နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗကာမဒဒံ ကုမ္ဘ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုရာဃဋဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေး၏ တူကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
မြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍။ ။
(၄၇၈)သဗ္ဗ-ကာမ-ဒဒံ ကုမ္ဘံ၊ကုဋံ လဒ္ဓါန ဓုတ္တကော။
ယာဝ နံ အနုပါလေတိ၊တာဝ သော သုခ-မေဓတိ။ ။
(၄၇၉)ယဒါ မတ္တော စ ဒိတ္တော စ၊ပမာဒါ ကုမ္ဘ-မဗ္ဘိဒါ။
တဒါ နဂ္ဂေါ စ ပေါတ္ထောစ၊ပစ္ဆာ ဗာလော ဝိဟညတိ။ ။
(၄၈၀)ဧဝ-မေဝ ယော ဓနံ လဒ္ဓါ၊ပမတ္တော ပရိဘုဉ္ဇတိ။
ပစ္ဆာ တပ္ပတိ ဒုမ္မေဓေါ၊ကုဋံ ဘိတွာ-ဝ ဓုတ္တကော။ ။
ဟူသောဤသုံးဂါထာတို့ကိုဟောတော်မူ၏။ ။
(၄၇၈-၄၈၀)မုတ္တကော၊ သေသောက်ကြူးသည်။ သဗ္ဗကာမဒဒံ၊ အလုံးစုံသောဝတ္ထုကာမကိုပေးခြင်းငှါစွမ်းနိုင်သော။ ကုဋံ၊ သပိတ်ကဲ့သို့ အနားမတို လည်အထွတ်ရှိသော။ ကုမ္ဘံ၊ အိုးကို။ လဒ္ဓါန၊ ရ၍။ ယာဝ၊ အကြင်မျှလောက်သောကာလပတ်လုံး။ နံ၊ ထိုအလုံးစုံသောဝတ္ထုကာမကိုပေးတတ်သောအိုးကို။ အနုပါလေတိ၊ မကွဲမပျောက် စောင့်ရှောက်နိုင်၏။ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။ သော၊ ထိုသေသောက်ကြူးသည်။ သုခံ၊ ချမ်းသာကို။ ဧဓတိ၊ ရ၏။ ။
ယဒါ၊ အကြင်အခါ၌။ သော၊ ထိုသေသောက်ကြူးသည်။ မတ္တောစ၊ သေရစ်မူးသည်ဖြစ်၍၎င်း။ ဒိတ္တောဂဗ္ဘိတောစ၊ ဟော့ရမ်းကြမ်းကြုတ်ခက်ထန်သည်ဖြစ်၍၎င်း။ ပမာဒါ၊ မေ့လျော့သဖြင့်။ ကုမ္ဘံ၊ အိုးကို။ အဗ္ဘိဒါ၊ ကောင်းကင်သို့မြှောက်၍ခံလျက် လက်မှချော်ကျ၍ခွဲသည်လည်း။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ နဂ္ဂေါစ၊ အဝတ်အချည်းနှီးဖြစ်၍၎င်း။ ပေါဋ္ဌောစ၊ ရံခါပုဆိုးနွမ်းကိုဝတ်၍၎င်း။ သောဗာလော၊ ထိုမိုက်စွာသော သေသောက်ကြူးသည်။ ပစ္ဆာ၊ နောက်၌။ ဝိဟညတိ၊ ပင်ပန်းဆင်းရဲရာ၏။ ။
မုတ္တကော၊ သေသောက်ကြူးသည်။ ကုဋံ၊ အိုးကို။ ဘိတွာ၊ ခွဲ၍။ ပစ္ဆာ၊ နောက်၌။ တပတိဧဝ၊ စိုးရိမ်ပူပန်ရ၏သို့။ ဧဝမေဝ၊ ဤအတူလျှင်။ ယောဒုမ္မေဓော၊ အကြင်သူမိုက်သည်။ ဓနံ၊ ဥစ္စာကို။ လဒ္ဓါ၊ ရ၍။ ပမတ္တော၊ သောက်စားမေ့လျော့သည်ဖြစ်၍။ ပရိဘုဉ္ဇတိ၊ သုံးစား၏။ သောဒုမ္မေဓော၊ ထိုသူမိုက်သည်။ ပစ္ဆာ၊ နောက်၌။ တပတိ၊ စိုးရိမ်ပူပန်ရ၏။ ။
သုရာဃဋဇာတကံ ပဌမံ။၂၉၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗာရာဏသျံမဟာရာဇ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုပတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ဗိမ္ဗာဒေဝီထေရီမအား အသျှင်သာရိပုတ္တရာမထေရ်သည်ပေးအပ်သော ငါးကြင်းသားအရသာ၊ အသစ်ဖြစ်သောထောပတ်နှင့် ရောသောသလေးဆွမ်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါစဖိုသည်သည်ကျီးစစ်သူကြီးကို မင်း၏အထံသို့ ဆောင်၏။ ထိုစစ်သူကြီးကျီးကိုမင်းသည်၊ ကျီး၊သင်သည် ငါ့ကိုလည်းမရှက်၊ စဖိုသည်၏နှာခေါင်းကိုလည်းဖြတ်၏။ ထမင်းခွက်တို့ကိုလည်းခွဲ၏။ မိမိအသက်ကိုမစောင့်၊အဘယ့်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည််းဟုမေး၏။ ကျီးသည်၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်တို့၏ကျီးမင်းသည် ဗာရာဏသီပြည်ကိုမှီ၍နေ၏။ အကျွန်ုပ်သည် ထိုကျီးမင်း၏စစ်သူကြီးတည်း။ ထို ကျီးမင်း၏ သုဖဿာမည်သော မိဖုရားသည် သင်မင်းကြီးတို့၏စားတော်ကိုစားလို၏။ ကျီးမင်းသည်ကျီးမိဖုရား၏ချင်ခြင်းကိုအကျွန်ုပ်အား ကြား၏။ အကျွန်ုပ်သည်ကျီးမင်းအထံ၌လျှင်အသက်ကိုစွန့်၍လာ၏။ ယခုအကျွန်ုပ်သည်ကျီးမင်းသို့စားဖွယ်ကိုပို့စေအပ်ပြီ။ အကျွန်ုပ်၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ ဤအကြောင်းကြောင့် အကျွန်ုပ်သည်ဤသို့သဘောရှိသောအမှုကိုပြု၏ဟုပြလိုရကား။ ။
(၄၈၁)ဗာရာဏသျံ မဟာရာဇ၊ကာက-ရာဇာ နိဝါသကော။
အသီတိယာ သဟဿေဟိ၊သုပတ္တော ပရိဝါရိတော။ ။
