ်၍အမှုကိုပြုခြင်းငှါသင့်၏ဟုဆို၍။ ။
(၆၃၂)အပိ ဟန္တွာ ဟတော ဗြူတိ၊ဇေတွာ ဇိနောတိ ဘာသတိ။
ပုဗ္ဗမက္ခာယိနော ရာဇ၊အညဒတ္ထု န သဒ္ဒဟေ။ ။
(၆၃၃)တသ္မာ ပဏ္ဍိတ-ဇာတိယော၊သုဏေယျ ဣတရဿပိ။
ဥဘိန္နံ ဝစနံ သုတွာ၊ယထာ ဓမ္မော တထာ ကရေ။ ။
(၆၃၄)အလသော ဂိဟီ ကာမဘောဂီ န သာဓု၊အ-သညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မ-ကာရီ၊ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။ ။
(၆၃၅)နိသမ္မ ခတ္တိယော ကယိရာ၊နာနိသမ္မ ဒိသံပတိ။
နိသမ္မကာရိနော ရာဇ၊ယသော ကိတ္တိ စ ဝဍ္ဎတိ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၃၂-၆၃၅)ရာဇ၊ မြတ်သောမင်းကြီး။ ဧကော၊ အချို့သောသူသည်။ အပိ၊ စင်စစ်။ ဟန္တွာ၊ မိမိကိုယ်ကိုမိမိသတ်၍။ ဟတော၊ ဤမည်သောသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ (ဟန္တာရှိမူ။ အပိ၊ စင်စစ်။ ဟန္တာ၊ သူတစ်ပါးကိုမိမိသတ်တတ်သောကတ္တားဖြစ်လျက်။ ဟတော၊ အသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ ဟုပေး)။ ဇေတွာ၊ မိမိသည်သူတစ်ပါးကိုအောင်၍။ ဇိနောတိ၊ သူတစ်ပါးသည်ငါ့ကိုအောင်အပ်၏ဟု။ ဘာသတိ၊ ဆို၏။ ပုဗ္ဗအက္ခာယိနော၊ ရှေးဦးစွာလျှင် မင်းထံသို့ကပ်၍ပြောကြားတတ်သောသူ၏။ ဝစနံ၊ စကားကို။ အညဒတ္ထု ဧကံသေန၊ စင်စစ်အားဖြင့်။ နသဒ္ဒဟေ၊ မယုံကြည်ရာ။ ။
တသ္မာ၊ ထိုသို့ရှေးဦးစွာကပ်၍ပြောကြားတတ်သောသူ၏ စကားကိုစင်စစ်အားဖြင့်မယုံကြည်ရာသည်၏အဖြစ်ကြောင့်။ ပဏ္ဍိတဇာတိယော၊ ပညာရှိစစ်ဖြစ်သောတရားသူကြီးသည်။ ဣတရဿပိ၊ အမှုသည်တစ်ဦး၏လည်း။ ဝစနံ၊ စကားကို။ သုဏေယျ၊ နာခံရာ၏။ ဥဘိန္နံ၊ အမှုသည်နှစ်ဦးတို့၏။ ဝစနံ၊ နှစ်ပြင်သောစကားဆိုကို။ သုတွာ၊ ကြားပြီး၍။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ ဓမ္မော၊ ဆုံးဖြတ်သော ဓမ္မသတ် တရားသဘောသည်။ ဌိတော၊ တည်၏။ တထာ၊ ထိုဆုံးဖြတ်အပ်ဆုံးဖြတ်ကြောင်းဖြစ်သောတရားသဘောအတိုင်း။ ဝါ၊ တရားသဘောဖြင့်။ ကရေ၊ အရှုံးအနိုင်ဆုံးဖြတ်ရာ၏။ ။
ကာမဘောဂီ၊ ကာမစည်းစိမ်ကိုခံစားသော။ ဂိဟိ၊ လူဖြစ်လျက်။ အလသော၊ ပျင်းရိသောသူသည်။ နသာဓု၊ မကောင်း။ ပဗ္ဗဇိတော၊ ရဟန်းပြုလျက်။ အသညတော၊ ကိုယ်နှုတ်နှလုံးမစောင့်စည်း သသူသည်။ နသာဓု၊ မကောင်း။ ရာဇာ၊ မင်းဖြစ်လျက်။ အနိသမ္မကာရီ၊ ယုတ္တာ ယုတ္တိရှိမရှိကိုမိမိဉာဏ်ဖြင့်ရှေးဦးမစုံစမ်းမဆင်ခြင်မူ၍ပြုလေ့ရှိမူ။ နသာဓု၊ မကောင်း။ ယောပဏ္ဍိတော၊ အကြင်ပညာရှိသည်။ ကောဓနော၊ အမျက်ထွက်လေ့ရှိ၏။ တဿ၊ ထိုပညာရှိလျက် အမျက်ထွက်လေ့ရှိသောသူ၏။ အာဒါနဂါဟီဝသေန၊ မိမိဉာဏ်အထင်ကို လျင်မြဲစွာ ယူလေ့ရှိသည်၏အစွမ်းဖြင့်။ တံကောဓနံ၊ ထိုအမျက်ထွက်ခြင်းသဘောသည်။ နသာဓု၊ မကောင်း။ ။
ခတ္တိယော၊ ရေမြေစိုးရဘဝရှင်ဖြစ်သောမင်းသည်။ နိသမ္မ၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်းဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသံပတိ၊ အရပ်မျက်နှာတို့၏အရှင်အဓိပတိဖြစ်သောမင်းသည်။ အနိသမ္မ၊ ပညာ ဉာဏ်စွမ်းဖြင့်မစူးစမ်းမဆင်ခြင်မူ၍။ နကယိရာ၊ တိုင်းရေးပြည်မှုကိုမပြု မစီရင်ရာ။ ရာဇ၊ မင်းမြတ်။ နိသမ္မကာရိနော၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်း မြော်ချင့်လျက်ဆင်ခြင်၍ပြုလေ့ရှိသောမင်း၏။ ယသော၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိစ၊ ကျေးဇူးသတင်းကျော်စောခြင်းသည်၎င်း။ ဝဍ္ဎတိ၊ ပွါးများ၏။ ။
မင်းသည်ဘုရားလောင်းစကားကိုကြား၍ တရားသဖြင့်ဆုံးဖြတ်သည်ရှိသော် ပုဏ္ဏားအားသာလျှင်အပြစ်သည်ဖြစ်၏။ ။
ရထလဋ္ဌိဇာတကံ ဒုတိယံ။၃၃၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တဒေဝမေတွံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂေါဓဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်မိဘုရားကြီးအား ဆုလာဘ်ပေးခြင်းမြတ်နိုးတနာပြုစေလို၍ မင်း၏အထံ၌နေ၍။ ရှင်မ၊ ကျွန်ုပ်တို့သည် အရှင်မတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်။ ရှင်မတို့သည်ကျွန်ုပ်တို့ကိုမကြည့်ကုန်ပြီလောဟုဆို၏။ ဘခင်ကျွန်ုပ်သည်လျှင် မင်း၏အထံမှ တစ်စုံတစ်ခုကိုမရ၊ ဘခင်အား အဘယ်ကိုပေးပါရအံ့နည်း။ မင်းသည်လည်း ယခုကျွန်ုပ်အား အဘယ်ကို ပေးလတ္တံ့နည်း။ တောမှလာ သောကာလ၌ ဖွတ်ကင်ကိုတစ်ယောက်ထည်းသာလျှင်စား၏ဟုဆို၏။ ရှင်မဤသို့မဆိုလင့်၊ မင်းသည်ဤသို့ မပြုပေရာဟု ဘုရားလောင်းဆို၏။ ထိုအခါဘုရားလောင်းကို မိဘုရားသည်။ ဘခင်၊ ထိုကာလဖြစ်သော အမှုသည် ဘခင်တို့အား မထင်ရှား။ ကျွန်ုပ်နှင့်မင်းအားသာလျှင် ထင်ရှား၏ဟုဆို၍။ ။
(၆၃၆)တဒေဝ မေ တွံ ဝိဒိတော၊ဝန-မဇ္ဈေ ရထေသဘ။
ယဿ တေ ခဂ္ဂ-ဗဒ္ဓဿ၊သန္နဒ္ဓဿ တိရီဋိနော။
အဿတ္ထ-ဒုမ-သာခါယ၊ပက္ကာဂေါဓါ ပလာယထ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ဤသို့မင်းပြုသောအပြစ်ကိုလူများအလယ်၌ထင်ရှားစွာပြု၍မိဘုရားဆို၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍။ ရှင်မ၊ မင်းသည် မချစ်သောကာလမှစ၍ နှစ်ယောက်သောသူတို့၏မချမ်းသာခြင်းကိုပြု၍အဘယ့်ကြောင့်ဤ၌နေသနည်းဟုဆို၍။ ။
(၆၃၇)နမေ နမန္တဿ ဘဇေ ဘဇန္တံ၊ကိစ္စာနုကုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊အသမ္ဘဇန္တမ္ပိ န သမ္ဘဇေယျ။ ။
(၆၃၈)စဇေ စဇန္တံ ဝနထံ န ကယိရာ၊အပေတ-စိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏ-ဖလံဝဉတွာ၊အညံ သမေက္ခေယျ မဟာ ဟိ လောကော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၃၇-၆၃၈)ဒေဝိ၊ ရှင်မိဘုရား။ နမန္တဿ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ညွတ်သောသူအားသာလျှင်။ နမေ၊ အတုံ့ပြန်၍ညွတ်ရာ၏။ ဘဇန္တံ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ဆည်းကပ်သောသူသို့သာလျှင်။ ဘဇေ၊ အတုံ့ပြန်၍ ဆည်းကပ်ရာ၏။ ကိစ္စာနိ၊ မိမိ၌ပေါ်ထွက်သောအမှုကိစ္စတို့ကို။ ကြုဗ္ဗဿ၊ မှိုင်းမကြည့်ရှုပြုသောသူ၏သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ပြုရာ၏။ အနတ္ထကာမဿ၊ မိမိအစီးအပွါးကို အလိုမရှိသောသူ၏။ အတ္ထံ၊ အစီးအပွါးကို။ နကရေယျ၊ မပြုရာ။ အသမ္ဘဇန္တံပိ၊ မိမိသို့မဆည်းကပ်သောသူသို့လည်း။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ။
တသ္မိံ၊ ထိုမိမိစွန့်ပစ်သောသူ၌,(ထည့်)။ ဝနထံတဏှာသ္နေဟံ၊ တဏှာအားဖြင့် ချစ်ခြင်းကို။ နကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ တပ်စွန်းခြင်းကင်းသောစိတ်ဖြင့်။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ ဒိဇော၊ ငှက်သည်။ ခီဏဖလံ၊ ကုန်သောအသီးရှိသော။ ဒုမံ၊ သစ်ပင်ကို။ ဉတွာ၊ သိ၍။ အညံ၊ အသီးရှိသောသစ်ပင်ကို။ သမေက္ခေယျဣဝ၊ ကြည့်ရာသကဲ့သို့။ တထာ၊ ထိုအတူ။ ခီဏရာဂံ၊ ကုန်ပြီးသောတပ်ခြင်းရှိသော။ ပုရိသံ၊ ယောက်ျားကို။ ဉတွာ၊ သိ၍။ အညံ၊ တစ်ပါးသော။ သေယျံ၊ မြတ်သောသူသို့။ ဥပဂစ္ဆေယျ၊ ကပ်ရာ၏။ ဟိသစ္စံ၊ မှန်၏။ လောကော၊ လောကဓာတ်သည်။ မဟာ၊ ကျယ်စွာ၏။ ။
မင်းသည်ဘုရားလောင်းဆိုတိုင်းဆိုတိုင်းမိဘုရားကျေးဇူးကိုအောက်မေ့၍။ ရှင်မ၊ ဤမျှလောက်သော ကာလပတ်လုံး သင့်ကျေးဇူးကိုငါမအောက်မေ့။ ပညာရှိ၏စကားဖြင့်အောက်မေ့၏။ ငါ၏အပြစ်ကိုသည်းခံလော့။ အလုံးစုံသော ဤမင်းအဖြစ်ကိုသင့်အားသာလျှင်ပေး၏ဟုဆို၍။ ။
(၆၃၉)သော တေ ကရိဿာမိ ယထာနုဘာဝံ၊ကတညုတံ ခတ္တိယော ပေက္ခမာနော။
သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ၊ယဿိစ္ဆသီ တဿ တုဝံ ဒဒါမိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၃၉)ဒေဝိ၊ မိဘုရား။ ကတညုတံ၊ ကျေးဇူးသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုသော။ ခတ္တိယော၊ ရေမြေရှင်ဖြစ်သော။ သောအဟံ၊ ထိုငါသည်။ တေ၊ သင်အား။ ယထာနုဘာဝံ ယထာသတ္တိယထာဗလံ၊ အစွမ်းအလျောက်-အားအလျောက်။ ကရိဿာမိ၊ ပြုအံ့။ ယဿ၊ အကြင်စည်းစိမ်ကို။ တုဝံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုသင်အလိုရှိသောစည်းစိမ်ကို။ တေ၊ သင့်အား။ ဒဒါမိ၊ ပေး၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ အစိုးရသည့်အဖြစ်ကိုလည်း။ ဒဒါမိ၊ ပေး၏။ ။
ဤသို့ဆို၍မင်းသည် မိဘုရားအား အလုံးစုံသောစည်းစိမ်ကိုပေး၏။ ဤပညာရှိသည်မိဘုရား၏ ကျေးဇူးကိုအောက်မေ့၏ဟုပညာရှိအားလည်း များစွာသောစည်းစိမ်ကိုပေး၏။ ။ ယဿတဿ၌၊ကမ္မတ္ထဆဋ္ဌီတည်း။ ထို့ကြောင့်။ ယံတွံဣစ္ဆသိတံဒဒါမိ၊ဟု-အဋ္ဌကထာဖွင့်သည်။ ။
ဂေါဓဇာတကံ တတိယံ။၃၃၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဂဝံစေတရမာနာနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မင်းအား ဆုံးမခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဗြဟ္မဒတ်မင်းသည်မြို့တွင်းမြို့ပ ဇနပုဒ်တို့၌လည်း မိမိကျေးဇူးမဲ့ကိုဆိုသောသူကိုမမြင်၊ မိမိကျေးဇူးစကားကိုသာ ကြားရ၍ ဟိမဝန္တာ၌ ကျေးဇူးမဲ့ကိုဆိုကုန်သလောဟု တောသို့ဝင်၍လှည့်လည်သော်၊ဘုရား လောင်း၏ကျောင်းသို့ရောက်၍ ဘုရားလောင်းကိုရှိခိုး၍ ပြုအပ်သောပဋိသန္ဓာရရှိသည်ဖြစ်၍တင့်အပ်လျောက်ပတ်စွာနေ၏။ ထိုအခါဘုရားလောင်းသည် တောမှ ပညောင်သီးမှည့်တို့ကို ဆောင်၍သုံးဆောင်၏။ ထိုပညောင်သီးမှည့်တို့သည် ချိုကုန်၏။ သကာ,သကြားမုံ့နှင့်တူကုန်၏။ ဘုရားလောင်းသည်မင်းကိုခေါ်၍၊ ဘုန်းကြီးသောဒါယကာ၊ ဤပညောင်သီးမှည့်ကိုစား၍ရေကိုသောက်လော့ဟုဆို၏။ မင်းသည်ဘုရားလောင်း ဆိုတိုင်းပြု၍ ဘုရားလောင်းကို၊ အရှင်ဘုရား၊ ဤပညောင်သီးမှည့်သည် အဘယ့်ကြောင့်အလွန်ချိုသနည်းဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ မင်းသည်တရားသဖြင့်မင်းပြု၏။ ထို့ကြောင့်ထိုပညောင်သီးမှည့်သည် ချို၏ဟုဆို၏။ အရှင်ဘုရား၊ မင်းတရားမစောင့်သောကာလ၌မချိုခြင်းသည် ဖြစ်သလောဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ ဆိုတိုင်းဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့်ကုန်သည်ရှိသော် ဆီ,ပျား,တင်လဲ,အစရှိသည်တို့သည်၎င်း တောသစ်မြစ်သစ်သီးတို့သည်၎င်းမချိုကုန်။ အလုံးစုံသော တိုင်းသည်လည်းဩဇာမရှိသည်ဖြစ်၏။ မင်းတို့သည်တရားစောင့်ကုန်သည်ရှိသော်ခပ်သိမ်းသောအာဟာရတို့သည် ချိုကုန်၏။ သြဇာရှိကုန်၏။ အလုံးစုံသော တိုင်းသည်လည်း ဩဇာရှိသည်ဖြစ်၏ဟု ဆို၏။ မင်းသည် အရှင်ဘုရားမိန့်တော်မူတိုင်း ဖြစ်လတ္တံ့ဟုဆို၍၊ မိမိ၏မင်းအဖြစ်ကို မသိစေမူ၍သာလျှင် ဘုရားလောင်းကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ ရသေ့၏စကားကိုစုံစမ်းအံ့ဟု အဓမ္မဖြင့်ပြု၍ ယခုသိရအံ့ဟု အနည်းငယ်သော ကာလကို လွန်စေ၍ ထိုကျောင်းသို့သွား၍ ထိုဘုရားလောင်းကိုရှိခိုး၍တင့်အပ်လျောက်ပတ်စွာနေ၏။ ဘုရားလောင်းသည်လည်းမင်းအား ရှေးအတူလျှင်ဆို၍ ပညောင်သီးမှည့်ကိုပေး၏။ ထိုပညောင်သီးမှည့်သည် ခါးသောအရသာရှိ၏။ မင်းသည် မချိုအရသာမရှိဟု တံတွေးနှင့်တကွထွေး၍၊ အရှင်ဘုရား၊ ခါး၏ဟုဆို၏။ ဘုရားလောင်းသည်၊ ဘုန်းကြီးသောဒါယကာ၊ မင်းသည် တရားမစောင့်သည်ဖြစ်လတ္တံ့။ မင်းတရားမစောင့်သောကာလ၌တော၌သစ်သီးကြီးငယ်ကိုအစပြု၍ အလုံးစုံသည်မချိုဩဇာမရှိသည်ဟုဆို၍။ ။
(၆၄၀)ဂဝဉ္စေ တရမာနာနံ၊ဇိမှံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဇိမှံ ဂစ္ဆန္တိ၊နေတ္တေ ဇိမှံ ဂတေ သတိ။ ။
(၆၄၁)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။
သော စေ အဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊ရာဇာ စေ ဟောတိ အဓမ္မိကော။ ။
(၆၄၂)ဂဝဉ္စေ တရမာနာနံ၊ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဥဇုံ ဂစ္ဆန္တိ၊နေတ္တေ ဥဇုံ ဂတေ သတိ။ ။
(၆၄၃)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။
သော သစေ ဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊ရာဇာ စေ ဟောတိ ဓမ္မိကော။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၄၀-၆၄၃)မဟာပုည၊ ဘုန်းကြီးသောဒါယကာ။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဇိမှံ၊ ကောက်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်တတ်သော ရှေ့ဆောင်နွားအကြီးဥသဘသည်။ ဇိမှံ၊ ကောက်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ တာ၊ ထိုနောက်လိုက်နွားမတို့သည်။ ဇိမှံ၊ ကောက်စွာ။ ဂစ္ဆန္တိဣဝ၊ သွားကုန်၏သို့။ ။
ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သော မင်းသည်။ အဓမ္မံ၊ ဆန္ဒာဂတိ စသည်သို့လိုက်သောအားဖြင့် တရားမဟုတ်သော အကျင့်ကို။ စေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ အဓမ္မံ၊ တရားမဟုတ်သော အကျင့်ကို။ စရတိ၊ ကျင့်တတ်ချေ၏။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ အဂတိလေးပါးသို့ လိုက်သောအားဖြင့် တရားမစောင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သားအပေါင်းသည်။ ဒုခံ၊ ဆင်းရဲစွာ။ သေတိ၊ အိပ်ရ၏။ ။
တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင် နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်ယူတတ်သောရှေ့ဆောင်နွားအကြီးဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ ဂါဝီ၊ နွားမတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိဣဝ၊ သွားကုန်၏သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သောမင်းသည်။ ဓမ္မံ၊ တရားကို။ သစေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ ဓမ္မံ၊ တရားကို။ စရတိ၊ ကျင့်၏။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ အဂတိလေးပါးကို ပယ်ရှား၍ တရားကျင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သား အပေါင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ။
ဂဝံ၌ဝေါသဒ္ဒါသည် ဥသဘနွားနှင့်တကွ နိဒ္ဓါရဏသမုဒါယဖြစ်၍ နွားပိုက် နွားမနှစ်ပါးကို ဟောသည်။ ပုင်္ဂဝေါဖြင့် နိဒ္ဓါရဏီယ ဥသဘနွားကိုယူပြီးရကား၊ နွားမအပေါင်းသာကျန်၍ သဗ္ဗာတာ,ဟု-ဣတ္ထိလိင်ဆိုသည်။ ။
ပရိဂ္ဂဟေတွာနေတီတိနေတ္တာ။ ။ ယောပုင်္ဂဝေါ၊ သည်။ သဗ္ဗာ၊ အလုံးစုံသော နွားမတို့ကို။ ပရိဂ္ဂဟေတွာ၊ သိမ်းပိုက်၍။ နေတိ၊ ဆောင်တတ်၏။ ဣတိတသ္မာ၊ ကြောင့်။ နေတ္တာ၊ နေတ္တုမည်၏။ ။ နေတ္တု သဒ္ဒါနောင်သ္မိ ဝိဘတ်ကိုဧပြု၍နေတ္တေပြီးသည်။ ။ နေတ္တုတောသ္မိမေ။ နေတ္တေဥဇုံဂတေ။ ဝါတိကိံ။ နေတ္တရိ။ ။ သဒ္ဒနီတိ။ ။ ပဂေဝဣတရာ ပဇာတိ ဣတရေသတ္တာ ပုရေတရမေဝ အဓမ္မံစရန္တီတိအတ္ထော။ ။ ဟု-အဋ္ဌကထာ ဖွင့်ရကား။ ဤ၌ပဂေဝပဂေါဧဝပုဒ်ဖြတ်၍ ပဂေါသဒ္ဒါဟူသည် ပုရေတရအနက်ကို ဟောသည်။ ပဂေဝ၊ အဘယ်ဆိုဖွယ် ရှိအံ့နည်းဟု ယောဇနာသောအနက်ကားအဖွင့်မရှိ။ ။ ပပေဝသာဝတ္ထိံ ပိဏ္ဍာယစရိတုံ၌ကား။ ပဂေဝပဂေါဧဝ၊ စောသေးသလျှင်ကတည်းဟု ပါတောအနက်ကို ဟောသည်မှတ်။ ဒုခံ၌ဆန်းကိုငဲ့၍ ဝိသံယောဂ။ သေတိပင်ဆိုသော်လည်း ပဋ္ဌာနနည်းယူ၍ ဣရိယာပုထ်လေးပါးကိုပင်ရသည်။ ထိုကြောင့်။ ။ စတူသုဣရိယာပထေသုသုခမေဝဟောတိ။ ။ ဟု-အဋ္ဌကထာမိန့်သော်။ ။
ရာဇောဝါဒဇာတကံ စတုတ္ထံ။၃၃၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗြဟာပဝဍ္ဎကာယော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဇမ္ဗုကဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ခြင်္သေ့စားကြွင်းဖြင့် ဆူဖြိုးသောကိုယ်ရှိသည်၏အဖြစ်သို့ ရောက်သော ထိုမြေခွေးအားတစ်နေ့သ၌ မာနရှိသည်ဖြစ်၏။ ထိုမြေခွေးသည် ခြင်္သေ့သို့ကပ်၍၊ အရှင်၊ အကျွန်ုပ်သည်အခါခပ်သိမ်းအရှင်တို့၏အလုပ်အကျွေးကိုခံ၍ အရှင်တို့သည်အခါခပ်သိမ်းအမဲကိုဆောင်ယူ၍ အကျွန်ုပ်ကိုကျွေးမွေးကုန်၏။ ယနေ့အရှင်သည်ဤနေရာ၌လျှင်နေလော့၊ အကျွန်ုပ်တစ်ခုသောဆင်ကိုသတ်၍အသားကိုစား၍ အရှင်သို့ဆောင်ခဲ့အံ့ဟုဆို၏။ ခြင်္သေ့သည်၊ မြေခွေး၊ သင်သည်ထိုအမှုကိုမနှစ်သက်လင့်။ သင်သည်ဆင်ကိုသတ်၍အသားကိုစားသောအမျိုး၌မဖြစ်။ ငါသည်သင်အားဆင်ကိုသတ်၍ပေးအံ့။ ဆင်မည်သည်ကားကြီးသောကိုယ်ရှိ၏။ သင်သည် ဆင်ကိုမဖမ်းလင့်၊ ငါ့စကားကိုနားထောင်လော့ဟုဆို၏။ ။
(၆၄၄)ဗြဟာ ပဝဍ္ဎကာယော သော၊ဒီဃဒါဌော စ ဇမ္ဗုက။
န တွံ တတ္ထ ကုလေ ဇာတော၊ယတ္ထ ဂဏှန္တိ ကုဉ္ဇရံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
မြေခွေးသည် ခြင်္သေ့တားမြစ်လျက်လျှင် လိုဏ်မှထွက်၍ သုံးကြိမ်မြေခွေးသံကိုမြည်၍ တောင်ထိပ်၌ရပ်လျက် တောင်ခြေရင်းကို ကြည့်လတ်သော်၊ တောင်ခြေရင်းဖြင့် လာလတ်သော တစ်ခုသောမည်းသော ဆင်ကိုမြင်၍ခုန်၍ထိုဆင်၏ ဦးကင်း၌ကျအံ့ဟုလှိမ့်၍ဆင်း၍ ဆင်၏ခြေရင်း၌ကျ၏ ဆင်သည်ရှေ့ခြေကိုကြွ၍ မြေခွေး၏ဦးခေါင်းကို မုန့်မုန့်ကြေစေ၏။ မြေခွေးသည် ထိုအရပ်၌လျှင်ညည်းညူလျက် အိပ်၏။ ဆင်သည်ကြိုးကြာသံနှင့်တူသောအသံကိုမြည်လျက် ဖဲ၏။ ဘုရားလောင်းသည်သွား၍ တောင်ထိပ်၌ရပ်လျှင် ပျက်စီးခြင်းသို့ရောက်သော ထိုမြေခွေးကိုမြင်၍။ မိမိမာနကိုမှီ၍မြေခွေးသည်ပျက်စီး၏ဟု။ ။
(၆၄၅)အသီဟော သီဟ-မာနေန၊ယော အတ္တာနံ ဝိကုဗ္ဗတိ။
ကောဏ္ဍံဝ ဂဇမာသဇ္ဇ၊သေတိ ဘူမျာ အနုတ္ထုနံ။ ။
(၆၄၆)ယသဿိနော ဥတ္တမ-ပုဂ္ဂလဿ၊သဉ္ဇာတ-ခန္ဓဿ မဟဗ္ဗလဿ။
အသမေက္ခိယ ထာမ-ဗလူပပတ္တိံ၊သ သေတိ နာဂေန ဟတောယံ ဇမ္ဗုကော။ ။
(၆၄၇)ယော စီဓ ကမ္မံ ကုရုတေ ပမာယ၊ထာမဗ္ဗလံ အတ္တနိ သံဝိဒိတွာ။
ဇပ္ပေန မန္တေန သုဘာသိတေန၊ပရိက္ခဝါ သော ဝိပုလံ ဇိနာတိ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၄၅-၆၄၇)အယံကုဏ္ဍော၊ ဤဉာဏ်တုံးသောမြေခွေးသည်။ အသီဟော၊ မိမိခြင်္သေ့မဟုတ်ဘဲလျက်။ သီဟမာနေန၊ ငါခြင်္သေ့ဟူသောမာနဖြင့်။ ဝါ၊ ခြင်္သေ့၏မာနကဲ့သို့သောမာနဖြင့်။ ဝိကုဗ္ဗန္တော၊ ဖောက်ပြန်၍ပြုလျက်။ (ထည့်)။ ဂဇံ၊ ဆင်ပြောင်ကို။ အာသဇ္ဇ၊ ထိပါး၍။ အနုတ္ထုနံအနုတ္ထုနန္တော၊ ညည်းညူလျက်။ ဘုမျာဘူမိယာ၊ မြေ၌။ သေတိဣဝ၊ အိပ်ရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ အညော၊ မြေခွေးမှတစ်ပါးသော။ ဒုဗ္ဗလော၊ အားနည်းသော။ ယော၊ အကြင်သတ္တဝါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝိကုဗ္ဗတိ၊ ဖောက်ပြန်၍ပြုအံ့။ ဗလဝတာ၊ အားရှိသောသတ္တဝါနှင့်တကွ။ ဝိဂ္ဂဟံ၊ ခိုက်ရန်ကို။ ကရောတိ၊ ပြုအံ့။ (ဝိကုဗ္ဗတိကိုဖွင့်သည်)။ သောပိ၊ ထိုမြေခွေးမှတစ်ပါးသောသတ္တဝါသည်လည်း။ ဧဝရူပေါဝ၊ ဤမြေခွေးကဲ့သို့ဆင်းရဲသို့ရောက်သောသဘောရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်တတ်၏။ ။