(၄၈၂)တဿ ဒေါဟဠိနီ ဘရိယာ၊သုဖဿာ ဘက္ခိတု-မိစ္ဆတိ။
ရညော မဟာနသေ ပက္ကံ၊ပစ္စဂ္ဃံ ရာဇ-ဘောဇနံ။ ။
(၄၈၃)တေသာ-ဟံ ပဟိတော ဒူတော၊ရညော စ-မှိ ဣဓာ-ဂတော။
ဘတ္တု-အပစိတိံ ကုမ္မိ၊နာသာယ-မကရံ ဝဏံ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၄၈၁-၄၈၃)မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗာရာဏသျံ၊ ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။ သုပတ္တော၊ သုပတ္တအမည်ရှိသော။ ကာက-ရာဇာ၊ ကျီးမင်းသည်။ အသီတိယာ သဟဿေဟိ၊ ရှစ်သောင်းသော ကျီးတို့သည်။ ပရိဝါရိတော၊ ခြံရံအပ်သည်ဖြစ်၍။ နိဝါသကော၊ အမြဲနေ၏။ ။
တဿ၊ ထိုသုပတ္တအမည်ရှိသောကျီးမင်း၏။ သုဖဿာ၊ သုဖဿာအမည်ရှိသော။ ဘရိယာ၊ မိဖုရားသည်။ ဒေါဟဠိနီ၊ ဖြစ်သောချင်ခြင်းရှိ၍။ ရညော၊ အရှင်မင်း၏။ မဟာနသေ၊ ပွဲတော်အိမ်၌။ ပက္ကံ၊ အထူးထူးအပြားပြားသော ဇီယာကရဝေး အမွှေးအကြိုင်တို့ဖြင့် ကောင်းမွန်စွာ ချက်အပ်သော။ ပစ္စဂ္ဃံ၊ အသီးသီးအဖိုးများစွာထိုက်သောငှက်သိုက်ငါးအမဲစသော အဆောက်အဦအထူးရှိသော။ ရာဇ-ဘောဇနံ၊ မင်းထိုက်ဘောဇဉ်ကို။ ဘက္ခိတုံ၊ ပွဲတော်တည်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ ။
အဟံ၊ အကျွန်ုပ်သည်။ တေသံ၊ ထိုရှစ်သောင်းခြံရံ စံနေတော်မူသော ကျီးမင်းမိဖုရားတို့၏။ ဒူတော၊ တမန်တည်း။ ရညောစ၊ ငါတို့အရှင် သခင်ကျီးမင်းသည်လည်း။ ပဟိတော၊ မိဖုရားဖို့စားတော်အစာဆောင်စိမ့်သောငှာ စေအပ်သည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်၏။ သွာဟံသောအဟံ၊ ထိုအကျွန်ုပ်သည်။ ဧဝံ၊ ဤသို့။ အာဏတ္တော၊ စေတော်မူအပ်သည်ဖြစ်၍။ ဘတ္တု၊ အကျွန်ုပ်တို့၏အရှင်သခင်ကျီးမင်းအား။ အပစိတိံ၊ ပူဇော်မြတ်နိုးခြင်းကို။ ကုမ္မိကရောမိ၊ ပြုပေအံ့။ မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဣမိနာကာရဏေန၊ အရှင်ကျေးဇူး ထိမ်မြူး မမူပူဇော် လိုသောဤအကြောင်းကြောင့်။ တုမှေစ၊ အရှင်မင်းကြီးတို့ကို။ ဇီဝိတဉ္စ၊ အကျွန်ုပ် အသက်ကို၎င်း။ အဂ္ဂယေတွာ၊ မရေတွက်မူ၍။ ဘတ္တဘာဇနံ၊ ပွဲတော်အုပ်ကို။ ပါတေတုံ၊ ချစိမ့်သောငှာ။ ဘတ္တဟာရကဿ၊ ပွဲတော်ဆောင်သောသူ၏။ နာသာယံ၊ နှာသီး၌။ မုခတုဏ္ဍကေန၊ သံညှပ်နှင့်တူသောနှုတ်သီးဖြင့်။ ဝဏံ၊ စုတ်ပြတ်သောအနာကို။ အကရံ၊ ပြုပြီ။ မယာ၊ အကျွန်ုပ်သည်။ ရညော၊ အကျွန်ုပ်တို့အရှင်သခင်ကျီးမင်းအား။ အပစိတိံ၊ အသက်ဖြင့်ပူဇော်သောအမှုကို။ ကတာ၊ ပြုအပ်ပြီ။ ဣဒါနိ၊ ယခု။ တုမှေ၊ အသျှင်မင်းကြီးတို့သည်။ ယံ၊ အကြင်ဒဏ်ကို။ ဣစ္ဆထ၊ အလိုရှိကုန်၏။ တံဒဏ္ဍံ၊ ထိုဒဏ်ကို။ ကရောထ၊ အလိုရှိရာပြုကာမူ။ ။
မင်းသည်ထိုကျီးစစ်သူကြီး၏စကားကိုကြား၍ လူဖြစ်ကုန်သောငါတို့သည် ကြီးစွာသောစည်းစိမ်ကိုပေးကုန်လျက်လည်း ငါတို့အားချစ်စိမ့်သောငှာ မတတ်နိုင်ကုန်။ ရွာအစရှိသည်တို့ကို ပေးကုန်လျက်လည်း ငါတို့အား အသက်ကိုပေးသောသူကိုမရကုန်။ ဤသတ္တဝါကားကျီးဖြစ်လျက် မိမိအသက်ကိုကျီးမင်းအားစွန့်၏။ အလွန်လျှင်သူတော်ကောင်း၏ သာယာစွာသော အသံရှိ၏။ တရားဟောတတ်၏ဟုဂုဏ်ကျေးဇူး၌ကြည်ညို၍ကျီးစစ်သူကြီးကိုထီးဖြူဖြင့်ပူဇော်၏။ ကျီးစစ်သူကြီးသည် မိမိရသောထီးဖြူဖြင့် မင်းကိုလျှင်ပူဇော်၍ ဘုရားလောင်း၏ကျေးဇူးတို့ကိုဆို၏ မင်းသည် ဘုရားလောင်းကိုခေါ်စေ၍တရားနာ၍နှစ်ခုကုန်သောကျီးတို့အားလည်းမိမိစားသောနည်းဖြင့် ထမင်းအစာကိုမပြတ်ပေး၏။ ကြွင်းသော ကျီးတို့အား နေ့တိုင်းနေ့တိုင်း ဆန်တအမ္ဗဏချက်ထမင်းကို ပေး၏။ မိမိသည်လည်း ဘုရားလောင်းအဆုံးမ၌တည်၍ခပ်သိမ်းသောသတ္တဝါတို့အား ဘေးမဲ့ပေး၍ပဉ္စသီတို့ကိုစောင့်၏။ သုပတ္တကျီးမင်း၏အဆုံးအမသည်ကား အနှစ်ခုရာတည်၏။ ။ (ဗာရာဏသျံ၊ဗာရာဏသိယံဖြတ်၍။ ယ,နှောင်းရာသရကျေ၍ ဗာရာဏသျံ,ပြီးသည်။ ။ မစ္ဆမံသဝိကတီသု ပစ္စေကမေတ္ထမ ဟဂ္ဃန္တိပစ္စဂ္ဃံ။ ။ ဧတ္ထဘောဇနေ၊၌။ မစ္ဆမံသဝိကတီသု၊ ငါးအမဲအထူးတို့တွင်။ ပစ္စေကံ၊ အသီးသီး။ မဟဂ္ဃံ၊ အဖိုးများစွာထိုက်သောငှက်သိုက် ငါးအမဲအဆောက်အဦသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ကြောင့်။ တံဘောဇနံ၊ သည်။ ပစ္စဂ္ဃံ၊ မည်၏။ ။ ကုမ္မိ,ကိုကရောမိ,ဖွင့်သောကြောင့်၊ကရဓာတ်၊မိဝိဘတ်သက်၍။ ကွစိဓာတုသုတ်ဖြင့်ပြီးသတည်း)။ ။