(ဤဂါထာ၌၊ ကုဏ္ဍံဝ,ဟုရှိ၏သိင်္ဂါလောဝဟူသော အဋ္ဌကထာကိုထောက်လျှင် ကုဏ္ဍောဝ,လိုမည် ထင်သည်။ အကယ်၍ လိင်္ဂဝိပလ္လာသကြံမူကား မထောင်းတာ။ ကုဏ္ဍံဝပင်နေရာ၏။ ။ ကုဏ္ဍဝါရှိသည်ကားမသင့်။ ။ ဣဒံဝုတ္တံဟောတိယထာ အယံကုဏ္ဍောမဟန္တံဝေဒနံပတွာ အနုတ္ထုနန္တော ဘူမိယံသေတိ၊ဧဝံယော အညောဒုဗ္ဗလောဗလဝတာ ဝိဂ္ဂဟံကရောတိ၊ သောပိဧဝရူပေါဝဟေါတီတိ,ဟူသောအဋ္ဌကထာကိုမျှော်၍အဓိပ္ပါယ်ပေါ်အောင်အတ္ထယောဇနာသည်)။ ။ ယသဿိနောဣဿရိယဝတော၊ အစိုးရခြင်းရှိထသော။ ဥတ္တမပုဂ္ဂလဿ၊ ကာယဗလဉာဏဗလဖြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ထသော။ သဉ္ဇာတခန္ဓဿ၊ ကောင်းစွာတည်သောကြီးကျယ်သောပခုံးရှိထသော။ မဟဗ္ဗလဿ၊ ကြီးမားသောအားအစွမ်းရှိထသော။ သီဟဿ၊ ခြင်္သေ့၏။ (ထည့်)။ ထာမဗလူပပတ္တိံ၊ ခြင်္သေ့၏အစွမ်းအားခြင်္သေ့၏ဇာတ်ဟူသောဥပပါတ်ကို။ အသမေက္ခိယ၊ ဉာဏ်ဖြင့်မဆင်ခြင်မူ၍။ ဝါ၊ မသိမမြင်မူ၍။ အတ္တာနံ၊ မိမိကိုယ်ကို။ သီဟေန၊ ခြင်္သေ့နှင့်။ သဒိသံ၊ တူ၏ဟူ၍။ မညမာနော၊ မှတ်ထင်သော။ သသော အယံဇမ္ဗုကော၊ ထိုဆိုအပ်ပြီးသောဤမြေခွေးသည်။ နာဂေန၊ ဆင်ပြောင်သည်။ ဟတော၊ နင်းသတ်အပ်သည်ဖြစ်၍။ သေတိ၊ သေသောအိပ်ခြင်း စင်းစင်းအိပ်ရာ၏။ ။
စ၊ အထူးကိုဆိုအံ့။ ဣဓလောကေ၊ ဤလူ့ ရွာ၌။ ပရိက္ခဝါ၊ ဆင်ခြင်စူးစမ်းတတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနိ၊ မိမိ၌။ ထာမဗလံ၊ ထင်ရှားရှိသောကိုယ်အစွမ်း ဉာဏ်အစွမ်းကို။ သံဝိဒိတွာ၊ ငါ၌ဤရွေ့ဤမျှသောကိုယ်စွမ်းဉာဏ်စွမ်းရှိ၏ဟုသိပြီး၍။ ဇပ္ပေန၊ မန္တရားမန္တန် စိပ်သဖြင့်၎င်း။ မန္တေန၊ တစ်ပါးသော ပညာရှိတို့နှင့်နှိုင်းညှိတိုင်ပင်သဖြင့်၎င်း။ သုဘာသိတေန၊ သစ္စာအစရှိသော ကျေးဇူးနှင့်ယှဉ်သော အပြစ်ကင်းသော စကားကောင်းဖြင့်၎င်း။ ပမာယပမိနိတွာ၊ စူးစူးစမ်းစမ်းနှိုင်းနှိုင်းယှဉ်ယှဉ်ပြု၍။ ကမ္မံ၊ ပြုဖွယ်ကိစ္စဟူသမျှကို။ ကုရုတေ၊ ပြုတတ်၏။ သောတာဒိသော၊ ထိုသို့သောသဘောရှိသောသူသည်။ ဝိပုလံ၊ ပြန့်ပြောကြီးကျယ် ထူးမြတ်သောအကျိုးကို။ ဇိနာတိ၊ အောင်နိုင်၏။ ဝါ၊ ရ၏။ ။
ထာမသင်္ခါတံဗလံထာမဗလံ၊ပြု၍ ထာမနှင့်ဗလအတ္ထ တူသည်။ ခြင်္သေ့၏ဇာတိကိုဥပပတ္တိဆိုသည်။ ။
ဇမ္ဗုကဇာတကံ ပဉ္စမံ။၃၃၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တိဏံတိဏံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗြဟာဆတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကိုဖြစ်စေတတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါဗာရာဏသီမင်းအားရသေ့တို့သည် ဥယျာဉ်မှဥစ္စာကိုယူ၍ ပြေးကုန်၏ဟုကြားလျှောက်ကုန်၏။ ဗာရာဏသီမင်းသည်ဥယျာဉ်သို့သွား၍ အိုးတို့ကိုဖွင့်စေ၍ မြက်တို့ကိုသာလျှင်မြင်၏။ ဗာရာဏသီမင်းအား ဥစ္စာတို့ကိုအမှီပြု၍ကြီးစွာသောစိုးရိမ်ခြင်းသည်ဖြစ်၏။ ဗာရာဏသီမင်းသည် မြို့သို့သွား၍ မြက်သာလျှင်တည်း မြက်သာလျှင်တည်းဟု မြည်လျက်သွား၏။ ထိုမင်း၏သောကကိုငြိမ်းစိမ့်သောငှါ တစ်စုံတစ်ယောက်သောသူသည်မတတ်နိုင်။ ဘုရားလောင်းသည် မင်းကား ကြီးစွာသော စိုးရိမ်ခြင်းရှိ၍မြည်တမ်းလျက်သွား၏။ ငါ့ကိုထား၍ငါမှတစ်ပါး တစ်စုံတစ်ယောက်သောသူသည် ဤမင်း၏စိုးရိမ်ခြင်းကိုပယ်အံ့သောငှါမတတ်နိုင်။ ငါသည်မင်းအားစိုးရိမ်ခြင်းမရှိသည်ကိုပြုအံ့ဟုကြံ၏။ ကြံပြီး၍ထိုဘုရားလောင်းသည် တစ်နေ့သ၌ မင်းနှင့်တကွ ချမ်းသာစွာနေလျက် မင်းသည်မြည်တမ်းသောကာလ၌။ ။
(၆၄၈)တိဏံ တိဏန္တိ လပသိ၊ကော နု တေ တိဏမာဟရိ။
ကိံ နု တေ တိဏကိစ္စတ္ထိ၊တိဏမေဝ ပဘာသသိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၆၄၉)ဣဓာဂမာ ဗြဟ္မ-စာရီ၊ဗြဟာ ဆတ္တော ဗဟုဿုတော။
သော မေ သဗ္ဗံ သမာဒါယ၊တိဏံ နိက္ခိပ္ပ ဂစ္ဆတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၅၀)ဧဝေတံ ဟောတိ ကတ္တဗ္ဗံ၊အပ္ပေန ဗဟုမိစ္ဆတာ။
သဗ္ဗံ သကဿ အာဒါနံ၊အနာဒါနံ တိဏဿ စ။
စာဋီသု ပက္ခိပိတွာန၊တတ္ထ ကာ ပရိဒေဝနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသည်ထိုစကားကိုကြား၍။ ။
(၆၅၁)သီလဝန္တော န ကုဗ္ဗန္တိ၊ဗာလော သီလာနိ ကုဗ္ဗတိ။
အနိစ္စ-သီလံ ဒုဿီလျံ၊ကိံ ပဏ္ဍိစ္စံ ကရိဿတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၁)ပဏ္ဍိတ၊ ပညာရှိ။ သီလဝန္တော၊ သီလရှိသောသူတို့သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသောယုတ်မာသောအမှုကို။ နကြုဗ္ဗန္တိ၊ မပြုကုန်။ ဗာလော၊ မကောင်းသောအကျင့်ရှိသောသူမိုက်သည်။ ဧဝရူပါနိ၊ ဤသို့သဘောရှိကုန်သော။ သီလာနိ၊ မိမိ၏ အနာစာရဟုဆိုအပ်သော အလေ့အကျင့်တို့ကို။ ကြုဗ္ဗတိ၊ ပြု၏။ အနိစ္စသီလံ၊ မမြဲသောသီလရှိသော။ ဒုဿိလျံ၊ သီလမရှိသောသူကို။ ပဏ္ဍိစ္စံ၊ ဗာဟုဿစ္စဖြင့်ထုံအပ်သောပညာရှိသည်၏အဖြစ်သည်။ ကိံကရိဿတိ၊ အဘယ်ကိစ္စကို ပြုလတ္တံ့နည်း။ ဝါ၊ အကျိုးကိုပြည့်စုံစေလတ္တံ့နည်း။ ။
ဒုဿီလောဧဝဒုဿိလျံ။ ဏျပစ္စည်း အနက်မရှိ။ ထို့ကြောင့် ဒုဿီလန္တိဒုဿိလျံ,ဖွင့်သည်။ ။
ဗြဟာဆတ္တဇာတကံ ဆဋ္ဌံ။၃၃၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတေပီဌံ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပီဌဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသူဋ္ဌေးသည်မင်းအိမ်မှထွက်လတ်သော် ဘုရားလောင်းကိုမြင်၍ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေလျက်၊ အသျှင်ဘုရား၊ အကျွန်ုပ်တို့၏အိမ်တံခါးသို့ရောက်လာကုန်သော သူတောင်းစားတို့သည်၎င်း၊ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည်၎င်း ပူဇော်သက္ကာရကို မရကုန်၍ သွားရဖူးသောသူမည်သည်မရှိ။ အသျှင်တို့ကိုကားအကျွန်ုပ်တို့၏သူငယ်တို့သည် မမြင်သည်၏အဖြစ်ကြောင့် နေရာကို၎င်း၊ သောက်ရေ ကို၎င်း၊ ခြေဆေးရေကို၎င်း၊ ယာဂုဆွမ်းကို၎င်း အသျှင်ဘုရားတို့သည် မရကုန်မူ၍လျင်စွာသွားကုန်၏။ ဤသို့မရခြင်းသည်အကျွန်ုပ်တို့၏အပြစ်တည်း။ ထိုအပြစ်ကိုသည်းခံတော်မူခြင်းငှါသင့်၏ဟုဆို၍။ ။
(၆၅၂)န တေ ပီဌမဒါယိမှ၊န ပါနံ နပိ ဘောဇနံ။
ဗြဟ္မစာရိ ခမဿု မေ၊ဧတံ ပဿာမိ အစ္စယံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၅၃)နေဝါဘိသဇ္ဇာမိ န စာပိ ကုပ္ပေ၊န စာပိ မေ အပ္ပိယမာသိ ကိဉ္စိ။
အထောပိ မေ အာသိ မနော-ဝိတက္ကော၊ဧတာဒိသော နူန ကုလဿ ဓမ္မော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သူဋ္ဌေးသည်။ ။
(၆၅၄)ဧသသ္မာကံ ကုလေ ဓမ္မော၊ပိတုပိတာမဟော သဒါ။
အာသနံ ဥဒကံ ပဇ္ဇံ၊သဗ္ဗေတံ နိပဒါမသေ။ ။
(၆၅၅)ဧသသ္မာကံ ကုလေ ဓမ္မော၊ပိတုပိတာမဟော သဒါ။
သက္ကစ္စံ ဥပတိဋ္ဌာမ၊ဥတ္တမံ ဝိယ ဉာတကံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၅၄-၆၅၅)ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်သောအသျှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ အာသနံ၊ နေရာအင်းပျဉ်ကို။ ဥဒကံ၊ ခြေဆေးရေကို။ ပဇ္ဇံ၊ ခြေနယ်ဆီကို။ ဧတံသဗ္ဗံ၊ ဤအလုံးစုံကို။ နိပဒါမသေ၊ ပေးလှူကုန်၏။ ဧသဧသောဓမ္မော၊ ဤသို့ပေးလှူခြင်းသဘောသည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ဥစ္စာဖြစ်သော။ ဓမ္မော၊ သဘောတည်း။ ။
ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကိုကျင့်သောအသျှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ ဥတ္တမံ၊ မြတ်သော။ ဉာတကံဝိယ၊ အမိအဘကဲ့သို့။ ဓမ္မိကံ၊ တရားစောင့်သော။ သမဏ-ဗြဟ္မဏံ၊ ရဟန်းပုဏ္ဏားကို။ ဒိသွာ၊ မြင်၍။ (ထည့်)။ သက္ကစ္စံ၊ ရိုသေစွာ။ ဥပတိဋ္ဌာမ၊ လုပ်ကျွေးပါကုန်၏။ ဧသဧသော၊ ဤအလေ့သဘောသည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ဥစ္စာဖြစ်သော။ ဓမ္မော၊ သဘောတည်း။ ။
ပီဌဟိံ သာသံကိလေသေသု၊ ပေဌတိ,ပီဌယော,ပီဌံ,ဟု-ဩဌဇဌကာရန္ထဓာတ်၌လာသည်။ ။ ပဒဿဟိတံပဇ္ဇံ။ ခြေနယ်ဆီရရကား၊ပဇ္ဇန္တိပါဒမက္ခနတေလံ,ဖွင့်သည်။ နိပသေတို့ကားအနက်မရှိ။ ဒါမသာအနက်ရှိသည်။ ။
ပီဌဇာတကံ သတ္တမံ။၃၃၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိဒိတံထုသံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤထုသဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ အဇာတသတ်မင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုမင်း၏သားသည်တစ်ဆယ့်ခြောက်နှစ်ရှိသောကာလ၌ဥယျာဉ်ကစားခြင်းအစရှိသည်တို့၏ အကျိုးငှါထွက်သွားသောမင်း၏ အသရေစည်းစိမ်ကိုမြင်၍ အဘကိုသတ်၍မင်းအဖြစ်ကို ယူလိုသည်ဖြစ်၍မိမိ၏အလုပ်အကျွေးတို့အားပြောဆို၏။ ထိုအလုပ်အကျွေးတို့သည်၊ အသျှင်မင်းကြီး၊ ကောင်းပြီဆိုသောကာလ၌ ရအပ်သောစည်းစိမ်ဖြင့်အဘယ် အကျိုးရှိအံ့နည်း၊ တစ်စုံတစ်ခုသောဥပါယ်ဖြင့်မင်းကိုသတ်၍မင်းအဖြစ်ကိုယူခြင်းသည်သင့်၏ ဟုဆိုကုန်၏။ မင်းသားသည်အဆိပ်ကိုစားစေ၍သေစေအံ့ဟု အဘနှင့်တကွညစာစားစဉ်အဆိပ်ကိုကိုင်၍နေ၏။ မင်းသည်ထမင်းခွက်၌ ထမင်းကိုစားအံ့သောငှါအားမထုတ်မီလျှင်။ ။
(၆၅၆)ဝိဒိတံ ထုသံ ဥန္ဒူရာနံ၊ဝိဒိတံ ပန တဏ္ဍုလံ။
ထုသံ ထုသံ ဝိဝဇ္ဇေတွာ၊တဏ္ဍုလံ ပန ခါဒရေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မင်းသားသည်ခမည်းတော်မင်းကြီးသိလေပြီဟုကြောက်၍။ ထမင်းခွက်၌ အဆိပ်ကိုချအံ့သောငှါမဝံ့သည်ဖြစ်၍၊ ထ၍မင်းကိုရှိခိုး၍ ထိုအရပ်မှပြေး၏။ ထိုအကြောင်းကိုမိမိအလုပ်အကျွေးတို့အားကြား၍ ယနေ့ခမည်းတော်မင်းကြီး သိချေပြီ၊ ယခု အဘယ်သို့ သတ်ရအံ့နည်းဟုမေး၏။ ထိုအလုပ်အကျွေးတို့သည် ထိုအခါမှစ၍ ဥယျာဉ်၌ ပုန်းကွယ်ကုန်၍ နားရင်း၌ပြောဆိုသည်၏အစွမ်းအားဖြင့် တိုင်ပင်ကုန်လျက် တစ်ခုသောအကြောင်းသည်ရှိ၏။ သန်လျက်ကို ဘွဲ့၍ ကြီးစွာသော ခစားခြင်းသို့ရောက်သောကာလ၌ အမတ်တို့၏အတွင်း၌နေ၍ မင်း၏မေ့လျော့သော အဖြစ်ကိုသိ၍သန်လျက်ဖြင့်သတ်ခြင်းငှါသင့်၏ဟုမှတ်စေကုန်၏။ မင်းသားသည် ကောင်းပြီဆို၍ ကြီးစွာခစားသောကာလ၌ဘွဲ့အပ်သောသန်လျက်ရှိသည်ဖြစ်၍ သွား၍ ထိုမှဤမှလှည့်လည်လျက်သတ်ခွင့်ကိုစုံစမ်း၏။ ထိုခဏ၌မင်းသည်။ ။
(၆၅၇)ယာ မန္တနာ အရညသ္မိံ၊ယာ စ ဂါမေ နိကဏ္ဏိကာ။
ယဉ္စေတံ ဣတိ စီတိ စ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
မင်းသားသည် ခမည်းတော်မင်းကား ငါ၏ရန်သူအဖြစ်ကိုသိ၏ဟု ထိုအရပ်မှပြေး၍အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် ခုနှစ်ရက်ရှစ်ရက် လွန်လတ်သော်၊ အသျှင်မင်းသား၊ ခမည်းတော်သည် အသျှင်မင်းသား၏ ရန်သူအဖြစ်ကိုမသိ။ ကြံခြင်းမျှဖြင့် အသျှင်မင်းသားသည်ဤသို့အမှတ်ရှိ၏။ ခမည်းတော်ကိုသတ်လော့ဟု ဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုကိုင်ယူ၍ စောင်းတန်းဦးတိုက်၌ ရပ်၏။ မင်းသည်စောင်းတန်းဦး၌ရပ်လျက်။ ။
(၆၅၈)ဓမ္မေန ကိရ ဇာတဿ၊ပိတာ ပုတ္တဿ မက္ကဋော။
ဒဟရဿေဝ သန္တဿ၊ဒန္တေဟိ ဖလမစ္ဆိဒါ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသားသည်ငါ့ကိုခမည်းတော်ဖမ်းလို၏ဟုကြောက်ရကား၊ ပြေး၍ ခမည်းတော်သည် ငါ့ကိုခြိမ်းခြောက်၏ဟု-အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် လခွဲလွန်လတ်သော်၊ အသျှင်မင်းသား၊ မင်းသည်အကယ်၍သိငြားအံ့။ ဤမျှလောက်သောကာလ၌ဖျက်ဆီးရာ၏။ အကြံအားဖြင့်အရှင့်သားသည်ဆိုအပ်၏။ မင်းကိုသတ်လော့ဟုဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုယူ၍ ပြာသာဒ်ထက်အသရေရှိသောအိပ်ရာသို့ဝင်၍လာစဉ်လျှင်၊ မင်းကိုသတ်အံ့ဟုပလ္လင်အောက်၌နေ၏။ မင်းသည် ညစာစားပြီးသော် ပရိသတ်ကိုလွှတ်လိုက်၍ အိပ်အံ့ဟု အသရေရှိသောတိုက်ခန်းသို့ဝင်လတ်သော် တံခါးခုံ၌ရပ်၍။ ။
(၆၅၉)ယမေတံ ပရိသပ္ပသိ၊အဇ-ကာဏောဝ သာသပေ။
ယောပါယံ ဟေဋ္ဌတော သေတိ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၉)တွံ၊ သင်သည်။ သာသပေ၊ မုန်ညင်းခင်းသို့ဝင်သောကာလ၌။ အဇ-ကာဏောဝ၊ ဆိတ်ကန်းကဲ့သို့။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ယံဧတံပရိသပ္ပေသိ၊ အကြင်ထိုမှဤမှလှုပ်ရှား၏။ ဣဒါနိ၊ ယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ ဝိသံ၊ အဆိပ်ကို။ ဂဟေတွာ၊ ယူ၍။ အာဂမာသိ၊ လာ၏။ ဒုတိယံ၊ နှစ်ကြိမ်မြောက်၌။ ခဂ္ဂေန၊ သန်လျက်ဖြင့်။ ပဟရိတုကာမော၊ ပယ်လိုသည်ဖြစ်၍။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပြီ။ တတိယံ၊ သုံးကြိမ်မြောက်၌။ ခဂ္ဂံ၊ သန်လျက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ သောပါနမတ္ထကေ၊ စောင်းတန်းဦး၌။ အဋ္ဌာသိ၊ တည်၏။ ဣဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ မာရေဿာမီတိ၊ သတ်အံ့ဟူ၍။ ဟေဋ္ဌတော၊ ပလ္လင်အောက်၌။ ယောပါယံယောပိအယံ၊ အကြင်သို့သဘောရှိသောဤငယုတ်သည်။ သေတိ၊ အိပ်၏။ ဧတံပိသဗ္ဗံ၊ ဤကုန်အောင်စုံသောအမှုကိုလည်။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်ပြီ။ ။
ဤသို့မသိသည်လျှင်ဖြစ်သောမင်း၏ ထိုဂါထာသည် မင်းသားအားထိုထိုအနက်ကိုပြ၏။
မင်းသားသည်ခမည်းတော်ငါ့ကိုသိပြီ။
ယခု ငါကိုဖျက်ဆီးလတ္တံ့ဟုကြောက်၍ ပလ္လင်အောက်မှထွက်၍ သန်လျက်ကိုမင်း၏ခြေရင်း၌ချ၍၊မြတ်သောမင်းကြီး၊ အကျွန်ုပ်အားသည်းခံပါလော့ဟုခြေရင်း၌ရင်ဖြင့်ဝပ်၏။
မင်းသည်သင်ကားငါ့အမှုကို အဘယ်သူသိအံ့နည်းဟုကြံ၏။
မင်းသားကိုခြိမ်းခြောက်၍သံခြေချင်းအနှောင်အဖွဲ့ဖြင့်ဖွဲ့စေ၍ နှောင်အိမ်သို့သွင်းစေ၍အစောင့်အရှောက်ထား၏။
ထိုအခါမင်းသည်ဘုရားလောင်း၏ ကျေးဇူးကိုမှတ်မိ၏။
နောက်အဖို့၌ထိုမင်းသည်သေလွန်၏။
မင်း၏အလောင်းကိုသင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ မင်းသားကိုနှောင်အိမ်မှထုတ်၍ မင်းအဖြစ်၌တည်စေကုန်၏။
ထုသဇာတကံ အဋ္ဌမံ။၃၃၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒဿနေနမောရဿ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗာဝေရုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ပျောက်သောလာဘသက္ကာရရှိကုန်သော တိတ္ထိတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဥဒေါင်းမင်းသည် ရောက်သောကာလမှစ၍ ကျီးအားလာဘသက္ကာရသည်ယုတ်၏။ တစ်စုံတစ်ယောက်သောသူသည်လည်း ထိုကျီးကိုကြည့်ခြင်းငှာအလိုမရှိ။ ကျီးသည်ခဲဖွယ်ဘောဇဉ်တို့ကို မရလတ်သော် ကာကာမြည်လျက် ပျံသွား၍မစင်စွန့်ရာမြေ၌သက်၍အစာကိုယူ၏။ သဗ္ဗညုမြတ်စွာဘုရားသည် နှစ်ပါးကုန်သောဝတ္ထုတို့ကိုစပ်၍ ဘုရားဖြစ်တော်မူပြီး၍။ ။
(၆၆၀)အ-ဒဿနေန မောရဿ၊သိခိနော မဉ္ဇု-ဘာဏိနော။**
ကာကံ တတ္ထ အပူဇေသုံ၊မံသေန စ ဖလေန စ။ ။
(၆၆၁)ယဒါ စ သရ-သမ္ပန္နော၊မောရော ဗာဝေရုမာဂမာ။
အထ လာဘော စ သက္ကာရော၊ဝါယသဿ အဟာယထ။ ။
(၆၆၂)ယာဝ-နုပ္ပဇ္ဇတီ ဗုဒ္ဓေါ၊ဓမ္မ-ရာဇာ ပဘင်္ကရော။
တာဝ အညေ အပူဇေသုံ၊ပုထူ သမဏ-ဗြာဟ္မဏေ။ ။
(၆၆၃)ယဒါ စ သရ-သမ္ပန္နော၊ဗုဒ္ဓေါ ဓမ္မံ အဒေသယိ။
အထ လာဘော စ သက္ကာရော၊တိတ္ထိယာနံ အဟာယထ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၆၀-၆၆၃)သိခိနော၊ ဦးစွန်းနှင့်ပြည့်စုံထသော။ မဉ္ဇုဘာဏိနော၊ သာယာသောအသံရှိထသော။ မောရဿ၊ ဥဒေါင်းကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ တတ္ထ၊ ထိုဗာဝေရုတိုင်း၌။ ကာကံ၊ ကျီးကို။ မံသေနစ၊ အမဲဖြင့်၎င်း။ ဖလေနစ၊ သစ်သီးကြီးငယ်ဖြင့်၎င်း။ အပူဇေသုံ၊ ပူဇော်ကုန်၏။ ။
ယဒါစ၊ အကြင်အခါ၌ကား။ သရသမ္ပန္နေါ၊ သာယာသောအသံနှင့်ပြည့်စုံသော။ မောရော၊ ဥဒေါင်းသည်။ ဗာဝေရုံ၊ ဗာဝေရုတိုင်းသို့။ အာဂမာ၊ ရောက်လာ၏။ အထ၊ ထိုအခါ၌။ ဝါယသဿ၊ ကျီးအား။ လာဘောစ၊ လာဘ်သည်၎င်း။ သက္ကာရောစ၊ ပူဇော်သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။ ။
ယာဝ၊ အကြင်မျှလောက်သောကာလပတ်လုံး။ ဓမ္မရာဇာ၊ ကိုးပါးသောလောကုတ္တရာတရားဖြင့်လောကသုံးပါး၌မင်းဖြစ်တော်မူသော။ ပဘင်္ကရော၊ လောကသုံးပါးတို့၌အရောင်အဝါကိုပြုတော်မူတတ်သော။ ဗုဒ္ဓေါ၊ သဗ္ဗညုရှင်တော်ဘုရားသည်။ နုပ္ပဇ္ဇတိ၊ ပွင့်တော်မမူသေး။ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။ အညေ၊ ဘုရားမှတစ်ပါးကုန်သော။ ပုထူ၊ များစွာကုန်သော။ သမဏဗြာဟ္မဏေ၊ ရဟန်းပုဏ္ဏားတို့ကို။ အပူဇေသုံ၊ ပူဇော်ကုန်၏။ ယဒါစ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ ဗြဟ္မာမင်း၏အသံနှင့်တူသော အင်ရှစ်ပါးရှိသောအသံနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓေါ၊ သဗ္ဗညုရှင်တော်ဘုရားသည်။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ အဒေသယိ၊ ဟောတော်မူ၏။ အထ၊ ထိုအခါ၌။ တတ္ထိယာနံ၊ တိတ္ထိတို့အား။ လာဘောစ၊ လာဘ်သည်၎င်း။ သက္ကာရောစ၊ ပူဇော်သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။
ဗာဝေရုဇာတကံ နဝမံ။၃၃၉။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒါသိ ဒါနာနိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိသယှဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုနောင်ခုနှစ်ရက်မြောက်သောနေ့၌ခုနှစ်ရက်အာဟာရပြတ်သော အလွန်သိမ်မွေ့သော မြက်ကိုထမ်းသော ထိုဝိသယှသူဋ္ဌေး၏ မျက်စိတို့သည် နဖူး၌နေပူခတ်သဖြင့်လည်ကုန်၏။ ဝိသယှသူဋ္ဌေးသည်သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မြက်ကိုဘိ၍လည်း၏။ ထိုအခါ သိကြားသည်ထိုသို့ပြုသောသူဋ္ဌေးကိုစူးစမ်းလိုရကား ထိုခဏ၌လျှင် လာလတ်၍ ကောင်းကင်၌ရပ်၍။ ။
(၆၆၄)အဒါသိ ဒါနာနိ ပုရေ ဝိသယှ၊ဒဒတော စ တေ ခယ-ဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍ သင်သည်အဘယ်သူနည်းဟုမေး၏။ ငါသည်သိကြားတည်းဟုဆို၏။ ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍။ သိကြားမင်း၊ သကြားမည်သည်ကား ကိုယ်တိုင်အလှူပေး၍ သီလဆောက်တည်၍ ခုနှစ်ပါးသော ကျင့်ဝတ်တို့ကိုဖြည့်၍ သိကြားအဖြစ်သို့ရောက်၍သင်သည်ကား မိမိ၏အစိုးရခြင်းကို ပြုတတ်သော အလှူပေးခြင်းကိုတားမြစ်၏။ ယုတ်မာသောအမှုကိုပြု၏ဟုဆို၏။ ။
(၆၆၅)အနရိယမရိယေန သဟဿနေတ္တ၊သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇ၊ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။ ။
(၆၆၆)ယေန ဧကော ရထော ယာတိ၊ယာတိ တေနာပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္တံ၊ဝတ္တံ တညေဝဝါသဝ။ ။