သုပတ္တဇာတကံ ဒုတိယံ။၂၉၂။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဖုဋ္ဌဿမေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကာယနိဗ္ဗိန္ဒဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောယောက်ျားကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုဘုရားလောင်းသည် ဤရောဂါမှထမြောက်လတ်သော်ရဟန်းပြုအံ့ဟုကြံ၍တစ်စုံတစ်ခုလျှင်ဖြစ်သော သင့်တင့်လျောက်ပတ်သော ဆေးကိုရ၍ရောဂါကင်း၍ဟိမဝန္တာသို့ဝင်၍ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကိုဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်နေလျက်ဤမျှလောက်သောကာလပတ်လုံး ဤသို့သဘောရှိသော ဈာန်ချမ်းသာမည်သည်ကိုမရစဖူးဟုဥဒါန်းကျူးလိုရကား။ ။
(၄၈၄)ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊ရောဂေန ဗာဠှံ ဒုခိတဿ ရုပ္ပတော။
ပရိသုဿတိ ခိပ္ပ-မိဒံ ကဠေဝရံ၊ပုပ္ဖံ ယထာ ပံသုနိ အာတပေ ကတံ။ ။
(၄၈၅)အဇညံ ဇညသင်္ခါတံ၊အသုစိံ သုစိ-သမ္မတံ။
နာနာ-ကုဏပ-ပရိပူရံ၊ဇည-ရူပံ အ-ပဿတော။ ။
(၄၈၆)ဓိရ-တ္ထုမံ အာတုရံ ပူတိ-ကာယံ၊ဇေဂုစ္ဆိယံ အဿုစိံ ဗျာဓိ-ဓမ္မံ။
ယတ္ထ-ပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊ဟာပေန္တိ မဂ္ဂံ သုဂတူ-ပပတ္တိယာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၄၈၄-၄၈၆)အညတရေန၊ ကိုးဆယ့်ရှစ်ပါးသောရောဂါတို့တွင်တစ်ပါးပါးဖြစ်ထသော။ ဗျာဓိနာ၊ နှိပ်စက်တတ်ထသော။ ရောဂေန၊ ပဏ္ဍုရောဂါသည်။ ဖုဋ္ဌဿ၊ တွေ့ထိအပ်သည်ဖြစ်၍။ ရုပ္ပတော ဃဋိယမာနဿပီဠိယ မာနဿ၊ နှိပ်စက်ညှဉ်းဆဲအပ်သည်ဖြစ်၍။ ဗာဠှံ၊ အသည်းအသန်ပြင်းပြစွာ။ ဒုက္ခိတဿ၊ သည်းမခံသာသောဆင်းရဲသို့ရောက်သော။ မေ၊ ငါ၏။ ဣဒံကဠေဝရံ၊ ဤကိုယ်ကောင်သည်။ အာတပေ၊ ပူသော။ ပံသုနိ၊ သဲအပြင်၌။ ကတံ၊ ပစ်ချအပ်သော။ ပုပ္ဖံ၊ သိမ်မွေ့သောပန်းသည်။ ပရိသုဿေယျယထာ၊ သွေ့ခြောက်၏သို့။ ဧဝံတထာ၊ ထို့အတူ။ ခိပ္ပံ၊ လျင်စွာ။ ပရိသုဿဟိ၊ ခြောက်တတ်၏။ ။
နာနာကုဏပပရိပူရံ၊ ခေါင်းပါးခွံမှေး၊သစ်ထဲဆွေးလို့၊ ညစ်ကြေးလိမ်းကျံ၊ ဆံ,အမွေး, ခြေသည်း လက်သည်း,သွား, အရေ,အသား,အကြော,အရိုး, ခြင်ဆီ,အညှို့,နှလုံး, အသည်း, အမှေး, အဖျဉ်း,အ ဆုတ်, အူမ,အူသိမ်,အစာသစ်,အစာဟောင်း,ဦးနှောက်,သည်းခြေ,သလိပ်,ပြည်,သွေး,ချွေး,အဆီခဲ, မျက်ရည်,ဆီကြည်, တံတွေး, နှပ်, အစေး,ကျင်ငယ်, သုံးဆဲ့နှစ်ပါး အထူးထူးအပြားပြားသော အပုပ်အနှက်ထက်ဝန်းကျင်ပြည့်လျှံသောဤကိုယ်ကောင်သည်။ အပဿတော၊ အနိစ္စ ဒုက္ခ အနတ္တအသုဘလက္ခဏာကိုဝိပဿနာဖြင့်မရှုသောဗာလပုထုဇဉ်အား။ အဇညံ၊ စက်ဆုပ် ရွံရှာအမနာပဖြစ်လျက်။ ဇညသင်္ခါတံ၊ အပ္ပဋိကူလမနာပဟုခေါ်ဝေါ်ခြင်းသို့ရောက်၏။ အ-သုစိံ၊ မစင်မကြယ် ရွံရှာဖွယ်ဖြစ်လျက်။ သုစိသမ္မတံ၊ စင်စင်ကြယ်ကြယ်နှစ်သက်ဖွယ်ဟု သမုတ်အပ်၏။ ဇညရူပံမနာပံသာဓုရူပံ ပရိစောက္ခသဘာဝံ၊ နှလုံးကို ပွါးစေတတ် ကောင်းမြတ်သောသဘောရှိသည် စင်ကြယ်သောသဘောရှိသည်။ ဝါ၊ နှလုံးနှစ်သက်စိုက်စက်ခေါ်အပ်သောသဘောရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဥပဋ္ဌာတိ၊ ထင်၏။ အက္ခိမှာ၊ မျက်စိမှ။ အဂ္ဂိဂူထကော၊ မျက်ချေးသည်။ သဝတိ၊ ယိုစီး၏။ နာသာယ၊ နှာခေါင်းမှ။ သိင်္ဃာဏိကံ၊ နှပ်သည်။ သဝတိ၊ ယိုစီး၏။ ဣတိအာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ ပကာသိတော၊ ပြအပ်သော။ အဿ၊ တလံမျှလောက်သော အစောက်ရှိသောဤကိုယ်၏။ သဘာဝေါ၊ အနိစ္စဒုက္ခအနတ္တအသုဘသဘောသည်။ ဗာလာနံ၊ ဝိပဿနာပညာကင်းသောပုထုဇဉ်ဗာလတို့အား။ နဥပဋ္ဌာတိ၊ ဟုတ်မှန်တိုင်းမထင်။ ။
ယတ္ထ၊ အကြင်မစင်မကြယ် ရွံဖွယ်စက်ဆုပ်အကောင်ပုပ်၌။ ပဇာ၊ အန္ဓဗာလပုထုဇဉ်သတ္တဝါတို့သည်။ ပမတ္တာ၊ မေ့လျော့ရစ်မူးကုန်သည်ဖြစ်၍။ အဓိမုစ္ဆိတာ၊ ကိလေသာဟူသော တွေဝေမိန်းမောခြင်းဖြင့်အလွန်မိန်းမောတွေဝေကုန်သည်ဖြစ်၍။ လဂ္ဂါ၊ ရာဂဖြင့်ကပ်ငြိကုန်သည်ဖြစ်၍။ အပါယမဂ္ဂံ၊ အပါယ်လမ်းကြောင်းဖြစ်သောဒုစရိုက်ကို။ ပူရေတွာ၊ ပြည့်စေကုန်၍။ (ထည့်)။ သုဂတူပပတ္တိယာ၊ လူ့ပြည်နတ်ရပ် ကောင်းမြတ်သော ဂတိ၌ဖြစ်ခြင်း၏။ မဂ္ဂံ၊ အကြောင်းဖြစ်သောကုသိုလ် သုစရိုက်ကို။ ဟာပေန္တိ၊ ဆုတ်ယုတ်စေကုန်၏။ အာတုရံ၊ အမြဲကျင်နာသောသဘောရှိထသော။ ဇေဂုစ္ဆိယံ၊ စက်ဆုပ်ရွံရှာဖွယ် ရှိထသော။ အ-သုစိံ၊ မစင်ကြယ်သောသဘောရှိထသော။ ဗျာဓိဓမ္မံ၊ အမြဲအနာနှိပ်စက်ခြင်းသဘောရှိထသော။ တံဣမံပူတိကာယံ၊ ထိုဆိုအပ်ခဲ့ပြီးသောသဘောရှိသော ဤခန္ဓာအကောင်ပုပ်ကို။ ဓိရတ္ထု၊ ထွီထွီပြုလျက် ငါစက်ဆုပ်၏။ ။ (ဒုခိတဿ,၌၊ကသံယုဂ်ကျေသည်။ အသုစိံ,၌ ဆန်းအလို့ငှါ နိဂ္ဂဟိတ်လာသည်။ မနာပံသာဓုရူပံ ပရိစောက္ခသဘာဝံကားဇညရူပံ၏ပရိယာယ်အဖွင့်တည်း။ ပူတိ,၌ဦဒီဃ။ အဿုစိံ၌ဆန်းအလို့ငှါ သဒွေးဘော်လာသည်၊နိဂ္ဂဟိတ်လည်း ကျေသည်။ အနက်ပေးသောကာလ အသုစိံ,ဟု နိဂ္ဂဟိတ်ကိုဘော်ရသည်။ ဤနည်းနှင်နှင်ဆန်းကြောင်းကျေသဖြင့် အနက်ပေးရာကာလဘော်ရသည်ချည်းမှတ်)။ ။
ကာယနိဗ္ဗိန္ဒဇာတကံ တတိယံ။၂၉၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကောယံဗိန္ဒုဿရောဝဂ္ဂု,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဇမ္ဗုခါဒကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်,ကောကာလိက,တို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုတောအုပ်၌တစ်ခုသောကျီးသည် သပြေခက်၌နားလျက်သပြေသီး မှည့်တို့ကိုစား၏။ ထိုအခါတစ်ခုသောမြေခွေးသည် လာလတ်၍အထက် သို့ကြည့်လတ်သော်ကျီးကိုမြင်၍ငါသည် ဤကျီးအားမဟုတ်မမှန်သော ကျေးဇူးကိုဆိုသော် သပြေသီးတို့ကိုစားရရာ၏ဟု ထိုကျီး၏ ကျေးဇူးတို့ကိုဆိုလိုရကား။ ။
(၄၈၇)ကော-ယံ ဗိန္ဒုဿရော ဝဂ္ဂု၊သရဝန္တာ-န မုတ္တမော။
အစ္စုတော ဇမ္ဗု-သာခါယ၊မောရ-စ္ဆာပေါ-ဝ ကူဇတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုအခါထိုကျီးသည်မြေခွေးကိုချီးမွမ်းတုံ့ချီးမွမ်းလိုရကား။ ။
(၄၈၈)ကုလ-ပုတ္တော ပဇာနာတိ၊ကုလ-ပုတ္တံ ပသံသိတုံ။
ဗျဂ္ဃစ္ဆာပ-သရီရ-ဝဏ္ဏ၊ဘုဉ္ဇ သမ္မ ဒဒါမိ တေ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၄၈၈)ကုလပုတ္တော၊ အမျိုးကောင်းသားတစ်ဦးသည်။ ကုလပုတ္တံ၊ အမျိုးကောင်းသားတစ်ဦးကို။ ပသံသိတုံ၊ ထိုက်လျောက်သောဂုဏ်ဖြင့် ချီးမွမ်းခြင်းငှာ။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဗျဂ္ဃစ္ဆာပသရီရဝဏ္ဏ၊ ကျားသူငယ်နှင့်တူသော ကိုယ်သဏ္ဌာန်ရှိသော။ သမ္မ၊ အဆွေမြေခွေး။ ယာဝဒတ္ထံ၊ အလိုရှိတိုင်း။ ဇမ္ဗု-ပက္ကာနိ၊ သပြေသီးမှည့်တို့ကို။ ဘုဉ္ဇ၊ စားကာမူ။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ ဒဒါမိ၊ မဆိုင်းမနှေး၊လိုတိုင်းပေးအံ့။ ။
ဤသို့ဆို၍သပြေခက်ကိုလှုပ်၍ သပြေသီးတို့ကိုကြွေစေ၏။ ။
ထိုအခါသပြေပင်၌နေသောနတ်သည်မဟုတ်မမှန်သောဂုဏ်ကျေးဇူးကိုဆို၍သပြေသီးတို့ကိုစားကုန်သောထိုမြေခွေးကျီးတို့ကိုမြင်၍။ ။
(၄၈၉)စိရဿံ ဝတ ပဿာမိ၊မုသာ-ဝါဒီ သမာဂတေ။
ဝန္တာ-ဒံ ကုဏပါ-ဒဉ္စ၊အညမညံ-ပသံသကေ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၈၉)ဝန္တာဒံ၊ သူတစ်ပါးတို့၏အန်ဖတ်ကို စားတတ်သော ကျီးကို၎င်း။ ကုဏပါဒဉ္စ၊ အကောင်ပုပ်ကိုစားတတ်သောမြေခွေးကို၎င်း။ အညမညံ၊ အချင်းချင်း။ ပသံသကေ၊ မဟုတ်မမှန်သောဂုဏ်ဖြင့်ချီးမွမ်းကြကုန်ထသော။ မုသာဝါဒီ၊ မမှန်မကန် မုသားဆိုလေ့ရှိကုန်ထသော။ သမာဂတေ၊ ဆိုင်မိကြကုန်သော မြေခွေးနှင့် ကျီးအချည်းနှီး သတ္တဝါတို့ကို။ စိရဿံ၊ ကြာမြင့်မှ။ ဝတ၊ စင်စစ်။ ပဿာမ၊ မသေ၍ ဤမျက်စိဖြင့်ငါတို့မြင်ရပေကုန်၏။ ။