(၆၆၇)ယဒိ ဟေဿတိ ဒဿာမ၊အသန္တေ ကိံ ဒဒါမသေ။
ဧဝံဘူတာပိ ဒဿာမ၊မာ ဒါနံ ပမဒမှသေ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၆၅-၆၆၇)သဟဿနေတ္တ၊ တစ်ထောင်မျက်စိ အမြင်ရှိသော သိကြားမင်း။ အရိယေန၊ စင်ကြယ်သောအကျင့်ရှိသောငါသည်။ သုဒုဂ္ဂတေနာပိ၊ ဆင်းရဲသည်ဖြစ်စေကာမူ။ အနရိယံ၊ ယုတ်မာသောအလှူမပေးခြင်းအမှုကို။ အကိစ္စံ၊ မပြုအပ်ဟူ၍။ အရိယာ၊ ဘုရားအစရှိသောအရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။ ဒေဝရာဇ၊ နတ်မင်း။ ယံဘောဂဟေတု၊ အကြင်စည်းစိမ်ဟူသောအကြောင်းကြောင့်။ မယံ၊ ငါတို့သည်။ သဒ္ဓံ၊ ကံကံ၏အကျိုးကိုယုံကြည်၍ အလှူပေးလိုသော သဒ္ဓါတရားကို။ ဝိဇဟေမု၊ စွန့်ရကုန်ငြားအံ့။ တံဓနံ၊ ထိုဥစ္စာသည်။ မာအဟု၊ မဖြစ်စေသတည်း။ ။
(တေတိနိပါတမတ္တံ)။ ။
ဝါသဝ၊ သိကြားမင်း။ ယေနမဂ္ဂေန၊ အကြင်ခရီးဖြင့်။ ဧကော၊ တစ်ခုသော။ ရထော၊ ရထားသည်။ ယာတိ၊ သွား၏။ တေနမဂ္ဂေန၊ ထိုရှေ့ရထားသွားသောခရီးဖြင့်။ ပရောရထော၊ နောက်ဖြစ်သောရထားသည်။ ယာတိ၊ သွား၏။ မယာ၊ ငါသည်။ ပေါရာဏံဝတ္တံ၊ ရှေး၌ဖြစ်သောကျင့်ဝတ်ကို။ နိဟိတံ၊ ဆောက်တည်အပ်၏။ တညေဝဝတ္တံ၊ ထိုငါဆောက်တည်သော ဝတ်သည်သာလျှင်။ တိဋ္ဌတု၊ တည်စေ။ တုမှေ၊ သင်တို့သည်ကား။ မာတိဋ္ဌထ၊ မတည်ကုန်လင့်။ ။
ယဒိဟေဿတိ၊ အကယ်၍ဥစ္စာရှိသည်ဖြစ်ငြားအံ့။ ဒဿာမ၊ လှူကုန်အံ့။ အသန္တေ၊ ဥစ္စာမရှိသော်။ ကိံဒဒါမသေ၊ အဘယ်ကိုလှူရအံ့နည်း။ ဧဝံဘူတာပိ၊ ဤသို့မြက်ရိတ်ရကုန်သော်လည်း။ ဒဿာမ၊ လှူကုန်အံ့။ ဒါနံ၊ အလှူပေးခြင်းကို။ မာပမဒမှသေ၊ မမေ့မလျော့ကုန်။ ။ ။
သိကြားမင်းသည် ဘုရားလောင်းကို တားမြစ်အံ့သောငှါမတတ်နိုင်ရကား။ အဘယ်အကျိုးငှါအလှူပေးသနည်းဟုမေး၏။ ဘုရားလောင်းသည် ငါကားသိကြားအဖြစ်ကို တောင့်တ၍လည်းအလှူမပေး။ ဗြဟ္မာ့အဖြစ်ကိုတောင့်တ၍လည်းအလှူမပေး။ သဗ္ဗညုတညာဏ်ကိုကား တောင့်တ၍ အလှူပေး၏ဟုဆို၏။ သိကြားမင်းသည် ဘုရားလောင်း၏စကားကိုကြား၍ နှစ်သက်၍လက်ဖြင့်ကျောက်ကုန်းကိုဆုပ်နယ်၏။ ထိုခဏ၌လျှင် စားရဘိသကဲ့သို့ ဘုရားလောင်း၏ ကိုယ်အလုံးသည်ပြည့်၏။ သိကြားအာနုဘော်ဖြင့်လည်း ဘုရားလောင်း၏အလုံးစုံသော စည်းစိမ်အခြံအရံသည် ပကတိလျှင်ဖြစ်၏။ သိကြားမင်းသည်၊ သူဋ္ဌေးကြီး၊ သင်သည်ယနေ့ မှစဉ် နေ့တိုင်း နေ့တိုင်း တစ်သန်းနှစ်သိန်းကုန်သောအသပြာတို့ကိုစွန့်လျက် အလှူကို ပေးလော့ဟုဆို၍ ဘုရားလောင်း၏အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာကိုပြု၍ ဘုရားလောင်းကိုလွှတ်လိုက်၍ မိမိနေရာသို့လျှင်သွား၏။ ။
ဝိသယှဇာတကံ ဒသမံ။ ။ ကောကာလိကဝဂ္ဂေါ စတုတ္ထော။၃၄၀။
(၆၆၈-၆၇၁)နရာနံ၊ ယောက်ျားတို့၏။ အာရာမကရာသု၊ မွေ့လျော်ခြင်းကိုပြုတတ်ကုန်သော။ အနေကစိတ္တာသု၊ များသောစိတ်ရှိကုန်သော။ အနိဂ္ဂဟာသု၊ နှိပ်သဖြင့်ဆုံးမနိုင်ခဲကုန်သော။ နာရီသု၊ မိန်းမတို့၌။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ နာပီတိကရာပိ၊ နှစ်သက်ခြင်းကိုပြုတတ်သည်လည်း။ ။
(ဒွေပဋိသေဓောပကတျတ္ထော)။ ။
စေသိယာ၊ အကယ်၍ဖြစ်ငြားအံ့။ နဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဟိသစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ တိတ္ထသမာ၊ မြစ်ဆိပ်နှင့်တူကုန်၏။ ။
(တရန္တိဧတ္ထာတိတိတ္ထံ,ပြု၍တပစ္စည်းသက်ရကား အသဒိသဒွေဘော်နှင့်တိတ္ထလိုသည်။ ။
တီသုဗျဉ္ဇနေသွေကောသရူပေါလောပံ။ မောစေသိဧကသတံခတျေ။ အဂျာဂါရံ။ သရူပေါတိကိံ။ ဧဝမ္ပိတိတ္ထျာပုထုသော ဝဒန္တိ။ ။
တီသု၊ သုံးပါးကုန်သော။ ဗျဉ္ဇနေသု၊ ဗျည်းတို့တွင်။ ဧကောသရူပေါ၊ သုတိဟူသောဗျည်းတစ်လုံးသည်။ လောပံ၊ သို့။ ပပ္ပေါတိ၊ ၏။ ဧကသတံ ခတျေခတ္တိယေ၊ တစ်ရာတစ်ယောက်သောမင်းတို့ကို။ မောစေသိ၊ လွတ်စေပြီ။ စရိယာပိဋကတ်။ အဂျာဂါရံအဂ္ဂိအာဂါရံ၊ မီးတင်းကုပ်ကို။ သမန္ထတော၊ မှ။ ပရိက္ခိဝိတွာ၊ ဝန်းရံကုန်၍။ ဌိတာ၊ တည်ကုန်၏။ အဂျာဂါရံသမန္ထတောတိအဂျာဂါရံပရိက္ခိပိတွာဌိတာတိအတ္ထော။ ။ ဝေဿန်။ သရူပေါတိကိံ၊ နည်း။ ဧဝမ္ပိ၊ ဤသို့ချွတ်ယွင်းကုန်လျက်လည်း။ တိတ္ထျာတိတ္ထိယာ၊ တိတ္ထိတို့သည်။ ပုထုသော၊ များသောများသောအားဖြင့်။ ဝဒန္တိ၊ ဆိုကုန်၏။ စူဠဗြူဟသုတ်။ ။
တိတ္ထျာ၌သုတိမတူရကားမကျေပြီဟူလို။ ။
တိတ္တိဟုသဒိသဒွေးဘော်နှင့်ရေးမှားတတ်သည်ဖြစ်၍ အမြစ်အရင်းသိသာအောင်မှာလိုက်သည်)။ ။
ကိန္နရီကိန္နရာနံ၊ ကိန္နရီမင်းကိန္နရာမိဘုရားတို့၏။ ယဉ္စ၊ အကြင်အကြောင်းကိုလျှင်။ ဒိသွာ၊ မြင်၍။ ဇာနိတဗ္ဗံ၊ သိအပ်၏။ သဗ္ဗိတ္ထိယော၊ အလုံးစုံသောမိန်းမတို့သည်။ အဂါရေ၊ လင်အိမ်၌။ နရမန္တိ၊ မမွေ့လျော်ကုန်။ အညံ၊ တစ်ပါးသော။ ပုရိသံ၊ ယောက်ျားဖြစ်သော။ ပီဌသပ္ပိံ၊ ငဆွံ့ကို။ ဒိသွာ၊ မြင်၍။ တာဒိသံ၊ ထိုသို့သဘောရှိသော။ မစ္စံ၊ ပုဂ္ဂိုလ်တစ်ယောက်ဟူစလောက်သော။ တံ၊ ထိုကိန္နရီမင်းကို။ စဇိတွာ၊ စွန့်၍။ ဘရိယာ၊ မယားဖြစ်သောကိန္နရာဒေဝီသည်။ မနုဿပေတေန၊ လူ့ပြိတ္တာဖြစ်သော ငဆွံ့နှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းသောအမှုကို။ အကာသိ၊ ပြုဘူးပြီ။ ။
ဗကဿစရညော၊ ဗကမင်း၏၎င်း။ ဗာဝရိကဿရညော၊ ဗာဝရိကမင်း၏၎င်း။ အစ္စန္တကာမာနုဂတဿ၊ စင်စစ်လျှင်အလိုသို့လျှင်လိုက်ရသော။ အနာစာရီ၊ ယုတ်မာသောအကျင့်ရှိသော။ ဘရိယာ၊ ပဉ္စပါပီမည်သောမယားသည်။ ပဋ္ဌဝဿာနုဂတဿ၊ တောင့်တ၍မိမိအလိုသို့လိုက်ရသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ ယုတ်မာသောအကျင့်ကို။ အကာသိ၊ ပြုဘူးပြီ။ ကံဝါ၊ အဘယ်မည်သော။ အညံ၊ တစ်ပါးသော။ တမ္ပိ၊ ထိုယောက်ျားကိုလာည်း။ ဣတ္ထီ၊ မိန်းမသည်။ နာတိစရေ၊ မလွန်ကျူးအံ့နည်း။ ။
ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ် အမည်ရှိသော။ သဗ္ဗလောကိဿရဿရညော၊ အလုံးစုံသောလူကိုအစိုးရသောမင်း၏။ ကရိယာ၊ မယားဖြစ်သော။ ပိယာ၊ ချစ်အပ်သော။ ပိယင်္ဂယာနီ၊ ပိယင်္ဂယာနီအမည်ရှိသောမိဘုရားကြီးသည်။ ပဋ္ဌဝသာနုဂတဿ၊ တောင့်တ၍ မိမိအလိုသို့လိုက်ရသောမြင်းထိန်းနှင့်။ သဒ္ဓိ၊ တကွ။ အနာစာရီ၊ ယုတ်မာသောအကျင့်ကိုကျင့်၏။ သာ၊ ထိုမိဘုရားကြီးသည်။ ကာမကာမိနီ၊ အလိုရှိအပ်တောင့်တအပ်သော ကာမဂုဏ်နှင့်ပြည့်စုံသည်ဖြစ်လျက်။ တံဝါပိ၊ ထိုနှစ်ပါးစုံသောလင်ကိုလည်း။ နဇ္ဈဂါ၊ မရ။ ဥဘတော၊ နှစ်ပါးစုံသောလင်မှ။ ဘဋ္ဌာ၊ ပျက်လေ၏။ ။
ကိန္နရီဇာတကံပဌမံ။၃၄၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အသက္ခိဝဟအတ္တာနံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝါနရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်သည် ဘုရားသဗ္ဗညုအား သတ်အံ့သောငှါ လုံ့လပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် မိကျောင်းကျောက်ကုန်းမှ ခုန်ဆင်း၍ ရေသဖန်းပင်၌နေလျက်။ ။
(၆၇၂)အသက္ခိံ ဝတ အတ္တာနံ၊ဥဒ္ဓါတုံ ဥဒကာ ထလံ။
န ဒါနာဟံ ပုန တုယှံ၊ဝသံ ဂစ္ဆာမိ ဝါရိဇ။ ။
(၆၇၃)အလမေတေဟိ အမ္ဗေဟိ၊ဇမ္ဗူဟိ ပနသေဟိ စ။
ယာနိ ပါရံ-သမုဒ္ဒဿ၊ဝရံ မယှံ ဥဒုမ္ဗရော။ ။
(၆၇၄)ယော စ ဥပ္ပတိတံ အတ္ထံ၊န ခိပ္ပမနုဗုဇ္ဈတိ။
အမိတ္တဝသမနွေတိ၊ပစ္ဆာ စ အနုတပ္ပတိ။ ။
(၆၇၅)ယော စ ဥပ္ပတိတံ အတ္ထံ၊ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္ဗာဓါ၊န စ ပစ္ဆာနုတပ္ပတိ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၇၂-၆၇၅)ဝါရိဇ၊ မိကျောင်း။ အဟံ၊ ငါသည်။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြဉ်းကုန်းသို့။ အတ္တာနံ၊ ငါ၏ကိုယ်ကို။ ဥဒ္ဓါတုံဥဒ္ဓရိတုံ၊ ထုတ်အံ့သောငှါ။ အသက္ခိံဝတ၊ တတ်နိုင်စွတကား။ ဣဒါနိ၊ ယခု။ ပုန၊ တဖန်။ အဟံ၊ ငါသည်။ တုယှံ၊ သင်၏။ ဝသံ၊ အလိုသို့။ နဂစ္ဆာမိ၊ မလိုက်။ ။
သမုဒ္ဒဿ၊ ဂင်္ဂါမြစ်၏။ ပါရံ၊ ထိုမှာဘက်ကမ်းသို့။ ဂန္တွာ၊ သွား၍။ ခါဒိတဗ္ဗာနိ၊ စားအပ်ကုန်သော။ ယာနိ၊ အကြင်သရက်သပြေပိန္နဲသီးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေဟိ အမ္ဗေဟိ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိဇမ္ဗူဟိ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိပနသေဟိ၊ ထိုပိန္နဲသီးတို့ဖြင့်၎င်း။ မယှံ၊ ငါ့အား။ အလံ၊ အလိုမရှိ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသီးသည်။ ဝရံ၊ မြတ်၏။ ။
ယောစ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာရောက်လာတွေ့ကြုံလာသော။ အတ္ထံ၊ အကြောင်းအရာအမှုကိစ္စကို။ ခိပ္ပံ၊ တောက်တပိုချက်တဖြုတ်လျှင်။ နအနုဗုဇ္ဈတိ၊ မသိမရိပ်မိ။ သော၊ ထိုတွေ့ကြုံလာသော အကြောင်းအရာ အမှုကိစ္စကိုလျင်မြန်စွာမသိ မရိပ်မိနားမလည်သောသူသည်။ အမိတ္တဝသံ၊ ရန်သူနိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာစ၊ နောက်၌လည်း။ အနုတပ္ပတိ၊ ပူပန်ရ၏။ ။
ယောစ၊ အကြင်အရေးလိမ္မာပညာလျင်လျားသောသူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာရောက်လာ တွေ့ကြုံလာသော။ အတ္ထံ၊ အကြောင်းအရာအမှုကိစ္စကို။ ခိပ္ပမေဝ၊ တောက်တပိုချက်တဖြုတ်လျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုအရေးလိမ္မာ ပညာလျင်လျားသောသူသည်။ သတ္တုသမ္ဗာဓာ၊ ရန်သူနှိပ်စက်ခြင်းမှ။ ဝါ၊ ရန်သူလက်အကျဉ်းအမြောင်းမှ။ မုစ္စတေ၊ လွတ်၏။ ပစ္ဆာစ၊ နောက်၌လည်း။ နအနုတပ္ပတိ၊ မပူပန်ရ။ ။