ဤဂါထာကိုဆို၍ ထိုနတ်သားသည် ကြောက်မက်ဖွယ်သောအဆင်းကိုပြု၍ ထိုမြေခွေးကျီးတို့ကိုသပြေပင်မှပြေးစေ၏။ ။ (ဝန္တံအဒတိဘက္ခတီတိဝန္တာဒေါ။ ကျီးရ၏။ ကုဏပံ အဒတိ ဘက္ခတီတိ ကုဏပါဒေါ။ မြေခွေးရ၏)။ ။
ဇမ္ဗုခါဒကဇာတကံ စတုတ္ထံ။၂၉၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥသဘဿေဝ တေခန္ဓော, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအန္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ထိုဒေဝဒတ်,ကောကာလိက,တို့ကိုပင်လျှင် အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါထိုရွာ၌သေသော နွားအိုကိုငင်ထုတ်၍ ရွာတံခါးကြက်ဆူတော၌စွန့်ပစ်ကုန်၏။ တစ်ခုသောမြေခွေးသည်လာလတ်၍ ထိုနွားအို၏အသားကိုစား၏။ တစ်ခုသောကျီးသည်လာလတ်၍ကြက်ဆူပင်၌နားလတ်သော်၊ ထိုမြေခွေးအားမဟုတ်မမှန်သော ကျေးဇူးကိုဆိုသော် အမဲကိုစားရရာ၏ဟုကြံ၍။ ။
(၄၉၀)ဥသဘဿေ-ဝ တေ ခန္ဓော၊သီဟဿေ-ဝ ဝိဇမ္ဘိတံ။
မိဂ-ရာဇ နမော တျ-တ္ထု၊အပိ ကိဉ္စိ လဘာမသေ။ ။
ဟူသောပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မြေခွေးသည်။ ။
(၄၉၁)ကုလ-ပုတ္တောဝ ဇာနာတိ၊ကုလ-ပုတ္တံ ပသံသိတုံ။
မယူရ-ဂီဝ-သင်္ကာသ၊ဣတော ပရိယာဟိ ဝါယသ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုကျီးမြေခွေးတို့၏အမူအရာကိုမြင်၍ရုက္ခစိုးနတ်သည်။ ။
(၄၉၂)မိဂါနံ သိင်္ဂါလော အန္တော၊ပက္ခီနံ ပန ဝါယသော။
ဧရဏ္ဍော အန္တော ရုက္ခာနံ၊တယော အန္တာ သမာဂတာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၉၂)မိဂါနံ၊ သားတို့တွင်။ အန္တော၊ အယုတ်ဆုံးဖြစ်သော။ သိင်္ဂါလော၊ မြေခွေး၎င်း။ ပန၊ ထိုမှတစ်ပါး။ ပက္ခီနံ၊ ငှက်တို့တွင်။ အန္တော၊ အယုတ်ဆုံးဖြစ်သော။ ဝါယသော၊ ကျီး၎င်း။ ရုက္ခာနံ၊ သစ်ပင်တို့တွင်။ အန္တော၊ အယုတ်ဆုံးဖြစ်သော။ ဧရဏ္ဍော၊ ကြက်ဆူပင်၎င်း။ ဣမေတယောအန္တာ၊ ဤအယုတ်ဆုံးသုံးပါးတို့သည်။ သမာဂတာ၊ သိကြားညှိလည်း၊ ဆုံမိခဲစွာ၊အခါကြိုက်၍၊ဤ၌ဆုံမိကြကုန်၏။ ။
အန္တဇာတကံ ပဉ္စမံ။၂၉၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကောနာယံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသမုဒ္ဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဥပနန္ဓမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည် သမုဒ္ဒရာစောင့်နတ်ဖြစ်၏။ ထိုအခါ တစ်ခုသောသမုဒ္ဒရာ၌နေသောကျီးသည် သမုဒ္ဒရာ၏အထက်အဖို့၌သွားလတ်သည်ရှိသော်၊သမုဒ္ဒရာ၌ရေကို အတိုင်းအရှည်အားဖြင့် သောက်ကြကုန်၊ စောင့်ရှောက်သဖြင့်သောက်ကြကုန်ဟု၊ ငါးအပေါင်းငှက်အပေါင်းတို့ကိုမြစ်လျက်သွား၏။ ထိုကျီးကိုမြင်၍သမုဒ္ဒရာစောင့်နတ်သည်။ ။
(၄၉၃)ကော နာ-ယံ လောဏ-တောယသ္မိံ၊သမန္တာ ပရိဓါဝတိ။
မစ္ဆေ မကရေ စ ဝါရေတိ၊ဦမီသု စ ဝိဟညတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သမုဒ္ဒရာအနီး၌နေသောကျီးသည်။ ။
(၄၉၄)အနန္တပါယီ သကုဏော၊အတိတ္တော-တိ ဒိသာသုတော။
သမုဒ္ဒံ ပါတု-မိစ္ဆာမိ၊သာဂရံ သရိတံ ပတိံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သမုဒ္ဒရာစောင့်နတ်သည်။ ။
(၄၉၅)သော အယံ ဟာယတိ စေဝ၊ပူရတေ စ မဟောဒဓိ။
နာဿ နာယတိ ပီတန္တော၊အ-ပေယျော ကိရ သာဂရော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၉၅)သောအယံမဟောဒဓိ၊ ထိုသမုဒ္ဒရာသည်။ ဟာယတိစေဝ၊ အဖျားကျသောကာလယုတ်လည်းယုတ်၏။ ပူရတေစ၊ အဖျားတက်သော ကာလပြည့်လည်းပြည့်၏။ နံသမုဒ္ဒံ၊ ထိုသမုဒ္ဒရာကို။ သကလလောကောပိ၊ အလုံးစုံသော လူအပေါင်းသည်လည်း။ ပိဝန္တော၊ သောက်စေကာမူ။ ဣတော၊ ဤသမုဒ္ဒရာမှ။ ဧတ္တကံနာမ၊ ဤမျှသောရေကို။ ပီတံ၊ သောက်အပ်လေပြီ။ ဣတိ၊ ဤသို့။ အဿ၊ ထိုသမုဒ္ဒရာ၏။ ပရိယန္တော၊ အဆုံး အပိုင်းအခြားသည်။ နနာယတိနပညာယတိ၊ မထင်။ ဧသောသာဂရော၊ ဤသမုဒ္ဒရာမည်သည်။ အ-ပေယျောကိရ၊ တစ်စုံတစ်ယောက်သောသူသည် ရေကိုကုန်စေ၍ သောက်ခြင်းငှါမတတ်ကောင်းသတတ်။ ။
ဤစကားကိုဆို၍ကြောက်မက်ဖွယ်သော အဆင်းကိုပြ၍ သမုဒ္ဒရာ၏ အနီးနေကျီးကိုပြေးစေ၏။ ။ (သရိတာနံပတိသရိတမ္ပတိ။ သုဇမ္ပတိ,ကဲ့သို့ နိဂ္ဂဟိတ် လာ၍ပြီးသည်။ ။ နာယတိ,ဟူသောကြိယာသည်ကတ္တားနှင့် မကင်းရာသောကြောင့်၊ပရိယန္တော,ထည့်ရသည်။ နာယတိ,သည်လည်းဉာဓာတ်ဖြင့်ပြီးသည်။ ယပစ္စည်းကားကတ္တားကံနှစ်ချက်သင့်သည်။ ။ ဝိဝန္တော, ဟူသောကြိယာ၏ကတ္တားကိုလည်း၊သကလလောကော,ထည့်ရသည်။ သစေပိနံသကလောပိဝန္တော,ဆိုလိုလျက် ပါဌသေသကိုငဲ့၍ ပိဝန္တော,ဆိုသည်။ ကေနစိ ဥဒကံခေပေတွာ ပါတုံအသက္ကုဏေယျော အပေယျော)။ ။
သမုဒ္ဒဇာတကံ ဆဋ္ဌံ။၂၉၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥစ္စေသကုဏဍေမာန,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော၊ ဤကာမဝိလာပဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုယောက်ျားကိုကားအသက်ရှည်စဉ်လျှင်တံကျင်၌လျှိုကုန်၏။ ထိုယောက်ျားသည် ထိုတံကျင်၌နေလျက်ကောင်းကင်ဖြင့်လာသောတစ်ခုသောကျီးကိုမြင်၍ ပြင်းထန်စွာသောဝေဒနာကိုလည်း မရေတွက်မူ၍ချစ်စွာသောမယားသို့သတင်းစကားကိုပို့စိမ့်သောငှာခေါ်လျက်။ ။
(၄၉၆)ဥစ္စေ သကုဏ ဍေမာန၊ပတ္တယာန ဝိဟင်္ဂမ။
ဝဇ္ဇာသိ ခေါ တွံ ဝါမူရုံ၊စိရံ ခေါ သာ ကရိဿတိ။ ။
(၄၉၇)ဣဒံ ခေါ သာ န ဇာနာတိ၊အသိံ သတ္တိဉ္စ ဩဍ္ဍိတံ။
သာ စဏ္ဍီ ကာဟတိ ကောဓံ၊တံ မေ တပတိ နော ဣဒံ။ ။
(၄၉၈)ဧသာ ဥပ္ပလ-သန္နာဟော၊နိက္ခဉ္စု-ဿီသကော-ဟိတံ။
ကာသိကဉ္စ မုဒုံ ဝတ္ထံ၊တပ္ပေတု ဓနိကာ ပိယာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၄၉၆-၄၉၈)ပတ္တယာန၊ အတောင်တည်းဟူသောယာဉ်ရှိထသော။ ဝါ၊ အတောင်ပြု၍သွားတတ်ထသော။ ဝိဟင်္ဂမ၊ ကောင်းကင်၌ ပျံသွားတတ်ထသော။ ဥစ္စေ၊ မြင့်သောကောင်းကင်ခရီး၌။ ဋေမာန၊ အတောင်တလွှားလွှား ပျံသွားသော။ သကုဏ၊ အိုကျီး။ တွံ၊ သင်သည်။ ဝါမူရုံ၊ ရွှေငှက်ပျောကဲ့သို့ချောမွေ့သောပေါင်ရှိသောငါ့မယားကို။ မမ၊ ငါ၏။ သူလေ၊ တံကျင်၌။ နိသိန္နဘာဝံ၊ ခံနေရသည့်အဖြစ်ကို။ ခေါ၊ စင်စစ်။ ဝဇ္ဇာသိ၊ ပြောပါလေ။ သာ၊ ထိုငါ့မယားသည်။ ဣမံပဝတ္တိံ၊ ဤသို့ခံရသော အဖြစ်သနစ်ကို။ အဇာနမာနာ၊ မသိသည်ဖြစ်၍။ မမ၊ ငါ၏။ အာဂမနံ၊ လာခြင်းကို။ စိရံ၊ ကြာမြင့်၏ဟူ၍။ သရိဿတိ၊ အောက်မေ့လတ္တံ့။ တနည်းကား။ သွားလေသောထိုငါ့လင်၏မလာခြင်းသည်ကြာလှလေပြီဟူ၍တနွေးနွေးကြံရှာလတ္တံ။ ။
သာ၊ ထိုငါ့မယားသည်။ ဩဋ္ဋိတံ၊ လျှိုခြင်းငှါထောင်အပ်သော။ အသိဉ္စ၊ သန်လျက်နှင့်တူသည်လည်းဖြစ်သော။ သတ္တိဉ္စ၊ လှံမသွားနှင့် တူသည်လည်းဖြစ်သော။ ဣဒံသူလံ၊ ဤတံကျပ်ကို။ ခေါ၊ စင်စစ်။ နဇာနာတိ၊ မသိရှာ။ စဏ္ဍီ၊ ကြမ်းတမ်းသောသဘောရှိသော။ သာ၊ ထိုငါ့မယားသည်။ အတိစိရာယတီတိ၊ ငါ့လင်အလွန်ကြာမြင့်စွာ၏ဟူ၍။ မယှံ၊ ငါ့အား။ ကောဓံ၊ အမျက်ကို။ ကာဟတိကရိဿတိ၊ ပြုလတ္တံ့။ တံကုဇ္ဈနံ၊ ထိုငါ့မယား၏အမျက်ထွက်ခြင်းသည်။ မေမမံ၊ ငါ့ကို။ တပတိ၊ ပူပန်စေ၏။ ဣဒံသူလံ၊ ဤတံကျင်သည်။ မံ၊ ငါ့ကို။ နောတပတိ၊ မပူပန်စေ။ ။
ဥပ္ပလသန္နာဟော၊ ကြာနှင့်တူသောတန်းဆာချပ်ကို၎င်း။ နိက္ခဉ္စ၊ ငါးသုဝဏ်အတိုင်းအရှည်ရှိသောရွှေဖြင့် ပြုအပ်သော လက်စွပ်ကို၎င်း။ ကာသိကံ၊ ကာသိတိုင်း၌ဖြစ်သော။ မုဒုံ၊ အလွန်နူးညံ့သော။ ဝတ္ထဉ္စ၊ ပုဆိုးစုံကို၎င်း။ ဧတ္တကံ၊ ဤမျှသောဥစ္စာကို။ ဥဿီသကေ၊ ဦးခေါင်းရင်း၌။ ဩဟိတံ၊ ထားအပ်၏။ ဧတံသဗ္ဗံ၊ ဤအလုံးစုံကို။ ဂဟေတွာ၊ ယူ၍။ ဓနိကာ၊ ဥစ္စာဖြင့်အလိုရှိသော။ ဧသာပိယာ၊ ထိုငါ၏မယားသည်။ တပ္ပေတု၊ ရောင့်ရဲစေသတည်း။ ။