ဤသို့ဘုရားလောင်းသည် လေးဂါထာတို့ဖြင့် လူ့ကိစ္စတို့၏ပြီးစီးအံ့သော အကြောင်းကိုဟော၍တောသို့သာလျှင်ဝင်၏။ ။ ဤဇာတ်၌ဂင်္ဂါမြစ်ကိုပင်အပြောကျယ်သည်ဖြစ်၍ပါရံသမုဒ္ဒဿဆိုသည်။ ။
ဝါနရဇာတကံ ဒုတိယံ။၃၄၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဝသိမှတဝါဂါရေ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုန္တနိဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏နန်း၌နေသော ကြိုးကြာငှက်မကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဤကြိုးကြာမသည် ကျားကိုလူငယ်တို့ကို သတ်စေပြီး၍ ယခုငါသည်ဤအရပ်၌နေခြင်းငှါမတတ်ကောင်း၊သွားအံ့။ သွားသော်မင်းအားမကြားမူ၍မသွားအံ့။ မင်းအားကြား၍သာလျှင်သွားအံ့ဟုကြံ၏။ ကြံပြီး၍ထိုကြိုးကြာမသည်မင်းသို့ ဆည်းကပ်၍ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာရပ်လျက်။ အသျှင်၊ အသျှင်တို့သည်စေခိုင်း၍မေ့လျော့သဖြင့်အကျွန်ုပ်၏ သားတို့ကိုသူငယ်တို့သည်သတ်ကုန်ပြီ။ အကျွန်ုပ်သည်အမျက်ဒေါသ အလိုသို့လိုက်၍ထိုသူငယ်တို့ကိုသတ်စားသတ်ပြီ၊ ယခုအကျွန်ုပ်သည်ဤအရပ်၌နေခြင်းငှါမတတ်ကောင်းဟုဆို၍။ ။
(၆၇၆)အဝသိမှ တဝါဂါရေ၊နိစ္စံ သက္ကတ-ပူဇိတာ။
တွမေဝ ဒါနိမကရိ၊ဟန္ဒ ရာဇ ဝဇာမဟံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၆၇၇)ယော ဝေ ကတေ ပဋိကတေ၊ကိဗ္ဗိသေ ပဋိကိဗ္ဗိသေ။
ဧဝံ တံ သမ္မတီ ဝေရံ၊ဝသ ကုန္တိနိ မာဂမာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ကြိုးကြာမသည်။ ။
(၆၇၈)န ကတဿ စ ကတ္တာ စ၊မေတ္တိ သန္ဓီယတေ ပုန။
ဟဒယံ နာနုဇာနာတိ၊ဂစ္ဆညေဝ ရထေသဘ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသည်ထိုစကားကိုကြား၍။ ။
(၆၇၉)ကတဿ စေဝ ကတ္တာ စ၊မေတ္တိ သန္ဓီယတေ ပုန။
ဓီရာနံ နော စ ဗာလာနံ၊ဝသ ကုန္တိနိ မာဂမာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ကုန္တိနီ၊ ကြိုးကြာမ။ ကတဿစေဝ၊ နှိပ်စက်အပ်သောသူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿစ၊ ထိုနှိပ်စက်တတ်သောသူအား၎င်း။ ဣတိ၊ ဤသို့။ ဓီရာနံ၊ ပညာရှိကုန်သော။ ဣမေသံဒွိန္နံပုဂ္ဂလာနံ၊ ကံနှင့်ကတ္တား ဤနှစ်ပါးသော ပုဂ္ဂိုလ်တို့အား။ မိတ္တိ၊ ချစ်ခြင်းသည်။ ဝါ၊မိတ္တမိတ္တဘာဝေါ၊ အဆွေခင်ပွန်း၏အဖြစ်မည်သည်။ ပုန၊ တဖန်။ သန္ဓီယတေ၊ စေ့စပ်နိုင်၏။ ဗာလာနံ၊ ဗာလပုဂ္ဂိုလ်တို့အား။ နောစသန္ဓီယတေ၊ မစေ့စပ်နိုင်သည်သာတည်း။ ဟိသစ္စံ၊ မှန်၏။ ဓီရာနံ၊ ပညာရှိတို့အား။ မိတ္တိ၊ အဆွေခင်ပွန်း၏အဖြစ်သည်။ ဘိန္နာပိ၊ တစ်စုံတစ်ခုသောအကြောင်းကြောင့်ပျက်သော်လည်း။ ပုန၊ တဖန်။ သန္ဓီယတိ၊ စေ့စပ်နိုင်၏။ ဗာလာနံပန၊ ဗာလပုဂ္ဂိုလ်တို့အား။ သကိံ၊ တစ်ကြိမ်။ ဘိန္နာ၊ ပျက်သောအဆွေခင်ပွန်းအဖြစ်သည်။ ဘိန္နာဝ၊ တဖန်မစေ့စပ်နိုင်ပြီပျက်ကြီးပျက်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝသ၊ နေလော့။ မာဂမာ၊ မသွားလေလင့်။ ။ (ကုန္တိ နိကားအာလုပ်ဖြစ်၍ရဿနေသည်)။ ။
ကုန္တိနီဇာတကံ တတိယံ။၃၄၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောနီလိယံမဏ္ဍယတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအမ္ဗစောရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ သရက်ဥယျာဉ်ကိုစောင့်သော တစ်ပါးသောမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုသူဋ္ဌေးသ္မီးတို့တွင်အကြီးဖြစ်သော သူဋ္ဌေးသ္မီးသည်ကျိန်ခြင်းကို ပြုလိုရကား။ ။
(၆၈၀)ယော နီလိယံ မဏ္ဍယတိ၊သဏ္ဍာသေန ဝိဟညတိ။
တဿ သာ ဝသမနွေတု၊ယာ တေ အမ္ဗေ အဝါဟရိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(ဆံဖြူကြိုးကျယ်အရွယ်အိုသောလင်ကိုရပါစေသတည်းဟူလို)။ ။
ရသေ့စဉ်းလဲသည် ထိုသူဋ္ဌေးသ္မီးကို သင့်တင့်ရာအရပ်၌ နေလော့ဟုဆို၍ နှစ်ယောက်မြောက်သော သူဋ္ဌေးသ္မီးကိုကျိန်စေ၏။ ထိုသူဋ္ဌေးသ္မီးသည် ကျိန်သည်ရှိသော်။ ။
(၆၈၁)ဝီသံ ဝါ ပဏ္ဏ-ဝီသံ ဝါ၊ဦန-တိံသံ ဝ ဇာတိယာ။
တာဒိသာ ပတိ မာ လဒ္ဓါ၊ယာ တေ အမ္ဗေ အဝါဟရိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုသူဋ္ဌေးသ္မီးသည်လည်းကျိန်ပြီး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလတ်သော်။ သုံးယောက်မြောက်သောသူဋ္ဌေးသ္မီးသည်။ ။
(၆၈၂)ဒီဃံ ဂစ္ဆတု အဒ္ဓါနံ၊ဧကိကာ အဘိသာရိကာ။
သင်္ကေတေ ပတိ မာ အဒ္ဒ၊ယာ တေ အမ္ဗေ အဝါဟရိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုသူဋ္ဌေးသ္မီးသည်လည်းကျိန်ပြီး၍ တင့်အပ်လျောက်ပတ်ရာအရပ်၌နေသည်ရှိသော်လေးယောက်မြောက်သောသူဋ္ဌေးသ္မီးသည်။ ။
(၆၈၃)အလင်္ကတာ သုဝသနာ၊မာလိနီ စန္ဒနုဿဒါ။
ဧကိကာ သယနေ သေတု၊ယာ တေ အမ္ဗေ အဝါဟရိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၈၃)ဘန္တေ၊ ရှင်ရသေ့။ ယာ၊ အကြင်မိန်းမသည်။ တေ၊ ရှင်ရသေ့၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုသရက်သီးခိုးမသည်။ အလင်္ကတာ၊ တန်းဆာဆင်လျက်။ သုဝသနာ၊ ကောင်းစွာဝတ်လျက်။ မာလိနီ၊ ပန်းပန်လျက်။ စန္ဒနုဿဒါ၊ စန္ဒကူးနံ့သာ လိမ်းကျံလျက်။ ဧကိကာ၊ လင်မရပါတစ်ယောက်ထည်းသာ။ သယနေ၊ အိပ်ရာ၌။ သေတု၊ အိပ်ရစေသတည်း။ ။
(နီလံကရောတိဧတေနာတိနီလိကံပြု၍။ ဖြူသောဆံကိုမည်းနက်အောင်ပြုကြောင်းဖြစ်သောရှစ်ရှားသီးသဖန်းခါးသီးတိဖလစသည်ဖြင့် ပြုအပ်သောဆေးရ၏။ ။ ထို့ကြောင့်အဋ္ဌကထာ၌ ပလိတာနိကာဠဝဏ္ဏ ကရဏတ္ထာယတိဖလါဒီဟိကတံနီလိကံမဏ္ဍယတိ၊ကိုမိန့်သောဝ်။ ။ နီလိကန္တိ အာမလကမဏ္ဍာဒီဟိနီလံကတွာပလိတေဒဿေတိ။(ဋီကာ)။ ။ သဏ္ဍာသေန၊ ဖြင့်။ ဝိဟညတိ၊ ၏။ ဤမျှသာယောဇနာသည်ရှိသော်။ အဓိပ္ပါယတ္ထမထင်ရှားရကား။ ။ နီလကေသန္တရေစဥဋ္ဌိတံပလိတံဥဒ္ဓရန္တော သဏ္ဍာသေနဝိဟညတိကိလမတိ။ ဟု-အဋ္ဌကထာမိန့်သောဝ်။ ။ ဤနှစ်ပဒဖြင့်ဆံဖြူကြိုးကျယ် အရွယ်အိုသောသူကိုပြသည်ဟု။ ။ တဿဧဝရှုပဿမဟလ္လကဿ,ကိုမိန့်သောဝ်။ ။ ဤနည်းနှင့်မထင်ရှား၍ပါဌသေသထည့်စွက်ရသည်များကိုဆင်ခြင်။ ။ ပတိံ ပတ္ထယမာနာ တဿ သန္တိကံ အဘိမုခံသယနသီလောတိ အဘိသာရိကာပြု၍ လင်ကို တောင့်တလျက်လင်၏အထံသို့ ရှေးရှူသွားခြင်းအလေ့ရှိသောမိန်းမသည် အဘိသာရိကာမည်သတည်း)။ ။
အမ္ဗစောရဇာတကံ စတုတ္ထံ။၃၄၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝနံယဒဂ္ဂိဒဟတိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂဇကုမ္ဘဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပျင်းရိသောရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ထိုလူပျင်းနှင့်တကွ စကားပြောလိုရကား။ အချင်းဂဇကုမ္ဘ၊ သင်တို့၏သွားခြင်းသည် နှေးလှစွာ၏။ ဤတောကိုတောမီးလောင်သည်ရှိသော်သင်တို့သည် အဘယ်သို့ပြုကုန်အံ့နည်းဟုဆို၍။ ။
(၆၈၄)ဝနံ ယဒဂ္ဂိ ဒဟတိ၊ပါဝကော ကဏှဝတ္တနိ။
ကထံ ကရောသိ ပစလက၊ဧဝံ ဒန္ဓ-ပရက္ကမော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဂဇကုမ္ဘသည်။ ။
(၆၈၅)ဗဟူနိ ရုက္ခ-ဆိဒ္ဒါနိ၊ပထဗျာ ဝိဝရာနိ စ။
တာနိ စေ နာဘိသမ္ဘောမ၊ဟောတိ နော ကာလ-ပရိယာယော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၈၆)ယော ဒန္ဓ-ကာလေ တရတိ၊တရဏီယေ စ ဒန္ဓတိ။
သုက္ခပဏ္ဏံဝ အက္ကမ္မ၊အတ္ထံ ဘဉ္ဇတိ အတ္တနော။ ။
(၆၈၇)ယော ဒန္ဓ-ကာလေ ဒန္ဓေတိ၊တရဏီယေ စ တာရယိ။
သသီဝ ရတ္တိံ ဝိဘဇံ၊တဿတ္ထော ပရိပူရတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၈၆-၆၈၇)ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြုသင့်သောကာလ၌။ တရတိ၊ လျင်မြန်စလိုတောက်တပိုပြု၏။ တရဏီယေစ၊ လျင်တောက်တပိုပြုသင့်သောကာလ၌လည်း၊ ဒန္ဓယိ ဂဇကုမ္ဘံကဲ့သို့လုံ့လမသည်းတဖြည်းဖြည်းပြု၏။ သော၊ ထိုသူသည်။ သုက္ခပဏ္ဏံ၊ ထန်းရွက်ခြောက်ကို။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ ယောက်ျားသည်။ အက္ကမ္မ၊ နင်း၍။ ဘဉ္ဇေယျယထာ၊ မုန့်မုန့်ညက်ညက်ဖျက်ဆီးရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အစီးအပွါးကို။ ဘဉ္ဇတိ၊ ဖျက်ဆီး၏။ ။
ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြုသင့်သောကာလ၌။ ဒန္ဓေတိ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြု၏။ တရဏီယေစ၊ လျင်တောက်တပိုပြုသင့်သောကာလ၌လည်း။ ကာရယိ၊ အလျင်အမြန်ပြု၏။ သသီ၊ ယုန်ရေးတံဆိပ်ရှိသောလမင်းသည်။ ရတ္တိံ၊ လကွယ်ပက္ခညဉ့်ကို။ ဝိဘဇံဝိဘဇန္တော၊ ကြည့်လျက်။ ဒိဝသေဒိဝသေ၊ နေ့တိုင်းနေ့တိုင်း။ ပရိပူရတိဣဝ၊ ပြည့်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တဿ ပုရိသဿ၊ ထိုသူ၏။ အတ္ထော၊ အစီးအပွားသည်။ ပရိပူရတိ၊ ပြည့်၏။ ။
ဂဇကုမ္ဘဇာတကံ ပဉ္စမံ။၃၄၅။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မနုဿိန္ဒံဇဟိတွာန,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကေသဝဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဝိဿာသဘောဇနကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