(ဍေမာန,၌ဍိဝိဟာယသဂတိယံဂမနတ္ထေစ။ ဍေတိ။ ဍယတိ၊ ဥစ္စေသကုဏဍေမာန,ဟု၊သဒ္ဒနီတိလာရကား။ ဍိဓာတ်။ ဍေမာနာတိ တတ္ထတတ္ထဍယမာနဂစ္ဆမာန,ဟု၊အဋ္ဌကထာလည်းဖွင့်၏။ သကုဏ,ဍေမာန,ပတ္တယာန,ဝိဟင်္ဂမ,တို့ကားအာလုပ်ချည်းတည်း။ ပတ္တံယာနံဧတဿာတိ ပတ္တယာနော။ ဝိဟေအာကာသေဂစ္ဆတီတိဝိဟင်္ဂမော၊ နိဂ္ဂဟိတ်လာသည်။ ဝဇ္ဇာသိ,၌ဝဒဓာတ်ဒွိကမ္မကဓာတ်ဖြစ်၍ ဝါမူရုံ,ကားအပဋ္ဌာနကံ။ မမသူလေနိသိန္နဘာဝံ,ဟူသောပဋ္ဌာနကံကိုထည့်ရသည်။ ဝါမူရုန္တိ ကဒလိက္ခန္ဓသမါနဦရုံ။ (အဋ္ဌကထာ)။ ဝါမံကလျာဏံဦရူဧတိဿာတိဝါမူရု၊ဤကားသဒ္ဒါနက်တည်း။ ကဒလိက္ခန္ဓသမာနဦရုံ, ဟူသည်မှာ အမြင်အားဖြင့် နားတန်းဆာဆင်သတည်း။ ဗဒ္ဒဝါမဉ္စကလျာဏံ,ဟုပရိယာယ်လာသည်။ ဍိခိပနုဍ္ဍနေသု။ ဍေတိ၊ ဥဍ္ဍေတိ, ဟု၊သဒ္ဒနီတိလာရကား။ ဩဍ္ဍိတံ၊ ဥရှေးရှိသောဍိဓာတ်။ ဧသာကိုပိယာ၌ယှဉ်။ ဥပ္ပလသန္နာဟောကိုသာကြည့်၍ဧသမပြင်သင့်။ ဥပ္ပလောစသန္နာဟောစဥပ္ပလသန္နာဟော၊ ဥပ္ပလသဒိသောကလာယော သန္နာဟကောစာတိအတ္ထော၊အဋ္ဌကထာဖွင့် ရကား၊ ဓမ္မဝိနယော,ကဲ့သို့သမာဟာရဒွန်၌အချို့ပုလ္လိင်ဖြစ်သတည်း။ သမာဟာရဒွန္ဒေပိဟိကတ္ထစိပုလ္လိင်္ဂမိစ္ဆန္တိ၊ ဟုသဒ္ဒဝိဒူတို့ဆိုကုန်၏။ ။
ကာမဝိလာပဇာတကံ သတ္တမံ။၂၉၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥဒုမ္ဗရာစိမေ ပက္ကာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤ ဥဒုမ္ဗရဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ထိုအခါတစ်ခုသောနီသော မျက်နှာရှိသော မျောက်ငယ်သည် တစ်ခုသောမိုဃ်းမစွတ်သော ကျောက်ဂူ၌နေလတ်သော်၊တစ်နေ့သ၌တောင်တံခါးမိုဃ်းစွတ်ရာအရပ်၌ချမ်းသာသဖြင့်နေ၏။ ထိုအရပ်၌တစ်ခုသောမည်းသောမျက်နှာရှိသောမျောက်ကြီးသည်မိုဃ်းစွတ်၍အချင်းနှိပ်စက်လျက် လှည့်လည်လတ်သော်၊ ထိုသို့နေသောထိုမျောက်ငယ်ကိုမြင်၍ ထိုမျောက်ကိုထုတ်၍ထိုအရပ်၌ငါနေအံ့ဟုကြံ၍ ဝမ်းကိုတွဲလျားကျစေ၍ ဝသောအခြင်းအရာကိုပြ၍ထိုမျောက်ငယ်၏ရှေ့၌ရပ်၍။ ။
(၄၉၉)ဥဒုမ္ဗရာ စိ-မေ ပက္ကာ၊နိဂြောဓါ စ ကပိတ္ထနာ။
ဧဟိ နိက္ခမ ဘုဉ္ဇဿု၊ကိံ ဇိဃစ္ဆာယ မိယျသိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုမျောက်ငယ်သည်လည်း ထိုမျောက်ကြီး၏စကားကိုကြား၍ယုံကြည်၍အသီးတို့ကို စားလိုရကားထွက်၍ ထိုထိုအရပ်သို့လှည့်လည်၍ တစ်စုံတစ်ခုသောသစ်သီးကိုမရ၍ တစ်ဖန်ပြန်၍ကျောက်ဂူ၏ အတွင်း သို့ဝင်၍နေသောမျောက်ကြီးကိုမြင်၍ထိုမျောက်ကြီးကို ငါလှည့်စားအံ့ဟုထိုမျောက်ကြီး၏ရှေ့၌ရပ်၍။ ။
(၅ဝဝ)ဧဝံ သော သုဟိတော ဟောတိ၊ယော ဝုဍ္ဎ-မပစာယတိ။
ယထာ-ဟ-မဇ္ဇ သုဟိတော၊ဒုမ-ပက္ကာနိ-မာသိတော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မျောက်ကြီးသည်။ ။
(၅၀၁)ယံ ဝနေဇော ဝနေဇဿ၊ဝဉ္စေယျ ကပိနော ကပိ။
ဒဟရော ကပိ သဒ္ဓေယျ၊န ဟိ ဇိဏ္ဏော ဇရာ-ကပိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၀၁)ဝနေဇော၊ တော၌ဖြစ်သော။ ကပိ၊ မျောက်သည်။ ဝနေဇဿ၊ တော၌ဖြစ်သော။ ကပိနော၊ မျောက်အား။ ယံဝဉ္စေယျဝဉ္စနံကရေယျ၊ အကြင်လှည့်ပတ်ခြင်းကိုပြုရာ၏။ တံ၊ ထိုသို့လှည့်ပတ်ခြင်းကို။ တုမှာဒိသော၊ သင်ကဲ့သို့သဘောရှိသော။ ဒဟရောကပိ၊ မျောက်ငယ်သည်။ သဒ္ဓေယျ၊ ယုံကြည်ရာ၏။ မာဒိသော၊ ငါကဲ့သို့သော။ ဇိဏ္ဏော၊ အရိုးရင့်ပြီးသော။ ဇရာ-ကပိ၊ မျောက်အိုသည်။ နဟိသဒ္ဓေယျ၊ အလျှင်းပင်မယုံရာ။ သတက္ခတ္တုံပိ၊ အကြိမ်တစ်ရာလည်း။ ဘဏန္တဿ၊ ဆိုသော။ တုမှာဒိသဿ၊ သင်ကဲ့သို့သောသူ၏။ ဝဉ္စနံ၊ လှည့်ပတ်ခြင်းကို။ နသဒ္ဒဟိဿတိ၊ မယုံကြည်လတ္တံ့။ ။
ဥဒုမ္ဗရဇာတကံ အဋ္ဌမံ။၂၉၈။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပုရေတုဝံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကောမာရပုတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ကစားလေ့ရှိကုန်သောရဟန်းတို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါထိုရသေ့တို့သည် ချဉ်ဆားမှီဝဲပြီး၍ ထိုအရပ်သို့လာကုန်၏။ မျောက်သည်ရှေး၌ကဲ့သို့ထိုရဟန်းတို့အားကစားခြင်းကိုမပြု၊ ထိုအခါထိုမျောက်ကိုရသေ့တို့သည်၊သင်သည်ရှေး၌ငါတို့အားကစားခြင်းကိုပြု၏။ ယခုကားကစားခြင်းကိုမပြု၊အဘယ်ကြောင့်မပြုသနည်းဟုမေးလိုရကား။ ။
(၅၀၂)ပုရေ တုဝံ သီလဝတံ သကာသေ၊ဩက္ကန္တိကံ ကီဠသိ အဿမမှိ။
ကရောဟိ ရေ မက္ကဋိယာနိ မက္ကဋ၊န တံ မယံ သီလ-ဝတံ ရမာမ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မျောက်သည်။ ။
(၅ဝ၃)သုဏောဟိ မယှံ ပရမာ ဝိသုဒ္ဓိ၊ကောမာရပုတ္တဿ ဗဟု-ဿုတဿ။
မာ-ဒါနိ မံ မညိ တုဝံ ယထာ ပုရေ၊ဈာနာ-နုယုတ္တော ဝိဟရာမိ အာဝုသော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ရသေ့သည်။ ။
(၅၀၄)သစေပိ သေလသ္မိံ ဝပေယျ ဗီဇံ၊ဒေဝေါ စ ဝဿေ န ဟိ တံ ဝိရူဠှေ။
သုတာ ဟိ တေ သာ ပရမာ ဝိသုဒ္ဓိ၊အာရာ တုဝံ မက္ကဋ ဈာန-ဘူမိယာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၀၄)မက္ကဋ၊ မျောက်။ သေလသ္မိံ၊ ကျောက်ဖျာ၌။ ဗီဇံ၊ ငါးပါးအပြားရှိသောမျိုးစေ့ကို။ သစေဝိဝပေယျ၊ အကယ်၍စိုက်ပျိုးငြားအံ့။ ဒေဝေါစ၊ မိုဃ်းသည်လည်း။ သစေပိဝဿေယျ၊ အကယ်၍ရွာငြားအံ့။ တံ၊ ထိုမျိုးစေ့သည်။ နဟိဝိရူဠှေ၊ မပေါက်ရာသလျှင်ကတည်း။ တေ၊ သင်သည်။ ပရမာ၊ မြတ်သော။ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ကြယ်သော။ သာပဋိပတ္တိ၊ ထိုဈာန်အကျင့်ကို။ သုတာဟိသုတာဧဝ၊ ကြားရရုံသာတည်း။ တုဝံ၊ သင်သည်။ ဈာနဘူမိယာ၊ ဈာန်အရာမှ။ အာရာ၊ အဝေးကြီးဖြစ်၏။ ။
ကောမာရပုတ္တဇာတကံ နဝမံ။၂၉၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပရပါဏရောစံဇီဝန္တော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝကဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ အခင်းအနှီးအဟောင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍။ ။
(၅၀၅)ပရ-ပါဏ-ရောစံ ဇီဝန္တော၊မံသ-လောဟိတ-ဘောဇနော။
ဝကော ဝတံ သမာဒါယ၊ဥပပဇ္ဇိ ဥပေါသထံ။ ။
(၅၀၆)တဿ သက္ကော ဝတ-ညာသိ၊အဇ-ရူပေနု-ပါဂမိ။
ဝီတ-တပေါ အဇ္ဈပ္ပတ္တော၊ဘဉ္ဇိ လောဟိတ-ပေါ တပံ။ ။
(၅၀၇)ဧဝ-မေဝ ဣဓေ-ကစ္စေ၊သမာဒါနမှိ ဒုဗ္ဗလာ။
လဟုံ ကရောန္တိ အတ္တာနံ၊ဝကော-ဝ အဇ-ကာရဏာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၀၅-၅၀၇)ပရပါဏရောစံ၊ တစ်ပါးသော သတ္တဝါ အသားကိုကြိုက်နှစ်သက်သည်ဖြစ်၍။ ဇီဝန္တော၊ အသက်မွေးသော။ မံသလောဟိတဘောဇနော၊ အသားအသွေးလျှင် အစာရှိသော။ ဝကောဒီပိကော၊ သစ်သည်။ ဝတံ၊ သီလအကျင့်ကို။ သမာဒါယ၊ ဆောက်တည်၍။ ဥပေါသထံ၊ ဥပုသ်သုံးခြင်းသို့။ ဥပပဇ္ဇိဥပဂတော၊ ကပ်၏။ ။
တဿ၊ ထိုသစ်၏။ ဝတံ၊ အားနည်းသော အကျင့်ကို။ သက္ကော၊ သိကြားသည်။ အညာသိ၊ သိ၏။ ဉတွာ၊ သိပြီး၍။ အဇ-ရူပေန၊ ဆိတ်သဏ္ဌာန်ဖြင့်။ ဥပါဂမိ၊ ကပ်၏။ ဝီတတပေါ၊ ကင်းသောဥပုသ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ထံ၊ ထိုဆိတ်ကို။ ခါဒိတုံ၊ စားခြင်းငှာ။ အဇ္ဈပတ္တော၊ ရှေးရှုပြေးတဲ့လာ၏။ လောဟိတ-ပေါ၊ သတ္တဝါအသွေးကိုသောက်တတ်သောသစ်သည်။ တပံ၊ မိမိဆောက်တည်သော ဥပုသ်အကျင့်ကို။ ဘဉ္ဇိယထာ၊ ဖျက်ဆီး၏သို့။ ။
ဧဝမေဝ၊ ဤအတူလျှင်။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စေ၊ အချို့သောသူတို့သည်။ သမာဒါနမှိ၊ ဆောက်တည်အပ်သော ဓုတင်အကျင့်၌။ ဒုဗ္ဗလာ၊ အားနည်းကုန်သည် ဖြစ်၍။ အဇကာရဏာ၊ ဆိတ်ဟူသောအကြောင်းကြောင့်။ ဝကောဝ၊ သစ်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ လဟုံ၊ လူပေါ့ကို။ ကရောန္တိ၊ ပြုကုန်၏။ ။ (ပရပါဏရောစံဟု၊ရုစဓာတ်နှင့်သင့်သည်။ ဝကောတိဒီပိကော,ဋီကာဟူရကား၊ဒန္တောဋ္ဌဇဝ,နှင့်သင့်သည်။ ဩဋ္ဌဇ ဗ,နှင့်မသင့်။ ဗကော၊ ဗျိုင်းဟူ၍ အနက်ဆိုကြသည်ကား ဗျိုင်းသည် ဆိတ်ကိုမစားနိုင်သောကြောင့် အလွန်မသင့်။ ဝကဇာတကံ,ရှိရမည်။ ဗကဇာတကံ,မလို။ ကောကောတုစဝကော ဘဝေ။ (အဘိဓာန်)။ ဒွယံကောကေ။ အယံကုက္ကုရပ္ပမာဏော ကပိလောဟရိဏကော။ ကုကဝကအါဒါနေ။ ၎င်းဋီကာ။ ။
ဝကဇာတကံ ဒသမံ။၃၀၀။ ။ ကုမ္ဘဝဂ္ဂေါ ပဉ္စမော။ ။ တဿု-ဒ္ဒါနံ။ ။
သုရာဃဋံ,သုပတ္တဉ္စ,၊ကာယနိဗ္ဗိန္ဒမေဝစ,။ဇမ္ဗုခါဒက,အန္တဉ္စ,၊
သမုဒ္ဒကာကမေဝစ,။ကာမပိလာပု,ဒုမ္ဗရံ,၊
ကောမာရပုတ္တ,ဝကဉ္စ,။ကုမ္ဘဝဂ္ဂေါတိဝုစ္စတိ။ ။
တိကနိပါတံ နိဋ္ဌိတံ။၅၀။