နာရဒအမတ်သည် သွား၍ရောဂါကင်းသောကေသဝရသေ့ကိုမြင်၍၊ အသျှင်ဘုရား၊ ဗာရာဏသီမင်းသည်ငါးယောက်ကုန်သော ဆေးသမားတို့ကိုယူ၍ ကုမလျက် အသျှင်ဘုရားတို့၏ရောဂါကို ကင်းစိမ့်သောငှါမ တတ်နိုင်။ ကပ္ပရသေ့သည် အသျှင်ဘုရားအား အဘယ်သို့ ကုစားသနည်းဟုဆို၍။ ။
(၆၈၈)မနုဿိန္ဒံ ဇဟိတွာန၊သဗ္ဗ-ကာမ-သမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသီ၊ကပ္ပဿ ရမတဿမေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့သူတစ်ပါးနှင့်တကွစကား ပြောဘိသကဲ့သို့ ကေသဝရသေ့၏ မွေ့လျော်သောအကြောင်းကို မေး၏။ထိုစကားကိုကြား၍ကေသဝရသေ့သည်။ ။
(၆၈၉)သာဒူနီ ရမဏီယာနိ၊သန္တိ ဝက္ခာ မနော-ရမာ။
သုဘာသိတာနိ ကပ္ပဿ၊နာရဒ ရမယန္တိ မံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဤသို့ဆို၍ဤသို့ငါ့ကိုမွေ့လျော်စေသောကပ္ပရသေ့သည် ဆားမခတ်သောရေဖြင့်ပြုတ်ဖျော်အပ်သော သစ်ရွက်မြက်သီးဆန်ကျိတ်ဆန်ယာဂုကိုသောက်စေ၏။ ထိုယာဂုကိုသောက်သဖြင့်ငါ၏ ကိုယ်၌ရောဂါသည် ငြိမ်း၏ဟုဆို၏။ ထိုစကားကိုကြား၍နာရဒအမတ်သည်။ ။
(၆၉ဝ)သာလီနံ ဩဒနံ ဘုဉ္ဇေ၊သုစိံ မံသူပသေစနံ။
ကထံ သာမာက-နီဝါရံ၊အ-လောဏံ ဆာဒယန္တိ တံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ကေသဝရသေ့သည်။ ။
(၆၉၁)သာဒုံ ဝ ယဒိ ဝါသာဒုံ၊အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ဝိဿာသ-ပရမာ ရသာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၉၁)နာရဒ၊ နာရဒအမတ်။ ယတ္ထ၊ အကြင်အိမ်၌။ ဝိဿဋ္ဌော၊ ရွံရှာမရှိလွတ်လွတ်အကျွမ်းဝင်သည်ဖြစ်၍။ သာဒုံဝါ၊ သာယာအပ်ကောင်းမြတ်သောဘောဇဉ်ကို၎င်း။ ယဒိ၊ ထိုမြို့။ အသာဒုံဝါ၊ မသာယာအပ်သောဘောဇဉ်ကို၎င်း။ အပ္ပံဝါ၊ အနည်းငယ်သောဘောဇဉ်ကို၎င်း။ ယဒိ၊ ထိုမြို့။ ဗဟုံဝါ၊ များစွာသောဘောဇဉ်ကို၎င်း။ ဘုဉ္ဇေယျ၊ စားရရာ၏။ တတ္ထ၊ ထိုအိမ်၌။ ဧဝံ၊ ဤသို့။ ဘုတ္တံ၊ အကျွမ်းတဝင်မြိန်မြိန်ရှက်ရှက်စားအပ်သော။ ယံကိဉ္စိဘောဇနံ၊ တစ်စုံတစ်ခုသောဘောဇဉ်သည်။ သာဓု၊ ကောင်း၏။ ကသ္မာ၊ အဘယ့်ကြောင့် နည်းဟူမူကား။ ရသာ၊ အရသာတို့သည်။ ဝိဿာသပရမာ၊ အကျွမ်းဝင်ခြင်းလျှင်အမြတ်ရှိကုန်၏။ ဟိသစ္စံ၊ မှန်၏။ ဝိဿာသသဒိသော၊ အကျွမ်းဝင်သောအရသာနှင့်တူသော။ အညော၊ တစ်ပါးသော။ ရသောနာမ၊ အရသာမည်သည်။ နတ္ထိ၊ မရှိ။ အဝိဿာသိတေန၊ အကျွမ်းမဝင်သောသူသည်။ ဒိန္နံ၊ ပေးအပ်သော။ စတုမဓုရမ္ပိ၊ စတုမဓူသည်လည်း။ ဝိဿာသိတေန၊ အကျွမ်းဝင်သောသူသည်။ ဒိန္နံ၊ ပေးအပ်သော။ အမ္ဗိလတိဏ္ဍိကံ၊ အိမ်ပုန်းရည်ကြီးဖြင့် ကျိုအပ်သော ပုန်းရည်ဟင်းကိုမျှလည်း။ နအဂ္ဃတိ၊ မထိုက်။ ။
(ကေသာဧတဿသန္တီတိကေသီ။ ဧတဿ၊ ဤရသေ့အား။ ကေသာ၊ နက်မည်းတင့်တယ်သေးသွယ်သောဆံတို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိတသ္မာ၊ ကြောင့်။ ကေသီ၊ ၏။ ကေသဝေါ၊ ၏။ ။ ကေသီ၌ဤပစ္စည်း။ ကေသဝေါ၌ဝပစ္စည်း။ ပစ္စည်းမျှသာထူးကြသည်။ အရပုဂ္ဂိုလ်မခြား။ ထိုကြောင့်ဘဂဝါကေသီ,ဟုပါဠိတော်လာသည်။ တံသုတွာကေသဝေါဒုတိယံဂါထမာဟ,စသည်ဖြင့်အဋ္ဌကထာလာသည်။ ။ အလောဏံဆာဒယန္တိတံ၌၊ ဆာဒယတိဆိုလိုလျက်ဆန်းမပျက်စိမ့်သောငှါနိဂ္ဂဟိတ်လာသည်။ အန္တိဝိဘတ်မမှတ်လင့်။ သာဒုံဝါယဒိဝါသာဒုံ၌တတိယက္ခရာလိုသည်။ ဝိဿာသောပရမောဥတ္တမောဧတေသန္တိ ဝိဿာသပရမာ။ ဧတေသံရသာနံ၊ တို့၏။ ဝိဿာသော၊ အကျွမ်းဝင်သောသူသည်ပေးအပ်သောအရသာသည်။ ပရမောဥတ္တမော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ ဝိဿာသပရမာ၊ ၏။ ဝိဿာသာ၊ အကျွမ်းဝင်ခြင်းသည်။ ပရမာ၊ မြတ်သော။ ရသာ၊ အရသာတည်း။ ပေးသည်ကားမသင့်)။ ။
ကေသဝဇာတကံဆဋ္ဌံ။၃၄၆။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗာယသံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအယကူဋဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ လောက၏ အကျိုးစီးပွါးငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ဘီလူးကိုမြင်၍ ဤဘီလူးသည် ငါ့ကိုစောင့်ရှောက်လိုသည်ဖြစ်၍တည်သလော။ ထိုသို့မဟုတ်သတ်လိုသည်ဖြစ်၍။ တည်သလောဟုထိုဘီလူးနှင့် တကွပြောလိုရကား။ ။
(၆၉၂)သဗ္ဗာယသံ-ကူဋမတိပ္ပမာဏံ၊ပဂ္ဂယှ ယော တိဋ္ဌသိ အန္တလိက္ခေ။
ရက္ခာယ မေ တွံ ဝိဟိတော နုသဇ္ဇ၊ဥဒါဟု မေ စေတယသေ ဝဓာယ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် ဘီလူးကိုသာလျှင်မြင်၏။ သိကြားကိုမမြင်။ ဘီလူးသည်သိကြားကိုကြောက်သောကြောင့် ဘုရားလောင်းကိုပုတ်ခြင်းငှါမဝံ့။ ထိုဘီလူးသည်ဘုရားလောင်း၏ စကားကိုကြား၍၊ မြတ်သောမင်းကြီး၊ ကျွန်ုပ်သည်မင်းကြီးကိုစောင့်ရှောက်အံ့သောငှါမတည်။ ဤပြောင်ပြောင်တောက်သောသံတူနှင့်ကား ပုတ်ခတ်၍ သင်မင်းကြီးကိုသတ်အံ့ဟုလာ၏။ သိကြားကိုကြောက်သောကြောင့် သင်မင်းကြီးကိုပုတ်ခတ်အံ့သောငှါမဝံ့ဟုပြလိုရကား။ ။
(၆၉၃)ဒူတော အဟံ ရာဇိဓ ရက္ခသာနံ၊ဝဓါယ တုယှံ ပဟိတောဟမသ္မိ။
ဣန္ဒေါ စ တံ ရက္ခတိ ဒေဝ-ရာဇာ၊တေနုတ္တမင်္ဂံ န တေ ဖာလယာမိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၉၄)သစေ စ မံ ရက္ခတိ ဒေဝ-ရာဇာ၊ဒေဝါနမိန္ဒေါ မဃဝါ သုဇမ္ပတိ။
ကာမံ ပိသာစာ ဝိနဒန္တု သဗ္ဗေ၊န သန္တသေ ရက္ခသိယာ ပဇာယ။ ။
(၆၉၅)ကာမံ ကန္တန္တု ကုမ္ဘဏ္ဍာ၊သဗ္ဗေ ပံသု-ပိသာစကာ။
နာလံ ပိသာစာ ယုဒ္ဓါယ၊မဟတီ သာ ဝိဘိံသိကာ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၉၄-၆၉၅)ရက္ခသ၊ ရက္ခိုသ်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ အစိုးရသော။ မာဃဝါ၊ မာဃအနွယ်ဖြစ်သော။ သုဇမ္ပတိ၊ သုဇာ၏လင်ဖြစ်သော။ ဒေဝရာဇာ၊ သိကြားမင်းသည်။ မံ၊ ငါ့ကို။ သစေရက္ခတိ၊ အကယ်၍စောင့်အံ့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပိသာစာ၊ လူသားစားကြူးဘီလူးတို့သည်။ အာဝိ၊ ထင်စွာ။ ကာမံဝိနဒန္တု၊ အကယ်၍ဟစ်ကြွေးကြော်ငြာကုန်ငြားအံ့။ ရက္ခသိယာပဇာယ၊ ရက္ခိုသ်ဟူသော သတ္တဝါမှ။ အဟံ၊ ငါသည်။ နသန္တသေဝ၊ မထိတ်လန့်သည်သာတည်း။ ကုမ္ဘဏ္ဍာ၊ အိုးအတိုင်းအရှည်ရှိသော လျှို့ဝှက်အပ်သောအင်္ဂါရှိသော ကုမ္ဘဏ်တို့သည်၎င်း။ ပံသုပိသာစကာ၊ တံမြက်ချေးစုရာအရပ်၌နေကုန်သော မြေဘုတ်တို့သည်၎င်း။ ကာမံ၊ စင်စစ်။ ကန္တန္တု၊ ဖြတ်စေကာမူ။ ပိသာစာ၊ လူသားစားကြူး မြေဘုတ်ဘီလူးတို့သည်။ မယာ၊ ငါနှင့်။ သဒ္ဓိံ၊ တကွ။ ယုဒ္ဓါယ၊ စစ်ထိုးအံ့သောငှါ။ နာလံ၊ မစွမ်းနိုင်ကုန်။ မဟတီ၊ ကြီးစွာသော။ သာဝိဘိံ သိကာ၊ ထိုကြောက်မက်ဖွယ်ကိုဖြစ်စေခြင်းသည်သာလျှင်။ သိယာ၊ ဖြစ်ရာ၏။ အဟံ၊ ငါမူကား။ နဘာယာမိ၊ အလျှင်းမကြောက်။ ။
(ပိသိတံမံသံအသန္တိဘက္ခန္တီတိပိသာစာ။ ။ ယေယက္ခာ၊ အကြင်ဘီလူးတို့သည်။ ပိသိတံမံသံ၊ လူသားကို။ အသန္တိဘက္ခန္တိ၊ စားတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေယက္ခာ၊ တို့သည်။ ပိသာစာ၊ မည်ကုန်၏။ ။
ပိသိတအသဟူလိုလျက်ပိသောဒရာဒိဂိုဏ်းဖြစ်၍ပိသာစနေသည်။ ပိသိတကားမံသ၏ပရိယာယ်ဖြစ်၍ပိသိတံကိုမံသံဖွင့်သည်။ ပိသိတံ၊ ကြိတ်အပ်သော။ မံသံ၊ အသားကို။ ပေးသည် ကားမသင့်)။ ။
အယကူဋဇာတကံ သတ္တမံ။၃၄၇။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အရညာဂါမမာဂမ္မ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအရညဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အပျိုကြီးဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။
ရသေ့ငယ်သည်လည်း အဘလာသည်ရှိသော်။ ။
(၆၉၆)အရညာ ဂါမမာဂမ္မ၊ကိံသီလံ ကိံဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုအခါရသေ့ငယ်အားအဘသည် အဆုံးအမပေးလို၍။ ။
(၆၉၇)ယော တံ ဝိဿာသယေ တာတ၊ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီ စ တိတိက္ခီ စ၊တံ ဘဇေယျာသိတော ဂတော။ ။
(၆၉၈)ယဿ ကာယေန ဝါစာယ၊မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊တံ ဘဇေဟိ ဣတော ဂတော။ ။
(၆၉၉)ဟလိဒ္ဒိရာဂံ ကပိ-စိတ္တံ၊ပုရိသံ ရာဂ-ဝိရာဂိနံ။
တာဒိသံ တာတ မာ သေဝိ၊နိမ္မနုဿမ္ပိ စေ သိယာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၉၇-၆၉၉)တာတ၊ ချစ်သား။ ယောပုရိသော၊ အကြင်သူသည်။ တံ၊ ချစ်သားကို။ ဝိဿာသယေ၊ ရွံရှာမရှိအကျွမ်းဝင်၏။ ယောစ၊ အကြင်သူသည်လည်း။ အတ္တနိ၊ မိမိ၌။ ဝိဿာသေ၊ အကျွမ်းဝင်ခြင်းကို။ တေ၊ သင်သည်။ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်။ နိရာသင်္ကော၊ ရွံရှာမရှိသည်ဖြစ်၍။ တေ၊ သင်၏။ တံဝိဿာသံ၊ ထိုအကျွမ်းတဝင်ပြုသောအမှုကို။ ခမေယျ၊ နှစ်သက်ရာ၏။ ယောစ၊ အကြင်သူသည်လည်း။ တဝ၊ သင်၏။ ဝိဿာသဝစနံ၊ အကျွမ်းတဝင်ဆိုသောစကားကို။ သုဿူသီ၊ နာခံခြင်းအလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ယောစ၊ အကြင်သူသည်လည်း။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ အပရာဓံ၊ အပြစ်ကို။ တိတိက္ခီ၊ သည်းခံခြင်းအလေ့ရှိသည်။ ဟောတိ၊ ၏။ တံပုရိသံ၊ ထိုဆိုအပ်ပြီးသောလေးယောက်သောသူကို။ ဣတော၊ ဤတောအရပ်မှ။ ဂတော၊ ရွာသို့ရောက်သည်ရှိသော်။ တွံ၊ ချစ်သားသည်။ ဘဇေယျာသိ၊ ဆည်းကပ်မှီဝဲလေလော့။ ။
တာတ၊ ချစ်သား။ ယဿပုရိသဿ၊ အကြင်သူအား။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ နှုတ်ဖြင့်၎င်း။ မနသာ၊ စိတ်ဖြင့်၎င်း။ ကတံ၊ ပြုအပ်သော။ (ထည့်)။ ဒုက္ကဋံ၊ မကောင်းမှုအကုသိုလ်သည်။ နတ္ထိ၊ မရှိ။ တံပုရိသံ၊ ထိုကိုယ်နှုတ်နှလုံးသုံးပါးဖြင့်မကောင်းမှုကိုမပြုသောသူကို။ တွံ၊ သင်ချစ်သားသည်။ ဣတော၊ ဤတောအရပ်မှ။ ဂတော၊ လူ့ပြည်အရပ်သို့သွားသည်ရှိသော်။ တဿ၊ ထိုကိုယ်နှုတ်နှလုံးသုံးပါးဖြင့်အကုသိုလ်တရားမမှားယွင်းသောသူ၏။ ဥရသိ၊ ရင်၌။ ပတိဋ္ဌာယ၊ တည်၍။ ဝဍ္ဎိတော၊ ကြီးပွါးသော။ ဩရသပုတ္တောဣဝ၊ ရင်သွေးရင်သားကဲ့သို့။ ဟုတွာ၊ ၍။ ဘဇေဟိ၊ ဆည်းကပ်မှီဝဲလေမောင်မင်း။ ။
တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုးရည်ကဲ့သို့မမြဲသော စိတ်ရှိသောသူကို၎င်း။ ကပိစိတ္တံ၊ မျောက်စိတ်ကဲ့သို့ ဖြစ်လွယ်ပျက်လွယ် လျင်မြန်သောစိတ်ရှိသောသူကို၎င်း။ ရာဂဝိရာဂိနံ၊ ချက်တဖြုတ်တမဟုတ်မျှဖြင့်သာလျှင် ချစ်လွယ်မုန်းလွယ်ဖြစ်တတ်သောသူကို၎င်း။ တာဒိသံ၊ ထိုဆိုအပ်ပြီးသော သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ သကလ ဇမ္ဗုဒီပတလံ၊ အလုံးစုံဇမ္ဗူကျွန်းခွင်မြေအပြင်သည်။ ကာယဒုစ္စရိတာဒိပိရဟိတဿ၊ ကာယဒုစရိုက်စသည်မှကင်းသော။ မနုဿဿ၊ လူ၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ နိမ္မနုဿမ္ပိ၊ မှီဝဲစရာလူမရှိသည်လည်း။ စေသိယာ၊ အကယ်၍ ဖြစ်စေကာမူ။ တွံ၊ ချစ်သားသည်။ မာသေဝိ၊ မမှီဝဲလေလင့်မောင်မင်း။ ။
(ဝိဿာသဉ္စစသောသုံးပုဒ်တို့၌ရှိသောစကိုယောစ၌ယှဉ်။ ။
တံဘဇေယျဣတောဂတော,ပါဌ်ရှိမူ၊ ပုရိသဝိပလ္လာသကြံရာ၏။ ။ ဘဇေယျာသိတောဂတော,ရှိမူ၊ ဝိပလ္လာသမကြံရပြီ၊ သင့်တော့သည်။ ။ အဋ္ဌကထာ၌လည်း။ တံဘဇေယျာသီတိတံပုရိသံဘဇေယျာသိပယိရုပါသေသိ,ရှိသော်ယုတ္တတရ ဖြစ်သတည်း)။ ။
အရညဇာတကံ အဋ္ဌမံ။၃၄၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နေဝဣတ္ထီသုသာမညံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသန္ဓိဘေဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပေသုညသိက္ခာပုဒ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည် အသက်ကုန်ခြင်းသို့ရောက်ကုန်သောခြင်္သေ့ဥသဘတို့ကိုမြင်၍ ရထားစီးလျက်လျှင် ရထားထိန်းနှင့် တကွစကားပြောလိုရကား။ ။
(၇ဝဝ)နေဝ ဣတ္ထီသု သာမညံ၊နာပိ ဘက္ခေသု သာရထိ။
အထဿ သန္ဓိဘေဒဿ၊ပဿ ယာဝ သုစိန္တိတံ။ ။
(၇၀၁)အသိ တိက္ခောဝ မံသမှိ၊ပေသုညံ ပရိဝတ္တတိ။
ယတ္ထူသဘဉ္စ သီဟဉ္စ၊ဘက္ခယန္တိ မိဂါဓမာ။ ။
(၇၀၂)ဣမံ သော သယနံ သေတိ၊ယိမံ ပဿသိ သာရထိ။
ယော ဝါစံ သန္ဓိဘေဒဿ၊ပိသုဏဿ နိဗောဓတိ။ ။
(၇၀၃)တေ ဇနာ သုခမေဓန္တိ၊နရာ သဂ္ဂ-ဂတာရိဝ။
ယေ ဝါစံ သန္ဓိဘေဒဿ၊နာဝဗောဓန္တိ သာရထိ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၇၀၀-၇၀၃)သာရထိ၊ ရထားထိန်း။ ဣမေသံဒွိန္နံ၊ ဤခြင်္သေ့နှင့်နွားသတ္တဝါနှစ်ပါးတို့အား။ ဣတ္ထီသု၊ မိန်းမတို့၌။ သာမညံ၊ တူသည့်အဖြစ်သည်။ ဝါ၊ ဆက်ဆံခြင်းသည်။ နေဝအတ္ထိ၊ အလျှင်းပင်မရှိ။ ဘက္ခေသုပိ၊ အစာတို့၌လည်း။ သာမညံ၊ ဆက်ဆံခြင်းသည်။ နအတ္ထိ၊ အလျှင်းပင်မရှိ။ အထ၊ ထိုသို့ခိုက်ရန်ဖြစ်ခြင်းအကြောင်းမရှိသည်ဖြစ်လျက်။ အဿသန္ဓိဘေဒဿ၊ ဤမိတ်ကိုဖျက်တတ်သော ယုတ်မာသော မြေခွေး၏။ ဥဘိန္နံ၊ နှစ်ဦးသောနွား ခြင်္သေ့တို့၏။ မံသံ၊ အသားကို။ ခါဒိဿာမိ၊ စားအံ့ဟူ၍။ စိန္တယိတွာ၊ ကြံပြီး၍။ ဣမေ၊ ဤနွားခြင်္သေ့တို့ကို။ မာရဏံ၊ သတ်ခြင်းကို။ ပဿ၊ ရှုလော့။ ယာဝအတိဝိယ၊ အလွန်လျှင်။ သုစိန္တိတံ၊ လှံမစောက်မြဲမြံစွာ ကြံအပ်သည်။ ဇာတံ၊ ဖြစ်၏။ ။
ယတ္ထယသ္မိံ ပေသုညေ၊ အကြင်ကုန်းတိုက်ခြင်းသည်။ ဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အဓမာ၊ ယုတ်မာသောသဘောရှိကုန်သော။ မိဂါ၊ မြေခွေးတို့သည်။ ဥသဘဉ္စ၊ နွားမင်းဥသဘကို၎င်း။ သီဟဉ္စ၊ ခြင်္သေ့မင်းကို၎င်း။ ဘက္ခယန္တိ၊ စားရကုန်၏။ မံသမှိ၊ အသား၌။ ဝါ၊ အသားကို။ တိက္ခော၊ ထက်သော။ အသိ၊ သန်လျက်သည်။ ဆိန္ဒတိဣဝ၊ ဖြတ်၏သို့။ တံပေသုညံ၊ ထိုချောပစ်ကုန်းတိုက်ခြင်းသည်။ မိတ္တဘာဝံ၊ အဆွေခင်ပွန်း၏ အဖြစ်ကို။ ဆိန္ဒန္တမေဝ၊ ဖြတ်လျက်သာလျှင်။ ပရိဝတ္တတိ၊ ဖြစ်၏။ ဝါ၊ ထက်ဝန်းကျင်မွှေဘတ်၏။ ။
သာရထိ၊ ရထာထိန်း။ ဣမေသံဒွိန္နံ၊ ဤခြင်္သေ့နှင့်နွား သတ္တဝါနှစ်ပါးတို့၏။ ယံဣမံမတသယနံ၊ အကြင်ဤသေ၍ စင်းစင်းအိပ်ခြင်းကို။ တွံ၊ သင်သည်။ ပဿသိ၊ မြင်၏လော။ အညော၊ ခြင်္သေ့နှင့်နွားမှတစ်ပါးသော။ ယော၊ အကြင်သူသည်။ သန္ဓိဘေဒဿ၊ မိတ်စေ့စပ်ခြင်းကို ဖျက်ဆီးတတ်သော။ ပိသုဏဿ၊ ချောပစ်ကုန်းတိုက်တတ်သောသူ၏။ ဝါစံ၊ ချောပစ်သောစကားကို။ နိဗောဓတိဂဏှတိ၊ မစေ့မစပ်အမြစ်အရင်းမစူးစမ်းဘဲမြဲစွာယူ၏။ သော၊ ထိုခြင်္သေ့နှင့်နွားသာမဟုတ်သေးထိုမှတစ်ပါး ပြောစကားဖြင့်ယုံကြည်မှတ်ယူသောထိုသူသည်လည်း။ တံဣမံသယနံ၊ ထိုသို့သော ဤသေ၍စင်းစင်းအိပ်ရခြင်းကို။ သေတိ၊ အိပ်ရမည်မချွတ်တည်း။ ။
သာရထိ၊ ရထားထိန်း။ ယေဇနာ၊ အကြင်သူတို့သည်။ သန္ဓိဘေဒဿ၊ မိတ်အစေ့အစပ်ကိုဖျက်တတ်သော ချောပစ်သောသူ၏။ ဝါ၊ ချောပစ်သောစကားကို။ နာဝဗောဓန္တိနသာရတောပစ္စေန္တိ၊ ဟုတ်လှပြီမှန်လှပြီဟုအနှစ်သာရအားဖြင့် မယုံကြည်ကုန်။ တေဇနာ၊ ထိုသူတစ်ပါးချောပစ်ကာမျှဖြင့်အနှစ်သာရအားဖြင့် မယုံကြည်ကုန်သောသူတို့သည်။ သဂ္ဂဂတာ၊ နတ်စည်းစိမ်နှင့်ပြည့်စုံကုန်သော။ နရာဣဝ၊ သူတို့ကဲ့သို့။ သုခံ၊ ကိုယ်ချမ်းသာနှလုံးချမ်းသာကို။ ဧဓန္တိဝိန္ဒန္တိ၊ ရကုန်၏။ ။
(မိဂါဓမာ၊မိဂါအဓမာပုဒ်ဖြတ်၍အဓမကား၊အဓမိဏေသုတို့၌ကဲ့သို့လာမကအနက်ဟောတည်း။ ။ သဂ္ဂေဟိဒိဗ္ဗဘောဂေဟိသမန္နာဂတာသဂ္ဂဂတါ,ပြု၊သဂ္ဂဖြင့်ဒိဗ္ဗဘောဂကိုယူသည်။ ။ ထို့ကြောင့်ဒိဗ္ဗဘောဂသမင်္ဂိနောနရာဝိယ၊ဟု-အဋ္ဌကထာဖွင့်သည်)။ ။
သန္ဓိဘေဒဇာတကံ နဝမံ။၃၄၉။
(၇၀၄-၇၀၅-၇၀၆-၇ဝ၇)ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ဟတ္ထေဟိ၊ လက်တို့ဖြင့်၎င်း။ ပါဒေဟိ၊ ခြေတို့ဖြင့်၎င်း။ ဟန္တိဟနတိ၊ ပုတ်ခတ်၏။ မုခဉ္စ၊ မျက်နှာကိုလည်း။ ပရိသုမ္ဘတိ၊ ပုတ်ခတ်၏။ သော၊ ထိုပုတ်ခတ်သသူကို။ ဝေ၊ စင်စစ်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ပုတ်ခတ်ခြင်းကြောင့်။ ပိယံ၊ ချစ်အပ်သော။ ကံ၊ အဘယ်သို့သောသူကို။ တွံ၊ သင်မင်းမြတ်သည်။ အဘိပဿသိ၊ ဉာဏ်ဖြင့်ရှုဆင်ခြင်ဘိသနည်း။ ။
ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ယံ၊ အကြင်သူကို။ ယထာကာမံ၊ အလိုရှိတိုင်း။ အက္ကောသတိ၊ ဆဲရေး၏။ သော၊ ထိုဆဲရေးတတ်သောသူသည်။ အဿ၊ ထိုဆဲရေးတတ်သောသူ၏။ အာဂမဉ္စ၊ လာခြင်းကိုလည်း။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုဆဲရေးအပ်သသူကို။ ဝေ၊ စင်စစ်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ၏။ တေန၊ ထိုသို့သောအကြောင်းဖြင့်။ ပိယံ၊ ချစ်အပ်သော။ ကံ၊ အဘယ်သို့သောသူကို။ တွံ၊ သင်မင်းမြတ်သည်။ အဘိပဿသိ၊ ဉာဏ်ဖြင့်ရှုဆင်ခြင်ဘိသနည်း။ ။
ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ယံ၊ အကြင်သူကို။ အ-ဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ အဗ္ဘက္ခာတိ၊ စွပ်စွဲ၏။ အလိကေန၊ မဟုတ်မမှန်ပျက်သော စကားဖြင့်။ အဘိသာရယေ၊ အောက်မေ့စေ၏။ သော၊ ထိုသူကို။ ဝေ၊ စင်စစ်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ၏။ တေန၊ ထိုသို့စွပ်စွဲအောက်မေ့သောအကြောင်းဖြင့်။ ပိယံ၊ ချစ်အပ်သော။ ကံ၊ အဘယ်သို့သောသူကို။ တွံ၊ သင်မင်းမြတ်သည်။ အဘိပဿသိ၊ ဉာဏ်ဖြင့်ရှုဆင်ခြင်ဘိသနည်း။ ။
ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ အန္နဉ္စ၊ ထမင်းကို၎င်း။ ပါနဉ္စ၊ အဖျော်ကို၎င်း။ ဝတ္ထသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာနေရာတို့ကို၎င်း။ ဟရံဟရန္တော၊ ဆောင်ယူသည်။ ဟောတိ၊ ဖြစ်၏။ အညဒတ္ထု၊ စင်စစ်အားဖြင့်။ ဟရာ၊ ဆောင်ကုန်သည်။ သန္တာ၊ ဖြစ်ကုန်လျက်။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ၏။ တေန၊ ထိုသို့ဆောင်လေသောအကြောင်းဖြင့်။ ပိယံ၊ ချစ်အပ်သော။ ကံ၊ အဘယ်သို့သောသူကို။ တွံ၊ သင်မင်းမြတ်သည်။ အဘိပဿသိ၊ ဉာဏ်ဖြင့်ရှုဆင်ခြင်ဘိသနည်း။ ။
(ကန္တေနမတိပဿသိ,ဟူ၍၎င်း။ ကန္တေနတွာဘိ ပဿသိ,ဟူ၍၎င်း နှစ်ထွေရှိသည်။ ထိုတွင်တွာဘိပဿသိသည်ဥမင်္ဂဇာတ်၌လည်းလာသည်။ သဒ္ဒါလည်းလျော်သည်။ အနက်လည်းပေါ်သည်)။ ။
ဒေဝတာပဉှဇာတကံ ဒသမံ။၃၅၀။ စူဠကုဏာလဝဂ္ဂေါ ပဉ္စမော။ ။
ကလိင်္ဂေါ အဿာရောဟောစ၊ဧကရာဇာစ ဒဒ္ဒရော။
သီလဝီမံသသုဇာတာ၊ပလာသော သကုဏော ဆဝေါ။
သေယျောတိ ဒသ ဇာတကာ။ ။
ပုစိမန္ဒော ကဿပေါစ၊ခန္တိ ဝါဒိ လောဟကုမ္ဘီ။
သဗ္ဗမံသလာဘီ သသော၊မတာရောဒကဏဝေရာ။
တိတ္တိရော သုစဇ္ဇော ဒသ။ ။
ကုဋိဒူသော ဒုဒ္ဒဘာယော၊ဗြဟ္မဒတ္တစမ္မသာဋကော။
ဂေါဓရာဇာစ ကက္ကာရု၊ကာကဝတီနနုသောစကော။
ကာဠဗာဟုသီလဝီမံသောဒသ။ ။
ကောကာလိကော ရထလဋ္ဌိ၊ပက္ကဂေါဓရာဇောဝါဒါ။
ဇမ္ဗုကဗြဟာဆတ္တောစ၊ပီဌထုသာစဗာဝေရု။
ဝိသယှသေဋ္ဌိ ဒသဓာ။ ။
ကိန္နရီဝါနရကုန္တိ နီ၊အမ္ဗဟာရီဂဇကုမ္ဘော။
ကေသဝါယကူဋာရညံ၊သန္ဓိဘေဒေါ ဒေဝတာပဉှာ။ ။
ကလိင်္ဂေါ ပုစိမန္ဒေါစ၊ကုဋိဒူသကကောကိလာ။
စူဠကုဏာလဝဂ္ဂေါတိ၊ပဉ္စဝဂ္ဂါ စတုက္ကမှိ။
ဟောန္တိပညာသဇာတကာ။ ။
စတုက္ကနိပါတံ နိဋ္ဌိတံ။၅ဝ။